ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 18, 2010

မတင်မကျ မြို့ပြ ရဲ့ အနာဂတ်ရင်ခုန် အတွေးများ

>
**လျှို့ဝှက်ချက်တွေ တပွေ့တပိုက်ထဲ
စစ်ဒဏ်ရာနဲ့ ခေါင်းကိုက်နေဆဲ မတင်မကျ မြို့ပြ
မလုံခြုံ စိတ်မချရတဲ့ နံနက်ခင်းတွေ ပျောက်ဆုံးဖို့
မျှော်လင့်ခြင်းကို ဖျာတချပ်လို ခင်းသူများလဲရှိ ၊
ပန်းတိုင်ကို မှောင်ခိုဈေးဆိုင်လို တိုးဝှေ့နေသူများလဲနေထိုင်တယ် ။

**ခြေကျနေတဲ့ ဘော်လုံးသမားတယောက် ဂိုးသွင်းချော်သလိုမျိုး
စီးပွားရေး ကျနေဆဲ မြို့ပြကလည်း အလွဲလွဲ အချော်ချော် ၊
ပန်းတိမ်မတတ်ခင် ရွှေခိုးသင်ချင်သူနဲ့
ကြီးမှ လက်ပေးသင်မဲ့ ခွေးတွေနေတဲ့ မြို့ပြ ၊
စိတ်အမှိုက်ပုံတွေအပြည့်နဲ့ ကိုယ့်အထုပ် ကိုယ်ဖြေပြ ၊
ကိုယ့်အကျင့်စာရိတ္တပျက်ကို ပြုပြင်ဖို့ မေ့လျော့ပြီး ၊
ဘုရားပျက်များလိုက်ပြင်တဲ့ လူတန်းစားတွေ ပေတေ နေတဲ့မြို့ပြ.....။

**ခေတ်မမီ အဝေးပြေးလမ်းမပေါ်မှာ
ခေတ်နောက်ကျတဲ့ ဆိုက်ကားကို ဂွကျကျ တက်နင်းသလိုမျိုး
ကိုးရိုးကားယားစနစ်က ဘ၀မွဲတွေကို ဂုတ်ခွစီးထားတယ်...။

**အိုမင်း ရင့်ရော်နေတဲ့ ရေရှည်ပြည်တွင်းစစ်မှာ
ဘ၀တွေ အိုးနင်းခွက်နင်း ၊
ငတ်မွတ်ခြင်းနဲ့ လည်ပင်းဖက်ကြီးပြင်း သူငယ်ချင်းဖြစ်
မဟောင်းနွမ်းတဲ့ ဒုက္ခတွေက ထာဝရ သစ်လွင် ခေတ်မ်ီတိုးတက်နေတယ်...။

**ပထ၀ီ နိုင်ငံရေးက ဦးနှောက်ခြောက်
နာမည်ပျက်များကို မြှောက်စားနေတဲ့ မြောက်ကိုးရီးယား ညူကလီးယားနဲ့
စီးပွားရေး လက်ဝါးကြီးအုပ်တဲ့ တရုပ်ကို မျက်လုံးဒေါက်ထောက်ကြည့်
ကလင်တန် ၊ ဂျော့ဘုရှ် ၊ အိုဘားမား အမေရိကန် သမတ္တတွေ
အမေရိကန် သစ်ရွက်တွေလို အသွင်နဲ့အရောင်ပြောင်းကြပေမဲ့
လူ့အခွင့်အရေးချိုးဖောက်မှုကို ဂိုးပေါက်တည့်တည့် ကန်သွင်းတတ်တဲ့
စစ်လူမိုက်များရဲ့ ခြေစွမ်းခြေစကို လျော့တွက်လို့တော့မရဘူး...။

**မပိုင်ဆိုင်ခင်မှာ လက်လွှတ်မဆုံးရှုံးဖို့အရေး
အတွေးတွေ ဒီရေလို တက်
သောကမီးတောက်တွေနဲ့
ကမ္ဘာလောကကြီးကို ခါးထောက်ရန်တွေ့ခဲ့ပေါင်းလဲများပြီ ။

**ပေါက်ကွဲခါနီး ချိန်ကိုက်ဗုံးတလုံးကို
မပေါက်ကွဲခင် နောက်ဆုံးစက္ကန့်ရောက်မှ
စနစ်တံကို ဖြုတ်ချလိုက်တဲ့ စိတ်တည်ငြိမ်မှုမျိုးလည်းရှိရမယ်...။

**သံမှိုနဲ့ သစ်သားလို မတူညီမှုတွေပေါင်းစပ်ပြီး
လှပခိုင်ခန့်စွာတည်ဆောက်တဲ့အိမ်တလုံးဖြစ်ဖို့
အားလုံးမှာ ညီညွတ်ရေးအတွက် တာဝန်ရှိတယ်.....။

**ရှေ့ရေးတွေးတော့ ၀မ်းမီးလောင်
နောက်ရေးတွေးကြည့်စဉ် ခေါင်းမီးတောက်
တောင်တွေး မြောက်တွေး ငြိမ်းချမ်းရေးအတွက် တရေးရေးစိတ်ညစ်မဲ့အစား
အမျိုးသားပြန်လည်သင့်မြတ်ရေး အထူအပါးကို နားလည်
အားလုံး အယူအမှားတွေကို စွှန့်ပယ်ရမဲ့ အချိန်ကျပြီ......။

**အောင်ခိုင်မြင့် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)