ဒေါ်အောင်ဆန်းစုကြည် အိမ်ဝင်းထဲကို ပါကြဲဒိုး ကားသုံးစီးဝင်သွားသည်ကို တွေ့ရပါသည်။ ယင်းကားများ ပြန်လည်ထွက်ခွာသွားပြီးနောက် ခြံရှေ့မှအတားအဆီးများ ဖယ်ရှားပြစ်နေသည်ကိုတွေ့ရပါသည်။လူထုကြီးကို စည်းကမ်းရှိကြပါ ထိုင်ကြပါဟု မေတ္တာရပ်ခံနေပါသည်။ နောက်ထပ် ပါကျဲဒိုး ကားနှစ်စီးထပ်မံ ၀င်ရောက်နေပါသည်။ လူထုပရိတ်သတ်ကြီးမှာ တက္ကးသိုလ်ရိပ်သာလမ်းမကြီး တခုလုံး ပြည့်နေပါသည်။
ယင်းပါကျဲဒိုးကားနှစ်စီး အင်းလျားလမ်းဘက်သို့ ပြန်လည်ထွက်ခွာသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည် ခြံတခါး ဖွင့်ပေးနေပါပြီ လူအုပ်ကြီးမှာ တဖြည်းဖြည်းခြံဝင်းထဲသို့ ရောက်သွားပါပြီ စာတမ်းနှစ်ခုချိတ်ဆွဲထား သည်ကို လည်းတွေ့နေရပါသည်။ ကန့်သတ်နယ်မြေမှ ကြည့်လျှင် လုံထိမ်းကားများကို ခပ်လှမ်းလှမ်းမှ တွေ့နေရသေးပါ သည်။.
ဒေါ်အောင်ဆန်းစုကြည် မှာ အိမ်ထဲတွင်ရှိနေ၍ လူထုကြီးမှာ ခြံဝင်ထဲတွင်ရော လမ်းတခုလုံးတွင်ပါ ပြည့်နှက် နေပါသည်။ လူအုပ်ကြီးထဲမှ ရဟန်းတချို့နှင့် လူတချို့ကို မီဒီယာများမှ မေးမြန်းနေသော အသံများကိုလည်း ကြားရပါသည်။
ဝမ်းမြောက်ဝမ်းသာနှင့် ဖြေကြားနေသံ စိတ်လှုပ်ရှားစွာ ဖြေကြားနေကြသံတို့ကို ၀မ်းသာပါသည်ဟူသော စကားလုံးတို့နှင့်အတူ အားရပါးရ စီးစီးပိုင်ပိုင် ဖြေကြားနေသည်တို့ကို ကြားနေရပါသည်။
ဒေါ်အောင်ဆန်းစုကြည် စကားပြောသည်ကို မြင်ရ၊ ကြားရဖို့ လူအုပ်ကြီးမှာ စောင့်မျှော်နေလျှက်ရှိပါသည်။.
ဒေါ်အောင်ဆန်းစုကြည် ထွက်လာပြီ မတွေ့ရတာကြားလို့ အားလုံးကိုတွေ့ချင်သည်ဟု ပြောပါသည်။ မနက် ဖြန်နေ့လည် ၁၂ နာရီ ရုံးချုပ်မှာ ဆုံကြမည်ဟု ပြောဆိုခဲ့ပါသည်။
သတင်းကြား၍ လာရောက်ကြသော ပရိတ်သတ်များမှာ သောင်းချီ၍ လမ်းအသီးသီးမှာ ကားများပိတ်ဆို့လု မတတ် ရောက်ရှိလာကြပါသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ရေးဖြင့်ချိတ်ဆွဲထားသော စာတမ်း ၂ ခုမှာ ၁ ခုက ဗိုလ်ချုပ်အောင်ဆန်းပုံပေါ်တွင် (တိုင်းပြည်ကို တခါမှ တပတ်မရိုက်ခဲ့) နောက်စာတမ်းတခုကတော့...
