မင်းကိုကြည့်ရတာ
ပင်ပန်းလွန်းလှပါတယ်.....
သယ်လာတဲ့အထုတ်တွေအသာချလို့
အေးမြတဲ့လေတ၀ရှုလိုက်စမ်းကွယ့် ။
ဒုက္ခဆိုတာ မိုးတိမ်လိုသာပ
ရွာတုန်းခဏပါကွယ်
နှစါကိုယ်တူတစ်ဘဝ
မှန်းမရတဲ့ခရီးမို့
နွမ်းလျစွာမင်းမညည်းနဲ့နော်
လွတ်မြောက်မှုနဲ့ယုံကြည်ချက်ကြား
စစ်အစိုးရမတားနိုင်သလို
စေတနာနဲ့သံယောဇဉ်ကြား
သံတိုင်နဲ့အုတ်တံတိုင်းမခြားနိုင်ပါဘူးကွယ့်။
မယ်မျှော်ခိန်မောင်ရောက်လို့
ပျောက်ခဲ့တဲ့အနမ်းတွေနဲ့
အားပြည့်လန်းဆန်းတဲ့အခါ
ရွှေပြည်တော်မျှော်တိုင်းမဝေးမှန်း
မင်းသိမယ်ပ။
ဒီလိုနဲ့`
လျှောက်တုန်းခဏ
ထပ်တူမကျမှုတွေကြား ဗျာများရင်း
တဖက်ကမ်းအလှမြင်ရမဲ့အချိန်
သ့လှောင်တံခါးဝ ဖွင့်ဟမဲ့အချိန်
အာရုံတွေမှိန်ဖျလို့
ကျိန်ပြခဲ့တဲ့စကား
တိမ်လေတွေနဲ့..လွင့်ပါးခဲ့ပေါ့....။
ပေးပို့ သူ...သက်နိုင်
Rest of your post
မိန်းကလေးရယ်
မင်းကိုကြည့်ရတာ
ပင်ပန်းလွန်းလှပါတယ်.....
သယ်လာတဲ့အထုတ်တွေအသာချလို့
အေးမြတဲ့လေတ၀ရှုလိုက်စမ်းကွယ့် ။
ဒုက္ခဆိုတာ မိုးတိမ်လိုသာပ
ရွာတုန်းခဏပါကွယ်
နှစါကိုယ်တူတစ်ဘဝ
မှန်းမရတဲ့ခရီးမို့
နွမ်းလျစွာမင်းမညည်းနဲ့နော်
လွတ်မြောက်မှုနဲ့ယုံကြည်ချက်ကြား
စစ်အစိုးရမတားနိုင်သလို
စေတနာနဲ့သံယောဇဉ်ကြား
သံတိုင်နဲ့အုတ်တံတိုင်းမခြားနိုင်ပါဘူးကွယ့်။
မယ်မျှော်ခိန်မောင်ရောက်လို့
ပျောက်ခဲ့တဲ့အနမ်းတွေနဲ့
အားပြည့်လန်းဆန်းတဲ့အခါ
ရွှေပြည်တော်မျှော်တိုင်းမဝေးမှန်း
မင်းသိမယ်ပ။
ဒီလိုနဲ့`
လျှောက်တုန်းခဏ
ထပ်တူမကျမှုတွေကြား ဗျာများရင်း
တဖက်ကမ်းအလှမြင်ရမဲ့အချိန်
သ့လှောင်တံခါးဝ ဖွင့်ဟမဲ့အချိန်
အာရုံတွေမှိန်ဖျလို့
ကျိန်ပြခဲ့တဲ့စကား
တိမ်လေတွေနဲ့..လွင့်ပါးခဲ့ပေါ့....။
ပေးပို့ သူ...သက်နိုင်
Rest of your post
No comments:
Post a Comment