ဒီယာယီပတ်စပို့ ဆိုတဲ့စီမံကိန်းကြီးကို ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံအစိုးရတို့ ၂၀၀၆လောက်ကတည်းက စတင်အကောင်အထည် ဖေါ်လာခဲ့ပေမယ့် ၂၀၀၉နဲ့ ၂၀၁၀မှာမှမြန်မာအလုပ်သမားတွေခပ်စိပ်စိပ် လုပ်ကိုင်လာကြတာဖြစ်ပါတယ်။အစတုန်းက ကော့သောင်း/ရနောင်း။မြ၀တီ/မဲဆောက်နဲ့ မယ်ဆိုင်နဲ့ တာချီလိတ် ဆိုတဲ့ နယ်စပ်စခန်း ၃နေရာတို့ မှာလုပ်ကိုင်ခဲ့ ပါတယ်။မြ၀တီ/မဲဆောက် နယ်စပ်စခန်းကိုတော့ ပြီးခဲ့တဲ့ ၅လလောက်ကတည်းက မြန်မာအစိုးရဘက်က ပိတ်ပစ်ခဲ့တာကြောင့် ယာယီပတ်စပို့ လုပ်တဲ့နေရာ ၂ခုပဲကျန်ပါတော့တယ်။
**( ရနောင်း -ကော့သောင်း စခန်းပုံ)**
တကယ့်အဖြစ်အပျက်တွေကို၊နှစ်နိုင်ငံအစိုးရတို့ သတင်းအချက်အလက်အပြည့်အစုံမရတာလား၊ဒါမှမဟုတ် မသိချင်ယောင် ဆောင်တာလားဆိုတာတော့ သူတို့ သာသိပါလိမ့်မယ်။ သေချာတာတစ်ခုကတော့ သတင်းလွတ်လပ်ခွင့်နဲ့ လူထုအခြေပြုလူ့ 
အဖွဲ့ အစည်းတွေအားကောင်းမောင်းသန်းလည်ပတ်နေတဲ့ ထိုင်းလိုနိုင်ငံမှာအစိုးရက မျက်စိမှိတ်ထားတာ သာဖြစ်ပါမယ်။ မသိတာတော့မဟုတ်ပါဘူး။မြန်မာအစိုးရကတော့ တကယ့်အဖြစ်မှန်ကိုမသိလို့ ထင်ပါတယ်။ကိုယ့်နိုင်ငံကအလုပ်သမား တွေ
(၀ါ) မြန်မာကျွန်တွေ ကိုထိုင်းအစိုးရက လုပ်ချင်းတိုင်းလုပ်နေတာ၊ထိုင်းလုပ်ငန်းရှင်တွေကချယ်လှယ်ချင်တိုင်း ချယ်လှယ်နေ တာ၊ခေါင်းပုံဖြတ်အမြတ်ကြီးစားနေတဲ့ ထိုင်းပွဲစားကုမ္ပဏီ တွေ ဂုတ်သွေးစုတ် နေတာတွေကို အနည်းနဲ့ အများတော့သိမယ်လို့ ယူဆပါတယ်။ ဒီဆောင်းပါးကိုရေးရခြင်းရည်ရွယ်ချက်က မြန်မာစစ်အစိုးရတို့ ဖြစ်ရပ်မှန်တွေကိုသိရှိသွားပြီးတော့၊
“ထိုင်းမှာအနိုင်ကျင့်ဖမ်းစားခံနေရတဲ့မြန်မာအလုပ်သမားများအတွက်စကားတစ်ခွန်းပြောပေးပါ”ဆိုပြီးထိုင်း
နိုင်ငံရောက် ရွေ့ပြောင်းမြန်မာအလုပ်သမားများကိုယ်စား ဒီ ကိုရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
**( လူတွေတန်းစီနေ ပုံများ)**
ကုန်ခဲ့တဲ့နှစ် ၂၀၀၈ အကုန် ၂၀၀၉ အကူးမှာထိုင်းအစိုးရက ယခင်အလုပ်သမားတွေကိုထုတ်ပေးထားတဲ့(ဘတ်)
