ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 2, 2010

2 Dec, 10// ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်

> မဆလ စစ်အာဏာရှင် ခေတ် ကာလကတွင် သာမန်စစ်ဗိုလ် တစ်ယောက်အနေဖြင့် နိုင်ငံခြား သို့ ပညာတော်သင် သွားရောက် ဖို့ရာမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနှင့် အဆင်ပြေခဲ့စဉ်က အမေရိကန်နိုင်ငံသို့ သင်တန်းသွား တက်ရဖို့ကို အရာရှိ တော်တော်များများက ကျားကုပ်ကျားခဲ ကြိုးစားသင်ယူ ဖြေဆိုခဲ့ကြ ရပြီး ရှားရှားပါးပါး မြန်မာ့ တပ်မတော် တစ်ခုလုံးအနေဖြင့် ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး (ဗိုလ်မှူးသန်းအောင်နဲ့ ဗိုလ်မှူးမြငြိမ်း) သာ ရွေးချယ်ခံရကာ ခက်ခက်ခဲခဲ သွားရောက်ခဲ့ ဖူးပါတယ်။
၁၉၈၈ နောက်ပိုင်းမှာ တရုတ်နိုင်ငံသို့ ပညာတော်သင်သွားခဲ့သော တပ်မတော် အရာရှိများ ရှိခဲ့သော်လည်း ညွှန်ကြားရေးမှူးရုံးများနှင့် ပညာသည် တပ်ဖွဲ့များသာ ဥပမာ - (တင့်ကား၊ သံချပ်ကာ၊ အမြောက်၊ ဆက်သွယ်ရေး၊ ရေတပ်၊ လေတပ်) စတဲ့ တပ်များမှ အရာရှိ များသာ သွားရောက်ခဲ့ရပြီး သာမန်ခြေလျင် တပ်က အရာရှိများအဖို့ အခွင့်အလမ်း နည်းပါးသေးကြောင်း တွေ့ရပါတယ်။ သို့ရာတွင် ရုရှားနိုင်ငံသို့ သွားရောက် ပညာတော်သင်ရမည့် အစီအစဉ် စတင်ချိန်မှာတော့ စစ်တက္ကသိုလ် ကျောင်းဆင်းချိန်မှစပြီး သာမန် ခြေလျင်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ မလိုတော့ဘဲ အရာရှိထောင်နဲ့ချီကာ နိုင်ငံခြားသို့ ဆက်လက် ပညာဆည်းပူးနိုင်ရန် သွားရောက်ခွင့် အခြေအနေ ရှိလာပါတယ်။ ပညာ တော်သင် အရာရှိတစ်ဦးရဲ့ လစာကို ဒေါ်လာငွေဖြင့် ပေးသလို အဆင့်မြင့် နည်းပညာ အပါအ၀င် နျူကလီးယား ပညာရပ်ထိ သင်ယူဖို့ ရှိတာမို့ တပ်မတော် အရာရှိတိုင်း လှုပ်လှုပ်ရွရွနဲ့ စိတ်ကူးယဉ်ခဲ့ကြပေမဲ့ လစာငွေတွေ ပြည်တွင်းမှာ ရုတ်တရက် အဆပေါင်းများစွာ တိုးပေးလိုက်မှုကြောင့် လက်တွေ့နယ်ပယ်မှာ နိုင်ငံခြား ပညာတော် သင်တွေဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ရကြောင်း သိခဲ့ရပါတယ်။

ထို့အပြင် ရုရှားသို့ သွားရောက် ပညာသင်ကြားသူများမှာ စောစီးစွာ ချောင်ထိုးခံရသူများ၊ အစတေးခံရသူများ ဖြစ်သွားပုံတွေ၊ ရုရှားပညာတော်သင် အဖွဲ့တွင် လူကြီးသားသမီးများ ပါဝင်မလာရခြင်းအတွက် အံ့သြဖွယ်ရာ တွေ့ရှိရပုံတွေ၊ ရုရှား ပညာတော်သင် သွားသူများမှာ ကျီးလန့်စာစားနှင့် နေထိုင်ပြီး ပညာသင်ယူနေကြပုံတွေ၊ စစ်အာဏာရှင်တွေဟာ ရုရှားမှာ နျူကလီးယား ပညာရပ်ကို သွားသင်ခိုင်းပြီး ကမ္ဘာမှာ Super Power နိုင်ငံတစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံစည်နေမှုအား သုံးသပ်ထားပုံတွေမှာ အလွန်သေသပ်လှပသော လှည့်စားမှူတစ်ခု ဖြစ်နိုင်နေမည်မှာ မလွဲဧကန်ပင်ဖြစ်နိုင်ပါတယ်။
“ရုရှားသို့ ပညာတော်သင် သွားခြင်း” ဆိုတဲ့ ဝေါဟာရတစ်ခုဟာနှောင်းပိုင်း စစ်တက္ကသိုလ်တွင် အတော်လေးကို ခေတ်စားလာခဲ့ပါတယ်။ ကိုယ့်ရဲ့ ဘယ် Guardian ကဖြင့် ရုရှားကို ရောက်သွားပြီ၊ ဘယ်သူကဖြင့် သွားရတော့မည်၊ စသဖြင့် စသဖြင့် အားကျစဖွယ် ကြားသိခဲ့ရ ပြောပြရင်း အထင်ကြီးခဲ့ကြမည်မှာ အလွန်သေချာပါသည်။အတော်လည်း ရူးသွပ်မိကြမည်ဆိုတာထင်ရှားပါသည်။ ၎င်းအတွက်ပင် စာကိုလည်း ပိုကြိုးစားကြမည် ဟုလဲထင်မိပါသည်။ သူတို့ အတွေးများတွင်တော့ စစ်ဗိုလ်ဘ၀နှင့် နိုင်ငံခြားပညာတော်သင် သွားရပါက အဘယ်မျှ ဂုဏ်ယူစရာ ကောင်းလှမည်နည်းပေါ့။ရုရှား ပညာတော်သင် သွားရမည့် အရာရှိငယ်များသည် ပြင်ဦးလွင် (စစ်တက္ကသိုလ် စာပေ - ၂) ၌ ရုရှား ဘာသာစကားအား (၇) လ သင်ကြား ခဲ့ကြရပါသည်။ မနက် (၈) နာရီမှ (၁၁) နာရီအထိ စာသင်၊ ပြီးလျင် ဟင်းကောင်းထမင်းကောင်းများစားသောက် ပြီးလျင်
12 နာရီမှ 2 နာရီ အထိသင်၊ ကျန်အချိန်များမှာ အရာရှိငယ်များ၏ ကိုယ်ပိုင်အချိန်များဖြစ်သည်။ကိုယ့် ရီစစ်(ဘာသာစကား) ဆရာမနှင့် ပိုင်လျှင်ပိုင်သလို အတန်းမတက်လဲ အဆင်ပြေကြပါတယ်။၎င်းတို့ အနေနှင့် ရုရှား သွားမည့်ရက်ကိုသာ သက်တောင့်သက်သာ လက်ချိုးပြီး စောင့်နေရုံ ဖြစ်ပါတယ်။
ရုရှားရောက် အကိုတော်အရာရှိများသည် ငါးစားသာမြင်၍ ငါးမျှားချိတ် မမြင်ဆိုသော အဖြစ်မျိုးဖြစ်နေသည်ကိုသတိမထားမိကြပေ။“သိပ္ပံနှင့် သုတေသနတပ်” အား ဖွဲ့စည်းလိုက်ကာ ရုရှားမှ ပြန်ရောက်လာသော အရာရှိများအား ၎င်းတပ်အတွင်းသို့ သွတ်သွင်းလိုက်သည့် လုပ်ရပ်သည် တပ်မတော်မှ စောစီးစွာ အရပ်ဘက်သို့ အပို့ခံရသော အရာရှိငယ်များဘ၀သို့ ရောက်ခြင်းမလှ ရောက်ခဲ့ရပါတော့တယ်။ အသုံးချခံ အစတေးခံ ဘ၀များသို့ ရောက်ရှိခဲ့ကြ ရပါတော့တယ်။
