ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 24, 2010

အခြမ်းပျောက်လမ်း

> ကျွန်တော်က အခြမ်းပျောက်တဲ့ လမ်းမှာစမ်းတ၀ါးဝါး ဖြစ်နေသူပါဗျာ။ ရယ်ပါ။ ရယ်ကြပေါ့၊ ခင်ဗျားတို့က ရယ်နိုင်သူတွေကိုး။ ကျွန်တော်ပြောတဲ့ အခြမ်းပျောက် ဆိုတာ ခကွေးယပင့်နဲ့ ချမ်းတာကို ပြောနေတာ မဟုတ်ဘူးဗျာနော်။
ခကွေးယရစ်နဲ့ ခြမ်းတာကို ပြောနေတာ။ ဟုတ်ပါတယ်။ ပြောပါမယ်။ ခင်ဗျားတို့က ကျွန်တော်ပြောရင် ဟား ဖို့ပဲစဉ်းစားနေသူတွေက;ိုဗျ။ ကျွန်တော်က ဟိုးရှေးရှေးခေတ် ဂရိဒဏ္ဍာရီထဲက အဖြစ်အပျက်ကို အခြေခံပြီး ပြောနေတာ။
ခင်ဗျားတို့က ကျမ်းကိုးပါမှ ကြိုက်တဲ့လူတွေ။ ဒါပေမယ့် ကျမ်းကိုးနဲ့ ပြောရင်ခင်ဗျားတို့က ဟားကြ ဦးမှာဘဲ။ အင်္ဂလိပ် စကားမှာ Their Other Half ဆိုတဲ့ စကားရှိတယ်။
ဂရိ ဒဏ္ဍာရီရဲ့ အလိုသဘော အပြောက ကမ္ဘာဦးလူဟာ မျက်နှာနှစ်ခု၊ လက်လေးခု၊ ခြေလေးချောင်း ရှိတဲ့ သတ္တ၀ါဖြစ်တယ်တဲ့ဗျ။
အဲသည်လူရဲ့ ခန္ဓာကိုယ်က မက်မက်ရှိတယ်။ လုံးတယ်။ မျက်နှာတွေက အချင်းချင်း ဆိုင်နေတယ်။ မျက်နှာချင်းဆိုင် ရှိတယ်ပေါ့ဗျာ။

