သူတို့သတင်းစာထွက်တိုင်းကျွန်တော်ဖတ်ကြည့်ပါတယ်။တခြားကဏ္ဍကိုတော့ပြောစရာမရှိပါ။ လေထန်ကုန်းအခန်းကဏ္ဍကိုတော့ ကျွန်တော်ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။
လေထန်ကုန်းမှာမည်သူတွေရေးနေသည်ကိုကျွန်တော်မသိပါ၊ ၈၈ ပြည်သူ့နေ့စဉ်သတင်းစာမှာထည့်ထားတဲ့အတွက်ဒီသတင်းစာကိုလဲ ကန့်ကွက် ရှုတ်ချတယ်။ လေထန်ကုန်း အခန်းကဏ္ဍကိုဒီသတင်းစာမှာ
မည်သည့်အကြောင်းကြောင့်ထည့်ရသလဲ။ မည်သည့်အကျိုးကိုမျှော်ပြီးထည့်ရသလဲ ဆိုတာကျွန်တော်လုံးဝနားမလည်ပါ။ကျွန်တော့် အမြင်အရ လေထန်ကုန်းကိုထည့်ထားခြင်းသည် ဒီသတင်းစာရဲ့ဂုဏ်သိက္ခာ
နှင့်အဆင့်အတန်းကိုကျဆုံးစေတဲ့အပြင်လေထန်ကုန်းမှာရေသားထားတဲ့အကြောင်းအရာများဟာ
တိုင်းပြည်အတွက်ဘာအကျိုးမှမရှိပါ၊ ဘယ်သူကိုမှလည်းပြုပြင်နိုင်မည်မဟုတ်ပါ။ သွားပုပ်လေလွင့်ရေးသား
ထားခြင်းကပိုများပါတယ်။ဒါကတော့သူတို့ကိစ္စပါ ကျွန်တော်နဲ့မဆိုင်ပါ။ ကျွန်တော်ပါဝင်ပတ်သက်ခဲ့တဲ့ ၈၈၈၈ ဂုဏ်သိက္ခာနှင့်ဆိုင်လာတဲ့အတွက်အခုလိုကန့်ကွက်ရခြင်းဖြစ်တယ်။
၈၈၈၈ပြည်သူ့နေ့စဉ် ဟုခေါင်းစဉ်တပ်ထားပြီးလေထန်ကုန်းဆိုပြီးရေးသူအမည်လဲမထည့်ဘဲ ရေးချင်သလိုရေး။ဘောင်မရှိ၊ အကွပ်မရှိ၊မဝေဖန်သင့်တဲ့သူကိုဝေဖန် မလုပ်သင့်တဲ့အလုပ်ကိုလုပ်။နောက်ဆုံး
ကျောင်းသားထုတရပ်လုံးအမြတ်တနိုးထားပြီး ၁၉၂၀ ကစ၍သမိုင်းစဉ်အဆက်ဆက်ဆွဲကိုင်တိုက်ပွဲဝင်ခဲ့သော အစဉ်အလာကြီးမားတဲ့ခွပ်ဒေါင်းအလံတော် ကိုပါစော်ကား၊ စုတ်ပြတ်သပ်အောင်ရေးသား
ဝေဖန်မှုဟာကျွန်တော်အနေနဲ့လုံးဝသည်းမခံနိုင်ပါ။ခင်ဗျားတို့သတင်းစာရဲ့လုပ်ရပ်တချို့ကိုကြည့်ပါ။
၁။ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ မြို့ခံဒီမိုကရေစီအင်အားစုများရဲ့ကြိုးစားမှုကြောင့်သူများနိုင်ငံအမေရိကန်မြေပေါ်မှာခွပ်ဒေါင်းအလံကြီးဂုဏ်
ရောင်တောက်ပြောင်စွာတလူလူလွင့်နေတာကို
ဂုဏ်ယူရမဲ့အစား မနာလိုဝန်တိုပြီး သွားပုတ်လေလွင့်ပြော။ ခွပ်ဒေါင်းပုံကိုစုတ်ပြတ်အောင်ဆွဲပြီး ရိသလိုလိုရေး၊ခနဲ့သလိုလိုရေး ခွပ်ဒေါင်းကိုဂုဏ်သိက္ခာညှိုးအောင်ရေးသားထားတာကိုဒီ၈၈ ဆိုတဲ့
သတင်းစာကပေါ်ပေါ်ထင်ထင်ထည့်ခဲ့ကြတယ်။
၈၈ပြည်သူ့သတင်းစာသည် ဘာကိုရည်ရွယ်ပြီး ၊ဘာသဘောနဲ့လုပ်တာလဲဆိုတာဖြေရှင်းပါ။?
