ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 17, 2010

ပြည်ပထွက်မယ့် သူများသတိထားရန်

> မင်္ဂလာပါ မောင်နှမများအားလုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာကြပါစေနော်။လွန်ခဲ့တဲ့ နှစ်ရက်လောက်က လေဆိပ်မှာဖြစ်ခဲ့တဲ့ အဖြစ်လေးကို မျှဝေသင့်တယ် ထင်လို့ တင်လိုက်တာပါ။အဲဒိနေ့က ညီမလေးတစ်ယောက်လေဆိပ်သွားကြိုပေးပါတယ်။အဲဒီ
ညီမလေးကလောလောဆယ်မှာ Student passနဲ့နေနေတာပါ။အရင်က သူလေးလဲအိမ်တစ်အိမ်မှာ18လကြာနေခဲ့ဘူး
ပါတယ်။သူမွေးနေ့လေးမို့ ကုသိုလ်လုပ်ချင်လို့ အဲဒီနေ့မှာပထမဆုံးအကြိမ် လေဆိပ်ကို တစ်ယောက်ထဲသွားကြိုပေးတဲ့နေ့ပေါ့။
သူရောက်ပြီး သိပ်မကြာဘူး မေလေးဆီဖုန်းဆက်လာပါတယ်။လေဆိပ်မှာ ပြသနာတက်လို့လိုက်ခဲ့ပေးပါဆိုလို့ မေလေးချက်ချင်း လိုက်သွားတော့ဟိုမှာပြသနာကတော်တော်ကြီးနေပြီ။
အစ်မတစ်ယောက် ရန်ကုန်ကအေးဂျင့်က S-pass ဆိုပြီး စာရွက်စာတမ်းအတုနဲ့လွတ်လိုက်တယ်။ဒီရောက်တော့ အေးဂျင့်က MeetingService ကတဆင့်ကြိုခိုင်းထားတော့ Maid permit ဖြစ်နေတယ်။အဲဒီအစ်မက ရန်ကုန်ကနာမည်ကြီး ကုမ္ပဏီ်
တစ်ခုမှာ တစ်လကို ၂ သိန်းနဲ့လုပ်နေရာက သူများအဆွယ်ကောင်းလို့ စင်ကာပူလာခါမှအလိမ်မိတာလေ။အီးလဲတော်တော်ကောင်း
သလိုထက်လဲထက်မြက်တဲ့မိန်းမတစ်ယောက်ဆိုတော့ အေးဂျင့်ကို တစ်ခွန်းမကျန်ပြန်ပြောတော့ အေးဂျင့်ကပါးရိုက်လို့။
အမှန်က အေးဂျင့် မဟုတ်သေးပါဘူး။လာကြိုတဲ့သူအများစုက အေးဂျင့်ဆီမှာ အလုပ်လုပ်နေတဲ့ ဒါရိုက်ဘာအဆင့် လောက်ဘဲရှိတဲ့ သူတွေပါ။လေဆိပ်တစ်ရက်လောက်သွားကြိုကြည့်ကြပါ။ဒီကောင်တွေဘယ်လောက်မိုက်ရိုင်းလဲသိရအောင်။ခုမှလာခါစ ဆိုပြီး မြန်မာမိန်းကလေးတွေဆို ဘာမှတ်နေလဲမသိဘူးနှိမ်မှနှိမ်။ရောက်ခါစ အစ်မတွေ ညီမလေးတွေ တကယ်ကိုသနားဖို့ ကောင်းတယ်။ အမြဲဘဲမျက်ရည်လေး စမ်းစမ်းနဲ့တကယ်ကို သနားစရာကောင်းပါတယ်။
မေလေးလဲအဲဒီအစ်မကို သေချာရှင်းပြပါတယ်။ အစ်မအခုချိန်မှာ အစ်မလုပ်နိုင်တာသုံးလမ်းရှိတယ်။ တစ်က အစ်မလှည့်ပြန်သွား ပါ။ဒါဆိုရင်တော့ အစ်မ အေးဂျင့်ကို ၁၅၀၀ လျှော်ရပါလိမ့်မယ်။စာချုပ်ရှိလို့ပါ။လေယာဉ်ခလဲကိုယ်ဘာသာ ကိုပေးရမှာပါ။ ဒီနည်း လဲသူမကြိုက်ပါဘူး။ရန်ကုန်မှာပေးခဲ့တဲ့အေးဂျင့်ခက လေယာဉ်လက်မှတ်ဖိုးမပါ ၄၃သိန်းအကျေပေးခဲ့ရတယ်။အဲတော့သူခမျာ
