ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 4, 2011

ဖိနှိပ်မှုအောက်ကလွတ်လပ်ရေး .....by ဖိုး သိကြား .......

>
"ကနေ့ လွတ်လပ်ရေးရလို့ တနှစ်ပြည့် အထိမ်းအမှတ်နေ့ ဒီပြည်သူ့အစည်းအဝေးပွဲကြီးမှာ

ကျွန်တော် အစိုးရအဖွဲ့ဝင်တဦးအနေနဲ့မဟုတ်ဘဲ ပြည်သူပြည်သားတဦးအဖြစ် အရေးကြီး

တဲ့စကားတွေကို ပြည်သူများရဲ့ အကျိုးကိုမျှော်ကိုးပြီး ပြောလိုပါတယ်။ အခုဗမာပြည်လွတ်

လပ်ရေးရတာ တနှစ်စေ့လာပြီ။ ဒီအတောအတွင်းမှာကျုပ်တို့ဘာတွေ့ကြရသလဲ..အမှန်ပြော

ရရင်တော့ ကျုပ်တို့တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတဲ့အရသာကို မခံစားရသေး

ဘူး.ခံစားရတဲ့လူတွေဟာလဲ လူနဲစုသာဖြစ်တယ်။ အဲဒီလူနဲစုတွေထဲမှာ ဘယ်သူတွေလဲဆို

လို့ရှိရင် ကျွန်တော်ပါအပါအ၀င် ကျုပ်တို့အထက်က အစိုးရအရာရှိကြီးတွေ၊ဒီလူတွေကို ကပ်

မြှောင်ပြီး စားနေတဲ့လူတွေ၊အမြတ်အစွန်းကြီးကြီးယူပြီး လူတွေရဲ့ဒုက္ခကို ရင်းနှီးပြီး စားနေတဲ့

ခေတ်ပျက်သူဌေးတွေ အဲဒါတွေလောက်ပဲ...အဲဒီတော့ တိုင်းသူပြည်သားတွေ စိတ်ထဲမှာ

မေးကြမြန်းကြလိမ့်မယ်။ အမှန်ကတော့ အခုလွတ်လပ်ရေးဟာ အများသိကြတဲ့ စာပေါ်လွတ်

လပ်ရေးပဲ ရှိသေးတယ်။ လက်တွေ့သဘော အထည်နဲ့ကိုယ်၊ဒြပ်နဲ့ အကောင်အထည် မမြင်ရ

မတွေ့ရ၊မခံစားရသေးဘူး။ ကျုပ်တို့ရှေ့ဆက်ပြီး စခန်းသွားနိုင်မှ လွတ်လပ်ရေး အကောင်အ

ထည်ကို မြင်ရလိမ့်မယ်။ အခု မမြင်ရသေးဘူး။
အထက်ပါစကားများကိုတော့လွန် ခဲ့တဲ့၁၉၄၄ခုနှစ် လွတ်လပ်ရေးနေ့တနှစ်ပြည့် အခမ်းအ

နားမှ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း ကပြောကြားခဲ့ခြင်းဖြစ်ပါ

တယ်။၎င်း လွတ်လပ်ရေးနေ့အခမ်းအနား ဆိုသည်မှာ ၁၉၄၃သြဂုတ်လ-၁-ရက်နေ့မှာ ဂျပန်

တို့ပေးခဲ့တဲ့ ရွှေရည်စိမ်လွတ်လပ်ရေးကိုဆိုလိုပါတယ်။ ကျွန်တော်တို့နိုင်ငံ လုံးဝလွတ်လပ်

ရေးရရှိခဲ့တာကတော့ အားလုံးသိကြတဲ့အတိုင်း ၁၉၄၈ဇန်န၀ါရီ ၄ ရက်နေ့မှဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ရာဇ၀င်သမိုင်းကို ပြန်လေ့လာကြည့်ကြမယ်ဆိုရင် မြန်မာအစတကောင်း

က ဆိုသလို ကျွန်တော်တို့မြန်မာတွေဟာ တကောင်းမှစ၍ သရေခေတ္တရာ၊ပုဂံ၊၊ပင်းယ၊အင်းဝ၊

ဟံသာဝတီ၊ ညောင်ရမ်း၊ ကုန်းဘောင်ဆိုတဲ့ခေတ်အဆက်ဆက် ထူထောင်လာခဲ့ကြပါတယ်။

အနော်ရထာတည်ထောင်ခဲ့တဲ့ ပုဂံခေတ်ပထမမြန်မာနိုင်ငံတော်ကြီး၊ဘုရင်နောင်တည်ထောင်

ခဲ့တဲ့ ဟံသာဝတီခေတ်ဒုတိယနိုင်ငံတော်ကြီး၊ အလောင်းဘုရားမင်းကြီးတည်ထောင်ခဲ့တဲ့ ကုန်း

ဘောင်ခေတ် တတိယနိုင်ငံတော်ကြီးများဟာ အခြားတိုင်းပြည်များအလယ်မှာ ဘုန်းလက်ရုံး၊

တန်ခိုးသြဇာများနဲ့ ပြည်စုံပြီး ခန့်ခန့်ထည်ထည်ရပ်တည်နိုင်ခဲ့ပါတယ်။

အဲဒီလို ရပ်တည်လာခဲ့ရာမှ နယ်ချဲ့အင်္ဂလိပ်တို့ဟာ ကျွန်တော်တို့တိုင်းပြည်ကြီးကို ၁၈၂၄မှာ

တကြိမ်၊ ၁၈၅၂ မှာတကြိမ်၊ ၁၈၈၅ မှာတကြိမ် ၃ကြိမ်တိုင်တိုင်ကျုးကျော့်ပြီး ကျွန်တော်တို့

တနိုင်ငံလုံးကို သိမ်းပိုက်ချိန်မှစလို့ ကျွန်တော်တို့ရဲ့နိုင်ငံကြီးဟာလည်း သူ့ကျွန်ဘ၀ လုံးလုံး

ကျရောက်ခဲ့ရပါတယ်။ကျွန်တော်တို့ တိုင်းရင်းသားသွေချင်းတွေဟာ လွတ်လပ်ရေးအတွက်

လက်နက်စွဲကိုင် တော်လှန်တိုက်ပွဲဝင်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီလိုနဲ့သူကျွန်ဘဝ

မှာ နှစ်၁၀၀ကျော်တိုင် အဖိနှပ်ခံဘ၀နဲ့ နေလာခဲ့ကြရပါတယ်။

ဒီလိုနဲ့နေလာခဲ့ကြရာမှ ၁၉၂၀ ပထမကျောင်းသားသပိတ်ကြီးမှ စတင်ပြီးအမျိုးသားရေးစိတ်

ဓါတ်တွေ ပြန်ရှင်သန်လာခဲ့ကြပါတယ်။ အဆိုပါကျောင်းသားလူငယ်တွေ စတင်တဲ့ ပထမ

ကျောင်းသားသပိတ်ကြီးဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် ပထမခြေလှမ်းပဲဖြစ်ပါတယ်။

အင်္ဂလိပ်စာရေးဆရာကြီး မောရစ်ကလစ်ဆိုသူက မြန်မာနိုင်ငံသမိုင်းတွင် ၁၉၂၀ နိုင်ငံရေး

လှုပ်ရှားမှသာမပေါ်ပေါက်ခဲ့လျှင် မြန်မာနိုင်ငံလွတ်လပ်ရေးရရန် ထိုမျှစောလိမ့်မည်မဟုတ်

ဟု ထုတ်ဖော်ေ၇းသေားခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အဲဒီ ပထမကျောင်းသားသပိတ်ကြီးမှစ

တင်လို့ မြန်မာတို့ရဲ့အမျိုးသားစိတ်ဓါတ်တွေဟာ မြင့်မားလာပြီး ၁၉၂၁မှာဂျီစီဘီအေ(General

Council Burma Association) မြန်မာအသင်းချုပ်ကြီးပေါ်ထွန်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ၁၉၃၀ တောင်သူလယ်သမားအရေးတော်ပုံ၊ ၁၉၃၅မှာသခင်ဘသောင်း

ခေါင်းဆောင်တဲ့ တို့ဗမာအစည်းအရုံး၊၁၉၃၆မှာ ဒုတိယကျောင်းသားသပိတ် စသည်ဖြင့် နိုင်

ငံရေးလှုပ်ရှားမှုများ တခုပြီးတခု ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာတော့အလုပ်သမား

သပိတ်ကြီးက စတင်ခဲ့တဲ့တတိယကျောင်းသားသပိတ်နဲ့အတူ ၁၃၀၀ပြည့်အရေးတော်ပုံကြီးပေါ်

ပေါက်ခဲ့ပါတယ်။ ၁၉၃၉ မှာတော့ အင်္ဂလိပ်အခက်၊ဗမာအချက်ဟူသော ကြွေးကြော်သံနှင့်အတူ

ဗမာ့ထွက်ရပ်ဂိုဏ်း (Burma Freedom Bloc) ကိုဖွဲ့စည်းကာလွတ်လပ်ရေးအတွက် အရှိန်အ

ဟုန်မြှင့်ကာ ဆောင်ရွက်ခဲ့ကြတယ်။

၁၉၄၁မှာတော့ ဗိုလ်ချုပ်နဲ့ရဲဘော်သုံးကျိပ်တို့ဟာ ဂျပန်နိုင်ငံဟိုင်နန်ကျွန်မှာ စစ်ပညာများ

သွားရောက်သင်ယူလို့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကိုဖွဲ့စည်းကာမြန်မာနိုင်ငံလွတ်

လပ်ရေးအတွက် ဂျပန်တို့ရဲ့အကူအညီနဲ့ အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့ပြီးလွတ်လပ်ရေးကိုအရယူ

ခဲ့တယ်။ ဒါပေမယ့်ဂျပန်ပေးတဲ့ လွတ်လပ်ရေးဟာ ရွှေရည်စိမ်လွတ်လပ်ရေးသာဖြစ်တဲ့အတွက်

အထက်မှာ ရေးခဲ့တဲ့အတိုင်း ဗိုလ်ချုပ်က မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရက်စက်ရိုင်းစိုင်းလှတဲ့ ဖက်စစ်ဂျပန်ကိုတော်လှန်ဖို့ ၁၉၄၄ မှာ ဖက်စစ်

တိုကဖျက်ရေးအဖွဲ့(A.F.O) ကိုဖွဲ့စည်းပြီး ဖက်စစ်တို့ကို မြန်မာ့မြေပေါ်မှတော်လှန်ခဲ့ရပြန်တယ်။

၁၉၄၅ မှာတော့ ဖက်စစ်တွေကိုအပြီးတိုက်ထုတ်ပြီး ဖက်စစ်ဆန့်ကျင်ရေး၊ပြည်သူ့လွတ်မြောက်

ရေး(ဖဆပလ)အဖွဲ့ကြီးကို ထူထောင်ပြီးလွတ်လပ်ရေးအတွက် ကြီုးပမ်းခဲ့ရတယ်။ နောက်ဆုံး

မှာတော့ ဗိုလ်ချုပ်ဦးဆောင်တဲ့ဖဆပလအဖွဲ့ကြီးရဲ့ ကြိုးပမ်းမှုကြောင့် အင်္ဂလန်ဝန်ကြီးချုပ် မစ္စ

တာအက်တလီဟာ ဗိုလ်ချုပ်အောင်ဆန်းကိုခေါ်ပြီး မြန်မာနိုင်ငံကိုတနှစ် အတွင်းလွတ်လပ်ရေး

ပေးရန်အတွက် အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ရတယ်။

ဒါပေမယ့် အဲဒီစာချုပ်ကိုအလွယ်တကူ ချုပ်ဆိုနိုင်ခဲ့တာမဟုတ်ပါဘူး တောင်တန်းပြည်မ တ

ပေါင်းတစည်းတည်း လွတ်လပ်ရေးယူရန် သဘောတူပါတယ်ဆိုတဲ့ တိုင်းရင်းသားခေါင်း

ဆောင်တွေ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်တရပ်ထည့်သွင်းနိုင်မှသာ လုံးဝလွတ်လပ်

ရေးပေးမည် ဆိုတဲ့အချက်ပါတယ်။လုံးဝလွတ်လပ်ရေးဆိုတာ ပြည်နယ်ပြည်မမခွဲခြားပဲ လွတ်

လပ်ရေးရယူခြင်းကို ဆိုလိုတယ်။ဒါကြောင့် ဗိုလ်ချုပ်နဲ့တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်တဲ့

ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကြရတယ်။အဲဒီလိုပင်လုံစာချုပ်ချုပ်ဆိုအပြီး ရွေးကောက်

ပွဲလုပ် တိုင်းပြုပြည်ပြုလွတ်တော်ခေါ်ယူပြီး လွတ်လပ်ရေးအတွက်အသင့်ပြင်နေကြတဲ့အချိန်

မှာ ဦးစောဦးဆောင်တဲ့ မသမာသူလူတစုကြောင့် ဗိုလ်ချုပ်နဲ့ခေါင်းဆောင်ကြီးတချို့ဟာ ကျဆုံး

ခဲ့ရတယ်။

ဒါပေမယ့် သခင်နုနဲ့ကျန်ရှိနေတဲ့ ခေါင်းဆောင်တွေစုစည်းပြီး နုအက်တလီစာချုပ်ချုပ်ဆိုပြီးဗိုလ်

ချုပ်ချမှတ်ခဲ့တဲ့လမ်းစဉ်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။နောက်ဆုံးမှာတော့ ၁၉၄၈ ဇန်

န၀ါရီ-၄ ရက်နေ့မှာမြန်မာနိုင်ငံဟာသူ့ကျွန်အဖြစ်က လွတ်မြောက်ပြီး လွတ်လပ်ရေးရရှိခဲ့ပါ

တော့တယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့အတူ လွတ်လပ်ရေးကြေညာစာတမ်းကြီးကိုလည်း

ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ၎င်းကြေညာစာတမ်းကြီးမှာ..

**လွတ်လပ်ရေးကြေညာစာတမ်း**

...အောင်စေသတည်း....

၁။ မြန်မာသက္ကရ်ာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာဇ်၁၉၄၈ ခုနှစ်

ဇန်န၀ါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော

အခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်

ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့ မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော

မြေထူးမြေမြတ် လည်းဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ

မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့်

ပြည့်စုံသဖြင့် သတ္တ၀ါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော် လည်း မသုဉ်းမကုန်နိုင်

သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှ

ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည်ဖြင့် တသွေး

တသား တမိဘ ဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်

ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င် ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး

လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြ၏။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊

စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် ထို့နောက် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေး

သည် နေရောင်လ၀ါ ပမာကဲ့သို့ တဖြာဖြာတ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။

သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအင်္သချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင်

ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခေတ္တခဏ အရှိန်အ၀ါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့

သို့ ငါတို့၏လွတ်လပ်သော မြန်မာ နိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်

က ဥရောပတိုင်မှ ထွက်ပေါ်လာ၍ တကမ္ဘာလုံးကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့်

မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့မိ၍ ပဌမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်-တနင်္သာရီ၊

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ-ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေး

ရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူမြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်

ထိန်း၍လာခဲ့ကြသော ငါတို့၏ လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံဘဝ

သို့ လုံးဝရောက်ခဲ့ကြရသည်။

သို့သော် နေမင်း သူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည်

မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင်

လွင့်စင်ကွယ်ပျောက်၍ နေ၀ါလရောင်သည် ပကတိအရေကို ပြန်၍ဆောင်လေ ဘိသကဲ့သို့

ငါတို့အပေါ်၌ လွှမ်းဖုံးအုပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်

လပ်ရေး စိတ်ဓါတ်၏ အရှိန်အတောက်ကို မခံနိုင်ရာကား ခြောက်ဆယ့်တနှစ် တလနှင့် တ

ရက်သော အခိုက်အတန့် ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့

ဤအခါမှစ၍ ငါတို့သည် အသူရိန် ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်စန်း

ပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့သာယာစွာဖြင့် လုံးဝ လွတ်လပ် သော ဘ၀ထူး ဘ၀မြတ်ကို

လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင်

တိမ်ရိပ်ထင်သကဲ့ သို့သော လွတ်လပ်ရေး မဟုတ်။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့

ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန် ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်

အောင်ဆန်းနှင့်တကွ အ၀၀သော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သော

လုံ့လ၊ မလျော့သောဝိရိယ၊ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ၊

ဝဇီရစိန်သွား ကဲ့သို့ စူးရှသောသတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်

လပ်သော နိုင်ငံကြီးတို့နှင့်တန်းတူ မြူ တခြမ်းမျှ မလျော့မလို ထိုထိုသော တန်ခိုးရှိန်ဝါ

တေဇာအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အချာတည်း ဟူသော အာဏာထူးအမြတ်ကို

ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား။

ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာ

တောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝ အပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော

ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသား ဟု သမုတ်အပ်သူ

တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ရာ မြန်မာနိုင်ငံတော်တ၀ှမ်းကို တသွေး

တသားတည်းဟူသော ကြိုးထူး၊ တစိတ်တ၀မ်းတည်းဟူသော ကြိုးထူး၊ အလိုအလျောက်

သဘာဝ အထောက် အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး၊

ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင် တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်

ထောင်စုအဖြစ်ကို လက်ဆိုက်လက်ကိုင် ငါတို့အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ် မဟုတ်။

မည်သူ တဦး တယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်း မဟုတ်။ မည်သူ တဦး

တယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံ မဟုတ်။

အတိတ်ကာလက၎င်း၊ ယခုမျက်မှောက်တွင်၎င်း၊ နောင်လာ လတ္တံ့သောအနာဂတ်ကာလ၌

၎င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျား-မ မခြား

သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည်

ဟူသော လူ့ ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏

သဘောဆန္ဒအရ လူအ၀ှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေး

ကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက် မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်

သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြား သတ်မှတ်

တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာ

အရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတ

မြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့။ ယနေ့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏

မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ ယူပြီ။ တိုင်းရင်းသားအပေါင်း

တို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး၊ အဆင့်အတန်း တူညီသည့် ပြည်ထောင်စု

သမ္မတမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်

ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ

ဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်

အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့

ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစား စောင့်

စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများ

နှင့် လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤ ငါတို့ ကြေညာချက်ကို တကမ္ဘာလုံး တယောက်မကျန် ကြားသိစေသတည်း။

အထက်ပါကြေညာချက်များကို ဘယ်လောက်အထိလိုက်နာ ကျင့်သုံးနေကြသလဲဆိုတာ

အားလုံးအသိပါပဲ ခုဆိုမြန်မာနိုင်ငံကြီးလွတ်လပ်ရေးရတာ ၆၃ နှစ်ရှိခဲ့ပါပြီ။သို့သော်ငြား

ဂျပန်တို့ပေးခဲ့တဲ့ ရွှေရည်စိမ်လွတ်လပ်ရေးကဲ့သို့ပင် လွတ်လပ်ရေးမှာသူတို့ရဲ့ သတင်းစာ

စာနယ်ဇင်း မီဒီယာများထဲမှာပဲရှိနေပါတယ်။ ကျန်တဲ့ပြည်သူတွေလွတ်လပ်ဖို့အသာထား

အခြားစာပေ၊ဂီတ၊ရုပ်ရှင်၊သဘင် စတဲ့မီဒီယာများမှာပင် လွတ်လပ်စွာပြောဆိုရေးသား

ဆန္ဒဖော်ထုတ်ခွင့် ရရှိလို့လား။ အနည်းငယ်မျှသာ ဆန္ဒဖော်ထုတ်သေးတယ်..ပိတ်လိုက်

အရးယူလိုက်ကြတာ..ဘယ်မှာလဲစစ်မှန်တဲ့လွတ်လပ်ရေး?? ဘယ်မှာလဲ တရားမျှတတဲ့

လွတ်လပ်ရေး??

ဗိုလ်ချုပ်ပြောခဲ့သလိုပါပဲ..တကယ်လွတ်လပ်ရေးရရှိနေကြတကတော့ အာဏာရှင်လူတစု

နဲ့ ၎င်းတို့ကို မှီခိုမြှောက်ပင့်စားသောက်နေကြတဲ့ လူများပဲဖြစ်ပါတယ်။သူတို့တွေကတော့

လွတ်လပ်စွာ ဖမ်းဆီးခွင့်၊ လွတ်လပ်စွာနှိပ်စက်ခွင့်၊ လွတ်လပ်စွာရိုင်းစိုင်းခွင့်၊ လွတ်လပ်စွာ

ရက်စက်ခွင့်၊ လွတ်လပ်စွာယုတ်မာခွင့်တွေကို တွင်တွင်သုံးနေကြတာ အားလုံးအသိပါပဲ

ကျန်တဲ့ပြည်သူများအတွက် လွတ်လပ်ရေးကတော့ အမှောင်ထဲမှာပဲ ရှိနေပါသေးတယ်။

ခုဆိုရင် ကျွန်တော်တို့တိုင်းပြည်ကြီးမှာ ကျင့်သုံးနေတဲ့ဆောင်ပုဒ်ကတော့

ဘုန်းကြီးဆွမ်းကပ် ၃နှစ်ဖြတ်..ဝေဒနာရှင်အားပေး လွှင့်ခွင့်မပေး..

မေတ္တာပို့သော်ဖမ်းမယ်နော်..ဆန္ဒဖော်ထုတ် ထောင်ထဲကုပ် ဆိုတဲ့ဆောင်ပုဒ်တွေပါပဲ...

ကျွန်တော်တို့ပြည်သူတွေမှာ မေတ္တာပို့တာတောင်ရဲရဲဝံ့ဝံ့မပို့နိုင်တဲ့ဘ၀ပါ..ဒါပေမယ့် တိုင်း

ပြည်သစ္စာဖောက်စာရင်းဝင် ငဖားမင်းဆွေလို လူမျိုးကျတော့လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်

လွတ်လွတ်လပ်လပ် ရရှိနေပါတယ်..ဒါကြောင့်ဘယ်မှာလဲ တန်းတူညီမျှတဲ့လွတ်လပ်ရေး။

ဥပဒေရဲ့ အထက်မှာ မည်သူမျှ မရှိစေရ လို့ပါးစပ်ကတွင်တွင်ပြောပြီး လက်ရှိကျင့်သုံးနေတာ

ကတော့ ဥပဒေရဲ့အထက်မှာ အာဏာတည်ရှိတယ်ဆိုပြီး အာဏာတွေကိုအလွဲသုံးစားနဲ့ လုပ်

ချင်တိုင်းလုပ်ပြီး အုပ်ချုပ်နေတာကတော့ အထင်အရှား မြင်တွေ့နေရပါတယ်။

တိုင်းရင်းသားလူမျိုးတွေအပေါ်မှာလဲ မဟာဗမာလူမျိုးကြီးဝါဒ ကျင့်သုံးပြီး ဖိနှိပ်ချုပ်ခြယ်ခဲ့

လို့ ခုဆိုရင် တချို့တိုင်းရင်းသားတွေဟာ ဗမာဆိုရင် မကောင်းမြင်နေကြပါဘီ.သူတို့ရဲ့ သွေး