၂။ ၈၈မျိုးဆက်ခေါင်းဆောင်ကိုမြအေးရဲ့သမီးလေး ဝေနှင်းပွင့်သုံကသူ့အဖေအမွေပေးလိုက်တဲ့အတိုင်းအရွယ်နှင့်မလိုက်အောင်တိုင်းပြည်အတွက်ရဲရင့်ပြတ်သား
စွာတိုက်ပွဲဝင်နေတာကို ဂုဏ်ယူရမည့်အစား
သူမရဲ့ ရိုးသားမှု ၊ ခံစားချက်များကို AAPP ရဲ့ အသုံးချခံ လက်ကိုင်တုတ်သဖွယ်အတင်းဆွဲသွင်းပြီးသူမရဲ့ဂုဏ်သိက္ခာကိုညှိုးနွမ်းအောင်ရေးသားထားတာကို ဒီသတင်းစာကခွင့်ပြုထည့်ထားတာဟာ
ဘာရည်ရွယ်ချက် ၊ဘာသဘောထားနဲ့ ဒီလိုလုပ်ရတာလဲ။ဝေနှင်းပွင့်သုံရဲ့လုပ်ရပ်ဟာတိုင်းပြည်အတွက်ဘာများအကျိုးယုတ်သွားလို့လဲ။ သူမအဖေကအကျဉ်းကျနေတာကိုခံစားနေရပြီးကောင်းကောင်းမကောင်းကောင်း
အကျဉ်းသားများကိုတစုံတရာကူညီနေတဲ့AAPP ကိုသူကူညီထောက်ပံ့တာဟာသူမမှာဘာမှားတာရှိလဲ၊ ခင်ဗျားတို့လဲသူ့လိုဘ၀မျိုးဆိုယင်ဘယ်လိုခံစားကြမလဲ ကိုယ်ချင်းစာကြည့်ကြပါလား။
၃။ သူ့ယုံကြည်ချက်နဲ့တိုင်းပြည်အတွက်လမ်းလျှေက်ပြီးတိုက်ပွဲဝင်နေတဲ့ဘုန်ကြီးကိုလည်းနှစ်ပြားမတန်အောင်
ရေးတာကိုလဲ ဒီသတင်းစာကခွင့်ပြုထားတယ်။ဘာအကြောင်းကြောင့်ဒီလိုလုပ်ရတာလဲကျုပ်သိချင်တယ်။
အထက်ပါအချက်တချို့ကိုကြည့်ပါ။ ၈၈၈၈ ကိုကိုယ်စားပြုသယောင်ယောင်ခေါင်းစဉ်တပ်ထားတဲ့ဒီသတင်းစာကလုပ်ရပ်တွေဟာ ၈၈၈၈ ရဲ့အစဉ်လာကြီးတဲ့ဂုဏ်သိက္ခာကိုထိခိုက်စေပါတယ်။ဒါကြောင့်ကျွန်တော် ၈၈ ကျောင်းသား
တယောက်အနေဖြင့်ဒီသတင်းစာကို အသိအမှတ်မပြုတဲ့အပြင်၊ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ တခြားခေါင်းစဉ်ဖြင့်ထုတ်တဲ့သတင်းစာမှာကြိုက်သလိုရေး၊ကြိုက်သလိုဝေဖန်ကျွန်တော်စိတ်မ၀င်စားပါ။သူတို့
ကိစ္စသာဖြစ်ပါတယ်။
အခု ၈၈ ခေါင်းစဉ်ကိုတပ်ပြီးဒီလိုလုပ်တာကိုတော့လုံးဝလက်မခံနိုင်တဲ့အပြင် လက်ပိုက်ကြည့်နေမှာလဲမဟုတ်ပါ။ဒီအလုပ်တွေကိုရပ်ကြပါလို့တောင်းဆိုချင်ပါတယ်။ ဝေဖန်ချင်တယ်ဆိုယင်လဲ အများအတွက်လုပ်နေကြတာဘဲ
