ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 23, 2010

လူထုကျန်းမာရေး(ဆေးဖက်ဝင် သစ်သီးဝလံ အခွံ )

> **ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံ **

**Public Health**

သစ်သီဝလံ များရဲ့ အခွံဟာ သင့်ရဲ့ အဟာရတွေကို ပိုမိုဖြစ်စေပါတယ်။ အခွံကိုစားခြင်းဖြင့် သင့်ရဲ့ စွမ်းအင်တွေကို ပိုမိုဖြစ်ထွန်းစေသလို ကင်ဆာရောဂါကိုပါ တိုက်ဖျက်နိုင်ပါတယ်။ အစားနဲ့ ကျန်းမာရေး Royal အဖွဲ့အစည်းမှ ဥက္ကဌဟောင်း ဖြစ်ခဲ့သူ ဒေါက်တာ Marilyn Glenville က သစ်သီးဝလံများနဲ့ ဟင်းသီးဟင်ရွက်တိုင်းမှာ သဘာဝတရားကပေးထားတဲ့ ရောဂါများကို တိုက်ဖျက်ဖို့အကျိုးဖြစ်ထွန်းစေတာတွေ ပါရှိတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ဟာ တခါမဟုတ်သလို တန်ဖိုးရှိတဲ့ အခွံတွေကို လွင့်ပစ်နေကြပါတယ်။ အညှာအပွင့်က အစ သစ်သီးများရဲ့ အူတိုင် အထိ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အရာတွေပါရှိနေပါတယ်။ (ဥပမာ - ပဒိုင်းသီးလို အသီးမျိုးထင်တယ် ဟဲဟဲ)အခုဒီမှာပြောခြင်တာကတော့ သင့်အနေနဲ့ အခွံကိုပါမလွင့်ပစ်ဘဲ အကုန်လုံးကို စားဖို့ တိုက်တွန်းလိုက်ပါတယ် လို့
ဒေါက်တာ Marilyn Glenville ပြောကြားခဲ့ပါတယ်။ (ဒူးရင်းသီး ဆိုရင်တော့လား)

**ကီဝီသီး (Kiwi fruit)**
ကီဝီသီး ရဲ့အခွံမှာ အမွှေးပါးလေးများပါရှိပါတယ်။ antioxidants (အောက်စီဂျင်ဖြင့်ပါဝင်ပေါင်းစပ်) တဲ့အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသလို၊ ကင်ဆာရောဂါကို ကာကွယ်ခြင်း၊ နာကျင်ကိုက်ခဲမှုများကို လျော့ကျခြင်း နှင့် allergenic (အလက်ကြိတ်)များမဖြစ်အောင် တားစီးနိုင်ခြင်း များပါဝင်နေတယ်လို့ ဒေါက်တာ Glenville ပြောပါတယ်။ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အမျိုးပေါင်းများစွာကိုလည်း တိုက်ဖျက်နိုင်သလို ဖျားနာခြင်းများကို၎င်း၊ E-coli ဘက်တီးရီးယား နဲ့ အစာအဆိပ်တောက်ခြင်းများကိုလည်း တားစီးနိုင်ပါတယ်။

**နာနတ်သီး (Pineapple)**
နာနတ်သီးကို အခွံပါစားရမယ် ထင်ပြီး မကြောက်လိုက်ပါနဲ့ အခွံကိုတော့ မစားခိုင်းပါဘူး လွင့်ပစ်လိုက်ပါ။ အလယ်အူတိုင်ကိုစားဖို့အတွက် ပြောတာပါ။ နာနတ်သီးနှင့် အူတိုင်ကို စားခြင်းအားဖြင့် သင့်ခရီးသွားလို့ ပင်ပမ်းနွမ်းနယ်ပြီး အားအင်တွေ ကုန်ခမ်းသွားခြင်းကို ပြန်လည်အားဖြည့်ပေးသလို ဗီတာမင် စီ ဓါတ်ကိုလည်းရရှိစေပါတယ်။ ခန္ဓာကိုယ်အတွင်း၌ အစာခြေ၊ ချက်မှု စသည့် လုပ်ငန်းများအတွက် သက်ရှိကလာပ်စည်း တချို့က ထုတ်ပေးသည့်) ဓာတ်ပြောင်းအကူဒြပ်။ အင်ဇိုင်း များအတွက်များစွာအကျိုးဖြစ်ထွန်းခြင်း အစာခြေမှု့ကို ပိုမိုအားကောင်းစေခြင်းတို့ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အစာခြေဖျက်မှု့ပိုကောင်းတာဖြစ်တယ်လို့ ဒေါက်တာ Glenville ဆိုပါတယ်။

**ပန်းဂေါ်ဖီအစိမ်း (Broccoli)**
ဒါကတော့ အရိုးရောအရွက်တွေပါ ဝါသနာပါရင် ထည့်ပြီး ကြော်ခြင်ကြော် ချက်ခြင်ချက် လို့ရပါတယ်။ သူကတော့ ကယ်လ်စီယံဓါတ်ကို မြင့်မားစွာရရှိစေပါတယ်။ (ကယ်လ်စီယံ ကွေကာ သောက်စရာမလိုဘူးပေါ့) နောက်ပြီး ဗီတာမင် စီ ဓါတ် ကိုလည်းရရှိစေပါတယ်လို့ ဒေါက်တာ Glenville ပြောပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်စေတယ်လို့လည်း ကျွန်တော်မျှဝေခဲ့ဘူးပါတယ်။ ဒီတော့ အရိုးအညှာတွေ အရွက်တွေကို ဝက် စာထဲမထည့်မဲ့အစား ကိုယ်ဘဲစားလိုက်။

**ငှက်ပျောသီးအခွံ (banana peel)**
ငှက်ပျောသီးအခွံကို စားခြင်းအားဖြင့်တော့ လူကို တက်ကြွရွှင်လန်းစေပါတယ်။ နောက်ပြီး မျက်စိအားကောင်းစေသလို မျက်စိတိမ်စွရောဂါများ အတွက်လည်း အလွန်ကောင်းပါတယ်။
ဘယ်လိုစားရမလဲ ဆိုရင်တော့ သုတေသီတွေမှ အကြံပေးပြောကြားချက်အရ ငှက်ပျောသီးအခွံကို ရေနွေးနဲ့ ၁ဝ မိနစ်လောက်ပြုတ် လိုက်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲမှာ ထည့်ဖျော်ပြီး ဖျော်ရည်အဖြစ်လဲ စားသောက်နိုင်တယ်လို့ဆိုပါတယ်။

**ကြက်သွန်ဖြူ (Garlic)**
ကြက်သွန်ဖြူ အခွံမှာ ကွဲပြားတဲ့ antioxidant ၆ မျိုးပါဝင် ပါတယ်။ နောက်ပြီး အိုမင်းရင့်ရော်ခြင်းနှင့် နှလုံးရောဂါများကိုလည်း ကာကွယ်နိုင်တယ်လို့ ဒေါက်တာ Glenville က ရှင်းပြပါတယ်။

**ရှောက်သီး၊ သံပုရာသီး အမျိုးဝင်အသီးများ (Citrus)**
လိမ္မော်သီး၊ ပျားလိမ္မော်သီး တို့ရဲ့အခွံတွေကတော့ ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် နှလုံးရောဂါဖြစ်ခြင်းတို့ကို အစွမ်းအထက်ဆုံး ကာကွယ်မှု့အပေးနိုင်ဆုံး အခွံတွေဖြစ်ပါတယ်။ နောက်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောဓါတ်တွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ခြင်းတို့ရှိတယ်လို့ အမေရိကန်မှ လေ့လာသိရှိခဲ့ပါတယ်။ ထိုကဲ့သို့ပင် ဒေါက်တာ Glenville မှလည်း ၄င်းအခွံများနဲ့ ပါတ်သက်ပြီး ရှောက်သီး သံပုရာသီး အမျိုးအနွယ်ဝင် အသီးများရဲ့ အခွံအောက်မှ အဖြူရောင် တစ်ရှူးအမျှင်များဟာလဲ မြင့်မားတဲ့ ကာဗွန်ဟိုက်ဒရိုတ် ဓါတ်ကို ရရှိစေသလို ကိုလက်စထရော လျော့ကျခြင်း နှင့် ဘက်တီးရီးများ ကိုလဲ ဟန့်တားပေးနိုင်တယ်လို့ ပြောပါတယ်။

**ရွှေဖရုံ၊ ကျောက်ဖရုံ နှင့် သခွါးမွှေးများ (Pumpkin, butternut and
other squashes)**

သခွါးမွှေးကို စားခြင်းအားဖြင့်တော့ အင်ဇိုင်းများကို မြင့်မားစွာအကျိုးဖြစ်ထွန်းစေသလို၊ အသားအရေ မွဲခြောက်မှု့၊ နှလုံးရောဂါ နှင့် ကင်ဆာရောဂါများကို ဟန့်တားစေနိုင်ပါတယ်။ ယင်းအသီး များရဲ့ အခွံကိုစားဖို့အတွက် ခက်ခဲမှု့အနည်းငယ် ရှိတဲ့အတွက်ကြောင့် အခွံကို ပါးနိုင်သလောက် ပါးအောင်ခွာပြီး စားသင့်တယ်လို့ ဆိုပါတယ်။

**အာလူး (Potatoes)**
အာလူးအခွံစားလျှင် လူတိုင်းနီးပါးသိပြီးသားဖြစ်တဲ့ အကြောင်းအရာတစ်ခုပါ။ အာလူးအခွံမှာလဲ ပိုတက်စီယံ၊ သံဓါတ်၊ ဗီတာမင်စီနှင့် အခြားဓါတ်ပေါင်းများစွာပါရှိတယ်လို့ သိရပါတယ်။

http://www.meepyatite.info/

**ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)