ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 18, 2010

18Nov, 10// လူ နဲ့  အချစ် သို့ သုံးသပ်ချက်

> အချိန်ကလတွေ ပြောင်းလဲခြင်းနဲ့ အတူ အတွေးအခေါ်တွေဟာလည်း
တိုးတက်ပြောင်းလဲနေတယ်ဆိုတာကို ရင့်ကျက်တိုး တက် ခြင်းလို့ ကျမ လက်ခံယုံ
ကြည်ထားပါတယ်။

ဤကမ္ဘာမှာ ဘယ်အရာမှ တည်မြဲခြင်းဆိုတာမရှိ အရာရာဟာအမြဲပြောင်းလဲနေတယ်လို့
မြတ်စွာ ဘုရားရှင်တောင် ဟောကြားတော်မူခဲပါသေးတယ် မဟုတ်ပါလား။
.....အဲဒီလိုပါပဲ ကျမ ရဲ့ အတွေးအမြင် အယူအဆတွေဟာ လည်း မကြာမကြာပြောင်းလဲ
နေပါတယ်....အသက်ခန္ဓာ ကြွေတဲ့အထိတိုင် ဒီအတွေး၊အမြင်တွေဟာ
ပြောင်းလဲနေပါလိမ်အုံးမယ် ထင်ပါရဲ့။
၎င်းပြောင်းလဲမှုတွေဟာ “ စစ်မှန်တဲ့ အလုံးစုံ သိရှိနားလည်ခြင်း” ကို
ပိုင်ဆိုင်တဲ့အခါမှာ ရပ်တန့် သွားလိမ်မယ်လို့ ကျမယုံကြည် ပါတယ်။

ဒါကြောင့် "လူရဲ့အချစ်" ကို နိဒါန်းပြိုးအစပြု၍...အချစ်မှာ ဘယ်အရာက
အရေးကြီးဆုံးလဲ။
ဘ၀မှာ အချစ်က ဘယ်လောက်ထိ အရေးပါလဲ ဆိုတဲ့ ကျမရဲ့လူငယ် အမြင်အတွေးတွေကို
စာဖတ်သူ များနဲ့ ဖွင့်ဟတိုင်ပင်ဆွေးနွေးတဲ့သဘော နဲ့ ရော
အကိုးအကားပြုချက်များနဲ့ပါ ရေးသားထားပါတယ်။ ဒီဆောင်ပါးသည်
ပြီးပြည့်စုံတယ်လို မယူဆစေလိုပါ...။ရေကြည် တစ်ပေါက်မျှအား တိုးပွားအသိ
ဖြစ်လိုငြား မျှဝေလိုက်ရပါသည်။

လူတို့ရဲ့ အချစ်နဲ့ ပတ်သက်လို့ စဉ်းစားကြည့်မိလျှင် လူတကိုယ် အတ္တကိုယ်စီ
ရှိကြသလို အချစ်ဆိုတဲ့ အရာလည်းရှိကြမှာ မလွဲပါဘူး..။
ဒါကြောင့်လည်း လူတန်းစား အသီးသီးမှာ အချစ်ရဲ့ အဓိပ္ပာယ်ကို
အမျိုးမျိုးထင်မြင်ကြ၊ ပြောကြ၊ ရေးကြနဲ့
ယခုထက်တိုင် ရောထွေနေစဲ မဟုတ်ပါလား။

အချစ်ဆိုတဲ့အရာမှာ ရောလျှက်နွယ်မှုတွေက ပွေလီလှပါတယ်။ ဒီလိုပါ
အချစ်ကိုစတင်ထိတွေ့တဲ့ အချိန်ဟာ လူ့ရဲ့ ခန္ဓာကိုယ်မှာ ဟောမုန်းဓါတ် စတင်
ဖွံ့ဖြိုးတဲ့ အချိန် ဖို နဲ့မ သတ္တိကြောင့်လို့ဆိုပါတယ်။္ဒ