ဘယ်သူကိုကြောက်စရာလိုသလဲသတ္တိရှိရှိကိုယ့်နာမည်ရင်းကိုတပ်ပြီးဝေဖန်ပေါ့။ အခုခင်ဗျားတို့လုပ်ရပ်ကသွေးကြောင်တဲ့လုပ်ရပ်၊ သိပ်အောက်တန်းကျတဲ့လုပ်ရပ်ပါ ရှက်ဖို့ကောင်းပါတယ်။ကျွန်တော်အက်ဆစ်ကိုဝေဖန်တာဟာ
ခင်ဗျားတို့လိုသွေကြောင်ပြီးလျှောက်ရေးလို့ဝေဖန်ထောက်ပြတာပါ။ ကိုလွမ်းဆွေဆောင်းပါးကိုဖတ်ရပါတယ်၊ ကျွန်တော်အယူအဆနဲ့လုံးဝကိုက်ညီခြင်းမရှိသော်လဲဝေဖန်စရာမရှိပါ။ သူ့အမည်ရင်းနဲ့သူ့ရဲ့ အတွေးအခေါ် အယူအဆ
သူ့အမြင်ကိုပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြတာကိုမှားမှားမှန်မှန်ကျွန်တော်ကြိုဆိုပါတယ်၊ဒါသူ့ရဲ့အခွင့်အရေး
ပါ ။ လူတိုင်းမှာလွပ်လပ်စွာတွေးခေါ်ယူဆပိုင်ခွင့်ရှိပါတယ် ဘယ်သူမှတားဆီးလို့မရပါ ဒါဒီမိုကရေစီရဲ့အနှစ်သာရပါ။
နောင်လဲဒီလိုဘဲသတ္တိရှိရှိဝေဖန်ထောက်ပြနိုင်ပါစေလို့မျှော်လင့်ပါတယ်။
နိဂုံး
၈၈ပြည်သူ့နေ့စဉ်သတင်းစာအား ၈၈၈၈ တခုလုံးကိုကိုယ်စားပြုသည့်ခေါင်းစဉ်ဖြစ်နေတဲ့အတွက် ၈၈၈၈ ရဲ့ဂုဏ်သိက္ခာကိုငဲ့ပြီးဒီခေါင်းစဉ်အားအမြန်ဆုံးပြင်ဆင်ပေးပါရန်လေးနက်စွာတောင်းဆိုအပ်ပါသည်။
အကယ်၍ တစုံတရာပြောင်းလဲမှုမရှိဘဲဒီပုံစံအတိုင်းဆက်လက်လုပ်နေကြအုံးမယ်ဆိုယင် ၈၈၈၈ ရဲ့ဂုဏ်သိက္ခာအတွက်ကျွန်တော်စွမ်းအားရှိသလောက်တိုက်ပွဲဝင်ကာကွယ်သွားမည်ဖြစ်ကြောင်းအသိပေးလိုက်
်ပါတယ်။
တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ ၊ ၈၈၈၈ ရဲ့ဂုဏ်သိက္ခာ ကိုအစဉ်ဦးထိပ်ထားလျှက်
** သန်းဝင်း**
( ၈၈ မျိုးဆက်ကျောင်းသား )
၈၈ ပြည်သူ့နေ့စဉ်သတင်းစာကိုမည်သည့်ပုဂ္ဂိုလ်များ ထုတ်ဝေသည်ကိုကျွန်တော်အတိအကျမသိပါ။သို့သော်လည်း 8888peoplepower,email-groups နှင့်တစုံတရာပတ်သက်လိမ့်မည်ဟုကျွန်တော်ထင်တယ်။

No comments:
Post a Comment