ဘယ်လိုလုပ်ထပ်ပေးချင်မလဲ။နှစ်က အခုလောလေဆယ် အေးဂျင့်နဲ့လိုက်သွားပြီး အိမ်တစ်အိမ်မှာ ခဏလုပ်ပါ။နောက် မှကြိုးစား ရုန်းထွက်ပေါ့။ဒီလိုလဲသူလက်မခံနိုင်ပါဘူး.။တစ်သက်လုံးအိမ်ဖော်နဲ့နေလာတာတဲ့။အိမ်အလုပ်မလုပ်ဖူးဘူးတဲ့။ဒီတော့ဒါလဲသူပယ်တယ်။
နောက်ဆုံးအချက်က ရဲစခန်းကိုခုချက်ချင်းသွားပြီးအမှုဖွင့် ပြီးရင် MOM မှာသွားနေပေါ့။ဒါဘဲသူရွေးချယ်တော့အေးဂျင့်ကိုပြန် လွှတ် လိုက်ပြီးသူကိုရဲစခန်းခေါ်သွားပေးရတယ်။လမ်းမှာလဲသေချာပြောပြရသေးတယ်။ လောလောဆယ် MOM မှာမေလေးတိုင်ထားပေးတာ
၅ ယောက်ရှိပါတယ်။အခုထိအမှုက မပြီးသေးဘူး။ တစ်ယောက်ဆို ကလေးတောင် ၃ လရှိပြီ။အိမ်ရှင်စော်ကားလို့တိုင်ထားတာပါ။ တကယ် သနားစရာကောင်းပါတယ်။အသက်က၂၁ဘဲရှိပါသေးတယ်။သူလေးဘဝကိုစဉ်းစားကြည့်ကြပါအုန်း။အဲဒီညီမလေးနဲ့ မေလေး သိတဲ့အချိန်မှာ ကိုယ်ဝန်က ၄ လကျော်နေပါပြီ။ကိုယ်ဝန်ရှိနေတာကို အဲဒီညီမလေးကိုယ်တိုင်မသိလိုက်တာလေ။ အခုတော့ကလေး တစ်ယောက်နဲ့ အမှုကမပြီးသေးဘူးလေ။ခုနအစ်မအကြောင်းဆက်ရအောင်။ သူကိုရဲစခန်းမှာ အမှုဖွင့်ပေးတော့ထုံးစံအတိုင်းမေလေး ကသက်သေပေါ့။ သက်သေဆိုတာ နောက်ရုံးချိန်းရှိတိုင်း ခေါ်ရင်သွားရပါတယ်။ ဒီမှာလဲမြန်မာပြည်မှာလိုပါဘဲ။ ရုံးချိန်းကခဏခဏ။
ရဲစခန်းကနေမှ တဆင့် punggol မှာရှိတဲ့ MOM ကိုလိုက်ပို့ခဲ့ပါတယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ မသိသေးပါဘူး။ သူကိုလိမ်လိုက်တဲ့ S-passappproval letter ကမေလေးစစ်ကြည့်တော့ တကယ်ရှိပါတယ်။သူနာမည်တော့မဟုတ်ဘူး။
နာမည်နဲ့ မွေးသက္ကရာဇ် ကို အစားထိုးပြီးလွှတ်လိုက်တာလေ။မေလေးသတိပေးချင်တာ နောက်ဆို ဘယ်အေးဂျင့် မှမယုံပါနဲ့။ ကိုယ်တိုင်သေချာစစ်ခဲ့ပါ။ S-pass တကယ်ကျမကျစစ်လို့ရပါတယ်။အေးဂျင့်နဲ့မလုပ်နဲ့မဟုတ်ပါဘူး။
လုပ်ပါ။အေးဂျင့်တွေကလည်းထိုက်တန်သလောက် ယူပြီးရင် မလိမ်ပါနဲ့ရှင်။ဘဝတစ်ခုပျက်မှထမင်းစားမဲ့အစား အငတ်ခံလို်က်တာ ပိုကောင်းတယ်လို့မေလေးတော့ယူဆတယ်။ တကယ်ကိုဘဝပျက်သွားတဲ့မိသားစုတွေအများကြီးရှိပါတယ်။အေးဂျင့်နဲ့ ရန်ကုန်ကနေ ဘဲအပ်အပ် ဒီကိုအလည်နဲ့လာပြီးမှဘဲအပ်အပ်ပိုက်ဆံအကုန်မချေပါနဲ့။ သူတို့ဘယ်လိုပြောပြော စရန်ကလွဲရင် မပေးထားပါနဲ့။တကယ် approve ဖြစ်မှပေးပါ။အပ်ထားပြီးသိပ်မကြာဘူးသူတို့ကသူဌေးနဲ့လဲတွေ့ပေးပြီးပြီ။အလုပ်လဲအိုကေလို့တင် မယ်ဆိုတခါထဲမေးထားပါ။
