ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, December 7, 2010

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

>
** တော့တင်ဟမ်ကစားသမား ဂါရတ်ဘေးလ်အား မန်စီးတီးကမ်းလှမ်း **
မန်ချက်စတာစီးတီး အသင်းသည် တော့တင်ဟမ်ဟော့စပါး တောင်ပံလူ ဂါရတ်ဘေးလ်အား ကြီးမားသော ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ စီးတီးသည် စပါးအသင်း၏ ဘယ်ခြမ်းတွင် အထူးခြေစွမ်းပြနေသည့် ဝေလလက်ရွေးစင်အား ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလတွင် ပေါင်စတာလင် (၄၅)သန်းဖြင့် ကမ်းလှမ်းမည်ဟု လေသံပစ်နေသည်။ ပရီးမီးယားလိဂ်၏ ဘီလျံနာအသင်းအဖြစ် နာမည်ကျော်နေသော စီးတီးသည် လိုအပ်ပါက အသင်းမှ ကစားသမား အချို့ကိုပါ အလိုက်ပေး ကမ်းလှမ်းသွားမည်ဟုဆိုသည်။ စီးတီးက ဘယ်တောင်ပံ တိုက်စစ်ရော၊ ခံစစ်ပါ ကစားနိုင်သည့် ဂါရတ်ဘေးလ်အတွက် တိုက်စစ်မှူး အီမန်နျူရယ်လ် အဒီဘာယောနှင့် နောက်ခံလူ ဂျိုအန်လက်စ်ကော့တ်တို့ကို စပါးသို့ အလိုက်ပေးသွားမည်ဟုဆိုသည်။ အသက် (၂၁)နှစ်ရှိ ဘေးလ်သည် စပါးသို့ ရောက်စက ခြေစွမ်းကျဆင်းမှုများကြောင့် အရံခုံတွင် အထိုင်များခဲ့သော်လည်း နောက်ပိုင်းတွင် အသင်း၏ အဓိကအကျဆုံး ကစားသမား ဖြစ်လာခဲ့သည်။ ဆောက်သမ်တန်တွင် ကစားနေစဉ်က စပါးနှင့်အပြိုင် ကမ်းလှမ်းခဲ့သည့် မန်ချက်စတာ ယူနိုက်တက်ကလည်း ဘေးလ်အား ရရှိရန် ကြိုးပမ်းနေသော်လည်း စီးတီး၏ ကမ်းလှမ်းမှုထက် ဈေးပိုပေးနိုင်ဖွယ် မရှိချေ။ စပါးအသင်းကမူ (၂၀၁၄)ခုနှစ်ထိ စာချုပ်သက်တမ်းရှိသော ဘေးလ်အား မည်သည့်အသင်းကိုမျှ ရောင်းချရန် စိတ်ကူးမရှိကြေင်း ကြေညာထားသည်။ ယူနိုက်တက်သည် ပြီးခဲ့သည့် နွေရာသီက ရီးယဲလ်မက်ဒရစ်နှင့်အပြိုင် ဘေးလ်အား ပေါင်သန်း(၂၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ရာသီကုန်တွင် ယူနိုက်တက်၏ ၀ါရင့်ကွင်းလယ်သမားကြီး ရိုင်ယန်ဂစ် အနားယူမည်ဖြစ်ရာ ဘေးလ်သည် နောက်တစ်ကြိမ်ပစ်မှတ် ဖြစ်လာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။

** ဂရမ်မီဆုအတွက် ဆန်ခါတင်အမည်စာရင်းတွင် Eminem ပါဝင် **
(၅၃)ကြိမ်မြောက် ဂရမ်မီ ဂီတဆုပေးပွဲတွင် အဆိုတော် Eminemမှာ ဆု(၁၀)ခုအတွက် ဆန်ခါတင်အဆင့် အမည်စာရင်း တင်သွင်းခံထားရကြောင်း သိရသည်။ နာမည်ကျော် Rapအဆိုတော်သည် လာမည့်နှစ်တွင် ကျင်းပပြုလုပ်မည့် အဆိုပါ ဆုပေးပွဲတွင် အကြီးအကျယ် အောင်မြင်မှု ရရှိမည်ဟု ခန့်မှတန်းမှုများ ထွက်ပေါ်လျက်ရှိသည်။ ၎င်းဆန်ခါတင်အဆင့် ထည့်သွင်းခံထားရသည့် ဆုများအနက် Recoveryအတွက် တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆု၊ အကောင်းဆုံး Recordဆုများအပြင် ရီဟန်နာနှင့် စုံတွဲသီဆိုထားသည့် Love The Way You Lieအတွက် အကောင်းဆုံး သီချင်းဆုများ ပါဝင်နေသည်။ အကောင်းဆုံး အယ်လ်ဘမ်ဆုအတွက် Eminemအနေနှင့် လေဒီဂါဂါ၊ ကေတီပယ်ရီတို့ကဲ့သို့ နာမည်ကျော်များနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သီချင်းဆုအတွက်မူ မီရန်ဒါလမ်းဘတ်၊ ဆီလိုဂရင်းတို့နှင့် အပြိုင်အဆိုင် ဖြစ်နေသည်။

** အိုဝင်ဟားဂရေ့ဗ်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် မန်ယူခွင့်ပြုဖွယ်ရှိ **
မန်ချက်စတာ ယူနိုက်တက်အသင်းသည် ယခုနှစ် ရာသီကုန်တွင် ကွင်းလယ်လူ အိုဝင်ဟားဂရေ့ဗ်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ခွင့်ပြုဖွယ် ရှိနေကြောင်း သိရသည်။ အင်္ဂလန် လက်ရွေးစင်ဟောင်း ဟားဂရေ့ဗ်သည် ဂျာမန်ကလပ် ဘေယန်မြူးနစ်မှ ယူနိုက်တက်သို့ ပေါင်(၁၇)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ၎င်း၏ ယူနိုက်တက် ကစားသမားဘ၀တလျှောက် ဒဏ်ရာများဖြင့်သာ ရုန်းကန်နေရသည်။ အသက်(၂၉)နှစ်ရှိ ဟားဂရေ့ဗ်သည် (၂၀၀၈)ခုနှစ် ဥရောပ ချန်ပီယံလိဂ် ဖလားကို ရယူခဲ့သော ယူနိုက်တက် အသင်းတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် တောက်လျှောက် ဒဏ်ရာဖြင့် နားနေရသောကြောင့် အသင်းအတွက် စုစုပေါင်း (၃၉)ပွဲသာ ကစားပေးနိုင်ခဲ့သည်။ ပင်ကိုယ်ခြေစွမ်းပိုင်း ကောင်းမွန်သည့်တိုင် ဒူးနှစ်ဖက်လုံးတွင် ထိခိုက်ဒဏ်ရာ ရထားသော ဟားဂရေ့ဗ်အား ယူနိုက်တက်က ရာသီကုန်တွင် စာချုပ်ဖျက်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။ (၂)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၀ုလ်ဗ်ဗာဟမ်ပတန် ၀မ်းဒါးရားစ်နှင့် ပွဲစဉ်အတွင်း ပထမဆုံးအဖြစ် ဟားဂရေ့ဗ် ပြန်လည် ပါဝင်လာခဲ့သော်လည်း (၆)မိနစ်အကြာတွင် ဒဏ်ရာမှ ပြန်လည်နာကျင်မှုကြောင့် လူစားလဲလိုက်ရသည့်အတွက် ယင်း၏ ကစားသမားဘ၀ ပြီးဆုံးရန် သေချာလုနီးပါး ရှိနေပြီဖြစ်သည်။ စာရင်းများအရ ယူနိုက်တက်သည် ဟားဂရေ့ဗ်အတွက် ပြောင်းရွှေ့ကြေးနှင့် လုပ်ခလစာ ပေးချေမှု စုစုပေါင်း ပေါင်စတာလင် (၃၄.၅)သန်းမျှ ကုန်ကျခဲ့ရာ ရင်းနှီးမြှုပ်နှံမှုအရ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။ ယူနိုက်တက်သည် ရာသီကုန်တွင် အသင်းလူစာရင်းကို အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေသလို ၀ါရင့်ကစားသမားများ ဖြစ်ကြသည့် ဒတ်ခ်ျဂိုးသမားကြီး အက်ဒွင်ဗန်ဒါဆား၊ အင်္ဂလန် နောက်ခံလူ ဂယ်ရီနဗီးလ်နှင့် ဝေလတောင်ပံသမား ရိုင်ယန်ဂစ်တို့ အနားယူတော့မည်ဟု ကြေညာထားသည်။ ယူနိုက်တက်သည် လက်ရှိတွင် ဒိန်းမတ်လက်ရွေးစင် ဂိုးသမား အန်းဒရက်စ် လင်ဒါဂါ့ဒ်ကို စာချုပ်ခေါ်ယူထားပြီး ဂျာမန်တောင်ပံသမား မာကိုမာရင်ကိုလည်း ကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

** မန်စီးတီးတိုက်စစ်မှူး ဘာလော့တီအား အေစီမီလန်စောင့်ကြည့် **
မန်ချက်စတာစီးတီးတွင် မတည်မငြိမ် ဖြစ်နေသော မာရီယို ဘာလော့တယ်လီကို အေစီမီလန် အသင်းက စောင့်ကြည့်နေကြောင်း သိရသည်။ ခြေစွမ်းထက်မြက်သော်လည်း ပြဿနာရှာတတ်သော ဥာဉ်ကြောင့် နာမည်ဆိုး ထွက်နေသည့် ဂါနာဖွား အီတလီလူငယ် ကစားသမားလေးမှာ လေ့ကျင့်ရေးကွင်းတွင် အသင်းဖော် ဂျာမန်နောက်ခံလူ ဂျာရိုမီဘိုတန်းနှင့် ပဋိပက္ခဖြစ်ပြီးနောက် စီးတီးတွင် အနာဂတ် မရေရာသော အနေအထားမျိုး ဖြစ်လာသည်။ အသက်(၂၀)အရွယ် တိုက်စစ်မှူးလေး၏ အေးဂျင့်ကမူ ဘာလော့တယ်လီသည် စီးတီးတွင် ဆက်ရှိနေဦးမည်ဟု ပြောဆိုထားသော်လည်း အင်တာမီလန်မှ ပေါင်(၂၅)သန်းကျော်ဖြင့် ပြောင်းရွှေ့လာသည့် ကစားသမားမှာ ဇန်န၀ါရီလတွင် မန်ချက်စတာမြေကို စွန့်ခွာနိုင်ကြောင်း သတင်းများက ခန့်မှန်းဖော်ပြခဲ့သည်။ အီတလီ စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေသည့် မီလန်သည် မြို့ခံပြိုင်ဖက် အသင်းထံမှ တိုက်စစ်မှူးဟောင်းကို ခေါ်ယူနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ မီလန်သည် အင်တာ၏ အထင်ကရ ကစားသမား ဖြစ်ခဲ့ဖူးသူ ဆွီဒင်တိုက်စစ်မှူး ဇလာတန် အီဗရာမိုဗစ်ကိုလည်း အငှားဖြင့် ရာသီကုန်တွင် စာချုပ်ရန် စီစဉ်ထားသည်။ ယင်းကဲ့သို့ ကမ်းလှမ်းမှုမျိုးဖြင့် ဘာလော့တယ်လီအတွက်လည်း စီးတီးသို့ အောင်မြင်စွာ ကမ်းလှမ်းနိုင်မည်ဟု မီလန်တာဝန်ရှိသူများက ယုံကြည်နေသည်။ စီးတီးမှ တာဝန်ရှိသူ တစ်ဦးက ဘိုတန်းနှင့် ဘာလော့တယ်လီတို့ကြား ပြေလည်မှု ရရှိသွားပြီဟု ပြောကြားခဲ့သော်လည်း ဘာလော့တယ်လီ စီးတီးမှ ထွက်ခွာမည်ဆိုသော သတင်းမှာ ပိုမိုကြီးထွားလာနေဆဲဖြစ်သည်။

** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)