သို့ရာတွင် ထူးခြားသည်ကား ၎င်းရုရှားပညာတော်သင် အဖွဲ့များတွင် လူကြီးသား သမီးများ ပါဝင်မလာခြင်းပင် ဖြစ်ပါတယ်။သာမာန်အရာရှိများ ငမ်းငမ်းတက် သွားချင်လှသော ရုရှားအား အဘယ်ကြောင့် လူကြီးသားသမီးများ မသွားချင်ရသနည်း၊နောက်ကွယ်မှာ ဘာတွေ မြုပ်ကွက်ရှိနေသနည်း။ မေးခွန်းပေါင်းများစွာ မေးစရာ ဖြစ်လာပါတယ်။ လူကြီးသားသမီး ဆိုသူများသည် ရုရှားပြန်များအား ဂုတ်ခွစီးဖို့ အာဏာပိုင် နေရာများဆီသို့ ချီတက်သွားကြပြီဆိုတာ မသိကြလေရော့လား အကိုတော်တို့ရယ်။
ရုရှားရောက် အရာရှိများ အနေနှင့် ၎င်းတို့ အဓိကထား စဉ်းစားရမည့် အချက်များကို မေ့နေဟန်တူပါတယ်။
“ဒီ နျူကလီးယား ပညာရပ်ကို သင်ကြားနေရတာ ဘာအကျိုးအမြတ် အတွက်လဲ? "
“လျှပ်စစ်မီး ဖောဖောသီသီ သုံးနိုင်အောင်လို့လား?”
“နျူကလီးယား လက်နက်တွေထုတ်ပြီး ကမ္ဘာ့ Super Power နိုင်ငံတစ်ခု ဖြစ်ချင်လို့လား”
လျှပ်စစ်မီး ထုတ်လုပ်ဖို့ဆိုရင်တော့ သူများနိုင်ငံသွားပြီး နျူကလီးယား ပညာရပ်ကို သွား သင်နေစရာ မလိုပါ။ ကိုယ့်နိုင်ငံမှာ ထွက်တဲ့ သဘာဝဓါတ်ငွေ့တောင် နှစ်ပေါင်း ၂၀၀ လောက် လျှပ်စစ်မီးပေးလို့ ရပါတယ်။ အဲဒီ သယံဇာတတွေကိုတော့ တခြားနိုင်ငံတွေကို ရောင်းပြီး နျူကလီးယား ပညာရပ်က လျှပ်စစ်မီးအတွက် စက်မှုထွန်းကားဖို့အတွက် သွား သင်နေရတာပါ ဆိုရင်တော့ ဒါ အကြောင်းပြချက် သက်သက်သာ ဖြစ်နေပါလိမ့်မည်။ လုံးဝ မခိုင်လုံပါ။ လက်မခံနိုင်ပါ။
ဒါဖြင့် ဘာကြောင့် ရုရှားကို နျူကလီးယား ပညာရပ် သွားသင်နေရတာလဲ? ရိုးရိုးလေး စဉ်းစားကြည့်ပါ၊ ကမ္ဘာမှာ Super Power နိုင်ငံတစ်ခုဖြစ်ဖို့ ဖြတ်လမ်းကနေ ကြံနေတာကို တွေ့ရပါလိမ့်မယ်။ မေးလိုက်ချင်ပါသေးတယ် အကိုတော်အရာရှိတို့ရယ်
(၁) နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့အတွက် မြန်မာပြည်မှာ စီးပွားရေး အဆောက် အအုံတွေ ခိုင်မာနေပြီလား?
(၂)နိုင်ငံခြားဝင်ငွေတွေ ဒလဟော ရနေပြီလား?
(၃)ပြည်တွင်း ကုန်ထုတ်လုပ်မှု စွမ်းအားတွေ သိပ်ကိုမြင့်မားနေပြီလား?
(၄)မြန်မာပြည်သူတွေရဲ့တစ်ဦးချင်း ၀င်ငွေတွေ မြင့်မား ခိုင်မာနေပြီလား?
