ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 5, 2010

နွား နှင့် ဒီမိုကရေစီ ...

>

ကျွန်တော်တို့သည် နိုင်ငံ့အရေးကို စိတ်ဝင်စား၏။ စိတ်ဝင်စားသည့်အတိုင်းလည်း ကိုယ်တိုင် ပါဝင်ဆောင်ရွက်လိုသော စိတ်လည်းရှိ၏။ ကျွန်တော်တို့၏ နစ်နာချက်၊ ခံစားမှုများကို ဟစ်ကြေးလို၏။ ဟစ်ကြွေးကြ၏။ မျိုးချစ်စိတ်ဆိုသည်ကို တိတိကျကျ မဝေဖန်တတ်သော်လည်း ဤစာလုံး သုံးလုံး၌ အဖြေပါ၏။

နည်းနည်းထပ်ဖြည့်ရလျှင် မိမိမှလွဲ၍ အခြားသော တိုင်းသူပြည်သားများ၏ အလိုဆန္ဒ၊ သူ့ကို အထင်မသေး၊ သူ့လိုအပ်ချက်များကို မိမိတတ်စွမ်းသရွေ့ ဆောင်ရွက်ပေးဖို့၊ တကယ့်စေတနာသည်ကား မျိုးချစ်စိတ်ဟု ကျွန်တော်ထင်၏။ညီညွတ်ရေးဟုလည်း ပြောကြပါသည်။ ဘယ်နေရာ ညီညွတ်ကြမလဲ။ မသိသတတ်။ လူ့အဖွဲ့အစည်းသည် အဆင့်ဆင့်ရှိ၏။ များပြားလှကုန်သော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ တသားတည်း မဖြစ်နိုင်ဟု ကျွန်တော်ယုံကြည်၏။

ကားမာတ် ဘာပြောပြော သူ့ကိစ္စသည် ပြီးပြီ။ တစ်ယောက်ထဲပင် ကိုယ့်ကိုယ်ကို မညီညွတ်။ ထို့ကြောင့် မညီသောကိစ္စကို တတ်အားသရွေ့ အများစု လက်ခံနိုင်ဖို့ ကြိုးစားသော နိုင်ငံရေးကို ဆောင်ရွက်သူသည် မျိုးချစ်စိတ်ရှိသူ ဖြစ်နိုင်၏။ တကယ့် မျိုးချစ်ပုဂ္ဂိုလ်ကြီးဟု ထင်ရလောက်အောင်၊ နားမလည်သော တိုင်းသူပြည်သားများကို ဖြီးဖြန်းပြီး မိမိပိုင် ရေဒီယို၊ စာနယ်ဇင်း၊ တယ်လီဗေးရှင်း စသဖြင့် ရှိသမျှ မီဒီယာများကို အသုံးချလိမ်လည်နေသော ပုဂ္ဂိုလ်ကြီးများလည်းရှိ၏။ ဥပမာ- (န.အ.ဖ)။

ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးသည်။ '' စင်ပေါ်တက် လက်ခုပ်ချူသော နိုင်ငံရေးကို ကျွန်မ မနှစ်သက်ကြောင်း''။ ဟုတ်သည်။ အချို့သည် အုပ်စုဖွဲ့၍ လည်းကောင်း၊ လိုအပ်လျှင် မိမိကိုယ်ကို ကိုယ်ရည်သွေး၍ လည်းကောင်း၊ အခွင့်ကြုံတိုင်း စင်ပေါ်ရောက်တတ်၏။ အော်တတ်၏။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူသားခြင်း စာနာထောက်ထားမှု စသဖြင့် ဟစ်ကြွေး။ ပြီးတော့လဲ - ပလုံ … ။

တကယ်ချစ်သလား။ ကိုယ့်ကိုယ်ကို (မဟုတ်ဘူး) တိုင်းပြည်ကို ၊ တိုင်းပြည်ထဲနေနေကြရတဲ့ လူတွေကို၊ ဒုက္ခသည်တွေကို၊ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို၊ ထောင်ထဲကလူတွေကို၊ မတည်မငြိမ်နဲ့ မဝရေစာ စားနေရတဲ့ လူတွေကို။ ပြောကြည့် - ဘယ်နားမှာဖြစ်ဖြစ် ကြားနေရတာ။ "ဟိုကောင် အရက်သောက်သည်၊ ဒီကောင်မ လင်ငယ်နေသည်၊ နိုင်ငံရေးသမားဆိုတာ အလကားပါကွာ"၊ အတင်းအဖျင်းနှင့် ညစ်ညမ်းသော စကားများကိုသာ ကြားနေရသည်။

တိုင်းပြည်ထဲ ကုန်ပြီလား၊ လူကောင်း။ ကျန်ပါလိမ့်ဦးမည်။ ကျွန်တော် ယုံကြည်၏။ အခု လူကောင်းတွေကိုပါ အလကားလူတွေဖြစ်အောင် အစိုးရက ဝါဒဖြန့်သည်။ တိုင်းပြည်က မဆင်ခြင်။ အချင်းချင်းသာ မလိုမုန်းထားစိတ်များဖြင့် ချောင်းမြောင်း ဆက်ဆံနေကြ၏။ အားနည်းချက်ကို ရှာ၏။ ၎င်းအပေါ် အားသာအောင် လုပ်၏။ အနိုင်ကျင့်၏။ ဝန်ထမ်းများက ပိုဆိုးသည်။ ဝန်ထမ်းဆိုသည့် စကားလုံး၏ အနက်သည် မရှိတော့။ ဘယ်သူ့ဝန် ထမ်းရမှာလဲ။ ပညာတတ်ဟု မိမိကိုယ်ကို ထင်သော - ဗိုလ်ချုပ်အောင်ဆန်းပြောသည့် ''မင်းစိတ်ပေါက်နေသော အရာရှိဆိုးများ'' ။ အမှန်တော့ မင်းစိတ်မဟုတ်။ ကျွန်စိတ်၊ သဘောက်စိတ်။

စင်စစ် ဘဝကို တကယ်နာကျည်းပါက ကျွန်တော်တို့သည် ဤသို့မနေအံ့။ ရှေ့က နစ်နာပြီးသူတွေကို လေးစားလျက်၊ ကျွန်တော်တို့ ဆက်ပြီး ဖဝါးခြေထပ် ဆက်လက်ဆောင်ရွက်ဖို့ လိုသည်။ သေလျှင်လည်း သေပေါ့။ ကျွန်တော်တို့သည် အိပ်ရင်း၊ စားရင်း၊ လမ်းလျှေက်ရင်း၊ လဲလျောင်းရင်း၊ အချိန်တိုင်းတွင် ဒီမိုကရေစီအကြောင်း တွေးတောကြံဆ နေသင့်သည်။ အကောင်အထည်ပေါ်အောင် ကြံဆောင်နေသင့်သည်။ ကိုယ်ကိုယ်တိုင်လည်း ဤကျင့်စဉ်ကို သိအောင် ကြိုးပမ်းလျှက် 'ဝိဇ္ဇာစရဏ သမ္ပန္နော' ဖြစ်သင့်၏။ ဤသူမျိုးကို ပန်းကုံးစွပ်။

ကျွန်တော်သည် ၁၉၈၈ အရေးတော်ပုံမှစ၍ ဤဒီမိုကရေစီအရေးအား ရှေ့မှရော၊ နောက်မှရော၊ အလယ်မှရော၊ နေရာစုံ ဒေသတစ်ခုတွင် ပါဝင်ခဲ့ဖူး၏။ ယခုလည်း ဆောင်ရွက်ဆဲ။ မွေးရပ်၌ မနေရ။ တစ်ပါးအရပ်၌ နေ၏။ အသက်မွေးဝမ်းကျောင်း ပြု၏။ သမာအာဇီဝ။ ရွာသားတစ်ယောက် ဖြစ်ခဲ့သည့်အလျောက် ရွာကိုမရောက်သည်မှာ ၁ဝ နှစ်ကျော်ပြီဖြစ်၍ ကိုယ်ရေးကိုယ်တာ ကိစ္စများအား မန်နေဂျာကို လွှဲလျှက် မိသားစုနှင့်အတူ ရွာသို့ ခေတ္တ ပြန်ခဲ့သည်။

၂ဝဝ၇ ခုနှစ်က ဖြစ်သည်။ ကမ္ဘာကျော်သော ''ရွှေဝါရောင်'' တော်လှန်ရေးအပြီးလောက် ဖြစ်သည်။ ပခုက္ကူမှစသော (သို့မဟုတ်) အောင်းထားရသော ဆန္ဒများစွာက စတင်သော ဤသပိတ်သည် ဘဝဂ်သို့ ညံခဲ့၏။ စစ်အစိုးရ၏ ကျွန်တော်ကောင်းများဖြစ်သော ကြံ့ဖွတ်၊ စွမ်းအားရှင်၊ အက်စ်ဘီ၊ လုံထိန်း၊ အာရ်ပီ၊ တပ်မတော်တပ်ရင်းအချို့မှ လွဲ၍ လူသားစိတ်ရှိသော၊ သာသနာကို ကာကွယ်လိုသော သူများအားလုံး ထကြွခဲ့ကြ၏။ လမ်းပေါ်တက်ခဲ့ကြ၏။ အသေခံ၊ အကျဉ်းခံခဲ့ကြ၏။ လူတိုင်းသိခဲ့ကြသည့်အကြောင်း ။

လူဟူသည် သစ္စာဖောက်တတ်သည်။ လုပ်အပ် မလုပ်အပ်မသိ။ မိမိကိုယ်ကျိုးအတွက် တစ်ပါးသူအကြောင်း မစဉ်းစား၊ ကုသိုလ် အကုသိုလ် မကွဲ၊ ဆိုင်ရာချင်း လက်တွဲပြီး အစုလိုက် အပြုံလိုက် ယုတ်မာနေသူများသည် ပြည်တွင်း၌ အလွန်ပေါ၏။ (ဤကားစကားချပ်)

သုံးရစ်မျှသာရှိသော ယူနီဖောင်းဝတ်ရဲ တစ်ယောက်နှင့်အတူ လမ်းလျှောက်ရလျှင်လည်း ကိုယ့်ဖာသာ လူဟုထင်သူလည်း ရှိ၏။ (ဤသည်လည်း စကားချပ်)

ရွှေဝါရောင် တော်လှန်ရေးကို မထောက်ခံသူ မရှိသလောက်။ ထားတော့။ ပြီးတော့ … ကျွန်တော်တို့ မိသားစု ဇာတိရွာကို ရောက်ခဲ့ကြသည်ပေါ့။

ရွာသည်လှ၏။ မြို့ထက်လှ၏။ ညနေခင်းများမှာ ထန်းရည်လေးနည်းနည်းသောက်၊ တောင်ခြေက ကန်ဘောင်ပေါ်မှာ လတ်ဆတ်သည့် လေကို ရှူ၊ လမ်းလျှောက်၊ သဘာဝက သူ့ဘာသူ လှပြီးသား။ကန်ထိပ်မှာ စေတီ၊ ဇရပ်။ ကန်ပေါ်မှာ ဘာမှမရှိ။ ရေသာရှိသည်။ ကြည်လင်သည်။ ကန်ရဲ့ ဟိုတစ်ဖက်မှာ ယာကွင်းများစွာ၊ သရက်ပင်လေးငါးပင်၊ တောင်ရိုး၊ နွားစားကျက်၊ မြက်ခင်း။ ကျွန်တော် အဲဒီဘက် လျှောက်သွားသည်။ နေက ဝင်တော့မည်။ စားကျက်ထဲတွင် ဝဝဖြိုးဖြိုး အရောင်ကလဲ ဖြူဖြူ၊ လှလိုက်တဲ့ နွား။ ဘာတွေများစားထားပါလိမ့်။ ကျွန်တော် အဲဒီနွားကြီးနား ကပ်သွားတယ်။ ပြီးတော့ မေးကြည့်တယ်။ (သြော် -ကျုပ်က နွားစကားတတ်တယ်နော်)

'' ဗျို့ … ကိုနွားကြီး ဘာလုပ်နေတာလဲဗျ၊ မြက်စားနေတာလား'' ဟု ကျွန်တော်ကပင်စတင်၍ ရုတ်တရက် နှုတ်ဆက်လိုက်ပါသည်။ နွားကြီးကား စိုစိမ်းသော မြေဇာပင်များဝယ် စိတ်ရောပါးစပ်ပါ ဝင်စားချက် ကောင်းလှပါ၏။

