(ယူကာတန်၊ အောက်တိုဘာလ ၁၂-ရက်)
ဟွန်ဒူးရပ်စ်နိုင်ငံ အရှေ့မြောက်ပိုင်းကို ၀င်ရောက်တိုက်ခတ်သွားသော ပါအူလာအမည်ရှိ ဟာရီကိန်းမုန်တိုင်းသည် အောက်တိုဘာလ ၁၂-ရက်နေ့ မွန်းလွဲပိုင်းတွင် မက္ကဆီကိုနိုင်ငံ ယူကာတန်ကျွန်းသို့ ဦးတည်ရွေ့လျားလျက်ရှိကြောင်း မီယာမီဟာရီကိန်းစင်တာက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ကမ္ဘာ့အရှည်ဆုံး ရထားဥမင်လိုဏ်ခေါင်း ဆွစ်ဇာလန်၌ တည်ဆောက် **
(ဘာကူ၊ အောက်တိုဘာလ ၁၂-ရက်)
ကမ္ဘာပေါ်တွင် အရှည်ဆုံး ရထားလမ်းဥမင်လိုဏ်ခေါင်းတစ်ခုကို ဆွစ်ဇာလန်နိုင်ငံတွင် တည်ဆောက်လျက်ရှိရာ လုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သဖြင့် လာမည့် ၂၀၁၇ ခုနှစ်၌ လုပ်ငန်းများအားလုံး ပြီးစီးမည်ဖြစ်ကြောင်း အင်ဂျင်နီယာများက အောက်တိုဘာလ ၁၂-ရက်နေ့တွင် ပြောကြားသည်။ လက်ရှိတွင် တည်ဆောက်ဖောက်လုပ်ပြီးသော ရထားဥမင်လိုဏ်ခေါင်း၏ ခံနိုင်ရည်များကို စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး နေ့စဉ်တိုးချဲ့ဖောက်လုပ်နေမှုများကြောင့် သတ်မှတ်ချိန်အတွင်း ပြီးစီးမည်ဟု မျှော်မှန်းထားသည်။ (အင်တာနက်)
** သင်္ဘောများနှင့် တိုက်မိမှုကြောင့် ဝေလငါးများ နေ့စဉ်သေဆုံး **
(ဆန်ဖရန်စစ္စကို၊ အောက်တိုဘာဘ ၁၂-ရက်)
ကမ္ဘာ့ရေကြောင်းကုန်သွယ်မှု တိုးတက်လာခြင်းကြောင့် ကုန်တင်သင်္ဘောများ ခုတ်မောင်းသွားလာမှု အရေအတွက်များပြားလာရာ သင်္ဘောများနှင့် တိုက်မိသဖြင့် ဝေလငါးများ သေဆုံးမှုနှုန်းမှာ မြင့်တက်လာကြောင်း ကယ်လီဖိုးနီးယားပြည်နယ်မှ သုတေသနပညာရှင်များက အောက်တိုဘာလ ၁၂-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်ဆွေ **
** အင်အားပြင်းမုန်တိုင်း မက္ကဆီကိုသို့ ဦးတည်နေ **

No comments:
Post a Comment