ဒီလိုနဲ့ အခြေအနေအရပ်ရပ်အပေါ် နားလည်သွားပုံရှိတဲ့ ထိုင်းအာဏာပိုင်တွေဟာ မွန်းလွဲ (၁း၃၀)နာရီကစပြီး ကယ်ဆယ်ရေးစခန်းအနီးက ၀ပ်မဟာဝုန်ဘုန်းကြီးကျောင်း (နဂါးနှစ်ကောင်ကျောင်း)အတွင်းမှာရော၊ အပြင်မှာပါ ရစ်သီရစ်သီနဲ့ မြန်မာပြည်ဘက်ကမ်း (ဖလူးလေးရွာ၊ မင်းလက်ပန်ရွာ)တွေဆီ မပြန်ဘဲ နေကြသူတွေကို ပြန်ခေါ်ပါတယ်။ ကဲ… ပြောတဲ့စကားက ကြည့်ပါဦး။ `ဟိုဘက်ကမ်းမပြန်ရဲ့တဲ့သူတွေ၊ စခန်းထဲပြန်ဝင်ကြ´တဲ့ ခင်ဗျ။ ဒီလိုနဲ့ လူ (၃၀၀)လောက်ပြန်လာကြပြီး လူ (၁၀၀၀)ကျော်ရှိတဲ့အထဲက လူ (၃၀၀)လောက်ပဲ ယာယီကယ်ဆယ်ရေးစခန်းမှာ လက်ရှိ ရှိပါတော့တယ်။
ကိုင်း… ပြောနေကြာပါတယ်။ ၅ ဘတ်ဂိတ်ရဲ့ လက်ရှိအခြေအနေ၊ ၁၀-ဘတ်ဂိတ်ရဲ့ လက်ရှိအခြေအနေအပါအ၀င် `မယ်ခေါင်ကင်းရွာ´ ယာယီကယ်ဆယ်ရေးစခန်းနဲ့ ဒီကနေ့ အခြေအနေကို ဟောဒီဓာတ်ပုံတွေက ပြောပြပါလိမ့်မယ်။
**သတင်းမှတ်တမ်း (မြန်မာပြည်သား)**

**၅ ဘတ်ဂိတ် ပတ်ဝန်းကျင်ကစစ်ပြေးဒုက္ခသည်တွေလေ**

**၀ပ်မဟာဝုန် ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်မှာ**

**ထိုင်းအာဏာပိုင်တွေက အတင်းပြန်ခိုင်းတာမို့ နေရပ် ဆီ ပြန်ခဲ့ကြတဲ့စစ်ပြေးဒုက္ခသည်တွေလေ..**

**၀ပ်မဟာဝုန် ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်မှာ မြန်မာပြည်ဘက်ကမ်း(မင်းလက်ပန်၊ဖလူးကြီး)ရွာတွေဆီကိုမပြန်ရဲလို့ 
အတင်းခိုကပ်နေကြသူတွေ လေ.**

**၀ပ်မဟာဝုန် ဘုန်းကြီးကျောင်း ရှေ့ ကဇရပ်မှာ မပြန်ရဲ လို့ ခိုကပ်နေကြသူတွေ** .

**့ရေလယ် ရောက်နေသူတွေ မှာ **

**၁၀ ဘတ်ဂိတ်မှာ ထိုင်းစစ်တပ်နဲ့  ပြည်သူစစ် က မောင်းထုတ်လို့ ပြန်ကြရတဲ့ မင်းလက်ပန် နဲ့ ဖလူး၇ွာသားတွေ**

**၁၀ ဘတ်ဂိတ် ရဲ့ ဟိုဘက်ကမ်းက မင်းလက်ပန် ရွာ ကိုလှမ်းမြင်ရပုံ**

+++ ထိုင်းအာဏာပိုင်တွေက အတင်းပြန်ခိုင်းတာမို့ နေရပ် ဆီ ပြန်ခဲ့ကြသော်လည်း ဖလူးလေးရွာဘက်က လက်နက်ကြီးသံတွေကကြားနေရဆဲမို့ ရေလယ် ရောက်နေသူတွေ မှာ ဘယ်လို ခံစားနေကြ မှာပါလဲ ..။