ကိုယ်အရည်အချင်းကိုသူဌေးကတကယ်ကြိုက်လို့တင်တာလား။သိပ်မကြိုက်ဘူးဆိုရင်နောက်အလုပ်ရှာခိုင်းပါ။အားနာစရာလုံးဝမလိုပါဘူးး။
အားနာနေရင်ကိုယ်ခံသွားရမယ်လေ။ အေးဂျင့်နဲ့ သူဌေးနဲ့ပေါင်းပြီးလုပ်တာတွေများနေလို့ပါ။ ဥပမာ..အေးဂျင့်ခ ၃၀၀၀ ယူတယ်ထား၊ သူဌေးကို ၁၅၀၀ပေးမယ်။S-pass လျှောက်ပေးမယ်။ကျလဲကျတယ်။တစ်ပတ်လောက်၊တစ်လလောက်ဆို သူဌေးကမကြိုက်ဘူးဆိုပြီး ဖြုတ်လိုက်မယ်။အေးဂျင့်ကသူနောက်အလုပ်ရှာပေးမယ်ဆိုပြီး နောက်ထပ် ၁၀၀၀ သို့မဟုတ်၂၀၀၀ထပ်တောင်း။ အလုပ်ရ၊သူဌေးက ထပ်ဖြုတ်၊ အဲလိုတွေအပြင်မှာတကယ်ဖြစ်နေလို့ပါ။အဲဒီတော့ တစ်ခါထဲအေးဂျင့်ကိုမေးပါ။ အစမ်းခန့်က ဘယ်နှစ်လလဲ။ တကယ်လို့ ကိုယ်အရည်အချင်းကြောင့် မဟုတ်ဘဲ သူဌေးကသက်သက်အလုပ်ဖြုတ်ရင် ဘယ်လိုလုပ်ပေးမှာလဲ၊တခါထဲမေးထားပါ။
အေးဂျင့်ကတင်လိုက်ပြီ ဆိုရင် အွန်လိုင်းကတင်ရင်ဒီနေ့တင်မနက်ဖြန်သိ၇ပါတယ်။ စာတိုက်ကတင်ရင်တော့ ၁ ပတ်လောက်ဆို Finနံပါတ်ထွက်လာပါတယ်။ ဘာနဲ့ဘဲတင်တင် အေးဂျင့်ဆီက Finနံပါတ်တောင်းပါ။ပြီးရင် www.mom.gov.sg ကိုသွားပါ ။ညာဘက်အောက်နားလေးမှာ အနီရောင်အကွက်လေးရှိပါတယ်။ ——I want to —ဆိုပြီးရေးထားတယ်။ ကလစ်နှိပ်လိုက် ရင်စာတန်းလေး တွေထွက်လာပါလိမ့်မယ်။အဲဒီထဲကမှ ၇ ကြောင်းမြောက်မှာ Check my Employment pass/S passapplication Status ဆိုတာကိုနှိပ်လိုက်ပါ။နောက်ထပ် window ပေါ်လာလိမ့်မယ်။ အဲကျရင် ကိုယ်နာမည်ရယ်၊ မွေးသက္ကရာဇ်၊ခုနပွဲစားဆီကမေးထားတဲ့ Fin နံပါတ်ရယ်ရိုက်လိုက်ရင် ဘယ်နေ့မှာတင်ထားတယ်။တင်ထားတဲ့ နံပါတ်က ဘယ်လောက်၊ကျပြီလား မကျသေးဘူးလား၊အကုန်ပေါ်လာပါလိမ့်မယ်။သိပြီးသားလူတွေအတွက်တော့ ဆောရီးပါ။မသိသေးတဲ့သူတွေ အတွက် အသေးစိတ်လေးရေးလိုက်မိတာပါ။မောင်နှမများအားလုံးအလိမ်ခံခြင်းမှကင်းဝေးကြပါစေ။

ပေးပို့ သူ... စိုးမိုးကျော်
--
ထင်ချင်သလို ထင်ကြပါ..
ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါ
soemoekyaw.mdy@gmail.com
http://neronnight.multiply.com/
http://poemfriend.multiply.com/

မင်္ဂလာပါ မောင်နှမများအားလုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာကြပါစေနော်။လွန်ခဲ့တဲ့ နှစ်ရက်လောက်က လေဆိပ်မှာဖြစ်ခဲ့တဲ့ အဖြစ်လေးကို မျှဝေသင့်တယ် ထင်လို့ တင်လိုက်တာပါ။အဲဒိနေ့က ညီမလေးတစ်ယောက်လေဆိပ်သွားကြိုပေးပါတယ်။အဲဒီ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)