ကိုအပူတပြင်းလုပ်ကိုင်ပါတယ်။ ယခင်နှစ်တွေတုန်းက ၁၂လ ကာလ(၁နှစ်)အတွက်မှ တရားဝင် ဘတ်ငွေ
၃၈၀၀ ကုန်ကျပါတယ်။ ၂၀၀၉ ခုနှစ်မှာရှစ်လတာနေထိုင်ခွင့်အတွက် တစ်နှစ်စာယူလိုက်ပါတယ်။ ဒါကြောင့် မြန်မာ အလုပ်သမား၃သိန်းမှာ ၁သိန်းဖိုးကို ထိုင်းအစိုးရက မတရားဖြတ်ယူလိုက်တာဖြစ်ပါတယ်။
ဒီနေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)လုပ်ပြီးတာနဲ့ တပြိုင်တည်း ၂၀၀၉ ခုစက်တင်ဘာလမှာ ယာယီပတ်စပို့ 
မလုပ်မနေရတဲ့ အနေအထားအထိ ထိုင်းအစိုးရ၊ထိုင်းရဲ၊ထိုင်းလုပ်ငန်းရှင်တွေက ကြပ်လာတာကြောင့်
ယာယီပတ်စပို့ လုပ်ဖို့  အလုပ်သမားတွေလျှောက်ထားကြရပါတယ်။ တဆက်တည်းလုပ်ရသလိုဖြစ်သွားတာ
ကြောင့်မြန်မာအလုပ်သမားတွေ နေရပ်ရင်းကို ငွေမပို့ နိုင်အောင်အကြွေးတွေတင်သွားခဲ့ကြရပါတယ်။
ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်းမြန်မာအစိုးရဘက်ကနားလည်ထားတာက ဒီပုံတွေအတိုင်းပါ။
ဒီရေးထားတဲ့ စာတွေအတိုင်းဆိုရင် မြန်မာအစိုးရက မေတ္တာ ဂရုဏာကြှးစွာထားပြီးတော့လုပ်ပေးတာလို့ဆို နိုင်ပါတယ်။ ဒါပေမယ့်မြန်မာအလုပ်သမားခံနေရတာတွေကတော့ မသက်သာပါဗျာ။ယာယီပတ်စပို့ လုပ်ခ ဘတ်ငွေ ၆၀၀၀ ကျော်ကနေ တစ်သောင်းကျော်အထိကုန်ကျပါတယ်။ ဒါ့အပြင် အလုပ်လုပ်ကိုင်ခွင့်(ခေါ်) Work permit ၂နှစ်စာ၃၈၀၀ ဘတ်နဲ့ ကျမ္မာရေး သွေးစစ်ခ ဆေးရုံသို့ ပေးသွင်းရငွေ ဘတ်၁၈၀၀ ကုန်ကျပါတယ်။ Work permit လျှောက်တဲ့ ထိုင်းအလုပ်သမားဝန်ကြီးရုံးအောက်မှာ ဘတ် ၃၀၀/၅၀၀ ပေးရတဲ့ပွဲစားတွေကလုပ်စားလို့ ရှိပါသေးတယ်။အားလုံးပေါင်းလိုက်ရင် ဒီယာယီပတ်စပို့ အတွက် အရပ်ရပ်ကုန်ကျငွေပေါင်း ဘတ်နှစ်သောင်းဝန်းကျင်ဖြစ်ပါတယ်။
မြန်မာပြည်ကိုပြန်ရင်လည်း၊အလုပ်ကမရှိ၊ရှိတဲ့အလုပ်ကလည်း ထမင်းဝအောင်မရပြန်၊အခြားသောအထွေထွေ အကြပ်အတည်းတွေကများတာနဲ့ ထိုင်းမှာပဲကုတ်ကပ်နေကြတော့တယ်။
မြန်မာအလုပ်သမားတွေထဲမှာ ရုံးတွေကိုမသွားတတ်သူတွေနဲ့ စာမတတ်သူတွေအများကြီးရှိပါတယ်။
