ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 16, 2010

ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး

> **(အောင်ဆန်းစုကြည် )**

"စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက်အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်နေကြတဲ့ လူတွေလဲ ရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်ကို ပြောင်းကြရမယ်။ ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာကို သဘောပေါက်ရမယ်။"(ဗိုလ်ချုပ်အောင်ဆန်း)

“အောင်ဆန်းစုကြည်သည် အမှန်တရားကို ပြောဆိုနေ၍ လည်းကောင်း၊ မြန်မာနှင့် ကမ္ဘာ့ အခြေခံ အယူအဆများကို ရောင်ပြန်ဟပ်နေ၍ လည်းကောင်း၊ သူမအားနှူတ်ဆိတ်အောင် မပြုလုပ်နိုင်ပါ။”
(ဗားစလဗ်ဟာဗဲလ်)

“အောင်ဆန်းစုကြည်သည် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်၏ အကောင်းဆုံး လက္ခဏာများဟု သူမက ယူဆထားသည်များကို ဂရုပြုလာစေရန် ကြိုးစား၍ သူမကိုယ်တိုင်လည်း ယင်းလက္ခဏာရပ်များနှင့် ထပ်တူထပ်မျှ ဖြစ်စေရန် ကြိုးပမ်းအားထုတ်သည်။”
(နိုဘလ်ကော်မတီ ဥက္ကဌ၊ ၁၉၉၁)

အပိုင်း (၁)
Link to part 1 http://www.facebook.com/notes.php?id=100001368265940&notes_tab=app_2347471856#!/note.php?note_id=171142429565261

အပိုင်း (၂)
Link to part 2 http:http://www.facebook.com/notes.php?id=100001368265940&notes_tab=app_2347471856#!/note.php?note_id=172084699471034

လူအများ အသိအမှတ်ပြုရသော ဗိုလ်ချုပ်၏ အရှိန်အ၀ါ၊ တောက်ပြောင်လှသော သူ၏တည်ကြည်ဖြောင့်မတ်မှု၊ အတိုက်အခံများကို ကိုင်တွယ်ရာ၌ လိမ္မာ ပါးနပ်ပုံ၊ ဂျပန်ခေတ်အတွင်းက ဂျပန်များနှင့် စစ်ပြီးခါနီး စစ်ပြီးခေတ်၌ အင်္ဂလိပ်များ အပါအ၀င်၊ သူနှင့် ဆက်ဆံရသူများနှင့် အဆင့် အမြင့်ဆုံး အာဏာပိုင်များ၏ လေးစားခြင်းကို ရယူနိုင်ပုံ၊ သူလိုလားသည့် လွတ်လပ်ရေး ဆွေးနွေးပွဲများအား အကောင်အထည်ဖော်နိုင်သည့် အဆင့်တိုင်အောင် မြန်နိုင်ငံကို သယ်ဆောင်လာသော သူ၏လှုပ်ရှားမှုများ စသည့် ကိစ္စအပေါင်းကို အားလုံးသိနှင့်ကြပြီးဖြစ်သည်။့္ခ္လဤအမျိုးသားသူရဲကောင်းကြီးကည် ကျမတို့ တဦးချင်းစီ၏ နက်ရှိုင်းသော ရိုသေလေးစားမှုကို ရရှိပြီး ဖြစ်ပါသည်။ သူ၏ရိုးသား၍ ဟန်ပန်မပါသော ခင်မင်မှုသည် ကျမတို့၏ အသဲနှလုံးများကိုပါ သိမ်းကြုံးယူငင်လိုက်ပါတော့သည်။

ဗိုလ်ချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ အလုပ်တာဝန်မှအားလပ်သော ညနေများတွင် ကျမကို ဗိုလ်ချုပ်တို့တည်းခိုသော ဟိုတယ် ဧည့်ဆောင်၌ ထမင်းစားရန်ဖိတ်ခေါ်လေ့ရှိသည်။ ထမင်းစားသောက်ပြီးသောအခါ ဓာတ်မီးလင်းဖို ခတ်မှိန်မှိန်လေးကို ၀ိုင်းရံကာ စစ်မဖြစ်မီက အကြောင်းများ၊ ဂျပန်များထံမှ စစ်ပညာသင်ကြားစဉ်က အကြောင်းများ၊ အနာဂတ်အတွက် မျှော်လင့်ချက်ထားနိုင်သော ပစ္စုပ္ပန်ကာလ အကြောင်းများ စသည်တို့ကို ဆွေးနွေးကြသည်။

