
**တိုးတက်နေတဲ့ ကမ္ဘာကြီးထဲမှာ
ငါဘယ်နေရာမှာ ပါနေသလဲ။
ငါ့ကိုယ်ငါ လိုက်ရှာ
ဘယ်မှာမှ ရှာမတွေ့ပါလား။
**တနေရာရာမှာတော့
ငါဆိုတဲ့ အကောင်
တချောင်ချောင်မှာ ရှိရမယ်။
**ငါတကောင် အမြင်ကျဉ်း
ရေတွင်းထဲက ဖားသူငယ်ကလေးဖြစ်ပြီး
ဗွက်နစ်လို့ နေလေရော့သလား။
**ဒါမှ မဟုတ်ရင်
အနုပ်စုတ် ဂုတ်စုတ်ဘ၀ကရုန်း
ငါတလုံးနှယ် အနှုန်းကျယ်ပြီး
ကမ္ဘာအလယ်မှာ ငါတကောင်လို့
ငါ လက်မတထောင်ထောင်နဲ့
အရိပ်မြင်တိုင်း ဟောင်တဲ့
ခွေးတစ်ကောင်များ ဖြစ်နေရော့သလား။
**တဲကလေးအနီးမှာ
လက်သီးကလေး ကျစ်ကျစ်ဆုပ်
ညစ်ပုပ်ရန်လိုတဲ့ မျက်နှာထားနဲ့
အဘီဇ္ဈာပွား ဣဿာများနေတဲ့
မိစ္ဆာကောင်များ ဖြစ်နေရော့သလား။
**ကျယ်ဝန်းတဲ့ ကမ္ဘာကြီးမှာ
ငါစည်းရိုးငါ ငါခတ်
ငါ့တပ်နဲ့ ငါနေ
ငါသေဆိုသေ ငါရှင်ဆိုရှင်
ငါဘုရင် ငါတမင်းလို့
မာန်တင်းပေမယ့် ဆန်နဲ့ဟင်းကမရှိ
ဆန်စေ့ကလေး တလုပ်တဆုပ်နဲ့
ရေလုံပြုတ်များ သောက်နေရရော့လား။
**ငါတို့ထံမှာ
သယံဇာတတွေ တ၀င်းဝင်း တလက်လက်
တွင်းထွက်ကလဲ အပြည့်
သစ်တောတွေလည်း ရှိသေး
အမိ ဧရာဝတီဆိုရင်
လိုသမျှ အကုန်ပေး
ဆန်စပါးတွေ ကျွေးနေကျ
အရေးစိုက်စရာမရှိ ဆိုပြီး
ခွေးမိုက်ဇာတိနဲ့
ဝိလုပ်ချင်ပေမယ့် ၀မရှိပြန်တော့
ရှိသမျှ ၀ိုင်းခိုး
ကိုင်းကျိုးတောင် မကျန်တော့ပါလား
အကြံအဖန်သမား
ဟန်ပန်ကလဲများများ
ငါတကားလို့ ၀ါကြွားဟစ်နေတဲ့
ငပမွှားများ ဖြစ်နေလေရော့သလား။
**တိုးတက်တဲ့ ကမ္ဘာကြီးမှာ
ငါတည်းဟူသော အကောင်တကောင်
ဘယ်ချောင်မှာ ရောက်နေပါလိမ့်။
**ငါ့ကိုယ်ငါ လိုက်လို့ရှာ
ဘယ်နေရာ ငါရောက်နေသည် မသိ။
ငါ့ကိုယ်ငါ တွေ့ချင်စမ်းပါဘိ။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၄ ဒီဇင်ဘာလ ၁၉၉၉၊ အော်စလို၊ နော်ဝေ၊ စနေနေ့ နံနက်ခင်း)

**တိုးတက်နေတဲ့ ကမ္ဘာကြီးထဲမှာ
ငါဘယ်နေရာမှာ ပါနေသလဲ။
ငါ့ကိုယ်ငါ လိုက်ရှာ
ဘယ်မှာမှ ရှာမတွေ့ပါလား။
**တနေရာရာမှာတော့
ငါဆိုတဲ့ အကောင်
တချောင်ချောင်မှာ ရှိရမယ်။
**ငါတကောင် အမြင်ကျဉ်း
ရေတွင်းထဲက ဖားသူငယ်ကလေးဖြစ်ပြီး
ဗွက်နစ်လို့ နေလေရော့သလား။
**ဒါမှ မဟုတ်ရင်
အနုပ်စုတ် ဂုတ်စုတ်ဘ၀ကရုန်း
ငါတလုံးနှယ် အနှုန်းကျယ်ပြီး
ကမ္ဘာအလယ်မှာ ငါတကောင်လို့
ငါ လက်မတထောင်ထောင်နဲ့
အရိပ်မြင်တိုင်း ဟောင်တဲ့
ခွေးတစ်ကောင်များ ဖြစ်နေရော့သလား။
**တဲကလေးအနီးမှာ
လက်သီးကလေး ကျစ်ကျစ်ဆုပ်
ညစ်ပုပ်ရန်လိုတဲ့ မျက်နှာထားနဲ့
အဘီဇ္ဈာပွား ဣဿာများနေတဲ့
မိစ္ဆာကောင်များ ဖြစ်နေရော့သလား။
**ကျယ်ဝန်းတဲ့ ကမ္ဘာကြီးမှာ
ငါစည်းရိုးငါ ငါခတ်
ငါ့တပ်နဲ့ ငါနေ
ငါသေဆိုသေ ငါရှင်ဆိုရှင်
ငါဘုရင် ငါတမင်းလို့
မာန်တင်းပေမယ့် ဆန်နဲ့ဟင်းကမရှိ
ဆန်စေ့ကလေး တလုပ်တဆုပ်နဲ့
ရေလုံပြုတ်များ သောက်နေရရော့လား။
**ငါတို့ထံမှာ
သယံဇာတတွေ တ၀င်းဝင်း တလက်လက်
တွင်းထွက်ကလဲ အပြည့်
သစ်တောတွေလည်း ရှိသေး
အမိ ဧရာဝတီဆိုရင်
လိုသမျှ အကုန်ပေး
ဆန်စပါးတွေ ကျွေးနေကျ
အရေးစိုက်စရာမရှိ ဆိုပြီး
ခွေးမိုက်ဇာတိနဲ့
ဝိလုပ်ချင်ပေမယ့် ၀မရှိပြန်တော့
ရှိသမျှ ၀ိုင်းခိုး
ကိုင်းကျိုးတောင် မကျန်တော့ပါလား
အကြံအဖန်သမား
ဟန်ပန်ကလဲများများ
ငါတကားလို့ ၀ါကြွားဟစ်နေတဲ့
ငပမွှားများ ဖြစ်နေလေရော့သလား။
**တိုးတက်တဲ့ ကမ္ဘာကြီးမှာ
ငါတည်းဟူသော အကောင်တကောင်
ဘယ်ချောင်မှာ ရောက်နေပါလိမ့်။
**ငါ့ကိုယ်ငါ လိုက်လို့ရှာ
ဘယ်နေရာ ငါရောက်နေသည် မသိ။
ငါ့ကိုယ်ငါ တွေ့ချင်စမ်းပါဘိ။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၄ ဒီဇင်ဘာလ ၁၉၉၉၊ အော်စလို၊ နော်ဝေ၊ စနေနေ့ နံနက်ခင်း)
No comments:
Post a Comment