မြန်မာတွေကိုဘာလိုပဲနှိပ်ကွပ်နှိပ်ကွပ်ခေါင်းငုံ့ခံပြီးနေတာကိုလည်းထိုင်းတွေကသိတယ်။ဘယ်သူကမှထိထိ
ရောက်ရောက် အကာအကွယ်မပေးနိုင်တာကိုလည်းထိုင်းတွေကသိတယ်။ ဒါကြောင့်လုပ်ချင်သလိုလုပ်နေကြတာဖြစ်တယ်။
ယာယီပတ်စပို့ လုပ်ဖို့ အတွက် မြန်မာအလုပ်သမားတွေ အချင်းချင်း အတိုးနဲ့ ချေးငှါးရတာရှိသလို နေရပ်ရင်းကိုပြန်မှာရတာလည်းရှိပါတယ်။မြန်မာအစိုးရအနေနဲ့ ဘယ်သို့ သောအကျိုးအမြတ်ရရှိသလဲဆိုတာကို ကျနော်တို့ အလုပ်သမားတွေမသိရှိရပေမယ့် ဒီထိုင်းဘက်အခြမ်းမှာတော့ ထိုင်းကုမ္ပဏီတွေနဲ့ ထိုင်းအစိုးတွေ အကျိုးကျေးဇူးရှိနေတာတော့သေချာနေပါတယ်။အနိမ့်ဆုံးအဆင့် ယာယီပတ်စပို့လုပ်တဲ့နေရာတွေနားမှာ
အစားအစာတစ်ခုခုရောင်းတဲ့ဈေးဆိုင်တစ်ဆိုင်လောက်ကို မေးကြည့်ရင်သိနိုင်ပါတယ်။

**(အလုပ်သမားများအားလွှဖြင့်ဖြတ်နေပုံ)**
ယာယီပတ်စပို့ လုပ်ပြီးတဲ့နောက်မှာ မြန်မာအစိုးရက အလုပ်သမားတွေကို ပြောထားသလို အကာအကွယ်
တွေမရရှိကြပါဘူး။ ထိုင်းလုပ်ငန်းရှင်တွေနဲ့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာအလုပ်သမားတွေမှာ ယာယီ ပတ်စပို့ မကလို့  သံတမန်ပတ်စပို့ ရှိရင်တောင် ဖမ်းစားနေကျမို့ ဖမ်းစားတုန်းပဲဖြစ်ပါ။ဒေါက်တာမတင်ဝင်ပြော
သလို ထိုင်းဆိုတာ ငယ်နိုင်…ပါတဲ့။အဲဒါကိုပြောင်းပြန်လှန်လိုက်တော့ ဖမာ့ဆိုတာကြီးနိုင်ပေါ့။နှစ်ပေါင်း၂၀ ကျော်လောက် ထိုင်းတွေဆီမှာ ဗမာတွေကျွန်လာလုပ်နေခဲ့ရပြီ။
ဒီအောက်မှာပြထားတဲ့ပုံကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၅ ရက်နေ့ က အယ်ကရှိုင်လမ်းမှာရှိတဲ့ ဘန်ကောက် ၈ ဆေးရုံအနီး ကန်ချနလမ်းမ ကားဂိတ်မှာကားစောင့်ရင်း၊လုယက်ရိုက်သတ်ခံခဲ့ရသူပါ။ ယာယီပတ်စပို့ ရှိတဲ့ အသက် ၁၉နှစ်အရွယ်မောင်လုံဆိုတဲ့ ကရင်အလုပ်သမားတစ်ယောက်ပါ။ သူဟာ ပတ်စပို့ ကိုထုတ်ပြပေမယ့် ထိုင်းပုလိပ်က သေနတ်နဲ့ ချိန်တယ်၊လက်ထိပ်ခတ်ပြီးလက်နှိပ်ဓါတ်မီးနဲ့ ဆယ်ချက်ထက်မက ရိုက်နှက်ပါတယ်။ဆေးရုံကိုသွား လိုက်ရပါတယ်။ ဒါ့အပြင် ဘတ်ငွေ ၆၃၀၀ ကိုလည်းလုယက်ယူငင် သွားခဲ့ပါတယ်။ဘယ်လိုလုပ်ရပ်လဲလိုမေးရပါမယ်။ဒီကိစ္စနယ်မြေရဲစခန်းမှာအမှုဖွင့်တိုင်တန်းထားပါတယ်။