စစ်အတွင်းမြန်မာပြည် အကြောင်းနှင့် စစ်ပြီးစကာလ ဗြိတိသျှ အစိုးရက ဗိုလ်ချုပ်၏တောင်းဆိုချက်များကို လက်ခံလာစေရန် လှုပ်ရှားရုန်းကန်ခဲ့ရပုံ အကြောင်းတို့ကိုကား များစွာပြောလေ့ပြောထ မရှိပါ။ အဖွဲ့တဖွဲ့လုံးအတွက် ကိုယ်ရောစိတ်ပါသက်သာစေရန် အပန်းဖြေချိန်ပင် ဖြစ်ပါသည်။ စစ်အတွင်းကာလတွင် ကျမက နယူးဒေလီရှိ အိန္ဒိယ ပြည်လုံးဆိုင်ရာ အသံလွှင့် ဌာန၌အလုပ်လုပ်နေခဲ့ပါသည်။ ထိုဌာနမှ ဘာသာစကား အမျိုးမျိုးဖြင့် ဂျပန်များ သိမ်းပိုက်ထားသော အာရှနယ်မြေများသို့ အသံလွှင့်ပါသည်။
ထို့နောက် ဆန်ဖရန်စစ္စကို သို့သွား၍ ယခု ဗီအိုအေ ( VOA)ခေါ် ထိုစဉ်က အမေရိကန်ပြည်ထောင်စု စစ်ပြန်ကြားရေးရုံး၌ အလားတူအလုပ်မျိုး လုပ်ပါသည်။မြန်မာပြည်မှ ရောက်လာသော မိတ်ဆွေများနှင့်
မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ ကွဲကွာနေကြရစဉ်အတွင်း ဖြစ်ကြောင်းရယ်တဲ့ကုန်စင်အောင်ပြောရန်အချိန်ပင် မလောက်နိုင်ပါ။

ထိုဓါတ်မီးလင်းဖို မှိန်မှိန်လေးကို ၀ိုင်းရံနေကြသည့် လူစုထဲ ပါဝင်သူများမှာဗိုလ်ချူပ် နှင့်သူ၏ ကိုယ်ရံတော်၊ ကိုယ်စားလှယ်အဖွဲ့ဝင်အချို့၊ ဘီဘီစီ၌
အလုပ်လုပ်နေသော မြန်မာတစ်ဦးနှင့်ရံဖန်ရံခါ ကျမကဲ့သို့သော ဧည့်သည်များ ဖြစ်ကြပါသည်။ ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်ပြီး၊ ဂျပန်ခေတ်ကာလအတွင်းက
အမည်ခံအရ လွတ်လပ်သော မြန်မာနိုင်ငံ၏ စစ်သံမှူးအဖြစ် တိုကျိုတွင် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်အင်္ကြာလည်း ထိုလူစုထဲတွင် ပါဝင်သည်။

စကားအတည်းငယ်စဲသောအချိန်များ၌ သူက ဂျပန်တွင် နေစဉ်က တက်ခဲ့သော အလွမ်းအဆွေး သီချင်းများဆိုပြီး ၊ ကျမတို့က မြန်မာသီချင်းများ ဆိုကြပါသည်။ဗိုလ်ချူပ်က သူ၏မိသားစု
ဇနီးနှင့်သားသမီးသုံးယောက်အကြောင်း အငယ်ဆုံးမှာ မိန်းကလေးဖြစ်ကြောင်းတို့ကို ပြောလေ့ရှိပြီး၊သူတို့အတွက် လက်ဆောင်များ ၀ယ်ပေးပါဟု ကျမကို ပြောပါသည်။