''အခုနှစ်ထဲမှာ ပခုက္ကူကစတဲ့ သံဃာ့သပိတ်က တစ်ပြည်လုံးနီးပါး ပျံ့နှံ့ပြီး ရန်ကုန်က ရဟန်းတွေ ရွှေတိဂုံပေါ်တက်ပြီး၊ ကံဆောင်ကြသတဲ့၊ အရှေ့ဘက်မုခ်မှာ ရဟန်းတွေရော လူတွေရော တော်တော် ပစ်သတ်ခံရတယ်ကြားတယ်။ ဆူးလေမှာဆိုရင် လူထုတွေထဲမှာ ကျောင်းသားသမဂ္ဂအလံတောင် လွှင့်ဆိုပဲ၊ အဲဒီကျောင်းသားလေးလဲ အဖမ်းခံလိုက်ရသတဲ့၊ အဲဒါ ခင်ဗျား ဘယ်လိုထင်သလဲ ကိုနွားကြီး"

နွားကြီးသည် စားမြဲစားနေသည်။

''နည်းနည်းမှ မတရားဘူးဗျာ၊ တကယ်ဆို ဒီသံဃာတော်တွေနဲ့ ဒီကျောင်းသားလေးတွေဟာ နိုင်လိုမင်းထက် သန်းရွှေလေးတွေ မဟုတ်ပါဘူး၊ နွားကြီးပဲ ကြည့်လေဗျာ၊ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့။ ကိုမြအေး၊ ကိုပြုံးချို၊ မာကီး၊ ပြီးတော့ ဟိုမှာဗျာ လင်မယားနှစ်ယောက်၊ တစ်ယောက်က ထောင်ထဲရောက်၊ တစ်ယောက်က မွေးစကလေး ထားခဲ့ပြီး တိမ်းရှောင်နေရတာလေ၊ သိလား၊ သူတို့မှ မဟုတ်ပါဘူး၊ ဒီမိုကရေစီ ဘက်တော်သားတွေ အဖမ်းခံ၊ အနှိပ်စက်ခံ၊ သေကြကြေကြ မနည်းဘူးဗျာ။''

ကျွန်တော် နည်းနည်း အာခြောက်လာသည်။ နွားကြီးကား မသိလေဟန်။ ရှေ့သို့ခြေတစ်လှမ်း တိုး၍ စားမြဲစားနေပါ၏။

''ပြီးတော့ဗျာ … မဆီမဆိုင် မုဆိုးမ မြွေရိုက်သလိုပဲ၊ နိုင်ငံရေးလား၊ ဒီမိုကရေစီလား၊ မလှုပ်နဲ့၊ လှုပ်ရင် လှုပ်တဲ့နေရာ ရိုက်မယ်၊ အင်း … ဟိုးထိပ်က ခေါင်းဆောင်တွေကနေ အောက်ခြေလှုပ်ရှားသူတွေ အားလုံးကို ဖြိုခွင်းရေးနည်းဗျူဟာချပြီး စပါယ်ရှယ် နှိပ်ကွပ်နေတာလေဗျာ၊ ပြောတော့ ဒီမိုကရေစီတဲ့၊ အခု စစ်အစိုးရက တကယ်တော့ လူသတ်နေတာပါဗျာ၊ ကိုနွားကြီး ကျုပ်ပြောတာ ကြားလား''

နွားကြီးကား နားရွက်တခတ်ခတ်နှင့် တပြုတ်ပြုတ် စားလျက်၊ မိန်လျက်ပင်။

"ဓါတ်ဆီဈေးနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အခြေခံပြီး ပေါက်ကွဲခဲ့ကြတာမို့လား၊ ရဟန်းတွေကိုလည်း စော်ကားတယ်လေ၊ အဲဒါကြောင့် အနာခံပြီး သပိတ်မှောက်ခဲ့ကြတာမို့လား၊ တွက်ကြည့်ပါ ကိုနွားကြီးရယ်၊ သူတို့က တိုင်းပြည်ကို လူမထင်ဘူးဆိုတော့ တိုင်းပြည်က သူတို့ကို လူပြန်ထင်ဖို့ မခက်ပေဖူးလား၊ အခုတလောတောင်ဗျာ အဖမ်းအဆီးတွေက ဒုနဲ့ဒေး။ ထောင်ထဲက ဗာလနံတွေတော့ ထောင်ထဲကလွှတ်၊ နိုင်ငံရေးအကျဉ်းသားကျ ဟန်ပြလွှတ်ပေး၊ လွှတ်ပေးတာ ဝမ်းသာပါတယ်၊ ဒါပေမဲ့ တကယ်အရေးပါတဲ့ သူတွေ မပါသေးဘူးဗျာ"