**(မောင်လုံ ဒါဏ်ရာနဲ့ ပုံ)**
ယာယီပတ်စပို့ လုပ်ထားတဲ့မြန်မာအလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ အကာအကွယ်ကိုတော့ နှစ်နိုင်ငံအစိုးရ
တို့က လစ်လျှူရှုထားကြတယ်လို့ ပြောရင်ရမယ်ထင်ပါတယ်။မိမိပိုက်ဆံနဲ့ အကုန်အကျခံပြီးလုပ်ထားတဲ့အလုပ်
သမားတွေကို ၂နှစ်ပြည်မှ ပေးမယ်လို့ ဒီလိုစာကပ်ထားတဲ့ အလုပ်ရုံတွေရှိသလို စကားဖြင့်သာပြောပြီး ပတ်စပို့ 
တွေကိုသိမ်းထားတဲ့ စက်ရုံတွေလည်းအထူးများပြားနေပါတယ်။ ပတ်စပို့ လုပ်ထားတာကြောင့် ထိုင်းနိုင်ငံအနှံ့ ကိုသွားရတယ်ဆိုပေမယ့် အလုပ်အကိုင်အပြောင်းအရွေ့ကိစ္စတွေ၊ကျမ္မာရေးဝန်ဆောင်မှုတွေက ယခင် (ဘတ်)နဲ့ အတူတူကုန်ကျပါသေးတယ်။ ဒီယာယီပတ်စပို့ လုပ်လိုက်တာကိုခြုံပြောရရင်အလုပ်သမားတွေအတွက် ၂ဆ
ကနေ ၄ဆအတွင်းကုန်ကျသွားတာပဲအဖတ်တင်ပါတယ်။ထိုင်းလုပ်ငန်းတွေနဲ့ ထိုင်းပုလိပ်တွေ ဥပဒေကိုချိုး
ဖေါက်နေတာကို သိရှိပေမယ့် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမရှိလေတော့ မြန်မာအလုပ်သမားများခများပုလိပ်စားပြီးကျန်တာကိုပဲစားရပါတော့တယ်။မဟာချိုင်မှာများဆိုရင် စာရွက်မှာ ကဏန်းရေးပြီးဖမ်းစားနေကျဖြစ်တယ်။ထိုင်းလုပ်ငန်းရှင်တွေကလည်းဖိနှိပ်ချင်သလိုဖိနှိပ်ဆဲဖြစ်ပါတယ်။
ထိုင်းအစိုးရ၊ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းပုလိပ်တွေဟာ ယာယီပတ်စပို့ လုပ်ထားတဲ့ မြန်မာအလုပ်သမားတစ်ယောက်ကို ဆက်ဆံတဲ့နေရာမှာ ယခင်အတိုင်းပါပဲ။
မြန်မာအစိုးရနဲ့ ထိုင်းအစိုးရနဲ့ ထိုင်းအင်ဂျီအိုအချို့တွေကတော့ ယာယီပတ်စပို့ လုပ်တာ၊အလုပ်သမားတွေအတွက်အခွင့် အရေးအပြည့်ရမယ်။နိုင်ငံတော်လုံခြုံရေးဘာညာပြောခဲ့ကြတယ်။ခုလည်းပြောကြတုန်းပဲဖြစ်တယ်။အတိုင်းအတာတစ်ခုအထိတော့ မှန်ပါလိမ့်မယ်။မြန်မာအလုပ်သမားအတော်များများက တော့နေရပ်ရင်းကလိပ်စာအမှန်၊မိဘအမည်အမှန်အကန်တွေကို
