(ဘရပ်ဆဲလ်၊ အောက်တိုဘာလ ၉-ရက်)
ဆိုမာလီ ပင်လယ်ဓားပြများသည် ၄င်းတို့ ပုံမှန်အားဖြင့် ပင်လယ်ဓားပြတိုက်လေ့ရှိသည့် နေရာဒေသကို ကျော် လွန်ကာ ပင်လယ်ဓားပြတိုက်လာကြောင်း၊ ယခုကဲ့သို့ ပင်လယ်ဓားပြများ၏ ဓားပြတိုက်သည့်နယ်ပယ် ပိုမိုကျယ် ပြန့်လာခြင်းကြောင့် မိုဇမ်ဘစ် ရေလက်ကြား၌ ရေနံတူးဖော်သည့် ကုမ္ပဏီဝန်ထမ်းများအတွက် စိုးရိမ်ပူပန်မှု ဖြစ် ကြရကြောင်း ဥရောပသမဂ္ဂ(အီးယူ)ရေတပ် တပ်ဖွဲ့က အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားသည်။ (အင် တာနက်)
** ဆိုက်ပရပ်စ်၊ ရုရှား စီးပွားရေး သဘောတူညီချက်များ လက်မှတ်ထိုး **
(နီကိုရှား၊ အောက်တိုဘာလ ၉ ရက်)
ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်ဗ်သည် ဆိုက်ပရပ်စ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေမည့် သဘောတူညီမှု ၁၅ ချက်ကို ကြာသပတေးနေ့တွင် လက်မှတ်ထိုးခဲ့ကြောင်း အေပီသတင်းဌာနက စနေနေ့တွင် ဖော်ပြသည်။ (အေပီ)
** ဗီယက်နမ်တွင် ရေကြီး ၆၂ ဦးသေဆုံး၊ ၂၀ ပျောက်ဆုံးနေ **
(ဟနွိုင်း၊ အောက်တိုဘာလ ၉ ရက်)
ဗီယက်နမ်နိုင်ငံတွင် ရေဘေးဒုက္ခသည် ၁၀၀၀၀၀ ခန့်မှာ အစားအသောက်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရစဉ် နိုင်ငံအလယ်ပိုင်း၌ ရေလွှမ်းမိုးခြင်းကြောင့် သေဆုံးသူဦးရေမှာ ၆၂ ဦးအထိရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဘင်္ဂလားဒေ့ရှ်တွင် မိုးသုံးရက်ရွာ ရေကြီး၍ ၁၇ ဦးသေဆုံး **
(ဒါကာ၊ အောက်တိုဘာလ ၉ ရက်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေဒေသတွင် သုံးရက်တိုင်တိုင် မိုးသည်းထန်စွာရွာသဖြင့် ၁၇ ဦးသေဆုံးပြီး တံငါသည် ၄၁ ဦးပျောက်ဆုံးနေကြောင်း စနေနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** ဆိုမာလီပင်လယ်ဓားပြများ ဓားပြတိုက်သည့်နယ်ပယ် ပိုမိုကျယ်ပြန့်လာ **

No comments:
Post a Comment