ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 2, 2010

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

> ** အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ရန် ဒေးဗစ်ဘက်ဟမ်း စဉ်းစားနေ **
အမေရိကန်ကလပ် အယ်လ်အေဂလက်ဆီ ကွင်းလယ်လူ ဒေးဗစ်ဘက်ဟမ်းသည် အဲဗာတန်သို့ အငှားပြောင်းရွှေ့ရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။ အသက်(၃၅)နှစ် ရှိပြီဖြစ်သည့် ဘက်ဟမ်းက ၎င်းသည် အဲဗာတန်သို့ ပြောင်းရွှေ့ရန် ကိစ္စကို မိမိအနေနှင့် ယတိပြတ် အဆုံးဖြတ်ရသေးဟုဆိုသည်။ အီတလီကလပ် အေစီမီလန်သို့ တတိယအကြိမ်မြောက်အဖြစ် အငှားသွားကစားရန်မူ စိတ်မ၀င်စားတော့ကြောင်း ဘက်ဟမ်းက ပြောဆိုသွားသည်။ ဘက်ဟမ်းသည် မီလန်အခြေစိုက် အသင်းတွင် အထူးခြေစွမ်းပြခဲ့ပြီးနောက် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ခွင့်ရရန်ထိ အခြေအနေကောင်းခဲ့သော်လည်း ဒဏ်ရာကြောင့် ယင်းအခွင့်အရေးကို လက်လွှတ်ခံခဲ့ရသည်။ အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ်သည် မန်ချက်စတာယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ်တို့တွင် ကစားခဲ့ဖူးသူ ၀ါရင့်ညာတောင်ပံ ကစားသမားကို ဂွဒ်ဒင်ဆင်ပါ့ခ် ကွင်းကြီးသို့ ခေါ်ယူနိုင်ရန် ဆန္ဒရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားသည်။ ယူနိုက်တက် လူငယ်ကစားသမား ဘ၀က ပရက်စတန်နော့သ်အန့်ဒ်သို့ အငှားသွားရောက် ကစားစဉ် ကစားဖော် ဖြစ်ခဲ့ဖူးသူ မိုရက်စ်၏ ကမ်းလှမ်းမှုနှင့် ပတ်သက်ပြီး မိမိအနေနှင့် အလေးထား စဉ်းစားနေကြောင်း ဘက်ဟမ်းကဆိုသည်။ “ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသက်နေရတယ်။ ပရီးမီးယားလိဂ်မှာ ကစားဖို့ ကျွန်တော့်ရဲ့ ကြံ့ခိုင်မှုက အဆင်ပြေနိုင်ပါ့မလား ဆိုတာရောပေါ့။ လောလောဆယ်တော့ ဘာမှမဆုံးဖြတ်ရသေးပါဘူး”ဟု ဘက်ဟမ်းက ပြောကြားသွားသည်။