"သစ်ရွက်လှုပ်တိုင်း ရယ်တဲ့" အရွယ်ရဲ့ နိုးကြွခံစား ရင်ခုန်မှုကို
အချစ်ဆိုလို့ ဆိုနိုင်မလား...။
အဲဒီလို... မနူးမနပ်အရွယ်မှာ သစ္စာတို့ ၊ မေတ္တာစစ်တို့ ကို
စကားလုံးကြီးကြီးတွေ သုံးရင်လည်းသုံးမယ်ပေါ့..
.ဒါပေမယ် အဲဒီစကားလုံးတွေရဲ့ အနက်အဓိပ္ပါယ် ကိုလေးလေးနက်နက်
နားလည်နိုင်ပမလား။
အဲဒီလိုအရွယ်မှာ ဖြစ်နိုင်ခြေအများဆုံးက ဆန့်ကျင်ဖက် ကို
စိတ်ဝင်းစားယုံလောက်ပဲ သိတဲ့အမြင်ပါ ဒီထက်မပိုနိုင်ပါဘူး။
အဲဒီလို အချိန်မှာ ဘ၀ကို အချစ်ထံအပ်နှံ ကိုးကွယ်တတ်ကြပါတယ်။
ဒီသဘောတွေဟာ စွဲလမ်းမှုကို အခြေတည်ပြီး ပေါက်ဖွားလာတဲ့ သန္ဓာန်ဆောင်
အချစ်လို့ ဆိုချင်ပါရဲ့ ။

ဘာမှမသိတဲ့သူရဲ့ အမြင်ဟာ သိပ်သိသွားတဲ့ သူရဲ့အမြင်နဲ့
ဆင်တူနေတတ်ပါတယ်လို့ ဆိုပါတယ်။
လူတိုင်းထင်မှတ်ထားတဲ့ အချစ်ဟာ အချစ်ရည်သုတ်လိမ်းထားတဲ့ အကြိုက်က
ပိုများလိမ်မယ်။ လျှပ်တစ်ပျက်ကြည့်လိုက်ရင်လည်း .....အချစ် နဲ့  အကြိုက်က
တူသရောင်ရောင်ပါ...တကယ်ကို နက်နက်နဲနဲ...စဉ်းစားမှ သာလျှင် အချစ်နဲ့
အကြိုက်ကို ခွဲခြားပေးနိုင်စွမ်းရှိမယ်လို့ ထင်မိပါတယ်။
ဥပမာပြောရရင်........ကိုယ်ချစ်တဲ့သူကို တစ်နေမမြင်ရရင် မနေနိုင်ဘူးတို့၊
တစက္ကန့်လေးတောင်ခွဲမနေနိုင်ဘူးတို့ ...ဘာတို့ ညာတို့ ပြောကြပါလိမ်မယ်...
အဲ နောက်ပြီး တချို့ကလည်း နူးညံပျော့ပြောင်းတဲ့ ဆံကေသာလေးကိုမှ၊
ဒါမှမဟုတ် ကြည်လင်ရွှန်းလဲ့တဲ့ မျက်ဝန်းလေးကိုမှ၊ နှင်းဆီဖူးလို
နှုတ်ခမ်းလေးကိုမှ ...စသည်...စသည်ဖြင့် တစ်ယောက် တစ်မျိုး တတ်မက်ကြပါတယ်။
အဲဒီလို ခဏတာခံစားမှုမျိုးကို အချစ်လို မဆိုနိုင်ပါ... ကိုယ်ကြိုက်တဲ့အရာ
ခံစားချက်လေးတွေကို စုပြီ ဖြစ်ပေါ်လာတဲ့ စွဲလမ်းတမ္မက်မှုလို့ ယူဆမိပါတယ်။

အဲဒီနေရာမှာ ကိုယ့်ရဲ့ဖြစ်တည်မှုကို သေသေခြာခြာ
အမှန်ကိုသိမြင်တတ်ဖို့လိုပါတယ်..
အချစ်မှ မဟုတ်ပါဘူး ကိုယ်နဲ့ဆက်နွယ်တဲ့ အကြောင်းအရာတိုင်းကိုလည်း
ရှင်းလင်းစွာမြင်တတ်ဖိုလို ပါတယ်နော်..။
၎င်းအကြိုက်တို့ စွဲလမ်းခြင်းတို့ ဆိုတာ စိတ်ရဲ့ဖြစ်တည်မှု အာရုဏ်ခံ
ရမ္မက်တွေပါ။
တရားသဘောအမြင်နဲ့ ကြည့်ရင် ရမ္မက်ဆိုတာ မီးပါ။

