ဘောလုံးလူဆိုးတစ်ဦး ဖြစ်သူ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂတ်စ်ကွိုင်နီမှာ သမီးဖြစ်သူနှင့် တွဲနေသော လူငယ်အား သမက်ဖြစ်လာရန် သင့်တော်ခြင်းရှိ၊ မရှိအိမ်သို့ ခေါ်ယူလေ့လာလေသည်။
`ဦးသမီးကို ကျနော်လက်ထပ်ချင်ပါတယ်။ ခွင့်ပြုပေးပါခင်ဗျာ´
`အေး… မင်းက ဘာအလုပ် လုပ်သလဲ´
`ဦးလိုပဲ ကျနော်ကဘောလုံး ကစားပါတယ်´
ဟေ့… ဒါဆို မင်းကလစာ ကောင်းမှာပေါ့´
`ဟုတ်ပါတယ်ခင်ဗျာ´
`ဒါနဲ့ မင်းအရက်ရော သောက်တတ်သလား´
`ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ် ဦး… အရေးကြီးတဲ့ကိစ္စတွေပြောပြီးမှ ကျနော်တို့ အတူသောက်ကြတာပေါ့´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment