ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 27, 2010

**လူထုကျန်းမာရေး(နှလုံးအတွက် လေ့ကျင့်ခန်းများ)**

>

**Public Health**
**သင့်နှလုံးအတွက် အကောင်းဆုံးနှင့် အဆိုးဆုံး လေ့ကျင့်ခန်းများ**

လေ့ကျင့်ခန်း အားလုံးက နှလုံးကျန်းမာရေး အတွက် အကျိုးပြုတယ်လို့
မထင်ပါနဲ့။ တချို့လေ့ကျင့်ခန်း တွေက သင့်နှလုံးအတွက် မကောင်းပါဘူး။
နှလုံးသွေးကြော ကျန်းမာရေး အတွက် ရေရှည် အကျိုးပြုမယ့် လေ့ကျင့်ခန်းတွေ
ရှိသလို တချို့လေ့ကျင့်ခန်းတွေ ကတော့ နှလုံးအတွက် ကောင်းပေမယ့် ခန္ဓာကိုယ်
အတွက် ခက်ခဲပင်ပန်းစေတာ မျိုးလည်း ရှိပါတယ်။

ဒါကြောင့် ကာကွယ်ရေး ဆေးပညာအကြံပေးအဖွဲ့မှာ ပါဝင်တဲ့ နှလုံးအထူးကုဆရာဝန်
Arthur Agatston က အကြံပြုထားတဲ့ နှလုံးအတွက်ရော ခန္ဓာကိုယ်တစ်ခုလုံး
ကျန်းမာရေးအတွက်ပါ အကျိုးပြုမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတွေနဲ့
သင့်နှလုံးနဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် အဆိုးဆုံး လေ့ကျင့်ခန်းတွေကို
ဖော်ပြလိုက်ပါတယ်။

**အကောင်းဆုံးလေ့ကျင့်ခန်းများ**
ပုံမှန်လေ့ကျင့်ခန်း အစီအစဉ်ထဲတွင် အရှိန်မြင့်လေ့ကျင့်ခန်းကို ထည့်သွင်း လုပ်ဆောင်ခြင်း
ပုံမှန်အချိန်ကြာကြာ လုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်ထဲမှာ အရှိန်မြင့်တဲ့
လေ့ကျင့်ခန်းကို ထည့်သွင်း လုပ်ဆောင်တဲ့နည်းဟာ နှလုံးရောဂါနဲ့
ဆီးချိုရောဂါတွေကို ကာကွယ်မှု၊ ကိုယ်အလေးချိန်လျှော့ချမှုနဲ့ လေ့ကျင့်ခန်း
ပိုမိုထိရောက်မှုတွေ အတွက် ပြိုင်ဘက်ကင်းတဲ့ နည်းလမ်း တစ်ခုပါ။

လုပ်ဆောင်ရမယ့်နည်းကတော့ ဥပမာ- သင်ဟာ လမ်းလျှောက်လေ့ကျင့်ခန်း
လုပ်တယ်ဆိုရင် သာမန်နှုန်းနဲ့ သုံးမိနစ်ခန့်လျှောက်ပြီး တစ်မိနစ်ခန့်ကို
ခပ်သွက်သွက်မြန်မြန် လျှောက်ပေးတာမျိုး ဖြစ်ပါတယ်။ သင်ဟာ
စက်ဘီးစီးတယ်ဆိုရင် လည်း သာမန်အမြန်နှုန်းနဲ့ စီးလိုက်၊ အချိန်ခဏကြာ
ခပ်သွက်သွက်မြန်မြန်နင်းလိုက် လုပ်ရမှာ ဖြစ်ပါတယ်။

သင့်နှလုံးခုန်နှုန်းကို မြင့်လိုက်၊ ကျလိုက် ဖြစ်စေခြင်းဟာ သွေးကြောတွေရဲ့
ကျန်းမာရေးကို ပိုကောင်းစေပြီး အဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။
ခန္ဓာကိုယ်က သွေးထဲမှ အဆီတွေနဲ့ သကြားဓာတ်ကို ဖယ်ရှားရာမှာလည်း
ပိုမိုထိရောက်စေပါတယ်။

**ခန္ဓာကိုယ်တစ်ခုလုံး လုပ်ဆောင်ရသော အားကစား**
အားကစား လှုပ်ရှားမှုတစ်ခုမှာ ပါဝင်လုပ်ဆောင်ရတဲ့ ခန္ဓာကိုယ်ကြွက်သားတွေ
ပိုများလေ၊ နှလုံးက အဲဒီကြွက်သားတွေဆီကို သွေးတွေပို့ပေးနိုင်ဖို့အတွက်
အလုပ်ပိုလုပ်ရလေဖြစ်ပြီး နှလုံးက ပိုသန်မာလေ ဖြစ်ပါတယ်။ ရေကူးခြင်း၊
ပြေးခြင်း၊ ဘတ်စကက်ဘောကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း စတဲ့ အားကစားနည်းတွေ
ဖြစ်ပါတယ်။