ရုတ်တရက် နွားကြီးသည် နောက်ချေးများ ပါနေသည်ကို မြင်ရ၍ နှစ်မိနစ်ခန့် စကားကို ရပ်ဆိုင်းထားရ၏။

''ကျုပ်တို့လူမျိုးတွေကလည်း ခက်ပါတယ်ဗျာ၊ ညံ့နေတာလား မသိဘူး၊ ကျုပ်ဆို ၁၉၉ဝ ရွေးကောက်ပွဲတုန်းက အင်န်အယ်လ်ဒီကို မဲပေးခဲ့တာပဲ။ အခြေခံဥပဒေတုန်းကတော့ ကျုပ် မဲသွားမပေးဘူး၊ ဒါပေမဲ့ဗျာ … ကျုပ်စာရင်းမှာ အမှန်ခြစ်လိုက်ကြသတဲ့၊ ကျုပ်လိုလူမျိုး ဘယ်လောက်ရှိမလဲ၊ ရိုးရိုးလေးပါ၊ ဒါဟာ လိမ်လည်မှု၊ အနိုင်ကျင့်မှု၊ ဒါပါပဲ၊ ဒါ ကျုပ်မိန်းမက ပြောလို့သိရတာ၊ ကိုယ့်မဲတစ်ပြားကို တန်ဖိုးထားတတ်ခဲ့ကြသလား၊ ဒါမျိုး ဘယ်လောက်ရှိသလဲ သိချင်လို့ ရွာနှစ်ဆယ်လောက်တောင် မှတ်တမ်းလိုက်ကောက်သေးတယ်၊ ကိုနွားကြီး အဲဒီအခြေခံဥပဒေကို ယုံလားဗျ''

နွားသည် နွားလောက်သာသိဟန်တူသည်။ ဝူးကနဲ နှာလေမှုတ်လျက် တစ်ဖက်သို့ လှည့်၍သာ စားမြဲ စားနေပါသည်။ ကျွန်တော်ကလည်း စိတ်ရှည်သည်။

''ကိုနွားကြီး ဒီလောက် စစ်အစိုးရက တစ်ပြည်လုံးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး နိမ့်ကျသွားအောင် လုပ်နေတာ၊ ခင်ဗျားရော မခွေ့ချင်ဘူးလား၊ ပြောလေဗျာ၊ အစိုးရလေသံလိုက်ပြီး အရပ်ထဲက ဒေါက်ဖိနပ်တွေက အခုလုပ်နေတဲ့ နိုင်ငံရေးသမားလေးတွေက ကလေကဝလေးတွေပါ၊ ပေမမှီ ဒေါက်မမှီလေးတွေပါတဲ့၊ နွားကြီးတို့ ဘက်တော်သားတွေလား မသိဘူး၊ ကြံ့ဖွတ်တွေဆီက အသံ၊ ခင်ဗျားရော ဒီကလေးတွေကို အဲလိုထင်လား၊ အင်း … ကျုပ်ကတော့ သူတစ်ပါးဒုက္ခကို မိမိသုခဖြစ်အောင် လုပ်တတ်တဲ့ သူတွေကို ........ အေးဗျာ ........"

ကိုနွားကြီးက ကျွန်တော့်ကို တစ်ချက်မျှ မော့ကြည့်ပြီး သူ့အစာသူ ဆက်၍စားနေပါသည်။

''တကယ်အားဖြင့်ဗျာ အနှစ် (၆ဝ) တို့၊ အနှစ် (၁၂ဝ) တို့ ထောင်ဒဏ်အပြစ်ပေးတယ်ဆိုတာ ဒီမိုကရေစီမှာ ပြစ်မှုမဟုတ်ဘူးလို့၊ ဒါ… အာဏာရှင်လို့။ ခင်ဗျားတို့ နွား နွားချင်း ပြောလိုက်စမ်းပါဗျာ၊ တကယ်၊ ရိုးရိုးတွေးကြည့် လူပဲဗျာ၊ လူဖြစ်ချင်တာပေါ့၊ လူ့အရည်အချင်းကို ဖော်ထုတ်ချင်တယ်၊ လူ့အခွင့်အရေး ရချင်တယ်၊ ဒါ … အဆန်းလားဗျာ၊ ကိုနွားကြီး၊ ဒါ မွေးရာပါဗျ''