မီးဆိုတာ လောင်စာအားကောင်းရင် အားကောင်းလာသလို မီးရှိုန်တက်ပြီး...
လောင်းစာအားနဲ သွားတဲ့အခါမှာလည်း
မီးရှိန်ကျသွားတတ်ပါတယ်....အကြိုက်တို့၊ စွဲလမ်းခြင်းတို့ဆိုတာ
ဒီသဘောဆောင်ပါတယ်။
၎င်းတို့ရဲ့ သဘာဝကိုက မတည်ငြိမ်ပါဘူး...ပြောင်းလဲတဲ့ သဘောရှိပါတယ်...
ထွေပြားပြောင်းလဲ နေတတ်ပါတယ်။ဒီလို စိတ်ရဲ့ဖြစ်တည်မှု၊ ရုပ်ရဲ့ဖြစ်တည်မှု
သဘောကို သိမြင်နားလည်ဖို့လိုအပ်ပါတယ်။ဒါမှလည်း အချစ်ရဲ့ သဘောတရားကို
တီခေါက်မိမှာပါ...

နောက်ပြီး ဒီသဘာတရားကို နားမလည်ရင် ကို့ကိုယ်ကို လှည့်စားပြီး
အချစ်အတွက်နဲ့
ဘ၀ပါ ပျက်သွား တတ်ပါတယ်။
သူများကကိုယ်ကို လှည့်စားခြင်းထက် ကို့ကိုယ်ကို လှည့်စားခြင်းက
ပိုလိုအန္တရယ်ရှိပါတယ်။
နောက်တချက်က ဘ၀ကို ဘယ်လိုပုံစံနဲ တည်ဆောက်မလဲ ဆိုတဲ့ ရည်ရွယ်ချက်ပေါ်မှာ
အချစ်ရဲ့
ကံ့ကအကျုံးဝင်သွား တယ်နော်။
ကိုယ့်ရဲ ရပ်တည်ချက်ကို မြင်အောင်ကြည့်ပါ၊ ပြီတော့ အချစ်ကို
စဉ်းစားသုံးသပ်ပါ။

နောက်ပြီး လူ့တွေရဲ့ ဘ၀မှာ အရာများစွာကို ဆုံးရုံးနိုင်သလို .......
ရွေးချယ်စရာများစွာလည်းပေါ်ပေါက်နိုင်ပါတယ်။
ထိုအထဲတွင် ဘယ်အရာက ကိုယ်ဘ၀မှာ အရေးကြီးဆုံးလဲ၊ ဘယ်အရာကိုတော့ ကိုယ့်ရဲ့
ဘ၀မှာ လုံးဝကို လက်လွှတ်အဆုံးအရုံး မခံနိုင်ဆုံးအရာလည်းဆိုတာကို
ဆင်ခြင်သိမြင်တတ်ဖို့ လိုပါတယ်။

ကျမတို့ လူငယ်တွေဟာ အချစ်ကို လက်တွေကျကျ စဉ်းစားသင့်ပြီးတော့
ဘ၀ကိုတိုးတက်အောင် အချစ်ကိုခွန်းအား အဖြစ်သုံးပြီး ကိုယ်ရည်မှန်းတဲ့
ဘ၀မျိုးတည်ဆောက်နိုင်မယ်လို့ ယူဆမိပါတယ်။
တချို့ အချစ်ကိုမြင်တွေးပုန်တွေဟာ လေဟာနယ်မှာ တိုက်ဆောက်နေသူတွေလိုပါပဲ။
ဥပမာ...တူနှစ်ကိုယ်တဲအိုပျက်မှာ ဂုံနီအိတ်ကိုပဲ ချုံရချုံရ၊ ရဲယိုရွက်ကို
ငပိရည်နဲ့တိုပြီး ထမင်းရည်ပူနဲ့ ရောသောက်ရသောက်ရဆိုတာတွေကို
ဘယ်အချိန်ထိကြာကြာ နေနိုင်စားနိုင်မှာလည်း။
အသေအခြာတွေးကြည့်ပါ ဖြစ်နိုင်မလားပေါ့...နောက်ပြီး နောင်ခါလာ နောင်ခါဈေး
ပေါ့ဆိုပြီ မိုးမမြင်လေမမြင်လုပ်ကြည့်လိုက်တော့...`သေပြီဆရာ´
ဆိုတာမျိုးတွေ စလယ်ဝင် ဖင်မမည်းခင် ကွဲကြ ပြဲကြဆိုတာတွေလည်း ဒုနဲဒေးပါ
အဲဒါတွေဟာလက်တွေကျကျ အချစ်ကို မစဉ်းစားမိလို့ ဒုက္ခရောက်ရတာပါ။