ခွဲမှုကြောင့် တိုင်းရင်းသားတွေသွေးချင်းတွေ အချင်းချင်းရန်သူတွေပမာ အထင်အမြင်တွေလွဲ

နေခဲ့ရဘီ..ဒီနေရာမှာတခုပြောချင်တာက ကျွန်တော်တို့ဗမာလူမျိုးတွေဟာ ကျန်တဲ့တိုင်း

ရင်းသားလူမျိုးတွေအပေါ်မှာ တန်းတူရည်တူသဘောထားပါတယ်။ အခွင့်အရေးဟူသမျှ

ကိုလည်း တိုင်းရင်းသားသွေးချင်းညီအစ်ကိုတွေနဲ့ သာတူညီမျှခံစားလိုပါတယ်။ ပင်လုံ

စာချုပ်မှာပါဝင်တဲ့ အချက်အလက်တွေကိုလည်း အရေးထားလေးစားပါတယ်။ ဒါဟာ

ကျွန်တော်တို့ဗမာအားလုံးရဲ့ ဆန္ဒသဘောထားပါ။ ဒါ့ကြောင့်တိုင်းရင်းသားသွေးချင်းတို့

အနေနဲ့ စစ်အာဏာရှင်တွေရဲ့ ယုတ်မာရက်စက်မှုကြောင့် ကျွန်တော်တို့ဗမာလူမျိုးတွေအ

ပေါ် အထင်မြင်မလွဲကြဖို့၊ လက်တဆုပ်စာ စစ်အာဏာရှင်တွေကို ကျွန်တော်တို့ဗမာလူမျိုး

တွေနဲ့ခွဲခြားမြင်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

ခုဆိုရင် ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ အမေစုဟာပြည်သူတွေရှေ့မှောက်ကို ပြန်လည်

ရောက်ရှိနေပါပြီ။ အမေစုရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ညီအစ်ကိုသွေးချင်းအား

လုံး စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်အောင်ကြိုးစားကြပါစို့။ အမေစု

ကြီုးပမ်းနေတဲ့ တိုင်းရင်းသားအားလုံး ရင်ကြားစေ့ရေးအတွက် ရည်ရွယ်တဲ့ဒုတိယပင်လုံ

ညီလာခံကြီး အောင်မြင်ဖြစ်ထွန်းဖို့ကိုလည်း ၀ိုင်းဝန်းထောက်ခံအားပေးကြပါစို့..အမေစု

ညွန်ပြတဲ့ လမ်းစဉ်အတိုင်း စနစ်တကျနဲ့ စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်သွား

ကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မလွတ်လပ်သေးတဲ့ လွတ်လပ်ရေးဟာကျွန်တော်တို့လက်

ဝယ်ကို ရောက်ရှိလာမယ်ဆိုတာ မလွဲဧကန်ပါပဲ..ဒါကြောင့်ကျွန်တော်တို့အားလုံး ကိုယ်စွမ်း

ဥာဏ်စွမ်းရှိသရွေ့ မိမိတတ်နိုင်တဲ့ဘက်က တိုင်းပြည်နဲ့လူမျိုးအတွက် ကျွန်တော်တို့အားလုံး

ရဲ့စစ်မှန်တဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းကြပါစို့...

စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်မှုအောက်ရောက်ရှိနေတဲ့ ကျွန်တော်တို့ပြည်သူအများ မလွတ်လပ်

သေးတဲ့ ၆၃နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုရင်း...

အားလုံးကို ချစ်ခင်လေးစားတဲ့...ဖိုးသိကြား (၃-၁-၂၀၁၁)

အာဏာရှင်စနစ်ကျဆုံးပါစေ..

မြန်မာပြည်သူ/သားအားလုံး စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ပါစေ..

ကိုးကား။ ။အောင်သန်း၏အောင်ဆန်း

**by San Maung **
on Tuesday, January 4, 2011

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)