ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 6, 2010

6 Dec, 10// ဒီဇင်ဘာလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

> ** ပါလက်စတိုင်း နိုင်ငံတော်သစ် ဘရာဇီးက အသိအမှတ်ပြု **
(ဘရာဆီးလီးယား၊ ဒီဇင်ဘာလ ၄ ရက်)
၁၉၆၇ ခုနှစ် နယ်စပ်မျဉ်းအတိုင်း ဖွဲ့စည်းတည်ထောင်သော ပါလက်စတိုင်းနိုင်ငံတော်ကို ဘရာဇီးနိုင်ငံက အသိအမှတ်ပြုကြောင်း ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်ဆီသို့ ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားက ဒီဇင်ဘာလ ၃ ရက်နေ့ ရက်စွဲတပ်၍ ပေးပို့သောစာတွင် ဖော်ပြထားသည်။ ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပါလက်စတိုင်းနိုင်ငံတော်နှင့် ပတ်သက်၍ အသိအမှတ်ပြုရန် ပုဂ္ဂိုလ်ရေးအရ မေတ္တာရပ်ခံချက်ကို ဘရာဇီးသမ္မတက ယင်းကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)

.

** စကြ၀ဠာအတွင်းရှိ ကြယ်စင်အရေအတွက် ထင်သည်ထက် သုံးဆများပြား **

(၀ါရှင်တန်၊ ဒီဇင်ဘာလ ၄ ရက်)
စကြ၀ဠာအတွင်းရှိ အနီရောင်ကြယ်သေကြီးများသည် နက္ခတ္တဗေဒပညာရှင်များ ယခင်က ခန့်မှန်းထားသည်ထက် ပိုမိုများပြားကြောင်း သိပ္ပံပညာရှင်များက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောကြားသည်။ အနီရောင် ကြယ်သေကြီးများသည် မဟာစကြ၀ဠာအတွင်းရှိ ကြယ်စင်များ၏ ၈၀ ရာခိုင်နှုန်းရှိပြီး ယင်းကြယ်သေကြီးများကို ထည့်သွင်းရေတွက်ပါက စကြ၀ဠာအတွင်းရှိ ကြယ်စင်များ အရေအတွက်သည် ယခင်ခန့်မှန်းထားသည်ထက် သုံးဆမျှ မြင့်တက်လာမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ နေစကြ၀ဠာပြင်ပမှ ဘဲဥပုံရစ်ခွေနေသော ကြယ်စင်စုများ (ဂလက်ဆီ)များထံမှ လာသည့် အလင်းရောင်များကို လေ့လာဆန်းစစ်ရာမှ မစပြု၍ မဟာစကြ၀ဠာအတွင်း အနီရောင် ကြယ်သေကြီးများဖြင့် ပြည့်နှက်နေကြောင်း သိပ္ပံပညာရှင်များက

တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သိပ္ပံပညာရှင်များ၏ အဆိုအရ မဟာစကြ၀ဠာကြီးထဲ၌ လက်ရှိတည်ရှိနေသော ကြယ်စင်အရေအတွက်မှာ အသက်ရှူမှားလောက်ဖွယ်ဖြစ်ကြောင်းသိရသည်။ နောက်ဆုံးထွက်ပေါ်ခဲ့သော လေ့လာချက်အရ မဟာစကြ၀ဠာကြီးထဲတွင် ကြယ်စင်အရေအတွက် ၃၀၀ ဆက်တီလီယံ (၃၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀)ရှိသည်ဟု ဆိုသည်။ အဆိုပါ ဂဏန်းသင်္ချာပမာဏသည် ယခင်က သိပ္ပံပညာရှင်များ ခန့်မှန်းထားသည့် ကြယ်စင်အရေအတွက်ထက် သုံးဆမိုများကြောင်း သိရသည်။ အနီရောင်ကြယ်သေကြီးများတည်ရှိရာ ဘဲဥပုံရစ်ခွေနေသော ကြယ်စင်စုများသည် မဟာစကြ၀ဠာအတွင်းရှိ ကြယ်စင်စုအားလုံး၏ သုံးပုံတစ်ပုံမျှ ရှိသည်ဟု ဆိုသည်။ (အေအက်ဖ်ပီ)

** လေကြောင်း ထိန်းဝန်ထမ်းများ လုပ်ငန်းခွင်မ၀င်မှုကြောင့် ခရစ္စမတ်အကြိုခရီးစဉ်များ
ကမောက်ကမဖြစ် **
(မဒရစ်၊ ဒီဇင်ဘာလ ၄ ရ်က)
စပိန်လေကြောင်းခရီးစဉ်များ ထိန်းချုပ်ရေးတာဝန်ရှိသူများသည် နာမကျန်းမှုကို အကြောင်းပြု၍ လုပ်ငန်းရပ်စဲခဲ့ရာ စပိန်နိုင်ငံတစ်နိုင်ငံလုံး၏ လေကြောင်းခရီးစဉ်ထိန်းသိမ်းရေးကိစ္စအ၀၀ကို စပိန်စစ်ဘက်ကလွှဲပြောင်းတာဝန်ယူခဲ့ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ လေကြောင်း ထိန်းသိမ်းရေးတာဝန်ရှိသူများ လုပ်ငန်းရပ်ဆိုင်းခဲ့မှုကြောင့် ခရစ္စမတ်ကာလအားလပ်ရက် အကြိုနေ့များတွင် ခရီးသည် ထောင်ပေါင်းများစွာတို့ စပိန်နိုင်ငံတစ်ဝန်းရှိ လေဆိပ်များ၌ သောင်တင်နေကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

** မက္ကဆီကို မူးယစ်ဧကရီ စွဲချက်များမှ တရားသေလွတ်မြောက် **
(မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာလ ၄ ရက်)
အုပ်စုဖွဲ့ ရာဇ၀တ်မှု ကျူးလွန်ခြင်းများနှင့် အခြားစွဲချက်များဖြင့် တရားရင်ဆိုင်နေရသော နာမည်ကျော်မူးယစ်ဧကရီ စန်ဒရာအေဗီလာဘဲလ်ထရန်းကို စွဲချက်များမှ တရားသေလွတ်မြောက်ကြောင်း မက္ကဆီကို တရားသူကြီးတစ်ဦးက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆရသော တရားခံအများစုကို တရားစွဲဆိုခြင်းမပြုနိုင်သော မက္ကဆီကိုနိုင်ငံတွင် မူးယစ်ဧကရီ အေဗီလာဘဲလ်ထရန်းအား တရားသေပြန်လွှတ်ပေးခဲ့ရခြင်းသည် မက္ကဆီကိုနိုင်ငံ၏ တရားစီရင်ရေးစနစ်ချို့ယွင်းချက် တစ်ရပ်ဖြစ်သည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- အာကာကျော် **

** ပါလက်စတိုင်း နိုင်ငံတော်သစ် ဘရာဇီးက အသိအမှတ်ပြု **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)