သို့နှင့် ကိုယ်စားလှယ်အဖွဲ့ အလုပ်ကိစ္စများ ပြီးစီး၍ လန်ဒန်မှ ပြန်သွားသော အခါ သူ၏ မိသားစုဝင် တစ်ဦးခြင်းစီအတွက် ကျမ၀ယ်ပေးလိုက်သော လက်ဆောင်များ ဗိုလ်ချူပ်နှင့်အတူပါသွားပါသည်။
စု အတွက် အရုပ်ကြီးတစ်ခု ၀ယ်ပေးလိုက်ပါသည်။ နှစ်ပေါင်းများစွာ ကြာသောအခါ ထိုအရုပ်ကြီးကို စု ကမပျက်မစီး ကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိသေးသည်ကို တွေ့ရ၍ ကျမ ကျေနပ်အံ့အားသင့်ရပါသည်။

ကိုယ်စားလှယ်အဖွဲ့ မပြန်မီ ရက်အနည်းငယ်အလိုတွင် မိမိတို့ ပြီးစီးလုပ်ဆောင်နိုင်ခဲ့သော ကိစ္စအ၀၀နှင့် ပတ်သတ်၍ ဘီဘီစီမြန်မာပိုင်း အစီအစဉ်မှ အသံလွှင့်ရန် စာတမ်းတစ်စောင်ကို
ဗိုလ်ချူပ် ပြင်ဆင်ထားပါသည်။ အသံလွှင့်မည့်နေ့တွင် ကျမတို့က ဗိုလ်ချူပ်နှင့် သူ၏ကိုယ်ရံတော်တို့အား ဘီဘီစီစားသောက်ဆိုင်၌
ဆုံပြီး နေ့လည်စာ အတူစားရန်ဖြစ်ပါသည်။ ထိုနေ့လည်စာ စားပွဲမှာ ပျော်ရွှင်အားရဖွယ် မဟုတ်ခဲ့ပါ။

ထမင်းစား စားပွဲသည် ဆိတ်ငြိမ်နေပြီး ဗိုလ်ချူပ်၏ မျက်နှာမှာ ခြိမ်းတော့မည့် မိုးကဲ့သို့
အုံ့မှိုင်းနေ၏ ။ ဘီဘီစီမြန်မာပိုင်းအစီအစဉ်ဌာနမှူးဖြစ်သူ (အင်္ဂလိပ်အမျိုးသားတဦး) က အင်္ဂလိပ်လို ဘာသာပြန်ထားသော ဗိုလ်ချူပ်မိန့်ခွန်း၏
အစိတ်အပိုင်းအချို့ကို ဖြတ်တောက်ပြင်ဆင်ခဲ့ပြီး၊ မူရင်း မြန်မာစာတမ်းကိုလည်း အလားတူ ပြင်ဆင်ရမည်ဟု အကြပ်ကိုင်နေပါသည်။ ဘီဘီစီမှ ထုတ်လွှင့်သော မိန့်ခွန်းများပါ
နိုင်ငံရေးအကြောင်းအရာများနှင့် ပတ်သတ်၍ ထားရှိသော စည်းမျဉ်းကန့်သတ်ချက်များနှင့် ကိုက်ညီရန်ဖြစ်သည်ဟု ရှင်းလင်းပြပါသည်။ ဤအဖြတ်အတောက်များကို လက်ခံလိုက်ရမည်လော
အသံလွှင့်အစီအစဉ်ကိုပဲ ဖျက်သိမ်းလိုက်ရမည်လောနှင့် ဗိုလ်ချူပ်မှာ စိတ်ဒွဟဖြစ်နေ၏ ။

ဗိုလ်ချူပ်၏မိသားစုအတွက် လက်ဆောင်များယူလာသော ကျမက စားသောက်ခန်းသို့ အနည်းငယ်
အရောက်နောက်ကျပါသည်။ကျမရောက်သွားပြီးနောက်ပိုင်း တဖြည်းဖြည်း တင်းမာမှူ နှင့် စိတ်မချမ်းမြေ့မှူများ လျော့ပါးသွားကာ နေ့လည်စာစားပွဲ စတင်ပါတော့သည်။

ထို့နောက် ဗိုလ်ချူပ်က မြန်မာနိုင်ငံသူ နိုင်ငံသားများထံ အသံလွှင့်အစီရင်ခံရန် ထွက်သွားပါသည်။သို့သော်လည်း ကြိုတင်အသိပေးခြင်း မရှိဘဲနှင့် သူ၏ စာတမ်းကို မပြုလုပ်သင့်ဟု သူယူဆသော
တည်းဖြတ်မှူများ ပြုလုပ်ခြင်းကြောင့် မည်မျှ မကျေနပ်မနှစ်မြို့ဖြစ်ရကြောင်းကို ရှင်းရှင်းလင်းလင်းကြီး သိသာစေခဲ့၏။ ဤသည်ကား ဗိုလ်ချူပ်၏ အသွင်တစ်ပုံ။

