ရှေ့နေရုံးခန်သစ်တစ်ခုဖွင့်ပွဲ ဂုဏ်ပြု မိသားစုညနေစာ ပါတီတွင် ရှေ့နေသစ်လေးအား သားချင်းတစ်ဦးက မေးလေသည်။
`လူတစ်ယောက်မှာ ဒေါင်း တစ်ကောင်ရှိပြီး အဲဒီဒေါင်းဟာ တစ်ဖက်လူရဲ့ ခြံထဲဝင်သွားပြီး ဥဥခဲ့တယ်။ ဥကို ဘယ်သူ ပိုင်မလဲ´
စားပွဲဝိုင်းမှ လူအားလုံး ရှေ့နေလေး၏ နှုတ်မှ မြွက်ဟမည့် ပညာရှိစကားကို ကြားရန် ငံ့လင့်ကြသည်။
`အဲဒါ လွယ်ပါတယ် မွန်တီ၊ ဥကို ဒေါင်းပိုင်ရှင်ကပဲ ပိုင်ဆိုင်မှာပေါ့။ ဒါပေမယ့် အဲဒီဥကိုကောက်ဖို့ တစ်ဖက်လူရဲ့ ခြံထဲဝင်သွားခဲ့ရင် သူ့ကို ပိုက်နက်ကျူးလွန်မှုနှင့် အရေးယူနိုင်တယ်´
ထိုအခါ သားချင်းဖြစ်သူက သရော်ပြုံးဖြင့် ပြောလိုက်သည်။
`ဟာ… မင်း တကယ်တော်တဲ့ ရှေ့နေပဲ၊ ဒေါင်းဖိုက ဥမဥနိုင်တာကို မင်းမသိဘူးလား´
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ဟာသများမှ)
**(ဟာဒယနှလုံး- တခဏပြုံး)**

No comments:
Post a Comment