** ရုရှားစစ်ဘက်ဆိုင်ရာ ဂြိုဟ်တု ပတ်လမ်းမှား၍ စွန့်လွှတ်ခဲ့ရ **(မော်စကို၊ ဖေဖော်ဝါရီလ ၂၆ ရက်)
ကမ္ဘာပတ်လမ်းကြောင်းသို့ပစ်လွှတ်စဉ် လမ်းကြောင်းသွေဖည်၍ အသုံးမပြုနိုင်သည့် ပတ်လမ်းတစ်ခုအတွင်း ၀င်ရောက်သွားသော စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်စင်းကို စွန့်လွှတ်ခဲ့ရကြောင်း ရုရှားစစ်ဘက်က ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောကြားသည်။ ဂျီအီးအို-အိုင်ကေ-၂ အမည်ရှိ စစ်ဘက်သုံးဂြိုဟ်တုကို ပဲ့ထိန်းဒုံးပျံများ၏ လမ်းပြစနစ်အတွက် မြေကမ္ဘာ၏ အနေအထားကို တိုင်းတာနိုင်ရန် ပုံစံထုတ်တည်ဆောက်ထားသည်။ (အင်တာနက်)

(Russia has agreed to build Bangladesh's first nuclear power plant, to help supply energy to its growing population /Photo: GETTY)
** ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး ညူစွမ်းအင်စက်ရုံ ရုရှားတည်ဆောက်မည် **
(ဒါကာ၊ ဖေဖော်ဝါရီလ ၂၆ ရက်)
စွမ်းအင်လိုအပ်ချက်ကြီးမားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ပထမဆုံးသော ညူကလီးယားစွမ်းအင်စက်ရုံတစ်ရုံကို တည်ဆောက်ပေးရန် ရုရှားနိုင်ငံ သဘောတူညီခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဘူရှီးယား ညူဓာတ်အားပေးစက်ရုံမှ လောင်စာပြန်ဖြုတ်ရဦးမည်ဟုဆို **
(တီဟီရန်၊ ဖေဖော်ဝါရီလ ၂၆ ရက်)
အီရန်နိုင်ငံတောင်ပိုင်း ဘူရှီးယားမြို့ရှိ ရုရှားလုပ် ညူကလီးယားဓာတ်အားပေးစက်ရုံ၏ ဓာတ်ပေါင်းဖိုမှ လောင်စာကို ရုရှား၏ နည်းပညာဆိုင်ရာ အကြံပေးချက်အရ ပြန်လည်ဖယ်ရှားမည်ဖြစ်ကြောင်း ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ယနေ့ ပြောကြားသည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း စတင်အကောင်အထည်ဖော်စဉ်ကပင် ပြဿနာမျိုးစုံကြုံခဲ့ရသော အဆိုပါ ညူကလီးယားစက်ရုံကို ဧပြီလ ၉ ရက်နေ့တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရည်မှန်းထားသော်လည်း ယခုနောက်ဆုံး အခြေအနေများအရ နှောင့်နှေးဖွယ်ရှိနေသည်။ (အင်တာနက်)
** ကူနာပြည်နယ် စစ်ဆင်ရေးတစ်ခုတွင် အရပ်သားများသေဆုံးရသည်ဆိုမှု အာဖဂန်အစိုးရ စစ်ဆေးရေးအဖွဲ့နှင့် နေတိုးတို့အကြား ကွဲလွဲလျက်ရှိ **
(ကဘူး၊ ဖေဖော်ဝါရီလ ၂၆ ရက်)
လွန်ခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်ခဲ့သော နေတိုးတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုအတွင်း အမျိုးသမီးနှင့် ကလေး ၅၀ အပါအ၀င် အရပ်သား ၆၅ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အာဖဂန်အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များက မီဒီယာများသို့ ပြောကြားသည်။ (အင်တာနက်)
** အာဖဂန်အရှေ့ပိုင်း မဟာဗျူဟာမြောက် တောင်ကြားဒေသမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းနေ **
(၀ါရှင်တန်၊ ဖေဖော်ဝါရီလ ၂၆ ရက်)
အာဖဂန်စစ်မြေပြင်၌ တစ်ချိန်က မဟာဗျူဟာအချက်အချာနေရာတစ်ခုဖြစ်ခဲ့ဖူးသော အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ပက်ခ်ျတောင်ကြားဒေသမှ အမေရိကန်တပ်ဖွဲ့ဝင်များ စတင်ထွက်ခွာနေပြီဖြစ်ကြောင်း အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စမ်းသပ်ဆဲ ဒုံးပျံစနစ်ကြောင့် ရုရှားရေငုပ်သင်္ဘောများ ဖြန့်ကြက်ရေးအစီအစဉ် နှောင့်နှေးဖွယ်ရှိ **
(မော်စကို၊ ဖေဖော်ဝါရီလ ၂၆ ရက်)
ဘူလဗာတိုက်ချင်းပစ်ဒုံးကျည်များသည် စမ်းသပ်ဆဲကာလ၌သာ ရှိသေးခြင်းကြောင့် ရုရှားနိုင်ငံ၏ ဘိုရိုင်းအတန်းအစား ညူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ဖြန့်ကြက်ရေးလုပ်ငန်းစဉ်သည် ခရီးမတွင်သေးကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့ သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
** တောင်ကိုရီးယား၌ ကြက်ငှက်တုပ်ကွေးရောဂါတွေ့ **
(ဆိုးလ်၊ ဖေဖော်ဝါရီလ ၂၆ ရက်)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အနီး မွေးမြူရေးခြံတစ်ခြံ၌ ကြက်ငှက်တုပ်ကွေးရောဂါ ထပ်မံတွေ့ရှိကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အတည်ပြုကြေညာသည်။ (အင်တာနက်)
** အန္တာတိကရေပြင်၌ နော်ဝေရွက်လှေပျောက်ဆုံး **
(မော်စကို၊ ဖေဖော်ဝါရီလ ၂၆ ရက်)
အန္တာတိကရေပြင်၌ သုတေသနပြုနေသည့် လူသုံးဦးပါရှိသော နော်ဝေရွက်လှေတစ်စင်း ရွက်လွှင့်ခရီးသွားစဉ် ပျောက်ဆုံးသွားကြောင်း ကယ်ဆယ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** အိန္ဒိယ၌ ကိုယ်ဝန်ဆောင် ၁၃ ဦးသေဆုံးမှု စုံစမ်းစစ်ဆေး **
(နယူးဒေလီ၊ ဖေဖော်ဝါရီလ ၂၆ ရက်)
အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ် ဆေးရုံတစ်ရုံ၌ အကြောဆေးသွင်းပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၃ ဦးသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ကျန်းမာရေးအရာရှိများက စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **
** ရုရှားစစ်ဘက်ဆိုင်ရာ ဂြိုဟ်တု ပတ်လမ်းမှား၍ စွန့်လွှတ်ခဲ့ရ **

No comments:
Post a Comment