ကိုယ်စားလှယ်အဖွဲ့၏ အလုပ်လည်း ပြီးဆုံး၍ ပြန်ချိန်လည်း နီးလာလေပြီ။ဗိုလ်ချူပ်အား ဧည့်ခံကြည့်ရှူခဲ့သော အင်္ဂလိပ်များနှင့် လုပ်ဖေါ်ကိုင်ဖက်များအတွက် ဧည့်ခံပွဲကြီး ကျင်းပပါသည်။

ဧည့်ပရိသတ်လဲအတော်များပါသည်။ဗြိတိသျှပါလီမန်အမတ်များ၊ ကိုယ်စားလှယ်အဖွဲ့၏ အလုပ်ကိစ္စအ၀၀ အဆင်ပြေချောမွေ့စေရန် တာဝန်ယူခဲ့သော အဆင့်မြင့်အရာရှိကြီးများ၊ သတင်းစာအယ်ဒီတာများ၊
သတင်းထောက်များ၊စာရေးဆရာများ၊မြန်မာပြည် နှင့်မြန်မာပြည်၏ အနာဂတ်တွင်စိတ်ဝင်စားကြသူများနှင့် လာရောက်နိုင်သော မြန်မာမှန်သမျှတို့ အသီးသီးပါဝင်ကြပါသည်။

ဧည့်ခံပွဲမတိုင်မှီညက ဗိုလ်ချူပ်က
ကျမကိုဧည့်ခံပွဲ၌ သီချင်းဆိုရန်ပြောပါသည်။ကျမက လုပ်ရိုးလုပ်စဉ် မဟုတ်ပါဟု ပြောတာ ငြင်းခဲ့၏။ဧည့်ခံပွဲနေ့၌ ဂျပန်များဝင်လာသည်အထိ မြန်မာပြည်တွင် အုပ်ချူပ်ရေးအရာရှိအဖြစ်
အမှူထမ်းခဲ့သော အင်္ဂလိပ်မိတ်ဆွေဟောင်းတစ်ယောက်ထံ ကျွန်မအလည်သွားခဲ့၏။ သူ၏ အိမ်ရှိရာအရပ်မှ လန်ဒန်သို့အပြန်ခရီးမှာ နှေးကွေးလွန်းလှ၍ ကျမနှင့်အတူပါလာသော
မိတ်တွေများ ဧည့်ခံပွဲ အရောက်နောက်ကျမယ်ဆိုးကာ ရင်တမမဖြစ်နေ၏။ဧည့်ခံပွဲမမှီလိုက်က ဗိုလ်ချူပ်တို့နှင့် နောက်ဆုံးတွေ့ရမယ့် အခွင့်အရေး လွတ်သွားမည် ထင်ကာ ကျမတို့
ပူပန်နေကြခြင်းဖြစ်သည်။

သို့သော်လဲ ကမန်းကတမ်းအ၀တ်အစားလဲပြီး ရောက်သွားသောအခါ ဗိုလ်ချူပ်က စောင့်နေပါသည်။အချမ်းပြေ မုန့်အနည်းငယ်စားသောက်ပြီးနောက် ဗိုလ်ချူပ်က ကျမကိုစင်မြင့်ပေါ်တင်ထားသော စန္ဒယားရှိရာသို့ ခေါ်သွားပြီး မြန်မာအမျိုးသမီးလေးတစ်ယောက်က သီချင်းဆိုဧည့်ခံပါမည် ဟု ပရိသတ်အားကြေညာလိုက်ပါသည်။

ကျမလည်း သီချင်းဆိုရပါတော့သည်။ထိုညက ဆိုခဲ့သောသီချင်းများမှာ အင်္ဂလိပ်သီချင်းတစ်ပုပ်၊ ပြင်သစ်သီချင်းတစ်ပုဒ်နှင့် မြန်မာသီချင်းတစ်ပုဒ်တို့ဖြစ်ပါသည်။ ယခုပြန်လည်တွေးကြည့်သောအခါ နောက်ဆုံးတစ်ပုဒ်ကိုသာ ဆိုခဲ့သင့်သည်ဟု ကျမထင်မိပါသည်။