အသိပေးလိုက်ရတော့တယ်။မတရားငွေကောက်ခံဖို့ အခွင့်အလမ်းသာသွားတယ်။ခုထိုင်းအစိုးရက စပြီးဖြတ်တော့မယ်လေ။ လိုသလိုလုပ်လို့ ရသွားတယ်။မြန်မာပြည်မှာမြန်မာအစိုးရက နောင်တစ်ချိန် မကောက်လာဘူးလို့ဘယ်သူ အာမခံမလဲ။
ဒီယာယီပတ်စပို့ လုပ်လိုက်တဲ့အတွက် မြန်မာအလုပ်သမားတွေမှာတော့ တစ်နှစ်အနည်းဆုံးအကြွေးဆပ်ရမယ်။ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေတော့မရရှိဘူး။
ဒီယာယီပတ်စပို့ဆိုတာအမှန်ကသန်းချီရှိနေတဲ့မြန်မာအလုပ်သမားတွေအတွက်လုပ်ပေးသင့်တဲ့အရာ
မဟုတ်ဘူး။ ထိုင်းမှာရှိတဲ့အောက်ခြေအလုပ်သမားတွေနဲ့ တန်လည်းမတန်ဘူး။မတန်ဘူးဆိုတာ ပတ်စပို့ လုပ်ငန်းစဉ်၊ပတ်စပို့  ကိုင်ဆောင်ထားသူ လိုက်နာ ဆောင်ရွက်ရမယ့်ကိစ္စတွေကဘာလဲဆိုတာ ကိုယ်တိုင်မသိသူများကြတာကြောင့်ဖြစ်တယ်။ work permit ကိစ္စတို့ ၊ရက်ပေါင်း ၉၀ တစ်ကြိမ် လ၀က ရုံးကို သွားရောက်ကြမှာဆိုတော့ (၁)အချိန်ကုန်တယ်၊(၂)လမ်းစရိတ်ကုန်တယ်။(၃)အလုပ်ခွင့်မရတာရှိ
တယ်၊(၄)အလုပ်သမားရော၊လုပ်ငန်းရှင်ကိုယ်တိုင်ကပါ၊တရားဝင်ဖြစ်အောင်လုပ်ရမယ့်အစီအစဉ်တွေကို
မသိဖြစ်နေတယ်။(၅)လုပ်ငန်းရှင်ကပတ်စပို့ ကိုသက်တမ်းတိုးမထားတဲ့အတွက်၊ ပတ်စပို့လုပ်ထားပြီးသေနေတဲ့အလုပ်သမားတွေရှိနေတယ်။(၆)ထိုင်းလုပ်ငန်းရှင်းက၊ထိုင်းပုလိပ်ကိုခေါ်ပြီး
ဖမ်းဆီးလို့ ရဆဲပဲဖြစ်တယ်၊မြန်မာအလုပ်သမားမှာကာကွယ်ပေးမယ့်သူမရှိပါ။(၇)ကိုယ်ပိုက်ဆံနဲ့ ကိုယ်လုပ်ထားပေမယ့်၊လုပ်ငန်းရှင်က ၂နှစ်ပြည့်မှ အလုပ်သမားတွေကိုယာယီပတ်စပို့ ပေးမယ်လို့ ဒီလိုစာရေးထားတာတောင်ရှိပါ့ဗျာ။
(၈)၂နှစ်ပြည့်မှ ပတ်စပို့ ထုတ်ပေးမည် ပုံနဲ့ မြန်မာအစိုးက အဖမ်းအဆီးမရှိ၊ စစ်ဆေးခြင်းမရှိ၊အခွန်ကောက်ခြင်းမရှိ၊ထိုင်းအလုပ်သမားနဲ့ တန်းတူအခွင့် အရေးရရှိရေးလို့ ရေးထားပါတယ်။ ဒါပေမယ့် ယာယီပတ်စပို့ လုပ်ပြီးတဲ့အလုပ်သမားထက်ဝက်လောက်ရဲ ယာယီပတ်စပို့ တွေကို လုပ်ငန်းရှင်တွေသိမ်းထားဆဲဖြစ်ပါတယ်။