** တစ်ပွဲတည်း ၅ ဂိုးသွင်းနိုင်ခဲ့သည့် ဘာဘာတော့ဗ်အား မိုက်ကယ်ကာရစ်ချီးကျူး **
တစ်ပွဲတည်း (၅)ဂိုးသွင်းနိုင်ခဲ့သော မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဒီမီတာ ဘာဘာတော့ဗ်အား ကစားဖော် မိုက်ကယ်ကာရစ်က ချီးကျူးပြောကြားလိုက်သည်။ နိုဝင်ဘာ (၂၇)ရက်နေ့က ဘလက်ဘန်းရိုဗာ အသင်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်၌ ယူနိုက်တက်က (၇-၁)ဖြင့် အနိုင်ရခဲ့ရာ ဘာဘာတော့ဗ် တစ်ဦးတည်း (၅)ဂိုး သွင်းပေးခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်ကို (၃-၂)ဖြင့် အနိုင်ရစဉ်က Hat-Trick သွင်းယူခဲ့ပြီးနောက်ပိုင်း ဂိုးမိုးခေါင်နေသဖြင့် ပရိသတ် ဝေဖန်မှုနှင့် ကြုံနေရသော ဘူလ်ဂေးရီးယား တိုက်စစ်မှူးသည် ယခုပွဲတွင် အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့ကြောင်း အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ကာရစ်က Sky Sportsသို့ ပြောကြားသွားသည်။ “ဘာဘာတော့ဗ် လုပ်ပြသွားတာတော့ တကယ့်ဂရိတ်ပဲ။ သူ့ဂိုးတွေကလည်း အပျံစားချည်းပဲ”ဟု ကာရစ်ကဆိုသည်။ “တစ်ပွဲတည်း (၅)ဂိုးသွင်းဖို့ဆိုတာ ဘယ်လောက်ခက်မလဲ လူတိုင်းသိပါတယ်။ သူ့အတွက် ကျွန်တော် အရမ်းကျေနပ်မိတယ်”ဟု ကာရစ်က ပြောဆိုသွားသည်။ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကလည်း ဘာဘာတော့ဗ်အပေါ် ယုံကြည်ချက် အပြည့်ရှိပြီး ယင်းအတွက် ပြန်လည်ပေးဆပ်ပြခဲ့သည့် ကစားသမားအား ချီးကျူးခဲ့သည်။ အသက်(၂၉)နှစ်ရှိ ဘာဘာတော့ဗ်ကမူ “တစ်ပွဲတည်း (၅)ဂိုးသွင်းနိုင်မယ်လို့ ကျွန်တော် ထင်ကိုမထင်ဘူး။ ခုထိလည်း မယုံနိုင်အောင် ဖြစ်နေတုန်းပဲ”ဟု ၀န်ခံပြောကြားသွားသည်။ ဘာဘာတော့ဗ်သည် ယခုအခါ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခုတွင် တစ်ပွဲတည်း (၅)ဂိုးသွင်းနိုင်သူအဖြစ် အင်ဒီကိုးလ်၊ အလန်ရှီးယား၊ ဂျာမိန်းဒီဖိုးတို့နှင့် စံချိန်တူ ရရှိခဲ့သည်။ သို့သော် နိုင်ငံခြားသား တစ်ဦးအနေနှင့်မူ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခုတွင် တစ်ပွဲတည်း (၅)ဂိုးသွင်းခြင်းမှာ ဘာဘာတော့ဗ်က ပထမဆုံးဖြစ်ကြောင်း သိရှိရသည်။

** မန်စီးတီးကွင်းလယ်လူ အဒမ်ဂျွန်ဆန်အား ခေါ်ယူရန် လီဗာပူးလ်စီစဉ် **
လီဗာပူးလ်အသင်းသည် မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား အဒမ်ဂျွန်ဆန်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ ဇန်န၀ါရီလ အပြောင်းအရွှေ့ ကာလတွင် လီဗာပူးလ်နည်းပြ ရွိုင်ဟော့ဂ်ဆန်သည် ဒတ်ခ်ျတောင်ပံလူ ရိုင်ယန်ဘာဘယ်လ်အား ရောင်းထုတ်ပြီး စီးတီးတွင် ပုံမှန်နေရာ ပျောက်ဆုံးနေသည့် အင်္ဂလန် လူငယ်နှင့် အစားထိုးရန် ဆန္ဒရှိနေကြောင်း Metroသတင်းဌာနက ဖော်ပြခဲ့သည်။ ဟော့ဂ်ဆန်သည် အသက် (၂၃)နှစ်ရှိ ညာတောင်ပံ တိုက်စစ်မှူးက လီဗာပူးလ်အသင်းအား အောင်မြင်မှုများ ရရှိအောင် ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။ အသက်(၂၃)နှစ်ရှိ ဂျွန်ဆန်သည် စီးတီးတွင် ပုံမှန်နေရာရရေး ရုန်းကန်နေရသည့် အခြေအနေအပေါ် စိတ်ပျက်လျက်ရှိပြီး အသင်းမှ ထွက်ခွာမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဂျွန်ဆန်သည် မန်ချက်စတာ မြို့ခံနှစ်သင်း ဂိုးမရှိသရေကျခဲ့သည့် ဒါဘီပွဲစဉ်တွင် (၁၇)မိနစ်သာ ကစားခွင့်ရခဲ့ခြင်းကို မကြေမလည် ဖြစ်မိကြောင်း ၀န်ခံပြောကြားခဲ့သည်။ “တကယ့်ကို စိတ်ပျက်စရာပါ။ ကစားသမားတစ်ယောက်ဟာ ဒီလိုပွဲကြီးပွဲကောင်းမျိုးကို ပွဲထွက်အနေနဲ့ ကစားခွင့် ရချင်မှာပါ။ ကျွန်တော်လည်း ဒါဘီပြိုင်ဖက်ကို အရိုးကြေကြေ၊ အရေခမ်းခမ်း ရင်ဆိုင်ခွင့် ရချင်ခဲ့ပါတယ်။ ဒါပေမယ့် မန်နေဂျာက ကျွန်တော့်ကို အရံစာရင်းထဲ ထည့်ခဲ့တာကြောင့် ၀မ်းနည်းမိပါတယ်။ စီးတီးဟာ ကစားသမားကောင်းတွေ အများကြီးရှိတာ နားလည်ပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလို အရံမှချည်း ထိုင်နေရမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ အနေအထားကို ပြန်သုံးသပ်ရပါလိမ့်မယ်”ဟု ဂျွန်ဆန်က ဖွင့်ဟသွားသည်။