နွားကြီးသည် ကျွန်တော့်အား နားငြီးလာဟန်ရှိသည်။ နှာပြင်းပြင်း နှစ်ခါမှုတ်၊ အမြီးကို သွင်သွင်ရမ်းလျက် ထွက်သွားဟန်ပြုပြီးမှ ဆက်စား၏။

''တကယ်တော့ဗျာ၊ ဖိနှိပ်မှုကို မကြိုက်တော့ လွတ်လပ်မှုကို လိုချင်တာပေါ့၊ အားလုံး ညီအစ်ကို မောင်နှမ ဖြစ်ချင်တာပေါ့၊ အပြန်အလှန် အကျိုးပြုချင်တာပေါ့။ ကိုနွားကြီး ခင်ဗျား ကျုပ်ကို စကားပြန်မပြောဘူး၊ မသိကျိုးကျွံ လုပ်နေတယ်၊ ဒါ ပြေလည်မယ့် အကြောင်းမဟုတ်ဘူးဗျ၊ အေးလေ ခင်ဗျားက နွားဆိုတော့ လူကို လေးစားရကောင်း သိမယ်မဟုတ်ဘူး''

နွားကြီးသည် ခွာယက်လာ၏။ ငါကန်လိုက်ရဟု သူအောက်မေ့လာဟန်တူသည်။ ဒါနဲ့ ကျွန်တော် ချော့ပါသည်။ ကျွတ် … ကျွတ်… ကျွတ် ။

''ကဲ- ကျုပ်ပြောဦးမယ်ဗျာ၊ ခင်ဗျားတို့ နွားတွေဟာ လူကို(အထူးသဖြင့် ဗမာပြည်မှာ) အလွန် အကျိုးပြုတာပါ၊ နွားသိက္ခာ အကျမခံပါနဲ့၊ ကျုပ်ပြောတာ နားထောင်ပါ''

ဤအချိန်တွင် စာရေးသူသည် နွားစကားမပြောဘဲ၊ လူစကားဖြင့်သာ နွားကို ချဉ်းကပ်ပါသည်။

''ကိုနွားကြီး … ကျွန်တော် ခင်ဗျားကို မေးမယ်၊ ခင်ဗျား လူတစ်ယောက်ကို အထင်သေးဘူးလား၊ ခင်ဗျား လူတစ်ယောက်ကို အကျိုးပြုဖူးလား၊ ခင်ဗျား သူ့ဘာသာတရားကို အလေးအနက်ထားတတ်သလား၊ ခင်ဗျား သူ့ကိုယ်ပိုင်အခွင့်အရေး လေးစားဖူးသလား၊ တကယ်တော့ - ခင်ဗျား...... ''

ကျွန်တော့်စကားမပြီးမီ ကိုနွားကြီးသည် နောက်ထပ် မစင်နှစ်ပုံ စွန့်၍ ကျွန်တော့်အား ဂျိုကြည့်ကြည့်ကာ ထွက်ခွာသွားလေသတည်း။

ကောင်းကင်သည် ညိုပြီ။ စိတ်တွေလည်း ညောင်းလာပြီ။ နွားနှင့်ကလည်း စကားပြောမရ။ နွားနှင့် စကားပြောရသည်မှာ ''ကျွဲပါးစောင်းတီး'' ။

သြော် - နွားတွေ နွားတွေ၊ နွားတို့သည်ကား အဟိတ်တိရစ္ဆာန်များသာ ဖြစ်ကြသည်ကိုး။ ဒီမိုကရေစီလည်းမသိ။ သပိတ်လည်း နားမလည်။ တရားသောစကားလည်း နားမဝင်။ ၎င်းတို့၏ဝါဒနှင့် လုပ်ငန်းကား သံသရာတလျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက်လိုက်ကြရန်သာ တတ်ကြလေတော့သတည်း ........။

× × × × ×

by San Maung on Saturday, December 4, 2010 at 10:35am

**Naing**

http://yoma3blog.blogspot.com/

ဝန်ခံချက်စာအခင်းအကျင်းကို ၁၉၇ဝ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်း၊ စာမျက်နှာ ၅၇ ရှိ ''မောင်ညိုမြ'' ၏ ဝတ္ထုတိုမှ မှီငြမ်းပါသည် ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)