**ထိုင်းစစ်တပ်နဲ့  ပြည်သူစစ် က မောင်းထုတ်လို့ ပြန်ကြရတဲ့ မင်းလက်ပန် နဲ့ ဖလူး၇ွာသားတွေ**
ဟုတ်ကဲ့ပါခင်ဗျား….။ ။ `ကူညီတယ်၊ ကယ်ဆယ်တယ်၊ လူသားချင်းစာနာထောက်ထားတယ်´စသဖြင့် လူ့အခွင့်အရေးစာမေးပွဲကြီးမှာ အမှတ်ပြည့်နီးပါးရခါနီးတဲ့ ထိုင်းစစ်တပ်အပါအ၀င် ထိုင်းပြည်သူ့စစ်၊ ထိုင်းဒေသခံ မြို့စောင့်တပ်ဖွဲ့၊ တွေပါဝင်တဲ့ `ထိုင်းအာဏာပိုင်အဖွဲ့များ´ဟာ’’ငါ့သမီး လေးတော်လှချည့်၊ယောက်မမြင်းစီးထွက်ဆိုသလို ၊လူအခွင့်အရေးချိုးဖောက်ခဲ့ကြပါပြီ။ဒီဖြစ်ရပ်ကတော့ မယ်ခေါင်ကင်း ရွာ ယာယီကယ်ဆယ်ရေးစခန်းထဲကလက်ရှိ နေထိုင်သူ စစ်ပြေးဒုက္ခသည် ၁၀၀၀လောက်ကို ဒီကနေ့ မွန်းလွဲ (၁၂း၀၀)နာရီမှာ `မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ် ညှိုနှိုင်းပြီးပြီ၊ ဒါကြောင့် နေရပ်ရင်း ကျေးရွာတွေကို ပြန်လို့ရပြီ´ ဘာညာနဲ့ ဆက်သွယ်ဖြစ်ကြပုံရပါတယ်။ ဒီလိုနဲ့ပဲ (၁၂း၀၀)နာရီမှာ မဲခေါင်ကင်းရွာ ကယ်ဆယ်ရေး စခန်းကနေ စစ်ပြေးဒုက္ခသည်တွေက အထုပ်အပိုးကိုယ်စီနဲ့ သောင်ရင်းမြစ်ကမ်းနား (၁၀-ဘတ်ဂိတ်)ကိုပဲ ဆင်းခါရှိသေးတယ်။ (၁၂း၃၀)နာရီမှာ ဖလူးလေးရွာဘက်က လက်နက်ကြီးသံတစ်ချက်ကြားရပြီး ရေလယ်ကိုရောက်နေတဲ့ စက်လှေတွေကလည်း အခုပဲ နောက်ပြန်လှည့်ရတော့ မလိုလို၊ ၁၀-ဘတ်ဂိတ် (ကုတို့ဆိပ်)မှာ ထိုင်းစစ်တပ်ခြံရံပြီး လိုက်ပါလာတဲ့ စစ်ပြေးဒုက္ခသည်တွေမှာလည်း အထိတ်တလန့်နဲ့ ပေါ့ဗျာ။
ဒီလိုနဲ့ အခြေအနေအရပ်ရပ်အပေါ် နားလည်သွားပုံရှိတဲ့ ထိုင်းအာဏာပိုင်တွေဟာ မွန်းလွဲ (၁း၃၀)နာရီကစပြီး ကယ်ဆယ်ရေးစခန်းအနီးက ၀ပ်မဟာဝုန်ဘုန်းကြီးကျောင်း (နဂါးနှစ်ကောင်ကျောင်း)အတွင်းမှာရော၊ အပြင်မှာပါ ရစ်သီရစ်သီနဲ့ မြန်မာပြည်ဘက်ကမ်း (ဖလူးလေးရွာ၊ မင်းလက်ပန်ရွာ)တွေဆီ မပြန်ဘဲ နေကြသူတွေကို ပြန်ခေါ်ပါတယ်။ ကဲ… ပြောတဲ့စကားက ကြည့်ပါဦး။ `ဟိုဘက်ကမ်းမပြန်ရဲ့တဲ့သူတွေ၊ စခန်းထဲပြန်ဝင်ကြ´တဲ့ ခင်ဗျ။ ဒီလိုနဲ့ လူ (၃၀၀)လောက်ပြန်လာကြပြီး လူ (၁၀၀၀)ကျော်ရှိတဲ့အထဲက လူ (၃၀၀)လောက်ပဲ ယာယီကယ်ဆယ်ရေးစခန်းမှာ လက်ရှိ ရှိပါတော့တယ်။
ကိုင်း… ပြောနေကြာပါတယ်။ ၅ ဘတ်ဂိတ်ရဲ့ လက်ရှိအခြေအနေ၊ ၁၀-ဘတ်ဂိတ်ရဲ့ လက်ရှိအခြေအနေအပါအ၀င် `မယ်ခေါင်ကင်းရွာ´ ယာယီကယ်ဆယ်ရေးစခန်းနဲ့ ဒီကနေ့ အခြေအနေကို ဟောဒီဓာတ်ပုံတွေက ပြောပြပါလိမ့်မယ်။
**သတင်းမှတ်တမ်း (မြန်မာပြည်သား)**
**၅ ဘတ်ဂိတ် ပတ်ဝန်းကျင်ကစစ်ပြေးဒုက္ခသည်တွေလေ**
**၀ပ်မဟာဝုန် ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်မှာ**
**၀ပ်မဟာဝုန် ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်မှာ**
**ထိုင်းအာဏာပိုင်တွေက အတင်းပြန်ခိုင်းတာမို့ နေရပ် ဆီ ပြန်ခဲ့ကြတဲ့စစ်ပြေးဒုက္ခသည်တွေလေ..**
**၀ပ်မဟာဝုန် ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်မှာ မြန်မာပြည်ဘက်ကမ်း(မင်းလက်ပန်၊ဖလူးကြီး)ရွာတွေဆီကိုမပြန်ရဲလို့ 
အတင်းခိုကပ်နေကြသူတွေ လေ.**
**၀ပ်မဟာဝုန် ဘုန်းကြီးကျောင်း ရှေ့ ကဇရပ်မှာ မပြန်ရဲ လို့ ခိုကပ်နေကြသူတွေ** .
**့ရေလယ် ရောက်နေသူတွေ မှာ **

**၁၀ ဘတ်ဂိတ်မှာ ထိုင်းစစ်တပ်နဲ့  ပြည်သူစစ် က မောင်းထုတ်လို့ ပြန်ကြရတဲ့ မင်းလက်ပန် နဲ့ ဖလူး၇ွာသားတွေ**
**၁၀ ဘတ်ဂိတ် ရဲ့ ဟိုဘက်ကမ်းက မင်းလက်ပန် ရွာ ကိုလှမ်းမြင်ရပုံ**
+++ ထိုင်းအာဏာပိုင်တွေက အတင်းပြန်ခိုင်းတာမို့ နေရပ် ဆီ ပြန်ခဲ့ကြသော်လည်း ဖလူးလေးရွာဘက်က လက်နက်ကြီးသံတွေကကြားနေရဆဲမို့ ရေလယ် ရောက်နေသူတွေ မှာ ဘယ်လို ခံစားနေကြ မှာပါလဲ ..။
**ထိုင်းစစ်တပ်နဲ့  ပြည်သူစစ် က မောင်းထုတ်လို့ ပြန်ကြရတဲ့ မင်းလက်ပန် နဲ့ ဖလူး၇ွာသားတွေ**
No comments:
Post a Comment