လမ်းလျှောက်တဲ့အခါ လူဟာ မက်မက်လျှောက်ပေမယ့် ပြေးတဲ့အခါ လက်လေးခုကို ထောက်ထောက်ပြီး သစ်တုံးလိမ့်သလို ပြေးတယ်။
အဲသည် လူဟာဗျာ ခွန်အားကြီးသလောက် အလိုရမ္မက်လည်း ကြီးတယ်။ နတ်တွေနေတဲ့ နေရာတက်ပြီး ထိုးစစ်ဆင်ဖို့ လည်းကြိုးစားတယ်။
အဲသည်လိုဆိုတော့….
နတ်တွေရဲ့ အကြီးအမှုးဖြစ်တဲ့ ဇု နတ်မင်းကြီးနဲ့ တခြားနတ်ဒေ၀ါတွေက လူကို ထိတ်လန့်ကြတယ်။ ကြောက်ကြတယ်။
ဒါနဲ့ နတ်သဘင် အစည်းအဝေးခေါ်ပြီး လူ ကိစ္စကို ဆွေးနွေးပွဲ ကျင်းပကြတယ်။ အဲသည် အစည်းအဝေးမှာ နတ်အများအပြားက ဘယ်လိုအကြံပြုသလဲ ဆိုတော့ လူသတ္တ၀ါတွေကို နတ်လက်နက်နဲ့ ပစ်သတ်ဖြိုခွင်းမယ်လို့ အကြံပြုကြတယ်။ တချို့ကတော့လည်း ဟာ…ဘယ်သတ်ပစ်လို့ဖြစ်မှာလဲ။ လူတွေကို အကုန်သတ်ပစ်လိုက်ရင် နတ်ဒေ၀ါ ကျုပ်တို့ကို ပူဇော်ပသမည့်သူများ မရှိကြတော့တဲ့ အဖြစ်ကို ရောက်သွားနိုင်တယ်။ ဒါကြောင့် အကုန်ပစ်သတ် ဖြိုခွင်းလို့တော့ မဖြစ်သေးဘူး လို့ဆိုတော့….
ဇု နတ်မင်းကြီးနဲ့တကွ နတ်တွေက အပြန်ပြန် အလှန်လှန် တိုင်ပင်ဆွေးနွေးကြပြန်တယ်။ နောက်ဆုံးမှာ ဇု နတ်မင်းကြီးက ဘာပြောသလဲဆိုတော့…
နတ်အပေါင်းတို့ ငါတို့သည် လူသတ္တ၀ါတွေကို သတ်ဖို့မလို။ လူကို အားနည်းအောင် ပြုလုပ်နိုင်လျှင် ငါတို့ကို အနှောင့်အယှက် ပေးနိုင်ကြမည်မဟုတ်။ လူကိုအားနည်းသွားအောင် မည်သို့ပြုလုပ်ရမည်နည်းဆိုလျှင်…
ခြေလေးချောင်း၊ မျက်နှာနှစ်ခု၊ လက်လေးချောင်း ရှိနေသော လူ၏ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲလိုက်ရန်သာဖြစ်သည်။
ထိုသို့ပြုလျှင် လူသတ္တ၀ါတွေလည်း မပျက်မဆီးဖြစ်မည်၊ ငါတို့လည်း အေးချမ်းမည်။ ထိုမျှသာ မကသေး လူဦးရေလဲ တိုးလာနိုင်မည် ဖြစ်သောကြောင့် ငါတို့သည် ယခင်ကထက်ပင်ပို၍ အပူဇော်အပသကို ခံကြရလိမ့်မည်။
လူသတ္တ၀ါတို့သည် ယခင်က ခြေလေးချောင်းထောက်၍ လမ်းလျှောက်နိုင်လျှင် ယခုအခါတွင် ခြေနှစ်ချောင်းသာထောက်၍ လမ်းလျှောက်စေရမည်။
နတ်မင်းကြီး ဇု က အဲသည်လို ပြောဆို မိန့်မြွက်ပြီးတော့ လူသတ္တ၀ါတွေရဲ့ ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲလိုက်တယ်။ ခွဲပစ်လိုက်တော့ လူဟာအခုလို ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း၊ မျက်နှာတစ်ခုနဲ့ လူဖြစ်လာတာ….
လူတွေကို ထက်ခြမ်းခွဲလိုက်တော့ လူတွေလည်းများသွားမှာပေါ့ဗျာ။