သို့သော်လည်း ထိုသီချင်းကို မြန်မာများကသာ နားလည်နှစ်သက်ကြမည် ဖြစ်ပါသည်။ထိုသီချင်းမှာ ကျမတို့အားလုံးသိကြသော လှိုင်ထိပ်ခေါင်တင်၏ *စိန်ခြူးကြာညောင်* ဘောလယ်ဖြစ်ပါသည်။ပရိသတ်က ယဉ်ကျေးစွာ သြဘာပေးကြပါသည်။ထို့နောက် ဗိုလ်ချူပ်က ကျမကို စင်မြင့်ပေါ်မှာဆင်းရန်လာခေါ်ပြီး ကျမ၏အဆိုကို မည်မျှသဘောကျနှစ်သက်ကြောင်းပြောပါသည်။

(ဆောင်းပါးအဆက်)ကိုယ်သားလှယ်အဖွဲ့ အထူးလေယာဉ် နှင့် လန်ဒန်မြို့မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားချိန်၌ တတိုင်းပြည်လုံးနှင်းစိုင်နှင်းခဲများနှင့် ဖုံးလွှမ်းထားဆဲပင်ဖြစ်သည်။နှူတ်ဆက်ရန် အဆင့်မြင့် အင်္ဂလိပ်အရာရှိများ အဖွဲ့ကြီးတစ်ဖွဲ့ရောက်နေပါသည်။ကျမတို့ မြန်မာအချို့လည်း ကိုယ်စားလှယ်များ၊အခြားသူများနှင့်အတူ ဟုန်းဟုန်းတောက်နေသည့် မီးလင်းဖိုကြီး၏ အပူရှိန်နှင့်နွေးနေသော ဧည့်ကြိုခန်းမကြီး၌ သွားရောက်စုဝေးနေပါသည်။

ကျမတို့အားလုံး ၀ိုင်းထိုင်စကားပြောကြပါသည်။ခဏကြာသောအခါ ဗိုလ်ချူပ်က အင်္ဂလိပ်များအကြားမှ ထလာပြီး ကျမတို့နှင့် စကားပြောပါသည်။ ကျမကို ပြုံးပြီး ကျနော်တို့နှင့်ဗမာပြည်ကိုလိုက်ခဲ့ပါလား ဟုပြောပါသည်။ထို့နောက် ကျမတို့ အပေါင်းအဖေါ်တစ်စု နှင်းခဲများအကြား ရပ်ပြီး ကိုယ်စားလှယ်အဖွဲ့ လေယာဉ်ရှိရာသို့လျောက်၍ ထွက်ခွာသွားနေသည်ကို ငေးမျှော်ကြည့်ရင်း လက်များဝှေ့ရမ်း နှူတ်ဆက်ကြပါသည်။ဆောင်းနေ့ကလေး၏ လွမ်းဖွယ်အသွင်နှင့်မိတ်ဆွေများနှင့်ခွဲခွာရခြင်း အထူးသဖြင့် ဗိုလ်ချူပ်နှင့်ခွဲခွာရခြင်းတို့ကြောင့် ကျမတို့တစ်တွေ ၀မ်းနည်းတသသ ဖြစ်နေကြပါသည်။

