ရာဇ၀တ်မှုခင်းရှေ့နေတစ်ဦး၏ ပထမဦးဆုံးအမှုသည်တစ်ဦးသည် ရှေ့နေအား အမှုလိုက်ခ ကြိုတင်ငွေအဖြစ် ငွေအရွက်ကြီးတစ်ရွက်ပေးလိုက်သည်။ အမှုသည်က သူ သက်သက်အမှုဆင်ခံလိုက်ရသည်ဟုဆိုသည်။
`ဒီကောင်က ကျနော့်လက် သူ့ အိတ်ထဲရောက်နေတာကို သိလိုက်တယ်တဲ့။ သူ လူညာပဲ၊ ကျနော် နှစ်ဆယ့်လေးနှစ်လုံးလုံး ခါးပိုက်နှိုက်လုပ်လာတာ ဘယ်သူမှ ကျနော့်လက်ကို သူ့အိတ်ထဲ ခံစားလိုက်ရတယ်လို့ မရှိခဲ့ဖူးဘူး`
အမှုသည် ထွက်သွားသောအခါတွင် ရှေ့နေသည် အဖိုးတန် ထိုအရွက်ကြီး ငွေစက္ကူကို အိတ်ထဲစမ်းလိုက်သည်။ မရှိ။
သူ့အိတ်အားလုံးကို မွှေနှောက်ရှာဖွေလိုက်သည်။ သူစားပွဲအောက်တွင် ရှာနေစဉ် သူ့အမှုသည် ပြန်ရောက်လာသည်။ ရှေ့နေ ပျောက်နေသော ငွေစက္ကူအရွက်ကြီးကို ရှေ့နေအား ပြန်အမ်းပေးရင်း သူက ပြောလိုက်သည်။
`ဒီအမှုကို ခင်ဗျား အပြည့်အ၀ ယုံကြည်စိတ်ချစွာ လိုက်ချင်ခဲ့တာ၊ အဲဒီလူဟာ လူလိမ်လူညာပဲ ဖြစ်မယ်ဆိုတာ ခင်ဗျား လက်တွေ့သိမြင်ပြီပဲမဟုတ်လား´
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ ဟာသများမှ)
**(ကြုံသမျှ ဘုံဘ၀ ဟာသများ)**

No comments:
Post a Comment