အဲ့ဒါတွေတောင်မှ ဝေလာဝေးတဲ့ အခြေအနေတွေမှာ နျူကလီးယားSuper Power နိုင်ငံတစ်ခုဖြစ်ဖို့ လုပ်နေပါတယ်ဆိုတဲ့
ကိစ္စရပ်တွေဟာ ၀ မရှိပဲ ၀ိ လုပ်နေတာတွေချည်းပါပဲ။
အဲ့ဒါတွေ မပြီးပြည့်စုံပဲနဲ့ နျူကလီးယား လက်နက်ကိုချည်း ထုတ်ဖို့ ကြိုးစားနေမယ်ဆိုရင် မြန်မာပြည်သူတွေ ဆင်းရဲတွင်း နက်သထက် နက်သွားလိမ့်မည်မှာ လူပြိန်းတောင် သိ နေပါတယ်။ ပြည်သူ့ ဘဏ္ဍာတွေ အကုန်လုံး အဲဒီနျူကလီးယား စီမံကိန်းထဲမှာ နစ်မြုပ်သွားမှာ အသေအချာပင် ဖြစ်ပါတယ်။ နောက်တစ်ခုက ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး မြန်မာပြည်ကြီး အထီးကျန် ဆန်သွားမှာ သမိုင်းဗီလိန် ဖြစ်သွားမှာကိုရော မစိုးရိမ်ကြဘူး လားဟု မေးစမ်းချင်ပါတယ်။ တကယ့်ကို တိုင်းပြည်အပေါ် ချစ်ကြစမ်းစေချင်ပါသည်။
အဲဒီတော့ ရုရှားရောက် အရာရှိများအနေနဲ့ စဉ်းစားကြည့်စေချင်ပါတယ်။ကမ္ဘာမှာ လူမိုက်လုပ်ချင်သလား၊ မြန်မာပြည်သူတွေ ချမ်းချမ်းသာသာနဲ့ လူတန်းစေ့ နေနိုင်တာကို မြင်ချင်သလားဆိုတာ စဉ်းစားတတ်မည်ဟု ထင်ပါတယ်။ပြည်သူတွေ ချမ်းချမ်းသာသာနဲ့ စိုပြေနေတာကို အရင်မြင်ချင်တယ်။ အဲ့ဒီလို အဆင့်ကို ရောက်ပြီးမှ နျူကလီးယား ကိစ္စကို ဆက်ဆွေးနွေးကြရင် မကောင်းဘူးလား”???
စိတ်ကူးယဉ် နျူကလီးယား နည်းစနစ်တွေ အတွက် ငွေကြေးအကုန်ခံမဲ့အစား အဆင့်မြင့် နည်းစနစ်တွေနဲ့ မော်တော်ကား ထုတ်လုပ်တဲ့ နည်းပညာ တွေဝယ်မယ်၊ စက်ရုံတွေထောင်မယ်၊ လေယာဉ်တွေကို ထုတ်လုပ်မယ်ဆိုရင် ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်မလာဘူးလား ။နျူကလီးယား ထုတ်ဖို့ချည်း အတင်းစိုင်းပြင်းနေတော့ မြန်မာပြည်ကြီး ဆင်းရဲသထက် ဆင်းရဲသွားမှာ မြေကြီးလက်ခတ် မလွဲပါပဲ၊ အဲဒီ နျူကလီးယား ထုတ်လုပ်ဖို့ စီမံကိန်းအတွက် ကုန်ကျငွေဟာ လေယာဉ်စက်ရုံ အခု တစ်ရာ မက တည်ဆောက်တဲ့ အားနဲ့ သွားညီနေပါတယ်။
ဒါလဲ နျူကလီးယားကို( ရ - မရ ) ဆိုတာ မသေချာပါ။ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်က ကိုယ့်နိုင်ငံရဲ့  ရေနံတွေ တွင်းထွက်တွေကို အလကားနီးနီး ရောင်းပေးနေရပါတယ်။ မိအေးက နာပြီးရင်းနာနေရတဲ့ အဖြစ်မျိုးကို သိကြစေချင်ပါတယ်။ လူပြိန်းတောင် နားလည်နိုင်ပါတယ်။ အဲဒီတော့ ရုရှား ပညာတော်သင် အကိုတော်များအနေနှင့် ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ ပြည်သူတွေ ကောင်းကျိုး အတွက်လား၊ စစ်တပ် ခေါင်းကြီးပိုင်းတစ်စုရဲ့ တန်ခိုးအာဏာ ကြီးထွားရေး အတွက်လားဆိုတာ ပြန်စဉ်းစားကြပါလို့ ပြောကြားချင် ပါတယ် ။