ခုနောက်ဆုံး၊ဘယ်လောက်ထိ မြန်မာအလုပ်သမားတွေဆီကနေ အကျိုးအမြတ်တွေကို တရားသဖြင့်ရော၊မတရားသဖြင့်ပါရယူဖို့ ထိုင်းအစိုးရ ပြင်ဆင်လာပါသလဲ။ ဘယ်လောက်ထိရက်စက်သလဲ၊ကျနော်တို့ လုပ်အားခတွေကိုဝါးမြိုလိုသလဲ။ခေါင်းပုံဖြတ်ချင်သလဲ။
လာအိုနဲ့ မြန်မာအလုပ်သမားတွေအတွက်၊အယင် နေထိုင်ခွင့်(ဘတ်)ရှိသူရော ခု လုပ်နေကြတဲ့ ယာယီပတ်စပို့ လုပ်ထားသူတွေကိုပါ လာမယ့် ၂၀၁၁ ခုဇန္န၀ါရီလကနေ လစဉ် အလုပ်သမားတစ်ဦး ဘတ် ၄၀၀နုန်းနဲ့ ၆ လတိုင်တိုင် စုစုပေါင်း၂၄၀၀ဘတ်စီ ၊ဖြတ်တောက် ခံရတော့မှဖြစ်ပါတယ်။ ကမ္ဘောဒီယားအလုပ်သမားတွေအတွက်တော့ တစ်လကိုဘတ် ၃၅၀နုန်းနဲ့ ၆လ၊စုစုပေါင်း ဘတ်ငွေ ၂၁၀၀ စီဖြတ်တောက်မှာဖြစ် တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးအမိန့် ထုတ်ထားပြီးဖြစ်ပါတယ်။ဒီဖြတ်တောက်မယ့်ငွေကို ပေးသွင်းဖို့ 
ပျက်ကွက်ခဲ့ပါလျှင် လစဉ်ပေးသွင်းရမယ့်ငွေရဲ့၂ ရာခိုင်နုန်းအပိုပေးဆောင်ရမယ်။ ထိုင်းအလုပ်သမားမှတ်ပုံတင်ဌာနမှာပေးသွင်းရမယ်လို့ လည်းဆိုပါတယ်။
ဒီငွေတွေကို ဖြတ်တောက်ရတာနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မူရင်းနိုင်
ငံကိုပြန်သွားမယ်ဆိုရင် ပြန်လည်ထုတ်ယူနိုင်လို့  ပြောဆိုထားပါတယ်။ပြန်ထုတ်မသွားခဲ့ရင်လည်း၊နောက်တစ်
ကြိမ်အလုပ်ပြန်လာလုပ်ရင်ထပ်ပြီးတော့မဖြတ်တောက်တော့ဘူးလို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံအတွင်းမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေး(လ၀က)က ၂၇၀၀၀၊
ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တာက ၆၄၀၀၀ဦး။ထိုင်းရေတပ်က ၂၈၀၀ တို့ကိုဖမ်းဆီးခဲ့ပြီးတော့ မြန်မာအလုပ်သမားပေါင်း၂သိန်းခွဲလောက်ကို မူရင်းနိုင်ငံသို့ ပို့ ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

**(လှေသမားများအားဖမ်းထားပုံ) **
မြန်မာအလုပ်သမားတစ်ယောက်ဆီက ဘတ်ငွေ ၂၄၀၀ နုန်းနဲ့ မြန်မာအလုပ်သမားတစ်သိန်းအတွက်နဲ့ ပဲတွက်
ကြည့်၊ဘတ်သိန်းပေါင် ၂၄၀၀ (ဘတ် ၂ ဒဿမ၄ဘီလျံ) ထိုင်းအစိုးရက မြန်မာအလုပ်သမားတွေချွေးနှဲစာက
အလကားယူလိုက်တာဖြစ်ပါတယ်။
ဘယ်အလုပ်သမားက မြန်မာပြည်ကို ပြန်မယ်ဆိုပြီးတောင်းယူရရှိနိုင်မလဲ။အလုပ်သမားသေသွားရင်ကော။
ထိုင်းအစိုးရကဒီသန်းပေါင်းများစွာသောငွေကို မတရားယူထားပဲမဟုတ်လား။ အလွန်ရည်စရာကောင်းတဲ့ လုပ်ရပ်နဲ့ စကားဖြစ်ပါတယ်။ ကမ္ဘာကျော်မယ့်ပျက်လုံးလဲဖြစ်ပါတယ်။
ယာယီပတ်စပို့ ကိုမြန်မာအလုပ်သမားတွေ ယုံယုံကြည်ကြည်နဲ့ မဖြစ်မနေလုပ်နေကြပေမယ့် ထိုင်းနဲ့ မြန်မာအစိုးရတို့ ကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ဥပဒေအတိုင်း အကာအကွယ်မပေး
နိုင်တာကတော့အသေအချာပါ။ထိုင်းပုလိပ်တွေက မြန်မာအလုပ်သမားတွေကိုတွေ့ တာနဲ့ ဘတ်ပါပါမပါပါ။
ယာယီပတ်စပို့ ပါပါ မပါပါ ကားပေါ်တင်ခေါ်သွားလိုက်တာ ပါပဲ။နေ့ တိုင်းလို စိတ်မချမ်သာစရာမြင်တွေ့ နေရဆဲပါ။
ထိုင်းလုပ်ငန်းရှင်တွေဟာ မြန်မာအစိုးရက တရားဝင်လုပ်ပေးလိုက်တဲ့စာရွက်စာတမ်းကို ဒီလိုမတရားလဲ
လုပ်လိုက်တာရှိသေးတယ်။

**(မြန်မာ work permit ပုံ)**
ထိုင်းနိုင်ငံမှာ သန်းချီရှိတဲ့ မြန်မာအလုပ်သမားတွေဟာ မြန်မာပြည်အတွက်အတိုင်းအတာတစ်ခုအထိ ငွေတွေ
ရှာပြီးပို့နေကြသူတွေပါ။ ဒီသန်းချီရှိတဲ့အလုပ်သမားတွေကို ထိုင်းမှာ ဘယ်အဖွဲ့ အစည်းကမှ လုံလောက်တဲ့အကာအကွယ်၊အကူညီကိုလည်းမပေးစွမ်းနိုင်ပါ။ မြန်မာအစိုးရအနေနဲ့ တရားဝင် နေထိုင်ခွင့်လုပ်ထားတဲ့မြန်မာအလုပ်သမားတွေကို မိမိတိုင်းပြည်ကို နိုင်ငံခြားငွေရှာပေးသူတွေ၊
တိုင်းပြည်ရဲ့ လူသားရင်းမြစ်လုပ်အားရှင်တွေအဖြစ်အသိအမှတ်ပြုမယ်ဆိုင်။ အနည်းဆုံးအဆင့် မိမိနိုင်ငံသားအလုပ်သမားတွေအဖြစ် သနားစိတ်ကလေးထားပြီးတော့။ထိုင်းပုလိပ်နဲ့ ထိုင်းအစိုးရကို(မင်းတို့ တွေတ၇ားဝင် မြန်မာအလုပ်သမားတွေကို၊မတရားမလုပ်ကြနဲ့ လုပ်တယ်လို့ ငါတို့ ကိုတိုင်ကြားလာရင်တော့ငါတို့ အစိုးရအနေနဲ့ အရေးယူဆောင်ရွယ်ရလိမ့်မယ်)ဆိုတဲ့စကားလေးတစ်ခွန်း၊မြန်မာအလုပ်သမားတွေရှေ့ က