** အကြွယ်ဝဆုံး ဗြိတိန်အနုပညာရှင် လူငယ်များ **
အသက်(၂၀)၀န်းကျင် အရွယ်ဖြင့် ပေါင်စတာလင် သန်း(၂၀)ကျော် ချမ်းသာကြွယ်ဝရန်မှာ အလွန်ခက်ခဲသော အခြေအနေတစ်ခု ဖြစ်ပေလိမ့်မည်။ ဟောလီးဝုဒ် အကျော်အမော် မင်းသမီးလေး အီမာဝပ်ဆန်သည် ထိုဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူမသည် ဗြိတိန်တစ်နိုင်ငံလုံးတွင် အကြွယ်ဝဆုံး အသက်(၃၀)အောက် အနုပညာကြယ်ပွင့် လူငယ်များ စာရင်းတွင် တတိယနေရာသာ ရပ်တည်နိုင်ခဲ့သည်။ ထိပ်ဆုံးနေရာကို သူမနှင့်အတူ Harry Potter ဇာတ်ကားများတွင် အတူတွဲ သရုပ်ဆောင်ခဲ့သည့် မင်းသား ဒင်နီရယ်လ် ရက်ကလစ်ဖ်က သိမ်းပိုက်ထားလိုက်သည်။ အသက်(၂၁)နှစ်ရှိ ရက်ကလစ်ဖ်သည် Harry Potterဇာတ်လမ်းတွဲများတွင် အဓိကဇာတ်ဆောင် စုန်းကဝေလေး ဟယ်ရီပေါ့တားအဖြစ် သရုပ်ဆောင်ခွင့် ရခဲ့ပြီး ခန့်မှန်းခြေ ပိုင်ဆိုင်မှုတန်ဖိုး ပေါင်(၄၅.၆)သန်းခန့် ရှိနေသည်။ ဒုတိယနေရာတွင်မူ အသက်(၂၅)နှစ်ရှိ မင်းသမီး ကီရာနိုက်တလေက ပေါင်(၃၀.၁)သန်းဖြင့် ရပ်တည်နေကြောင်း သိရသည်။ သူမ၏နောက်တွင် အီမာကရှိနေပြီး Harry Potterဇာတ်ကားများအတွင်း ရွန်ဝက်စလေအဖြစ် သရုပ်ဆောင်ခွင့် ရခဲ့သူ ရူးပတ်ဂရန့်တ်က ပေါင်(၁၉)သန်း ပိုင်ဆိုင်သည့်အတွက် စတုတ္ထနေရာမှ ရပ်တည်နိုင်ခဲ့သည်။ Twilightဇာတ်ကားများဖြင့် အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့သော အသက်(၂၄)နှစ်အရွယ် မင်းသား ရောဘတ်ပက်တင်ဆန်က ပေါင်(၁၈.၅)သန်းဖြင့် နံပါတ်(၅)ချိတ်သည်။

