ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, February 9, 2011

တရားမ၀င်အဖွဲ့အစည်းဖြစ်ခဲ့ပေမဲ့

>
In this Jan.16, 2010 picture Muslim Brotherhood former supreme guide Mohammed Mahdi Akef, left, and senior member Essam al-Erian second left, gesture during a presser in Cairo Egypt under a billboard showing the group's founder Hassan al-Banna, top right, and its supreme guides. The group, founded in 1928, was banned in 1954 on charges of using violence. But it has since renounced violence, expanded its international presence and participated in Egyptian elections as independents despite frequent crackdowns. Arabic read ' The Muslim Brotherhood'. Others are old group memebrs. (AP Photo/Amr Nabil)

အမေရိကန်ပြည်ထောင်စုမှာ အရှေ့အလယ်ပိုင်း နိုင်ငံရေး၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒ နဲ့ အမျိုးသားလုံခြုံရေးဘာသာရပ်တွေကို လေ့လာသင်ယူတဲ့ ကျောင်းသားတော်တော်များများဟာ“ ပရောဖက် မိုဟာမက်” “ ကိုရန် ကျမ်းစာ” နဲ့ “ ရှရီရာ” ဥပဒေသတွေကို

သင်ကြားကြရတယ်။အရှေ့အလယ်ပိုင်းမြေပုံတွေမှာ စစ်ရေး၊ စီးပွားရေးအရေ အရေးပါမဲ့နယ်မြေတွေအားလုံးကို အလွတ်ကျက်ရတယ်။

ဟက်စ်ဘိုလာ၊ ဟားမတ်စ်၊ မွတ်စလင်ညီအကိုတော်များအဖွဲ့၊ အစ္စလာမ်မစ်ဂျီဟတ် အဖွဲ့တွေအပါအဝင်၊

အော်ကိုင်းဒါး နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ယီမင်၊ ပါကစ္စတန်၊ အာဖကန် နိုင်ငံတွေဆီက အစ္စလာမ်စစ်အုပ်စုတွေရဲ့အမူအကျင့်တွေ၊ လူသစ်စုဆောင်းပုံတွေ၊ သူတို့အဖွဲ့တွေကြားက တူညီမှု၊ အငြင်းပွားမှု၊ မုန်းတီးမှုတွေကို ဆက်လက်လေ့လာကြရတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်တွေပါ။ ကိုရန်ကျမ်းနဲ့ ရှရီရာဥပဒေသတွေမှာ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့အတွက် အင်မတန်ကောင်းတဲ့ အချက်အလက်တွေကို အများကြီးတွေ့ရမှာဖြစ်သလို၊ အစ္စလာမ်ဘာသာဝင် ပညာတတ်တွေရဲ့ သူတို့နိုင်ငံအပေါ်မှာထားတဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကလည်း ကြောက်ခမန်းလိလိ ပြင်းထန်လေးနက်လွန်းတယ်။

အမေရိကန်နိုင်ငံခြားရေးမူဝါဒတွေကြောင့် ထွက်ပေါ်လာတဲ့ အကျိုးဆက်တွေကို ဆွေးနွေးအဖြေရှာကြတယ်။ ငြင်းခုန်ကြတယ်။ အနောက်အုပ်စုနဲ့ ကွန်မြူနစ်စံနစ်အပေါ်မှာ ထားတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့သဘောထားတွေကိုလည်း ထည့်သွင်းဆွေးနွေးကြတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေဆီက စာသင်ကျောင်းတွေမှာ ဒီမိုကရေစီအပြည့်ရှိနေတာအမှန်ပါ။

နိုင်ငံခြားရေးမူဝါဒအမှားတွေကို ပြင်းပြင်းထန်ထန်ဝေဖန်သူတွေကလည်း အချက်အလက်အပြည့်နဲ့ ထောက်ပြသလို၊

ကာကွယ်ခုခံသူတွေကလည်း အကိုးအကားအပြည့်အစုံနဲ့လာတယ်။

၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲဟာ အစ္စလာမ်ကမ္ဘာက လက်နက်ကိုင်အဖွဲ့အစည်းတွေကို အပြင်းအထန်စဉ်းစားစေခဲ့တယ်။ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်မှုကို ဒုက္ခပေးနေသူဟာ ဆဒန်ဟူစိန်လား၊ အနောက်တိုင်းယဉ်ကျေးမှုလား၊ အစ္စရေးနိုင်ငံလား၊ အစွန်းရောက် ဘာသာရေးအတွေးအခေါ်တွေလား ဆိုတဲ့မေးခွန်းတွေအပေါ်မှာ မဟာမိတ်ဖွဲ့လိုမှု၊ ရန်ဘက်ဖြစ်လိုမှု အမြင်တွေကွဲထွက်လာခဲ့တယ်။

ဆော်ဒီဘုရင်တွေက ဆဒမ်ဟူစိန်ရဲ့ စစ်ရေးကျူးကျော်ခြိမ်းခြောက်မှုကို စိုးရိမ်တဲ့အတွက် အမေရိကန်စစ်အခြေစိုက်စခန်းတွေကို သူတို့ရဲ့နယ်မြေထဲမှာ အခိုင်အမာတပ်စွဲခွင့်ပြုလိုက်တယ်။ တချိန်မှာ အော်ကိုင်းဒါးခေါင်းဆောင်ဖြစ်လာမဲ့ ဘင်လာဒင် ကလည်း

ဆော်ဒီဘုရင်တွေကို ခါးခါးသီးသီးဝေဖန်တိုက်ခိုက်တယ်။ ဘင်လာဒင် အပေါ်မှာ နိုင်ငံရေး၊ ဘာသာရေးအတွေးအခေါ်လွှမ်းမိုးမှုပေးနိုင်ဆုံး

အဖွဲ့အစည်းက မွတ်စလင်ညီအကိုတော်များအဖွဲ့ဖြစ်တယ်။ မွတ်စလင်ညီအကိုတော်များအဖွဲရဲ့ အဓိကခေါင်းဆောင်တဦးဖြစ်တဲ့ ပါမောက္ခတဦးနဲ့ ဘင်လာဒင်..တို့ ၁၉၉၅ မှာ ပါကစ္စတန်၊ ပက်ရှ်ဝါမြို့မှာ ဆုံဆည်းကြပြီး အော်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ကြတယ်။ ဒါပေမဲ့ အိုစမာ ဘင်လာဒင်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတခုရှိတယ်။

သူက အကြမ်းဖက်အဖွဲ့အစည်းတွေအတွင်းမှာ သြဇာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ချင်တယ်။ အော်ကိုင်းဒါး ကိုအတူတကွ စတင်တည်ထောင်သူ

မွတ်စလင်ညီအကိုတော်များခေါင်းဆောင်ပါမောက္ခကို ကားဗုံးခွဲပြီး လုပ်ကြံသတ်ဖြတ်ပစ်လိုက်သလို၊ မွတ်စလင်ညီအကိုတော်များအဖွဲ့ ရဲ့ နိုင်ငံရေးဆန်တဲ့လှုပ်ရှားမှုတွေကိုလည်း စတင်တိုက်ခိုက်ဝေဖန်လာခဲ့တယ်။ မွတ်စလင်ညီအကိုတော်များအဖွဲ့နဲ့ ဟက်စ်ဘိုလာ တို့ကလည်း သူတို့ဟာ ဘင်လာဒင်ရဲ့ အော်ကိုင်းဒါးအဖွဲ့နဲ့ မတူညီကြောင်းရှင်းရှင်းလင်းလင်းရပ်တည်ပြလိုက်တယ်။

ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုအပေါ်စစ်ဆင်ရေးဆင်နွဲခဲ့တဲ့ ဘင်လာဒင်ရဲ့ စက်တင်ဘာ (၁၁) အကြမ်းဖက်မှုကို မွတ်စလင်ညီအကိုတော်များအဖွဲ့နဲ့ ဟက်စ်ဘိုလာ တို့က ရှုတ်ချပြစ်တင်ခဲ့ကြတယ်။ သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့

နိုင်ငံခြားရေးမူဝါဒတွေအပေါ်စိတ်ဆိုးဒေါသထွက်ခဲ့ကြပေမဲ့၊ အပြစ်မဲ့ပြည်သူတွေကို လူမဆန်စွာပြုလုပ်တဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်သွားမယ်လို့ဆိုတယ်။

မွတ်စလင် ညီအကိုတော်များအဖွဲ့ဟာ၊နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးလုပ်ငန်းတွေကို တက်ကြွစွာလုပ်ဆောင်ရင်း၊ သူတို့ရဲ့အဖွဲ့အစည်းကို ခိုင်မာအောင်တည်ဆောက်ခဲ့ကြတယ်။ အီဂျစ်အစိုးရက သူတို့ကို တရားမဝင်အဖွဲ့အစည်းအဖြစ် ၁၉၅၂ လောက်ကတည်းက ပိတ်ပင်တားဆီးခဲ့ပေမဲ့၊ လက်ရှိမှာ အင်အားအကြီးမားဆုံးအတိုက်အခံအဖွဲ့အစည်းတခုအဖြစ်၊ ရပ်တည်နိုင်ခဲ့ကြတယ်။ လူထုကိုပညာပေးလှုံ့ဆော်နိုင်ခဲ့ကြတယ်။ နိုင်ငံရေးပရိယာယ်ကို ပါးပါးနပ်နပ်လျှောက်တယ်။ ဂါဇာကမ်းမြောင်မှာ အနောက်အုပ်စု

ဆန့်ကျင်ရေးအသံတွေ ဆူညံနေတဲ့ ဟားမတ်စ်၊ အစိုးရဖွဲ့တော့ ဘယ်လိုအကြပ်အတည်းတွေ့ခဲ့ရတယ်ဆိုတာကို၊သဘောပေါက်

ခဲ့ကြတယ်။ဒါကြောင့် အီဂျစ်မှာ လူထုလှုပ်ရှားမှုတွေဖြစ်ပွားလာတဲ့အခါ၊ အမေရိကန်ဆန့်ကျင်ရေးအသံတွေ ရှေ့တက်မလာဖို့ ကြိုးစားခဲ့ကြသလို၊ မွတ်စလင်ညီအကိုတော်များအဖွဲ့ရဲ့လူငယ်ခေါင်းဆောင်တွေဟာ နေရာအနှံ့မှာ စိမ့်ဝင်ထိုးဖောက်ထားကြတယ်။ ခုတော့ အီဂျစ်အစိုးရရဲ့တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းမှာသူတို့ကို လေးလေးနက်နက်ဖိတ်ခေါ်နေရတော့တယ်။

ဒီတပတ်လွတ်လပ်တဲ့ အာရှအသံရဲ့အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ မွတ်စလင်ညီအကိုတော်များအဖွဲ့အကြောင်းကိုတင်ပြထားပါတယ်။

ငါတို့မှာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောဆိုနေသရွေ့ကတော့ မျှော်လင့်ချက်မဲ့နေမှာအမှန်ပဲ။

ဒါပေမဲ့ ပြင်းထန်တဲ့ဆန္ဒတွေနဲ့အတူ၊ ယုံကြည်မှုတွေကို ခိုင်ခိုင်မြဲမြဲတည်ဆောက်လိုက်ပါ။

မျှော်လင့်ချက်တွေ တွေ့လာပါလိမ့်မယ်။

သောတရှင်များခင်ဗျား

အီဂျစ်နိုင်ငံကိုင်ရိုမြို့ရဲ့တရီရာရင်ပြင်ဆီမှာစုဝေးနေတဲ့ဆန္ဒပြသူတွေဆီ မူဘာရက်ကိုထောက်ခံသူ အကြမ်းဖက်သမားများက

မိုလိုတော့ပ်မီးလောင်ဗုံးတွေနဲ့တိုက်ခိုက်ပြီး ရုန်းရင်းဆန်ခပ်ဖြစ်အောင်ကြံစည်ခဲ့ကြပါတယ်။အမှောင်ထဲမှာ ပေါ်ထွက်လာတဲ့

သေနတ်သံတွေနဲ့အတူနိုင်ငံတကာသတင်းထောက်တွေအပေါ်နည်းပေါင်းစုံခြိမ်းခြောက်တိုက်ခိုက်ဖမ်းဆီးနေတဲ့သတင်းတွေကို

ကမ္ဘာ့ပြည်သူတရပ်လုံးက စိတ်မချမ်းမြေ့စွာမြင်တွေ့ခံစားနေရပါတယ်။ ဒါပေမဲ့မူဘာရက်အစိုးရရဲ့အကြမ်းဖက်ဖြိုခွဲမှုတွေက

အီဂျစ်ပြည်သူတွေရဲ့အလျှံညီးညီးတောက်လောင်နေတဲ့အသံတွေကိုဆိတ်ငြိမ်သွားအောင်၊ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

မူဘာရက်ဟာ တကမ္ဘာလုံးကို မထေမဲ့မြင်ပြုလုပ်နေခဲ့ပေမဲ့ တရားမျှတမှုကိုလိုလားသူတွေအားလုံးကတော့ အီဂျစ်ပြည်သူတွေနဲ့အတူရပ်တည်နေကြပါတယ်။

“ အီဂျစ်အာဏာရှင် မူဘာရက်ကိုဖြုတ်ချဖို့အတွက် ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးအဖွဲ့အပြင်၊နောက်ထပ်အရေးကြီးတဲ့အဖွဲ့

တဖွဲ့ရှိတယ်။သူတို့ကို မွတ်စလင်ညီအကိုတော်များအဖွဲ့ လို့ လူသိများကြတယ်။ ၁၉၂၈ ကတည်းက စတင်ဖွဲ့စည်းတဲ့ မွတ်စလင်ညီအကိုတော်များအဖွဲ့ဟာ အာရပ်ကမ္ဘာရဲ့အတွေးအခေါ်သမားအများအပြားကိုမွေးထုတ်ပေးခဲ့တယ်။

ဘုရားသခင်ရဲ့ဆိုဆုံးမမှုတွေကို လစ်လျူရှုထားတဲ့ အစိုးရတွေ၊အဖွဲ့အစည်းတွေအားလုံးကိုဆန့်ကျင်တိုက်ခိုက်ရမယ်။

အစ္စလာမ်ဘာသာဝင်တွေ လိုက်နာကျင့်သုံးသင့်တဲ့ ဥပဒေသများအပါအဝင်၊ Milestones လို့ခေါ်တဲ့ကျမ်းစာတွေကို ထုတ်ဝေဖြန့်ဖြူးခဲ့ကြတယ်။ တချိန်မှာ အော်ကိုင်းဒါးအကြမ်းဖက်သမားခေါင်းဆောင်ဖြစ်လာမဲ့ ဘင်လာဒင်တယောက်၊အီဂျစ်မှာ

ကျောင်းတက်နေစဉ်၊ မွတ်စလင်ညီအကိုတော်များအဖွဲ့ရဲ့ဘာသာရေး၊နိုင်ငံရေးအတွေးအခေါ်တွေဟာ သူ့ကိုလွှမ်းမိုးနိုင်ခဲ့တယ်။

ဒါပေမဲ့ မွတ်စလင်ညီအကိုတော်များအဖွဲ့ဟာ လူမှုအခွင့်အရေးတရားမျှတမှု၊ နိုင်ငံရေးလွပ်လပ်ခွင့်ဆိုတဲ့လှုပ်ရှားမှုတွေကို

ပိုမိုဇောင်းပေးလုပ်ကိုင်ကြတယ်။သူတို့ရဲ့အဖွဲ့ဝင်တွေဟာ အနောက်တိုင်းကထောက်ခံထားတဲ့ ဘုရင်စံနစ်တွေ၊ဆီးရီးယားနိုင်ငံက

ဘာ့ဒ်ပါတီ အာဏာရှင်တွေကိုဖြုတ်ချခဲ့ယုံသာမက၊ ဂါဇာကမ်းမြောင်မှာ ဟားမတ်လိုအဖွဲ့အစည်းတွေ၊နိုင်ငံရေးပါတီတွေကို

တည်ထောင်ပြီး လှုပ်ရှားကြတယ်။”

၁၉၅၄ ခုနှစ်မှာ အီဂျစ်သမ္မတ နာဆာ ကိုလုပ်ကြံမှုမှာ ပါဝင်ပါတ်သက်ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့အတူမွတ်စလင်ညီအကိုတော်များအဖွဲ့ကို

တရားဝင်ပါတီရပ်တည်ခွင့်မှ ဖျက်သိမ်းခဲ့ပါတယ်။ မွတ်စလင်ညီအကိုတော်ခေါင်းဆောင်အများအပြားဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

“ မွတ်စလင်ညီအကိုတော်များအဖွဲ့ရဲ့အဆက်မပြတ်အရှိန်အဟုန်မြင့်လုပ်ကိုင်နေတဲ့အရာ (၃) ခုရှိတယ်။

အဖွဲ့အစည်းတွင်းတည်ဆောက်မှုကို ခိုင်မာသန်စွမ်းအောင်လုပ်တယ်။ လူထုအဖွဲ့အစည်းတွေကို သန်မာလာအောင်အားဖြည့်တယ်။

နိုင်ငံရေးသီအိုရီတွေကိုအဆက်မပြတ်သင်ကြားအားဖြည့်ပြီး၊လူမှုရေး၊ ပညာရေးလုပ်ငန်းတွေမှာတက်တက်ကြွကြွပါဝင်ဖို့

ညွှန်ကြားတယ်။ အဖွဲ့အစည်းက တရားဝင်ရပ်တည်လို့မရတော့တဲ့အခါ၊ မူဘာရက်ကို ဥပဒေဘောင်အတွင်းကဝင်ပြီးတိုက်လို့ရမဲ့ တသီးပုဂ္ဂလိက နိုင်ငံရေးသမားတွေကိုအများအပြားမွေးထုတ်ပေးခဲ့တယ်။ဒါကြောင့်လည်း ၂၀၀၅ ရွေးကောက်ပွဲမှာ

ပါလီမန်လွှတ်တော်အမတ်နေရာ (၈၈) နေရာအနိုင်ရခဲ့တယ်။မွတ်စလင်ညီအကိုတော်များအဖွဲ့ရဲ့လွှတ်တော်အမတ်

ကိုယ်စားလှယ်တွေဟာ၊မူဘာရက်အစိုးရရဲ့မူဝါဒမှားယွင်းမှု၊ ခြစားမှုတွေကို ပါလီမန်ထဲမှာ ဝေဖန်တိုက်ခိုက်ကြတာကြောင့်

မူဘာရက်အစိုးရဟာနောက်ထပ်ရွေးကောက်ပွဲတွေမှာ မွတ်စလင်ညီအကိုတော်များနဲ့ပတ်သက်တဲ့နိုင်ငံရေးသမားတွေကို

ဝင်ရောက်ပါဝင်လို့မရအောင်ထိ ကြံစည်ခဲ့တော့တယ်။

တဘက်မှာတော့ မွတ်စလင်ညီအကိုတော်များအဖွဲ့ဟာ ဂါဇာကမ်းမြောင်မှာ အနောက်အုပ်စုနဲ့ထိပ်တိုက်တိုးနေတဲ့ ဟားမတ်စ်အစိုးရအဖွဲ့

ဘယ်လိုအခက်ကြုံခဲ့ရတယ်ဆိုတာ ကိုကောင်းကောင်းသဘောပေါက်နေပါတယ်။ ဒါကြောင့်လည်း အမေရိကန်ဆန့်ကျင်ရေးအသံတွေကို ဖျောက်ထားပြီး၊အနောက်တိုင်းပညာတတ်အီဂျစ်နိုင်ငံရေးသမားတွေကို အတိုက်အခံခေါင်းဆောင်နေရာတွေမှာ

တင်မြှောက်ထားခဲ့ကြတယ်။ မျိုးဆက်သစ် လူငယ်များကို စုဆောင်းမှုတွေမှာလည်း အာရုံစိုက်လုပ်ခဲ့ပါတယ်။

ပညာတတ်လူငယ်တွေဟာ ဖေ့ဘွတ် စာမျက်နှာတွေမှာ သူတို့ကိုယ်သူတို့ မွတ်စလင်ညီအကိုတော်များအဖွဲ့ဝင်တွေဖြစ်တယ် လို့ ပြောင်ပြောင်တင်းတင်းမိတ်ဆက်လာခဲ့ကြတယ်။

“၂၀၀၈ ဧပြီ (၆) ရက်နေ့ မှာနိုင်းမြစ်ဝှမ်းအလယ်ပိုင်းမှာရှိတဲ့ အယ်မဟော်လာ-အယ် ကူဘရာမြို့အထည်ချုပ်စက်ရုံအလုပ်သမားတွေဟာ

အစိုးရကိုဆန့်ကျင်ဝေဖန်ကြဆန္ဒပြကြတယ်။ လူငယ်ထုဟာ ဖေ့ဘွတ်၊ တွစ်တာနဲ့အင်တာနက်ကွန်ယက်တွေကတဆင့် အထည်ချုပ်စက်ရုံ

အလုပ်သမားတွေရဲ့ဆန္ဒပွဲကိုပူးပေါင်းထောက်ခံကြဖို့တပ်လှန့်ခဲ့တယ်။ ဧပြီလ (၆) ရက် လူငယ်ထုလှုပ်ရှားမှုအဖြစ်လူသိများတယ်လေ။ အစိုးရကလည်း စတင်လှုံ့ဆော်တဲ့“အာမက်မဟာ”နဲ့အဖွဲ့ဝင် (၁၆) ယောက်ကို ဖမ်းဆီးခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ အဖွဲ့ဝင်ပေါင်း

(၇) သောင်းကျော်ဖြစ်လာတဲ့ ဖေ့စ်ဘွတ်လူငယ်ဖိုရမ်တွေဟာ အစိုးရအရာရှိတွေရဲ့မိသားစုကောင်းစားရေးအတွက်သာ

လုပ်ဆောင်နေမှု၊ လွတ်လပ်စွာပြောဆိုရေးသားနိုင်မှုတွေကို ဆွေးနွေးငြင်းခုန်လာခဲ့ကြတယ်။

မူဘာရက်အစိုးကလည်း လူငယ်ဖိုရမ်တွေကို ဆက်တိုက် တိုက်ခိုက်ဖမ်းဆီးထောင်ချခဲ့တယ်။

ဂျန်နဝါရီ ၂၅ ရက်နေ့ဆိုတာ ရဲတပ်ဖွဲ့နေ့ဖြစ်တယ်လေဗျာ။

အစိုးရရဲ့ဖိနှိပ်မှုတွေ၊ ရဲတွေရဲ့အကျင့်ပျက်ခြစားမှုတွေကိုဖေါ်ထုတ်ဖို့အတွက် အဲ့ဒီနေ့ကိုရွေးပြီးဆန္ဒပြပွဲတွေကျင်းပဖို့စီစဉ်ခဲ့ကြတယ်။

ရဲတပ်ဖွဲ့နေ့မှာ သမိုင်းတခုကို မှတ်မှတ်ရရစပြီး စိုက်ထူလိုက်ကြတာပေါ့။

သောတရှင်များခင်ဗျား

အစိုးရက ပါတီတခုကို တရားဝင်တည်ထောင်ခွင့်မှ တားမြစ်ခဲ့ပေမဲ့၊ အဖွဲ့အစည်းတခုဟာ လူထုကြားမှာတည်ရှိနေတယ်ဆိုရင်

နိုင်ငံရေးအပြောင်းအလဲတွေဆက်လက်လုပ်ကိုင်လို့ရနေတယ်ဆိုတာ၊လတ်တလော အီဂျစ်နိုင်ငံမှာဖြစ်နေတဲ့အဖြစ်အပျက်တွေက

သက်သေခံနေခဲ့ပါတယ်။

“ ပြည်သူကိုဖိနှိပ်ဖြိုခွဲတဲ့နေ့ဟာ တော်လှန်ရေးစတင်လိုက်တဲ့နေ့ပဲဖြစ်တယ်ဆိုတဲ့အကြောင်း မူဘာရက်သိစေရမယ်” တဲ့။

ကိုရိုမြို့ဆီက ပျံဝဲနေတဲ့အီဂျစ်ပြည်သူတွေရဲ့စိတ်ဓါတ်ဝိညာဉ်တွေ- သောတရှင်တို့ရဲ့နှလုံးသားတွေဆီကို ကူးစက်တောက်လောင်

စေချင်ပါတယ်။

**အောင်မိုးဝင်း**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)