အသင်း၏ ယိုယွင်းနေသော ကွင်းလယ်နေရာအတွက် မန်ချက်စတာယူနိုက်တက်သည် ရိုးမားအလယ်တန်းလူ ဒင်နီရယ်လ်ဒီရော့စီအား စိတ်ဝင်စားနေကြောင်း သိရသည်။ အသက်(၂၇)နှစ်ရှိ ဒီရော့စီသည် ယခင်ကတည်း က အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးသို့ ချိတ်ဆက်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
** ဂါရတ်ဘေးလ်အား မန်ယူနှင့်ရီးယဲလ် အပြိုင်ခေါ်ယူရန်ကြိုးပမ်း **
တော့တင်ဟမ်ဟော့စပါး တောင်ပံလူ ဂါရတ်ဘေးလ်အား ရရှိရေးအတွက် မန်ချက်စတာယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြောင်း သိရသည်။ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်သည် အသက်(၂၁)နှစ်ရှိ ဝေလလက်ရွေးစင် ဘယ်တောင်ပံ ကစားသမားအား ယခင်ကတည်းက အထင်ကြီး သဘောကျခဲ့သူဖြစ်ပြီး ပေါင်သန်း(၂၀)၀န်းကျင်ဖြင့် ပြီးခဲ့သည့် နွေရာသီက ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ စပါးနှင့် မကြာသေးမီကမှ (၄)နှစ်စာချုပ်သက်တမ်း တိုးခဲ့သော ဘေးလ်အား စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်ကလည်း စောင့်ကြည့်နေသည်။
** ဒိန်းမတ် လက်ရွေးစင် ဂိုးသမားအား မန်ယူမှ ခေါ်ယူတော့မည်ဟုဆို **
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဒိန်းမတ်လက်ရွေးစင် ဂိုးသမား အန်းဒရက်စ် လင်ဒါဂတ်ဒ်အား မကြာမီ စာချုပ်ခေါ်ယူတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ယူနိုက်တက်၏ ဂိုးနည်းပြ အဲရစ်စတီးလ်သည် လင်ဒါဂတ်ဒ်၏ ကစားသည့် ပွဲများတွင် ယင်း၏စွမ်းဆောင်မှုကို လေ့လာမှု ပြုလုပ်နေခဲ့ရာ ပဉ္စမအကြိမ်မြောက်အဖြစ် အေလီဆွန်နှင့် စတာဘိတ်ခ်တို့ ယှဉ်ပြိုင်မှုအား သွားရောက်ကြည့်ရှုခဲ့သည်။
** အလက်ဇန္ဒားပါတိုအား မန်စီးတီးသို့ ရောင်းချရန် အေစီမီလန်စဉ်းစားနေ **
အေစီမီလန် အသင်းသည် အလက်ဇန္ဒားပါတိုအား မန်ချက်စတာစီးတီးသို့ ရောင်းချသွားရန် စဉ်းစားနေကြောင်း သိရသည်။ အသင်းမှ ဘရာဇီးလ် ကွင်းလယ်လူ ရီကာဒိုကာကာ ထွက်ခွာသွားပြီးနောက် အသက်(၂၁)နှစ်ရှိ ပါတိုသည် မီလန်ပရိသတ် အချစ်တော် ဖြစ်လာခဲ့သော်လည်း မီလန်က ၎င်းကို ရောင်းချပြီး အောင်မြင်မှုများ ကင်းကွာနေသည့် လီဗာပူးလ်မှ အသင်းခေါင်းဆောင် စတီဗင်ဂျရတ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် **
** မန်ယူကွင်းလယ်အတွက် ရိုးမားကစားသမားအား စိတ်ဝင်စား **

No comments:
Post a Comment