** အသံပျက်လာသည်ဟု ဂျက်စတင်ဘီဘာ ခံစားနေရ **
ဂျက်စတင်ဘီဘာတစ်ယောက် ၎င်း၏အသံ အနည်းငယ်ပျက်လာသည်ဟု ခံစားနေရကြောင်း သိရသည်။ News of the World သတင်းဌာနက အသက်(၁၆)နှစ်ရှိ အဆိုတော်သည် ကျွမ်းကျင်သူ တစ်ဦးကို ငှားရမ်းထားပြီး ၎င်း၏အသံကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့သည်။ “ဂျက်စတင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုက နှေးနေပါတယ်။ နောက်ပြီးတော့ အသံလည်း ကျလာမယ့် အခြေအနေမျိုး ကြုံနေရတာကြောင့် သူတော်တော် စိတ်ညစ်နေတယ်”ဟု နာမည်ကျော် Popအဆိုတော်နှင့် နီးစပ်သူများက News of the Worldသို့ ပြောကြားခဲ့သည်။“လက်ရှိမှာတော့ သူ့ရဲ့အနုပညာ အလုပ်အတွက် အကောင်းဆုံး လုပ်နေနိုင်ပါတယ်။ ဒါပေမယ့် အသံစွမ်းရည် ကျလာမှာစိုးလို့ ဂျန်စမစ်သ်ဆိုတဲ့ ကျွမ်းကျင်သူ တစ်ယောက်ကို ငှားထားရတာပါ။ စမစ်သ်က အသံကို ထိန်းသိမ်းနိုင်ဖို့ ကူညီနိုင်မယ်လို့ ဂျက်စတင်က ယုံကြည်နေပါတယ်”ဟု Babyသီချင်းဖြင့် နာမည်ကြီးခဲ့သည့် အဆိုတော်၏ သူငယ်ချင်းတစ်ဦးက ပြောကြားသွားသည်။ ယင်းကဲ့သို့ ပညာရှင်တစ်ဦး ငှားရမ်းကာ အသံကို ထိန်းသိမ်းခြင်းသည် ဂျက်စတင်၏ ဆရာဟု ဆိုနိုင်သော အဆိုတော် အာရှာလည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

** ချမ်းသာကြွယ်ဝမှုက အချစ်ရေးတွင် အဟန့်အတားဖြစ်နိုင်ဟု အီမာဝပ်ဆန်ဖွင့်ဟ **
အီမာဝပ်ဆန်က သူမ၏ ချမ်းသာကြွယ်ဝမှုသည် အချစ်ရေးတွင် အဟန့်အတား ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဖွင့်ဟခဲ့သည်။ ဟောလီးဝုဒ်ရပ်ဝန်းတွင် အောင်မြင်မှုများ ရရှိနေပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သန်းကြွယ်သူဌေးမလေး ဖြစ်နေသော အီမာက ထိုအခြေအနေသည် သူမ၏ အချစ်ရေးကို ရှုပ်ထွေးစေပြီး အတည်တကျ ချစ်သူတစ်ယောက် ထားရှိနိုင်ရန် အဟန့်အတား ဖြစ်နိုင်ကြောင်း ဖွင့်ဟခဲ့သည်။ အသက်(၂၀)အရွယ် ဗြိတိသျှ မင်းသမီးလေးသည် (၉)နှစ်သမီး အရွယ်ကတည်းက Harry Potter ဇာတ်လမ်းတွဲများတွင် ဒင်နီရယ်လ်ရက်ကလစ်ဖ်၊ ရူးပတ်ဂရန့်တ်တို့နှင့် အတူပါဝင် သရုပ်ဆောင်ခဲ့ပြီး ယခုအခါ ဒေါ်လာ(၃၃)သန်းကျော် ကြွယ်ဝနေပြီဖြစ်သည်။ သို့သော်လည်း ချမ်းသာကြွယ်ဝမှုသည် သူမအား ပိုမိုအထီးကျန်စေပြီး သူမနှင့် တွေ့ဆုံခဲ့သော အမျိုးသား အချို့တို့သည် မိမိကိုယ်ကိုယ် ချူစားသူများဟု ပတ်ဝန်းကျင်က အထင်ခံနေရသည်ဟု ခံစားရလေ့ရှိကြောင်း အီမာက ပြောကြားခဲ့သည်။ Daily Telegraphနှင့် အင်တာဗျူးတွင် အီမာက “ချမ်းသာတော့ ကျွန်မရဲ့ အချစ်ရေးက အရှုပ်အထွေးတွေ ဖြစ်လာတယ်။ ကျွန်မနဲ့ ရင်းနှီးလာတဲ့ အမျိုးသားတွေက ကျွန်မရဲ့ ကြွယ်ဝမှုကြောင့် မသက်မသာ ဖြစ်နေကြတာချည်းပဲ။ ဒီအခြေအနေက ရှင်းပြဖို့တော့ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ ချမ်းသာလို့ အချစ်ရေးမှာ ပြဿနာကြုံလာမှာမျိုးတော့ မလိုလားတာ အမှန်ပါပဲ”ဟု ပြောကြားသွားသည်။ အီမာသည် လက်တလောတွင် One Night Only ဂီတအဖွဲ့မှ အဆိုတော် ဂျော့ဂ်ျကရိတ်ဂ်ျနှင့် ချစ်သူများ ဖြစ်နေကြောင်း သိရှိရသည်။