ဗိုလ်ချူပ်ခမျာ တိုတောင်းလှသော ဘ၀သက်တမ်းလေးမျှသာ ကျန်တော့သည်ကိုကား ကျမတို့ မည်ကဲ့သို့မျှ မမှန်းဆမိခဲ့ကြပါ။ဂျပန်ခောတ်နှင့်စစ်ဒဏ်တို့ကြောင့် ပျက်စီးယို့ယွင်းနေသော တိုင်းပြည်ကို ပြန်လည်ထူထောင်၍ မြန်မာပြည်တွင် ခေတ်သစ်ထွန်းစေမည် ဟူသည့်ဗိုလ်ချူပ်သယ်ဆောင်သွားသော မျှော်မှန်းချက်များမှာ နိုင်ငံရေးပြိုင်ဘက်တစ်ဦး၏ ပယောဂကြောင့် ထိုနှစ်တွင်ပင် ပြိုကွဲခဲ့ရပါတော့သည်။ဘုရင်ခံ၏ အလုပ်အမှူဆောင်အဖွဲ့ အစည်းအဝေးကျင်းပနေစဉ် အခန်းအတွင်းသို့ လူသတ်သမား အတင်းဝင်ရောက်လာကာ စစ်သေနတ်များဖြင့် အလယ်တွင်ထိုင်နေသော ဗိုလ်ချူပ်ကို ဦးစွာပစ်ခတ်ပြီး အခြားပုဂ္ဂိုလ် ရှစ်ဦးကိုပါ လုပ်ကြံသတ်ဖြတ်သွားပါသည်။နှစ်စဉ်နှစ်တိုင်း တနိုင်ငံလုံးသတိတရ ယူကျူံးမရဖြစ်ရသောအာဇာနည်နေ့ ၁၉ ဇူလိုင် ၁၉၄၇ ခုနှစ်ဖြစ်ပါသည်။

ဗိုလ်ချူပ်အောင်ဆန်း၏ ကျန်ရစ်သူ ဇနီး ဒေါ်ခင်ကြည် သည် မိမိအတွက်သာမက တစ်မျိုးသားလုံးအတွက်ပါ ကြေကွဲဖွယ်ရာ ဤအဖြစ်ဆိုးကြီးနောက်ပိုင်း၌ သူမဘ၀ကို ပြန်လည်ပျိုးထောင်ရပါတော့သည်။

မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် မိခင် နှင့် ကလေးစောင့်ရှောက်ရေးဌာန၊ထို့နောက် လူမှူဝန်ထမ်းဌာနတို့၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်၏။မအားမလပ် အလုပ်တာဝန်များအထဲ နစ်မြုပ်နေစဉ်ပင် ကံကြမ္မာ၏ဒဏ်ကို နောက်တစ်ဖန်ခံရပြန်၏။

ဒုတိယသားဖြစ်သူ အောင်ဆန်းလင်းခမျာ ရန်ကုန်နေအိမ်ခြံဝင်းအတွင်းရှိ ရေကန်ဘောင်ရိုးပေါ် ကစားနေစဉ် လိမ့်ကျကာ ရေနစ်သေဆုံးသွားရှာသည်။ အောင်ဆန်းလင်းသည် * စု *အထူးချစ်မြတ်နိုး၍အားကိုးသောအကိုဖြစ်၍ စု အဖို့ ထိုအဖြစ်ဆိုးကြီးကြောင့် စိတ်တုန်လှူပ်ထိခိုက်ခဲ့ရမှူသည် အတော်နှင့်ပျောက်ကွယ်သွားခြင်းမရှိနိုင်ခဲ့ပါ။ စု သည် သူမ၏ အကိုကို မည်သည့်အခါမျှ မမေ့နိုင်သကဲ့သို့သူမ၏ဖခင်ကိုလည်း မည်သည့်အခါမှ မနေ့နိုင်ပါ။ဖခင်၏ဘ၀ဇာတ်ကြောင်း စာပေအရေးအသား တိုင်းသူပြည်သားများအား ဆော်သြချက်များနှင့် (၃၂) နှစ်တာ သက်တမ်းအတွင်းဖြစ်မြောက်ခဲ့သော အံ့သြဖွယ်ရာ စွမ်းဆောင်ချက်များကို လေ့လာခြင်းမှာ စု အတွက် အဆက်မပြတ်နိုင်သော စွဲလန်းချက်တရပ်ဖြစ်ပါသည်။

ဒေါ်ခင်ကြည်သည် သားသမီးများအား ငယ်စဉ်ကပင် သူတို့၏ဖခင်ပေးသော အမွေအနှစ်များကို အမြဲသတိရနေစေရန် ကြိုးပမ်းခဲ့၏ ။ ဗိုလ်ချူပ်၏ ရဲဘော်ရဲဘက်များနှင့် သူထူထောင်ခဲ့သော တပ်မတော်မှအဖွဲ့ဝင်များက ဗိုလ်ချူပ်၏ မိသားစုအပေါ်ထားရှိသော သံယောဇဉ်မှာ ပျောက်ကွယ်သွားခြင်းမရှိခဲ့ပါ။ ထို့ကြောင့် စု က တပ်မတော်သားများလက်ပေါ်တွင် ကြီးပြင်းလာခဲ့သည်ဟု ပကတိရှိရင်းအတိုင်းပြောနိုင်ပါသည်။

