အရက်ဆိုင်တစ်ဆိုင်၌ လူပျိုတစ်ဦးနှင့် လူကြီးတစ်ဦး တစ်ဝိုင်းတည်း အတူယှဉ်သောက်ရင်း မိတ်ဆွေဖြစ်သွားကြ၏။ ထိုအခါ လူပျိုဖြစ်သူက သူလက်ထပ်ရန် မိန်းကလေးတစ်ဦး ရှာဖွေနေကြောင်း ပြောပြမိ၏။ ထိုအခါ လူကြီးဖြစ်သူက ပြုံးပြလိုက်ပြီး…
`မင်း ကံကောင်းတာပဲ၊ ငါ့မှာ အိမ်ထောင်ပြုလို့ အရွယ်ရောက်နေတဲ့ သမီးတစ်ယောက်ရှိတယ်။ ငါ့သမီးရဲ့ မျက်လုံးတွေက သမင်မလေးလိုမျက်လုံးမျိုး နှုတ်ခမ်းလေးတွေကျတော့ နှင်းဆီဖူးလိုမျိုး၊ နားရွက်လေးတွေက ယုန်ကလေးလို ရှည်ရှည်လှလှလေး၊ လည်ပင်းလေးကျတော့ ဘဲငန်းလေးလို၊ အသံကလေးကျပြန်တော့လည်း တေးဆိုငှက်သံလေးကျနေတာပဲ၊ မောင်ရင်နဲ့ဆို သင့်တော်မယ်ထင်တာပါပဲ´ဟု ပြောလိုက်သဖြင့် အရက်သမား လူပျိုက ပြန်ပြောလိုက်သည်မှာကား…
`အားတော့နာပါတယ် ဦးရယ်၊ ခုနက ပြောသွားတာတွေအားလုံး ခြုံကြည့်လိုက်ရင် ဦးသမီးက လူနဲ့မှမတူတော့တာဘဲ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment