**(အရက်သမားလောက ဟာသများ)**
လူတစ်ယောက်သည် အမှုးလွန်ကာ ယိုင်ထိုး၊ ယိုင်ထိုး ဖြစ်နေ၏။ သူလှည့်သောက် သည့်ဆိုင်တွေကလည်း ကုန်သလောက်ဖြစ်နေပြီ။ ဘုံဆိုင်တွေ အားလုံးပိတ်သော အခါသူသည် အိမ်မပြန်ဘဲ လမ်းပျော်မလေးတစ်ယောက်နှင့် အတူနေလိုက်သည်။ မနက်ငါးနာရီထိုး သူအိမ်ပြန်ရောက်သွားသောအခါ သူ့မိန်းမ မအိပ်သေးဘဲစောင့်နေ သည်ကို တွေ့လိုက်ရသည်။ ထိုအခါ အရက်သမားသည် မမှုးသလိုလို၊ ဘာလိုလိုနှင့် အ၀တ်အစားတွေ ချွတ်သည်။ ရုတ်တရက် သူ့မိန်းမက လှမ်းပြောလိုက်သည်။
“ဘုရားသခင်၊ ရှင့် အတွင်းခံဘောင်းဘီ ဘယ်ရောက်သွားလဲ”
ထိုအခါ အရက်သမားက သူ့အောက်ပိုင်းကို ငုံ့ကြည့်လိုက်ပြီး အလျင်အမြန် စဉ်းစား ကာ ပြန်ဖြေလိုက်သည်။
“အို၊ ဘုရားသခင်။ ကိုယ် အလုခံလိုက်ရပြီ”
...........................................................................
**တောသူမလေး **

No comments:
Post a Comment