ကြိုပြောထားရင် ဖမ်းစားနေကျ ထိုင်းပုလိပ်တွေ ဖမ်းချင်းတိုင်းဖမ်း၊နှိပ်ကွပ်နေတဲ့လုပ်ငန်းရှင်တွေရမ်းချင်တိုင်းရမ်းတော့မှာမဟုတ်ပါဘူး။
စကားချပ်/ဥပမာ။ ။မြ၀တီနယ်စပ်ကို မြန်မာအစိုးရကလအနည်းငယ်ပိတ်လိုက်တာ ထိုင်းစီးပွားရေးအတော်ထိခိုက်တယ်ဆိုပဲ။ကျနော်တို့ အလုပ်သမားအဆင့်တွေမသိတဲ့ ငယ်နိုင်အချက်တွေအများကြီးရှိမှာပါဗျာ။
ခု ထိုင်းမှာဖြစ်နေတာက မြန်မာတွေကို သတ်သတ်၊သေသေ၊လုပ်အားခပေးချင်ပေး၊မပေးချင်နေ၊မတော်မတရား
ပြုကျင့်ချင်သလောက်ကျင့် ဘာဆိုဘာမျှ အပြစ်ပေးအရေးယူနိုင်တာ မရှိတာကြောင့် မြန်မာတွေ့ လိုက်တာနဲ့ 
လိုချင်တာ တစ်ခုခုကို ရပြီဆိုပြီး ထိုင်းတွေ လက်ရဲဇက်ရဲလုပ်ကြဆဲပါ။ထိုင်းမှာခွေးကို ဂဲနဲ့ ပစ်လို့ မရပေမယ့်မြန်မာဆိုတဲ့ ဖမာ့ တစ်ယောက်လောက်ကိုတော့ ပုရွက်ဆိတ် တစ်ကောင်ကိုသတ်ပစ်လိုက်သလို့ ဘာမှ မဖြစ်တဲ့ အနေအထားပါဆိုတဲ့အကြောင်း နေပြည်တော်က မြန်မာမင်းများကို သိစေကြောင်းပါခင်ဗျာ။

**passport ***
..........................................................
**သတင်းဆောင်းပါး…..ကျော်သောင်း (ဘန်ကောက်)**
ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်ကိုင်ကြသူတွေအားလုံး ယာယီပတ်စပို့မလုပ်မနေရလုပ်နေရပြီဖြစ်တယ်။ ထိုင်းနဲ့မြန်မာ အစိုးရကသတ်မှတ်သလို၊မလုပ်ရင်နေလို့ မရအောင် ထိုင်းရဲတွေကဖမ်းဆီးတယ်။တပြိုင်တည်းမှာပဲ ထိုင်းလုပ်ငန်းရှင်တွေက လည်း ယာယီပတ်စပို့ မရှိရင် အလုပ်သမားမငှါးရမ်းဘူး။ဟိုဟိုဒီဒီလည်းသွားလို့မရဘူး။ထိုင်းကုမ္ပဏီမှာလုပ်ကိုင်ကြတဲ့ ထိုင်းစကားတတ်တဲ့ မြန်မာဘော်လံဒီယာတွေရဲ့ မြှောက်ချီတစ်ခါ၊ခြောက်ချီတလှည့်တွေကြောင့်ပါ မြန်မာအလုပ်သမားတွေ မလုပ်မနေရ လုပ်ကိုယ် လုပ်ကြ ရမယ့်အနေအထားကိုရောက်လာပါတယ်။လုပ်လည်းလုပ်လာကြပါတယ်။

No comments:
Post a Comment