အရည်အချင်းကြွယ်ဝ၊ အတွေ့အကြုံများပြား၊ ရာထူးရာခံမြင့်မားသော မြန်မာလူကြီးလူကောင်းအများအပြား ဒေါ်ခင်ကြည်နှင့်ရင်းနှီးခင်မင်စွာ ဆက်ဆံခြင်းသည်လည်း သားသမီးများအပေါ် သြဇာသက်ရောက်မှူရှိခဲ့၏ ။ နှစ်ပေါင်းများစွာ နိုင်ငံတော်ဝန်ထမ်းတစ်ဦးအဖြစ် ပြောင်မြောက်စွာ တာဝန်ထမ်းရွက်ခဲ့သော တရားသူကြီးချူပ် ဦးမြင့်သိန်းဆိုလျှင် တသက်တာရင်းနှီးခင်မင်သော မိတ်ဆွေကောင်းတစ်ဦးဖြစ်ပါသည်။ ရိုသေလေးစားမှူ၊ကြည်ညိုမှူ၊ ချစ်ခင်မှူ စသော အရှိန်အ၀ါများက သူနှင့်သူမ၏ မိသားစုတို့အပေါ် လွှမ်းခြုံထားပါသည်။

ဒေါ်ခင်ကြည်သည် မိမိ၏ သားသမီးများအား မြန်မာ့လူမှူရေးနှင့် ကိုယ်ကျင့်သီလ၏ တန်ဖိုးကို အလေးထားပြီး၊ ဗုဒ္ဓဘာသာတရာကို ယုံကြည်ကိုင်းရှိုင်းရန် သွန်သင်ဆုံးမခဲ့၏ ။ ကျမ၏ အမြင်အရ၀တ်စား၊သွားလာ၊နေထိုင်မှူအရပ်ရပ်နှင့် စပ်လျဉ်း၍ လူအများမြင်ကွင်းတွင်လည်းကောင်း၊ အိမ်တွင်းအသိုင်းအ၀ိုင်းတွင်လည်းကောင်း၊ စု သည် မြန်မာ့ယဉ်ကျေးမှူအရစံတင်လောက်ပါသည်။

ဥပမာတစ်ခုပေးရမည်ဆိုလျင် မိမိထက် တစ်နှစ်၊တစ်ရက်၊တစ်မနက်ကြီးသူမှန်သမျှကို ကိုယ်အမူအရာ နှူတ်အမူအရာအရ၊ ရိုသေလေးစားသမှူပြုခြင်းဖြစ်သော လူကြီးများရှေ့မှ ဖြတ်သန်းသွားသောအခါ ခါးညွှတ်ခြင်း၊ လူကြီးများထံပါးတွင် ကျူံ့ကျူံ့ယုံ့ယုံ့ နေထိုင်ခြင်း၊ ယဉ်ကျေးလေးစားသော အသံအနေအထား နှင့် စကားလုံးများကို ရွေးချယ်သုံးခြင်း၊ စသည် တို့မှာ စု အတွက်အရိုးစွဲနေသော အမူအကျင့်များဖြစ်ပါသည်၊ ဤကဲ့သို့ ထင်ရှားလှသော မြန်မာဆန်မှူတို့ကြောင့် စု ကို မြန်မာများက ချစ်မြတ်နိုးကြပြီး နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်သော်လည်းစု ၏ မြန်မာပီသမှူမှာ မှေးမှိန်ယိမ်းယိုင်းသွားသည် ဟူ၍ မရှိခဲ့ပါ။ မြန်မာနိုင်ငံလူထုကြီးအား စွဲဆောင်၍ ၎င်းတို့၏ အတက်ကြွဆုံး၊အူလှိုက်သဲလှိုက်ထောက်ခံမှူကို စု ရယူနိုင်ခြင်း၏ အဓိကအကြောင်းရင်းတစ်ချက်မှာ သူမ၏မြန်မာပီသမှူပင် ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်....

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”..........။

From**San Maung**Email

**(အောင်ဆန်းစုကြည် )**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)