ဒါဆိုရင် အချစ်ကိုရောတားဆီနိုင်ပါသလားလို မေးစရာရှိပါတယ်။
သိုးဆောင်စကားမှာလည်း အချစ်နဲ့ ချောင်းဆိုးခြင်းကိုတားလို့မရတဲ့။
ဘာပဲဖြစ်ဖြစ်ပါ ချောင်းဆိုးတာကိုတော့ တားလို့ရမရ မသိပါ၊ အချစ်ကိုတော့
တားလိုရနိုင်ပါ၏်။
အဲဒါကို
ဥပမာလေးနဲ့ပြောရရင်...ချိုမြိန်အေးတဲ့ ရေခဲမုန့်စားရင်
ချောင်းဆိုးနိုင်တယ်လို့ပြောရင်
တကယ်စားလိုက်လို့ ချောင်းဆိုးချင်မှလည်း ဆိုးမယ်၊ အဲ..ချောင်း
မဆိုးရင်လည်း မဆိုးဘူးပေါ့။
....... ဒါပေမယ့် ရေခဲမုန့်မစားရင် လုံးဝချောင်းမဆိုတာ သေချာတယ်
အချစ်လည်း ဒီသဘောဆောင်ပါတယ်။

နပိုလီယံပြောခဲ့တဲ့ အချစ်နဲ့ပါတ်သက်လို့ စကားတောင်ရှိပါတယ်
"The only victory over love is flight." အချစ်ကိုနိုင်ချင်ရင်
ထွက်ပြေးခြင်းပဲလို ဆိုခဲ့ပါတယ်။
ဒါဖြင့် အချစ်ကိုတစ်သက်လုံးရှောင်ပုန်းရှောင် နေရတော့မှာလားလို့
ဆိုစရာပါ။ ဆိုနိုင်ပါ၏။
ဒါပေမယ် မိမိရဲ့ စိတ်နဲ့ ဘ၀ဖြစ်တည်မှုပေါ်မှာတည့်တည့်ကြည့်ပြီး အချစ်ကို
ရှုမြင်သုံးသပ်ဖို့ အရေးကြီးပါလိမ်မယ်။
ဒီနေရာမှာ `စာရေးဆရာမဂျူ´ရဲ့ စကားလေးနဲ့ ထပ်လောင်းချင်ပါတယ်။
သူက...''လူယောက်ျား သည် လူ ဖြစ်သည်၊ လူမိန်းမ သည် လူ ဖြစ်သည်၊ လူ သည် လူ
သာလျှင် ဖြစ်သည်။ လူ သည် လူ ဖြစ်နေခြင်းကြောင့် မိဘ၊ ညီအစ်ကိုမောင်နှမ၊
အဆွေခင်ပွန်း၊ တို့ အနားတွင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊
လူဘ၀ရှင်သန်ရပ်တည်မှု တစ်ခုအတွက် အဓိပါယ်ရှိအောင် ကြိုးစားရပေမည်။
လူပီသအောင် ကြိုးစားရမည်။ ဒါသည် အမှန်တရားဖြစ်သည်။'

ကျမတို့ ကျင်လည်တဲ့ ပတ်ဝန်းကျင် ကိုလည်းကြည့်မိတော့လည်း
အချစ်နဲ့ပါတ်သက်တဲ့ ၀တ္ထု၊ ရုပ်ရှင်၊ဗီဒီယို တွေဟာလည်းပြည့်လျှက်ပါ။
စာအုပ်ဆိုင်တွေမှာဆိုရင်လည်း သုတစာပေတို့ထက် ရသစာပေကလွှမ်းမိုးပြီး၊
ရသစာပေထဲမှာတောင် စုံထောက်ဝတ္ထု၊ ဟာသ၀တ္ထုတို့ထက် အချစ်ဝတ္ထုက
ပိုများနေတယ်လို့ ထင်မိပါတယ်။
နောက် ဗီဒီယိုနဲ့ ရှပ်ရှင်တွေမှာတောင် ပညာပေး ဇာတ်ကားထက် အချစ်ဇာတ်လမ်းက
ပိုလွှမ်းမိုးနေပါတယ်။ အခုအခါ လူငယ်အများစုဟာ
အွန်လိုင်း(online)မှာတောင်ခြေရာ ဖြန်ကျက် အချစ်ကို ရှာဖွေလာကြပါတယ်၊
ဘယ်လို အချစ်မျိုးဖြစ်ပါလိမ်မလဲလို့ တွေးမိပါရဲ့။ ဒါဆိုရင်
လူငယ်အများစုသည် အချစ်ကိုပိုလို ဦးစားပေးတယ်လို့ ဆိုနိုင်မလော့။
ဒါမှမဟုတ် အချစ်သည် လူဘ၀ရဲ့ အလွန်အရေးပါတဲ့ အဆင့်မှာရှိနေပြီလားဟု
စဉ်းစားစရာပါ။

လူ့သမိုင်းကို ပြန်ကြည့်ရင်လည်း လူသားတို့ အကျိုးအတွက်ကောင်းကျိုးကို
သယ်ပိုးသွားတဲ့ ကျေးဇူးရှင်များစွာရှိပါသည်။ သို့သော် အချစ်နဲ့ ပါတ်သက်၍
လူသားတို့ကောင်းကျိုးကို ကျေးဇူးပြုသွားသူ များများစားစား ရှိမည်မထင်ပါ။
အချစ်အတွက် အသက်စွန့်သူ၊ နန်းစွန့်သူ၊ အရှက်စွန့်သူ၊
ရူးသွပ်သူများကို လူတွေက ချီကျူးဂုဏ်ပြုကြသလော့။

ဒါမှမဟုတ် လူသားတို့အကျိုးကို ကျေးဇူးပြုသူများကို လူတွေက
ချီးကျူးဂုဏ်ပြုကြသလော့။
ထိုနောက် ဘ၀မှာအချစ်ကို အရှေ့တန်းတင်ပြီး အချစ်အတွက်သာ ရှင်သန်နေပါက၊
အရက်စွဲသူ အရက်သမားတယောက်။ အရက်အတွက် ဘ၀ကို ရှေတန်းတင်တဲ့
အရက်သမားတစ်ယောက်ရဲ့ဘ၀ တန်ဖိုးနဲ့ မခြားနားနိုင်ပါ။

ကျမရဲ့ ဘ၀တွင်လည်း အချစ်က ဘ၀တစ်ခုလုံးကို
စောက်ထိုးမိုးမျှော်ဖြစ်သွားလောက်အောင် အရေးမပါပါ။
ကျမ အတွက်အချစ်သည် မြစ်တစ်စင်းလို စီးဆင်းစေပြီ အဲဒီမြစ်ကို
ကူးခတ်တဲ့အခါမှာလည်း ဆန္ဒတရားထက် ဆင်ခြေတုံအသိတရားကိုပိုပြီး
သတိမြဲမြဲထား၍ နားလည်းယုံကြည်မှုအပြည့် ငြိမ်ခြမ်းစွာ
ချစ်နိုင်ဖို့အသင့်ဖြစ်နေပါသည်။
`အချစ်ကို ဖန်တီး၍လည်း မရပါ၊ ဖျက်ဆီ၍လည်း မရသော လွတ်လပ်စွာရှင်သန်နေသောအရာ
´လို့မြင်မိပါသည်။

မချစ်တတ်ပေမဲ့ ..တို့ တွေချစ်တတ်အောင်ပြင်ဆင်သင့်တယ်နော်

ချစ်သော
**ရွှေအိမ်စည် **

အချိန်ကလတွေ ပြောင်းလဲခြင်းနဲ့ အတူ အတွေးအခေါ်တွေဟာလည်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)