** ကလေးယူရန် အစီအစဉ်ရှိကြောင်း ရီဟန်နာပြောကြား **
ရီဟန်နာက သူမအနေနှင့် လာမည့်နှစ်အတွင်း ကလေးယူရန် အစီအစဉ်ရှိကြောင်း ပြောကြားသွားသည်။ ဘာဘေးဒိုးစ်ဖွား အဆိုတော်မလေးက သူမသည် မိခင်တစ်ဦး၏ ဘ၀ကို လိုလားနှစ်သက်ကြောင်း ဖွင့်ဟခဲ့သည်။ ဘေ့စ်ဘော အားကစားသမား မတ်ကမ့်ပ်နှင့် ချစ်သူဖြစ်နေသော ရီဟန်နာက လက်ရှိတွင်မူ ကလေးယူရန် အစီအစဉ် မရှိသော်လည်း တစ်နှစ်အတွင်း ဖြစ်လာနိုင်ကြောင်း ပြောဆိုသွားသည်။ Interview မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းရာတွင် ရီရီ(Ri Ri)ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် အဆိုတော်မလေးက “ဒီအသက်အရွယ်မှတော့ ကလေးမယူချင်သေးဘူး။ ဒါပေမယ့် နောက်နှစ်လောက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါဟာ သင့်တော်တဲ့ အချိန်လို့လည်း ကျွန်မထင်တယ်လေ”ဟု ပြောဆိုသွားသည်။ သူမက ကလေးများ ရလာလျင်လည်း ဘာဘေးဒိုးစ်တွင် ပြုစုပျိုးထောင်သွားရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့ပြီး သူမ၏ ဂီတအလုပ်အကိုင်ကြောင့် ကလေးများအတွက် အချိန်မပေးနိုင်မည်ကိုမူ စိုးရိမ်မိကြောင်း ၀န်ခံခဲ့သည်။ အသက်(၂၃)နှစ်ရှိ ရီဟန်နာသည် ချစ်သူဟောင်း ခရစ်ဘရောင်းနှင့် ပြဿနာဖြစ်ပွားပြီးနောက်ပိုင်း သူမထက် (၃)နှစ်ပိုကြီးသည့် မတ်နှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။ Rude Boy စတား အဆိုတော်မလေးသည် မတ်နှင့် လက်ထပ်ရန် အစီအစဉ် မရှိသေးကြောင်းလည်း ပြောဆိုသွားသည်။ အခြားသော သတင်းတစ်ခုအရ ရီဟန်နာ၏ အရင်းနှီးဆုံး သူငယ်ချင်း ကေတီပင်ရီက သူမနှင့် ရက်ဆဲလ်ဘရန်းတို့၏ မင်္ဂလာပွဲကို ရီဟန်နာ မတက်ရောက်နိုင်ခဲ့ခြင်းကို နားလည်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ Now မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် Firework အဆိုတော်က “သူမလာနိုင်တော့ ကျွန်မတော်တော်လေး စိတ်မကောင်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်မတို့ကြားမှာ ဘာမှမပြေလည်တာ မရှိပါဘူး။ ရက်ဆဲလ်ကလည်း ရီဟန်နာကို နားလည်ပေးနိုင်ပါတယ်”ဟု ပြောဆိုသွားသည်။ ကေတီနှင့် ဗြိတိသျှ ဇာတ်မြူးသရုပ်ဆောင် ရက်ဆဲလ်တို့သည် ပြီးခဲ့သည့် လပိုင်းက အိန္ဒိယနိုင်ငံတွင် လက်ထပ်ခဲ့ခြင်းဖြစ်သည်။

** မှတ်ချက်။ ။ 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **

/span>

** အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ရန် ဒေးဗစ်ဘက်ဟမ်း စဉ်းစားနေ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)