ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 28, 2011

အမေ(၃)ယောက်ရဲ့ ပုံပြင်

>

တစ်နေ့မှာ မိခင်(၃)ဦးဟာ စကားလက်ဆုံကျနေခဲ့တယ်။ အဲဒီထဲက မိခင်တစ်ဦးဟာ စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။

"မိသားစုတွေ ရှားရှားပါးပါးစုံတဲ့ နှစ်သစ်မှာလေ အဖေ့အလုပ်ကို အမွေဆက်ခံထားတာ မကြာသေးတဲ့သားက အသစ်စက်စက်ဇနီးနဲ့အတူ အိမ်ပြန်ရောက်လာခဲ့တယ်။ ကျွန်မတို့အားလုံး အိမ်မှာစားစရာတွေ၊ အသားကင်တွေ လုပ်စားကြတယ်။ သားက အသားကင်တွေကို တစ်ကင်ပြီးတစ်ကင် သူ့မိန်းမပန်းကန်ထဲ ပြည့်လုနီးပါး ထည့်ပေးနေခဲ့တယ်။ အမေလုပ်တဲ့ ကျွန်မပန်းကန်မှာတော့ အသားကင်တစ်ကင်မှ ရှိမနေခဲ့ဘူး။ ဒါကို သားမမြင်ခဲ့ဘူး။ ကျွန်မရင်ထဲ ဟာနေတာကို သူဘယ်တော့မှ မမြင်ခဲ့သလိုပေါ့။ လွန်ခဲ့တဲ့ လအနည်းငယ်က ပိုက်ဆံတွေတနင့်တပိုး အကုန်ခံပြီး သူ့ကို ကျွန်မတို့ မင်္ဂလာဆောင်ပေးခဲ့တယ်။ အိမ်အသစ်ဝယ်ပေးခဲ့တယ်။ သူတို့ရဲ့ စားဝတ်နေရေးတွေ ကျွန်မတို့ တာဝန်ယူခဲ့တယ်။ ဒါတောင် ကျွန်မအတွက် အသားကင်တစ်ကင် ထည့်ပေးဖော်မရခဲ့ဘူး။ ရင်နာလိုက်တာရှင်"

ပထမမိခင်ရဲ့အဖြစ်ကိုကြားတော့ ဒုတိယမိခင်ကလည်း ရင်ဖွင့်စကားဆိုပါတယ်။

"အိုး...ရှင်... ရှင်က သားရဲ့အသားကင်လေးပဲ မစားရတာပါ။ သိပ်အဖြစ် မဆိုးသေးပါဘူး။ ရှင့်ချွေးမကို ရှင်လုပ်မပေးရတာ ကံကောင်းပြီမှတ်ပါ။ ကျွန်မရဲ့ မကြာခင်ကမှ နိုင်ငံခြားကပြန်လာခဲ့တဲ့ သားကလေ ကျွန်မကျိုနိုင်ငံခြားကနေ သော့တွဲတစ်တွဲ လက်ဆောင်ဝယ်ပေးခဲ့သတဲ့။ သူ့နှမကိုလည်း သော့တွဲလက်ဆောင်တဲ့။ ဟော.. သူ့ချစ်သူအတွက်ကျတော့ လစာနှစ်လစာအကုန်ခံပြီး Cartier မိန်းမပတ်နာရီတစ်လုံး ဝယ်ပေးတယ်လေ။ သူက ကျွန်မကိုမေးသေးတယ်။ နာရီ အဖိုးနည်းသေးလားတဲ့? နည်းတယ်ထင်ရင် ကျွန်မကိုပေးပြီး နင့်ကောင်မလေးကို သော့တွဲပေးလိုက်ပါလားလို့ ကျွန်မရွဲ့ပြီး ပြောလိုက်တယ်။ တကယ်လို့ နင့်ကောင်မလေးက နင့်ကိုတကယ်ချစ်ရင် သော့တွဲပေးပေး ဘာပေးပေးယူမှာပေါ့လို့ဆိုပြီး နာရီကို ကျွန်မလုယူလိုက်တယ်လေ။ ဒါကို ကိုယ်တော်ချောက ကျွန်မကို စိတ်ဆိုးတယ်။ တွန်းတယ်လေ။ ကျွန်မအဖြစ်ကမှ ပိုရင်နာဖို့ ကောင်းတာပါရှင်...."

မိခင်နှစ်ဦးရဲ့ရင်ဖွင့်သံကိုကြားတော့ တတိယမိခင်က သက်ပြင်းရှည်တစ်ခုကို လေးလေးသွဲ့သွဲ့ချရင်း... "တခြားရှုထောင့်ကနေကြည့်ရင် ရှင်တို့နှစ်ယောက်ရဲ့အဖြစ်က ရင်နာစရာမကောင်းပါဘူးရှင်.. သားက ကိုယ့်မိန်းမအပေါ်၊ ကိုယ့်ချစ်သူအပေါ် ကောင်းတယ်ဆိုတာ သူတို့ချင်းအရမ်းချစ်ကြိုက်ကြလို့ပေါ့။ သားကို တကယ်ချစ်တဲ့လူရှိတဲ့အတွက် ရှင်တို့ဝမ်းသာသင့်တယ်။ အချစ်ပင်လယ်ထဲ မျောနေသူနှစ်ဦးဟာ ဘေးပတ်ဝန်းကျင်ကို သိပ်သတိမထားမိတတ်ကြဘူး။ လေထုနဲ့တူတဲ့ အမေကိုပိုလို့တောင် သတိမထားမိကြပါဘူး။ အမေဆိုတာ သားသမီးတွေရဲ့ လေထု၊ အောက်ဆီဂျင်ပြတ်တဲ့အချိန်မှပဲ လေထုရဲ့အရေးပါတာကို သူတို့သိကြတယ်လေ။ အမေတွေကလည်း အမေပါပဲ။ သားသမီးတွေကို ဘယ်တော့မှ အောက်ဆီဂျင် အပြတ်မခံခဲ့ကြပါဘူး"

"ကျွန်မမှာ အသက်(၃ဝ)အရွယ် သားတစ်ယောက်ရှိတယ်။ သားရဲ့ချစ်သူက ကွန်ပြူတာပါ။ သားဟာ နေ့တိုင်းအခန်းအောင်းပြီး ကွန်ပြူတာနဲ့ပဲ ရည်းစားဖြစ်တယ်။ အိမ်ထဲအိမ်ပြင် မထွက်ဘူး။ ကျွန်မကြည့်လို့မရတာနဲ့ နေ့တိုင်း သူ့အခန်းဝင်ရှင်းပေးရတယ်။ စားစရာတွေ ယူသွားပေးရတယ်။ ဒါတောင် သူက ကျွန်မကိုရှုပ်လို့ဆိုပြီး အခန်းပြင်ဖက် မောင်းမောင်းထုတ်တယ်။ တွန်းထုတ်တယ်လေ။ ကျွန်မအဖြစ်ကမှ တကယ့်ရင်နာစရာကောင်းပါတယ်။ ဒီသားကို ဘယ်အရွယ်အထိ ကျွန်မပြုစုစောင့်ရှောက်ရမလဲ မသိတော့ပါဘူး။ တကယ်လို့ သူ့မှာသာ တကယ့်ချစ်သူတစ်ယောက်ရှိရင် အဲဒီချစ်သူကို ကျွန်မ အသားကင်ကျွေးနိုင်ပါတယ်။ Cartierနာရီလေး လက်ဆောင်ပေးနိုင်ပါတယ်"လို့ ပြောပြီး ငိုချလိုက်ပါတော့တယ်။

http://space.atmovies.com.tw/space/space.cfm?action=data&type=clist&CID=GB&sid=166681&mid=0&page=24

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)