လူဟာ သူ့ဘ၀ သူ့ခန္ဓာကိုယ်က အခွဲခံလိုက်၇တဲ့ အခြမ်းကို သိပ်တွေ့ချင်တယ်။ တွေ့ဖို့သိပ်တောင့်တတယ်။ ဒါကြောင့် သူ့ကိုက အခွဲခံလိုက်ရတဲ့ အခြမ်းကို အမြဲလိုက်လံရှာဖွေနေတယ်။ ဟုတ်မှာပေါ့။ အခွဲခံလိုက်ရတဲ့ အခြမ်းကလည်း သူ့ဆီက အခွဲခံလိုက်ရတဲ့ အခြမ်းကို ပြန်ပြီး တွေ့ချင်၊ ဆုံချင်၊ မြင်ချင်မှာပေါ့။ သည်တော့ တစ်ဖက်က အခြမ်းကလည်း သူ့ဆီက အခွဲခံလိုက်ရတဲ့ အခြမ်းကို တွေ့အောင်ရှာနေမှာပါပဲ။ အမြဲရှာနေမှာပါပဲ။
ရှာလို့တွေ့ကြတဲ့ အခါမှာ တစ်ခြမ်းက အခြားတစ်ခြမ်းကို မခွဲနိုင်မခွာရက် ပွေ့ဖက်ထားကြတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ပွေ့ဖက်ခြင်းလို့ဆိုရမလားပဲ။
ကျွန်တော်လည်း ကျွန်တော့်အခြမ်းကို လိုက်လံရှာဖွေခဲ့တာပေါ့ဗျာ။ ဒါပေမယ့် ၀မ်းနည်းဖို့ကောင်းတာက အခြမ်းမှားကိုချည်း တွေ့ခဲရတယ်။ ကိုယ့်အခြမ်းလို့ပဲ ထင်မိလိုက် ယုံစားလိုက်ဖြစ်ပြီး ခဏကြာတော့ မဟုတ်မှန်းသိလာလိုက်နဲ့ စိတ်ညစ်ပါတယ်။
ပြောရဦးမယ်။
အခြမ်းတစ်ခြမ်းကို ကိုယ့်အခြမ်းပဲလို့ ထင်ခဲ့တဲ့အဖြစ်ကို ပေါ့ဗျာ။
သူက ကျွန်တော့်ကို မခွဲနိုင်ဘူးတဲ့ဗျ။ မခွဲနိုင်ပါဘူးတဲ့။ ခဏခဏပြောတယ်။ ကျွန်တော်ကလည်း ကျွန်တော့် ကိုယ်ပွား ကျွန်တော့်ရဲ့အခြမ်း၊ ပျောက်နေတဲ့ ဘ၀တစ်ခြမ်းကို ပြန်တွေ့၇တယ်ဆိုတဲ့ အစွဲအလမ်းနဲ့ သိပ်ချစ်တာပေါ့။သိပ်သိပ်ကို ချစ်ရတာပေါ့။ သူ့ခန္ဓာကိုယ် အနှံမှာ ကျွန်တော်လက်မှက်တွေ ထိုးထားမိခဲ့တယ်။ကျွန်တော့်ရဲ့ မူပိုင်စစ်စစ်အခြမ်း အဖြစ်နဲ့ပေါ့။
သူ့ကိုချစ်ရဲ့လား လို့မေးတိုင်း သူ့ဦးခေါင်းလေးညိတ်တယ်။ သဘောကတော့ ချစ်တယ်ပေါ့။ နည်းနည်းလား၊ အများကြီးလားဆိုတော့လည်း အများကြီးချစ်တာပေါ့တဲ့။
တခါတခါတော့လည်း သိပ်ချစ်ရင် သိပ်သံသယ ဖြစ်တက်တယ်မဟုတ်လား။ ဒါနဲ့ ကျွန်တော်က သူ့ကို ကျွန်တော်အခြမ်း အစစ်မှ ဟုတ်ရဲ့လားလို့ဆိုတဲ့ သံသယနဲ့ မင်းဘယ်သူ့ဥစ္စာလဲလို့ မေးမိတယ်။ မေးတိုင်းသူက သူ့မေးကလေး ကျွန်တော့်ဆီထိုးပြီး …ဥစ္စာပေါ့ တဲ့။ ကျွန်တော်အခြမ်း အစစ်ပါပဲလို့ အတည်ပြုတဲ့သဘောပေါ့။
အခုတော့ ကျွန်တော် ဇု နတ်မင်းကြီးကိုပဲ အပြစ်တင်ရမလား။ အခြမ်းရှာမှားတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလား မသိတော့ဘူး။ မရယ်ပါနဲ့ဗျာ။ ရယ်မပစ်ပါနဲ့ဦး။ ဇု နတ်မင်းကြီးခွဲဖြတ်ပစ်လိုက်တုန်းကထက် အခု…သူကိုယ်တိုင်က ကျွန်တော့်ဆီက ခွဲဖြတ်သွားတာ ပိုပြီးနာကျင်ရတယ်ဗျာ။ ရက်စက်လွန်းတယ်။ ခံရတဲ့ဝေဒနာကလည်း ပြင်းထန်လွန်းတယ်။ ခါးသည်းလွန်းတယ်။ ကျွန်တော်ဟာ သူ့အခြမ်းမဟုတ်ဘူးတဲ့။ အကြောင်းပြချက်မျိုးစုံကိုပြပြီး ကျွန်တော့်ဆီက ခွဲထွက်သွားတယ်။