“တပ်မတော်သည် ပြည်သူအတွက်” ဆိုတဲ့ ခံယူချက်လေး အခြေခံပြီး စဉ်းစားခဲ့မယ်ဆိုရင်တော့ အကိုတော်များအနေနှင့် အဖြေတစ်ခုတော့ ထွက်လာပါလိမ့်မည်။
ပြည်သူ့အတွက်လို့ မစဉ်းစားရင် တိုင်းပြည်အတွက် ဆိုတာလည်း စဉ်းစားတတ်မှာ မဟုတ်ပါ။ အဲဒီ တိုင်းပြည်ထဲမှာ ပြည်သူထဲမှာ ကိုယ့်ရဲ့ မိဘ၊ ဆွေမျိုး မောင်နှမ၊ သူငယ်ချင်း ရောင်းရင်း၊ ယုတ်စွအဆုံး ကိုယ့်ရဲ့ မျိုးဆက်သစ် ရင်သွေးလေးတွေလည်း ပါလာဦးမှာမို့ ကိုယ့်ကိုယ်ကိုတော့ လေးစားကြပြီး မှန်ကန်မြင့်မြတ်တဲ့ အတွေးအခေါ် အယူအဆတွေ မွေးကြရအောင်လို့ တိုက်တွန်းလိုက်ရပါတယ်။
အကိုတော်များအနေနှင့် ကပ်သတ်ပြီး ပြောလို့ရမယ့် စကားတွေရှိနေပါတယ်။ဥပမာ ရုရှားက ပညာတော်တွေဟာ နျူကလီးယားအတတ်ပညာတစ်ခုတည်းကို လေ့လာနေရတာမဟုတ်ဘူးလို့ ပြောနိုင်လာပါသေးတယ်။
တစ်ခြားပညာရပ်များဖြစ်တဲ့ ကွန်ပြူတာပရိုဂရမ်းမင်းရေးနည်းများ ၊ မော်တော်ကားတပ်ဆင်ရေးများ ၊ လေယာဉ်ပျံအစိတ်အပိုင်း ပြင်နည်းများ ၊
ထိုထိုသော ပညာရပ်များလဲသင်ကြားနေရတဲ့ သူတွေလဲရှိသေးတယ်ဆိုတာ သိပါတယ်။ သို့သော် ထိုပညာရပ်များအတွက် ရုရှားအထိသွားရောက်ပြီး လေ့လာသင်ယူစရာမလိုပါ။တမင်ပုံကြီးချဲ့၍ လည်း မပြောကြားစေလိုပါ။ဥာဏ်နှင့်ယှဉ်၍ အားလုံးကိုသေချာစွာ စဉ်းစားသုံးသပ်စေလိုပါတယ် ။.

**စုပြည့်စန္ဒာ(FB)**

..............................
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

မဆလ စစ်အာဏာရှင် ခေတ် ကာလကတွင် သာမန်စစ်ဗိုလ် တစ်ယောက်အနေဖြင့် နိုင်ငံခြား သို့ ပညာတော်သင် သွားရောက် ဖို့ရာမှာ ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနှင့် အဆင်ပြေခဲ့စဉ်က အမေရိကန်နိုင်ငံသို့ သင်တန်းသွား တက်ရဖို့ကို အရာရှိ တော်တော်များများက ကျားကုပ်ကျားခဲ ကြိုးစားသင်ယူ ဖြေဆိုခဲ့ကြ ရပြီး ရှားရှားပါးပါး မြန်မာ့ တပ်မတော် တစ်ခုလုံးအနေဖြင့် ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး (ဗိုလ်မှူးသန်းအောင်နဲ့ ဗိုလ်မှူးမြငြိမ်း) သာ ရွေးချယ်ခံရကာ ခက်ခက်ခဲခဲ သွားရောက်ခဲ့ ဖူးပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)