(တိုင်းပြည်အတွက် ပြတ်ပြတ်သားသား အလုပ်လုပ်ကြပါ)

**ကိုမိုးသီးဇွန်ဘလော့ မှ…**
ဒေါ်အောင်ဆန်းစုကြည် အိမ်ဝင်းထဲကို ပါကြဲဒိုး ကားသုံးစီးဝင်သွားသည်ကို တွေ့ရပါသည်။ ယင်းကားများ ပြန်လည်ထွက်ခွာသွားပြီးနောက် ခြံရှေ့မှအတားအဆီးများ ဖယ်ရှားပြစ်နေသည်ကိုတွေ့ရပါသည်။
လူထုကြီးကို စည်းကမ်းရှိကြပါ ထိုင်ကြပါဟု မေတ္တာရပ်ခံနေပါသည်။ နောက်ထပ် ပါကျဲဒိုး ကားနှစ်စီးထပ်မံ ၀င်ရောက်နေပါသည်။ လူထုပရိတ်သတ်ကြီးမှာ တက္ကးသိုလ်ရိပ်သာလမ်းမကြီး တခုလုံး ပြည့်နေပါသည်။
ယင်းပါကျဲဒိုးကားနှစ်စီး အင်းလျားလမ်းဘက်သို့ ပြန်လည်ထွက်ခွာသွားပါသည်။ ဒေါ်အောင်ဆန်းစုကြည် ခြံတခါး ဖွင့်ပေးနေပါပြီ လူအုပ်ကြီးမှာ တဖြည်းဖြည်းခြံဝင်းထဲသို့ ရောက်သွားပါပြီ စာတမ်းနှစ်ခုချိတ်ဆွဲထား သည်ကို လည်းတွေ့နေရပါသည်။ ကန့်သတ်နယ်မြေမှ ကြည့်လျှင် လုံထိမ်းကားများကို ခပ်လှမ်းလှမ်းမှ တွေ့နေရသေးပါ သည်။.
ဒေါ်အောင်ဆန်းစုကြည် မှာ အိမ်ထဲတွင်ရှိနေ၍ လူထုကြီးမှာ ခြံဝင်ထဲတွင်ရော လမ်းတခုလုံးတွင်ပါ ပြည့်နှက် နေပါသည်။ လူအုပ်ကြီးထဲမှ ရဟန်းတချို့နှင့် လူတချို့ကို မီဒီယာများမှ မေးမြန်းနေသော အသံများကိုလည်း ကြားရပါသည်။
ဝမ်းမြောက်ဝမ်းသာနှင့် ဖြေကြားနေသံ စိတ်လှုပ်ရှားစွာ ဖြေကြားနေကြသံတို့ကို ၀မ်းသာပါသည်ဟူသော စကားလုံးတို့နှင့်အတူ အားရပါးရ စီးစီးပိုင်ပိုင် ဖြေကြားနေသည်တို့ကို ကြားနေရပါသည်။
ဒေါ်အောင်ဆန်းစုကြည် စကားပြောသည်ကို မြင်ရ၊ ကြားရဖို့ လူအုပ်ကြီးမှာ စောင့်မျှော်နေလျှက်ရှိပါသည်။.
ဒေါ်အောင်ဆန်းစုကြည် ထွက်လာပြီ မတွေ့ရတာကြားလို့ အားလုံးကိုတွေ့ချင်သည်ဟု ပြောပါသည်။ မနက် ဖြန်နေ့လည် ၁၂ နာရီ ရုံးချုပ်မှာ ဆုံကြမည်ဟု ပြောဆိုခဲ့ပါသည်။
သတင်းကြား၍ လာရောက်ကြသော ပရိတ်သတ်များမှာ သောင်းချီ၍ လမ်းအသီးသီးမှာ ကားများပိတ်ဆို့လု မတတ် ရောက်ရှိလာကြပါသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ လက်ရေးဖြင့်ချိတ်ဆွဲထားသော စာတမ်း ၂ ခုမှာ ၁ ခုက ဗိုလ်ချုပ်အောင်ဆန်းပုံပေါ်တွင် (တိုင်းပြည်ကို တခါမှ တပတ်မရိုက်ခဲ့) နောက်စာတမ်းတခုကတော့...
(တိုင်းပြည်အတွက် ပြတ်ပြတ်သားသား အလုပ်လုပ်ကြပါ)
(တိုင်းပြည်အတွက် ပြတ်ပြတ်သားသား အလုပ်လုပ်ကြပါ)
**ကိုမိုးသီးဇွန်ဘလော့ မှ…**
No comments:
Post a Comment