(ရေခဲတုံးအတွင်းမှ ခွေးအား တွေ့ရစဉ်)
**ဗြိတိသျှ-ကိုလံဘီယာဖွား အမျိုးသားတစ်ဦး၏ အိမ်ရှေ့မြက်ခင်းပေါ်တွင် ခွေးတစ်ကောင်အား ရေခဲတုံးအတွင်း ပုံသွင်းကာ ထားရှိခဲ့သည်ကို ရဲများက တွေ့ရှိခဲ့ **
ကနေဒါနိုင်ငံမှ အာဏာပိုင်များသည် ထူးထူးခြားခြား တိရစ္ဆာန်ညှင်းဆဲ သတ်ဖြတ်မှု တစ်ခုကို စုံစမ်းနေကြောင်း သိရသည်။ ဗြိတိသျှ-ကိုလံဘီယာဖွား အမျိုးသားတစ်ဦး၏ အိမ်ရှေ့မြက်ခင်းပေါ်တွင် ခွေးတစ်ကောင်အား ရေခဲတုံးအတွင်း ပုံသွင်းကာ ထားရှိခဲ့သည်ကို ရဲများက တွေ့ရှိခဲ့သည်။ ဇန်န၀ါရီလ (၁၅)ရက်နေ့က ရေခဲတုံးကြီးထဲ ရုပ်လုံးသွင်းခံထားရရှာသည့် သနားစရာခွေး၏ ရုပ်အလောင်းကို တွေ့ရှိပြီးနောက် အိမ်ရှင်က ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ကြောင်း ဗြိတိသျှ-ကိုလံဘီယာ ရဲဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာဆီမိုရီယက်တီက ပြောကြားခဲ့သည်။
ခွေးတစ်ကောင်လုံး ထည့်ထားသည့် ရေခဲတုံးကြီး ထိုအိမ်ရှေ့ ရောက်နေခြင်း၏ အကြောင်းကိုမူ မသိရသေးချေ။ “တော်တော်ရက်စက်ပြီး အကြင်နာတရားမရှိတဲ့ လုပ်ရပ်ပါပဲ။ ခွေးကို အလုံပိတ်ထားတဲ့ ရော်ဘာပုံးကြီးတစ်ခုထဲထည့်ပြီးတော့ ရေအပြည့်ဖြည့်ခဲ့ပုံပါ။ ပြီးတော့ ဒီရေတွေကို ခဲတဲ့အထိ အအေးခံလိုက်တော့ ခွေးကို ရေခဲရိုက်ပြီးသား ဖြစ်သွားတာပေါ့။ သေသွားရှာတာက အလတ်စားလောက်ရှိတဲ့ အမည်းရောင် ခွေးတစ်ကောင်ပါ”ဟု သူမကဆိုသည်။ ယင်းဖြစ်ရပ်အပေါ် အမေရိကန်နှင့် ကနေဒါတို့မှ တိရစ္ဆာန်အခွင့်အရေး တောင်းဆိုသည့် အဖွဲ့များက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ရဲတပ်ဖွဲ့သည် ခွေးမှာ သေပြီးမှ ရေခဲရိုက်ခံရခြင်းလား၊ အရှင်လတ်လတ် ရေခဲရိုက်သဖြင့် အအေးမိ သေဆုံးခြင်းလားဆိုသော အချက်ကို ထောက်လှမ်းဖော်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။
Source: AP on GoogleNews
**meepyatite**

No comments:
Post a Comment