ပြောပြီကောဗျာ မရယ်ပစ်ပါနဲ့လို့။
အခု သူ သူများရဲ့ အခြမ်းဖြစ်နေပြီဗျ။ ကျွန်တော်ကတော့ သူဟာ ကျွန်တော့်ရဲ့ မူပိုင်အခြမ်း။ အစစ်အမှန်အခြမ်း။ ကျွန်တော့် အခြမ်း….သည်လိုထင်နေဆဲပဲဗျာ။
ဒါပေမယ့် ကျွန်တော် ဘာတက်နိုင်မှာလဲ။ အခုတော့ ကျွန်တော်က အခြမ်းပျောက်လမ်းမှာ စမ်းတ၀ါးဝါးနဲ့ပါ။ လျှောက်လှမ်းနေတဲ့ လမ်းမှာ မပြည်စုံတဲ့အခြမ်းပဲ့ဘ၀ ဆိုတော့ အင်တွေအားတွေလည်းမရှိဘူးပေါ့ဗျာ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့တကယ် အစစ်အမှန် အခြမ်းလို့ထင်တာ။ထင်ကိုထင်နေတာ။ ယုံကိုယုံနေမိတာ။ နောက်နောက် အခြမ်းတွေ၊ တစ်ခြားအခြမ်းတွေက ကျွန်တော်မယုံတဲ့ အခြမ်းတွေ ကျွန်တော်ချစ်လို့မရနိုင်တဲ့ အခြမ်းတွေပါ။
အေးဗျာ ဇုနတ်မင်းကြီး ကြားနိုင်တယ်ဆိုရင်တော့ ကျွန်တော်က အော်ပြောလိုက်ချင်တယ်။ နတ်မင်းကြီးရယ်၊ ကျွန်တော့်ကို ခွဲခြမ်းစိတ်ဖြာလိုက်တုန်းက တကယ်ဆို သူ့ကိုမှာ သိသာတဲ့ အမှတ်အသားလေး တခုခုတော့ ရေးမှတ်ပေးလိုက်ပါလားလို့။ လက်မှက်လေး တချက်တော့ ထိုးပေးလိုက်ပါလားလို့၊ ခုတော့ ရက်စက်လွန်းတယ်ဗျာ လို့အော်အော်ပြီး ပြောလိုက်ချင်တယ်။
ကဲ… သွားမယ်။။ နှုတ်ဆက်ပါတယ်။ကျွန်တော်မကြားနိုင်တဲ့နေရလောက်ရောက်တေါ့မှ ခင်ဗျားတို့ရယ်ပါ။ အားရအောင်ရယ်ကြပါဗျာ။
အခြမ်းပျောက်သော အထက်ပါပုဂ္ဂိုလ် ထွက်ခွာသွါးသောအခါ သူတို့ကပလေတိုရေး သားပြုစုသည့် Symposium ၌ လာရှိသောမေတ္တာသဘောကို အလေးအနက် ဆွေးနွေးကြသည်ဟု ဆိုပါသည်။ အကြိတ်အနယ် ဆွေးနွေးကြပြီးနောက် မေတ္တာသည် ပလေတို၏ Symposium စာအုပ်ထဲ၌ သာ စကားလုံးများအဖြစ် ရှိနေကြောင်း သူတို့အားလုံး သဘောတူ ဆုံးဖြတ်ချတ်ချကြသည်ဟုဆိုပါသည်။ ။
ဝန်ခံချက်။ ။ ဆရာနန္ဒာသိန်းဇံ၏ အသွင်သဏ္ဌာန်တို့နောက်ကွယ်၌ စာအုပ်မှတင်ပြပေးသည်။

--
♫♫♥♫
3v3rYtim3 yOu m@y b3 h@pPy!
♫♫♥♫

♥♥♥ ခင်မင်လျက် ♥♥♥

♫♥♫.* Kh@ Kh@. ♫*♥♫

ကျွန်တော်က အခြမ်းပျောက်တဲ့ လမ်းမှာစမ်းတ၀ါးဝါး ဖြစ်နေသူပါဗျာ။ ရယ်ပါ။ ရယ်ကြပေါ့၊ ခင်ဗျားတို့က ရယ်နိုင်သူတွေကိုး။ ကျွန်တော်ပြောတဲ့ အခြမ်းပျောက် ဆိုတာ ခကွေးယပင့်နဲ့ ချမ်းတာကို ပြောနေတာ မဟုတ်ဘူးဗျာနော်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)