(ပေကျင်း၊ အောက်တိုဘာလ ၃-ရက်)
တရုတ်နိုင်ငံက လစူးစမ်းလေ့လာရေးအာကာသယာဥင်္တစ်စင်းကို အောက်တိုဘာလ ၁-ရက်နေ့က တရုတ်နိုင်ငံ စီချန်ဒုံးပျံလွှတ်တင်ရေးစခန်းမှ အောက်မြင်စွာ လွှတ်တင်လိုက်သည်။ ချန်အီတူးအမည်ရှိ လစူးစမ်းလေ့လာရေး အာကာသယာဉ်ကို လောင်းမတ်သရီးစီဒုံးပျံဖြင့် သယ်ဆောင်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ၄င်းလစူးစမ်းလေ့ လာရေး အာကာသယာဉ်သည် ကမ္ဘာမြေမှလွှတ်တင်ပြီး ငါးရက်အကြာ လပတ်လမ်းကြောင်း အတွင်းသို့ ရောက်ရှိမည် ဖြစ်သည်။ (အင်တာနက်)
** မက္ကဆီကို အမျိုးသား ၂၂ ဦးအား သေနတ်သမားများ ပြန်ပေးဆွဲ **
(အကာပူလ်ကို (မက္ကဆီကို) အောက်တိုဘာလ ၃-ရက်)
မက္ကဆီကိုနိုင်ငံ ပစိဖိတ်ကမ်းခြေအကာပူလ်ကို အပန်းဖြေစခန်းသို့ ခရီးထွက်ခွာလာသော အမျိုးသား ၂၂ ဦးအား သေနတ်သမားများက ပြန်ပေးဆွဲထားခဲ့ကြောင်း အာဏာပိုင်များက အောက်တိုဘာလ ၂-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** နော်ဝေနှင့် ဆွီဒင်နယ်စပ်၌ ရထားတိမ်းမှောက် ခရီးသည် ၄၀ ဒဏ်ရာရ **
(စတော့ဟုမ်း၊ အောက်တိုဘာလ ၃-ရက်)
နော်ဝေနိုင်ငံ အော်စလိုမြို့မှ ဆွီဒင်နိုင်ငံ စတော့ဟုမ်းသို့ ခရီးသည် ၃၀၀ ကျော်တင်ဆောင်လာသော ရထားတစ်စင်းသည် လမ်းချော်တိမ်းမှောက်ခဲ့သဖြင့် ခရီးသည် ၄၀ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂ ရက်တွင် ပြောကြားသည်။ (အင်တာနက်)
** ဓနသဟာယ အားကစားပြိုင်ပွဲ နယူးဒေလီ၌ စတင်ဖွင့်လှစ် **
(နယူးဒေလီ၊ အောက်တိုဘာလ ၃-ရက်)
(၁၉)ကြိမ်မြောက် ဓနသဟာယအားကစားပြိုင်ပွဲကြီးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဂျဝါဟာလာနေရူးအားကစားကွင်းကြီးမှာ အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။ ဓနသဟာယအားကစားပြိုင်ပွဲဟာ လေးနှစ်တစ်ကြိမ် ဓနသဟာယအဖွဲ့ဝင်နိုင်ငံတွေက အလှည့်ကျကျင်းပတဲ့ အားကစားပြိုင်ပွဲဖြစ်ပါတယ်။ ဒီအားကစားပြိုင်ပွဲကို အိန္ဒိယနိုင်ငံကတော့ ပထမဆုံးအကြိမ်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ဒီဓနသဟာယအားကစားပြိုင်ပွဲကြီး မကျင်းပမီ နယူးဒေလီမြို့တစ်မြို့လုံးနီးပါး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀၀၀ ခန့် တာဝန်ချထားတယ်လို့ဆိုပါတယ်။ ဒီအထဲမှာ ရဲတပ်ဖွဲ့ဝင် ၈၀၀၀၀ ပါဝင်ပါတယ်။ ဓနသဟာယအားကစားပြိုင်ပွဲများကိုတော့ အောက်တိုဘာလ ၄ ရက်နေ့မှစပြီး အောက်တိုဘာလ ၁၄ ရက်နေ့အထိ ကျင်းပသွားကြမှာဖြစ်ပါတယ်။ (အင်တာနက်)
** စုစည်ဘာသာပြန်-အာကာကျော် **
** လစူးစမ်းလေ့လာရေး အာကာသယာဥင်္ တရုတ် အောင်မြင်စွာလွှတ်တင် **

No comments:
Post a Comment