**အလေးသုံး၍ ကစားခြင်း**
အလေးသုံးပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကလည်း နှလုံးခုန်နှုန်းကို
မြန်စေပြီး နှလုံးကို အကျိုးပြုနိုင်ပါတယ်။ ကြွက်သားတွေကို သန်မာစေပြီး
ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်မှုအတွက်လည်း အကျိုးပြုပါတယ်။

**ခန္ဓာကိုယ်ဗဟိုချက် ကြွက်သား လေ့ကျင့်ခန်းများ**
Pilate လေ့ကျင့်ခန်းလိုမျိုး ခန္ဓာကိုယ် ဗဟိုချက်ကြွက်သားတွေကို သန်မာစေတဲ့
လေ့ကျင့်ခန်းတွေဟာ ဟန်ချက်ထိန်းနိုင်မှု တိုးတက်စေနိုင်ပါတယ်။

***ယောဂကျင့်စဉ်**
ယောဂကျင့်စဉ် လေ့ကျင့်တာကတော့ သွေးကြောတွေကို ကျုံ့ဆန့်နိုင်စွမ်း
ပိုရှိစေပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ နှလုံးကျန်းမာရေးကိုလည်း
တိုးတက်စေပါတယ်။

**တစ်နေ့လုံး လှုပ်ရှားတက်ကြွနေခြင်း**
အိမ်သန့်ရှင်းရေးလုပ်တာ၊ ခြံထဲမှာ သစ်ပင်စိုက်တာ၊ ကားရေဆေးတာ
စတာတွေလုပ်ပြီး တစ်နေ့လုံး လှုပ်ရှားတက်ကြွနေသူတွေဟာ တစ်နေ့မှာ ၃၀-၆၀
မိနစ်ကြာ လေ့ကျင့်ခန်းလုပ်ပြီးနောက် တစ်နေ့လုံး
ကွန်ပျူတာရှေ့ထိုင်နေသူတွေထက် ကယ်လိုရီတွေ ပိုလောင်ကျွန်းကာ
ပိုကျန်းမာကြပါတယ်။

**အဆိုးဆုံး လေ့ကျင့်ခန်းများ**
-ပလက်ဖောင်းပေါ်တွင် ပြေးခြင်း-
ကျောက်ပြားခင်းထားတဲ့ ပလက်ဖောင်းလိုမျိုး မျက်နှာပြင်မှာ
အချိန်ကြာကြာပြေးနေသူတွေဟာ ကိုယ်လက်တွေ နာကျင်ကိုက်ခဲပြီး ထိခိုက်ဒဏ်ရာ
ရတတ်ပါတယ်။ ပလက်ဖောင်းပေါ်မှာ ပြေးခြင်းဟာ နှလုံးကို သန်မာစေမယ့်
ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

လေ့ကျင့်မထားဘဲ အားကစား ပြင်းပြင်းထန်ထန် လုပ်ခြင်း
ပြင်းထန်တဲ့ အားကစားတွေလုပ်နိုင်ဖို့ တဖြည်းဖြည်း လေ့ကျင့်ယူလို့
ရနိုင်ပေမယ့် စနစ်တကျ လေ့ကျင့်မထားဘဲ ဘယ်လိုပြင်းထန်တဲ့
အားကစားမဆိုလုပ်ရင် Adrenaline ဟောမုန်းတွေ အများအပြားထွက်လာပြီး
နှလုံးရောဂါ ထခြင်း (Heart Attack) ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့်
ဘယ်လိုလေ့ကျင့်ခန်းကို မဆို မလုပ်ခင် သွေးပူလေ့ကျင့်ခန်းအရင် လုပ်ပေးဖို့
လိုပါတယ်။

ဘယ်လိုလေ့ကျင့်ခန်း လုပ်မလဲလို့ ရွေးချယ်ရာမှာ သင့်ကျန်းမာရေးအတွက်
အကျိုးပြုတဲ့ လေ့ကျင့်ခန်းဖြစ်ဖို့ လိုသလို သင်ဝါသနာပါတဲ့
လေ့ကျင့်ခန်းမျိုး ဖြစ်ဖို့လည်း လိုပါတယ်။ ဒါမှသာ ကိုယ့်ကိုယ်ကိုယ်
နှိပ်စက်နေတယ်လို့ မခံစားရဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့
စွဲစွဲမြဲမြဲလုပ်ဖြစ်မှာ ဖြစ်ပါတယ်။

**pyae Thein Oo**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)