ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, February 17, 2011

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းကြီး တည်ထောင်ဖွဲ့စည်းခဲ့စဉ်က

>
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် ကြီး ပြီးဆုံးချိန်တွင် ဗြိတိသျှအစိုးရ တို့ မြန်မာပြည်သို့ ပြန်လည်ဝင် ရောက်လာပြီး စိုးမိုးအုပ်ချုပ်ပြန်ရာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြု သော ဖဆပလအဖွဲ့ကြီးက မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဦးဆောင်၍ ပြင်းပြင်းထန်ထန် ကြိုးစားနေပြီး လူထုတစ်ရပ်လုံးလည်း ထကြွနိုး ကြားကာ စိတ်အား တက်ကြွနေလေ သည်။ ထို့အတူ ယခင် စစ်ကြို ခေတ်၌ သတင်းစာသုံးလေးစောင် သာ ထုတ်ဝေခဲ့သော်လည်း စစ်ပြီး ခေတ်တွင် သတင်းစာအများအပြား ထွက် ပေါ်လာခဲ့သည်။ ယင်းသို့ သတင်းစာတိုက်များ အများအပြား ပေါ်ပေါက် လာသည်နှင့်အမျှ သတင်းစာ ဖတ်ရှုသူများလည်း နိုင်ငံနှင့်အဝှမ်း မကြုံဖူးအောင် တိုး တက် များပြားလာလေသည်။ဤကဲ့သို့ စစ်ပြီးခေတ်တွင် နိုင်ငံရေး တိုးတက်ပြင်းထန်စေရန် နှင့် လူထုစိတ်အား တက်ကြွနိုးကြား စေရန် လူထုအား အသိဥာဏ်ပေး၍ အား ထောက်အားခံ ပြုသော သတင်းစာတိုက်များ တစ်တိုက်ပြီး တစ်တိုက် တိုးတက်ပေါ်ထွက်နေ သော်လည်း ထိုအချိန်တွင် စစ်ပြီး ခါစအချိန်ဖြစ်၍ သတင်းစာစက္ကူ ရှားပါးခြင်း၊ သတင်းစာတိုက်များ အတွက် ပုံနှိပ်စက်လှည့်နိုင်ရန် လျှပ်စစ်ဓာတ်အား မရရှိခြင်း၊ ရိုက်တာစသော နိုင်ငံခြား ကြေးနန်း သတင်းများ ဈေးနှုန်းကြီးမြင့်ခြင်း စသော အခက်အခဲများနှင့် ရင်ဆိုင် နေရသည်။ယင်းအခက်အခဲများမှ ကျော် လွန်နိုင်ရမည့်အရေးမှာ သတင်းစာ တိုက်များ စည်းလုံး၍ သက်ဆိုင်ရာ အာဏာပိုင်များ နှင့် အရေးဆိုရမည်။ သို့မှသာ ထိုအခက်အခဲများမှ သက်သာခွင့်ရမည်ဟု သတင်းစာ တိုက်အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီး လျှင် ၁၉၄၅ ခု အောက်တိုဘာလ ၂၇ ရက် စနေနေ့တွင် သူရိယ၊ မြန်မာ့အလင်း၊ သံတော်ဆင့်၊ ဗမာ့ ခေတ်၊ နယူးရန်ကုန် ညနေ သတင်းစာသစ်၊ နယူးချိုင်းနားပို့၊ ဘစ်စနက်(စ်)မင်း၊ ရာစိကာရန်ဂျာနီ၊ ရိုက်တာ ကြေးနန်းသတင်းဌာနမှ ကိုယ်စားလှယ်များ တက်ရောက် သော အစည်းအဝေးတစ်ရပ်ကို သူရိယသတင်းစာတိုက်တွင် ကျင်း ပခဲ့သည်။ ကွယ်လွန်သူ သူရိယ သတင်း စာတိုက်အုပ် ဦးဘကလေး က သဘာပတိအဖြစ်လည်းကောင်း၊ သူရိယဦးဘသန်း(ယခုယူပီအိုင်)က အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ သည်။ ထိုပဏာမ သတင်းစာတိုက် များ အစည်းအဝေးတွင် အဓိက အဖြစ် အချက်နှစ်ချက်ကို ဆုံးဖြတ် ခဲ့သည်။

ထိုဆုံးဖြတ်ချက် နှစ်ချက် မှာ (၁) တိုင်းပြည်တွင် ဖြစ်ပေါ်နေ သည့် အခက်အခဲများကြောင့် နိုင်ငံ ခြား ကြေးနန်းသတင်းများကို ဈေး နှုန်းကြီးမြင့်စွာပေး၍ အသုံးမပြုနိုင် သဖြင့် အသက်သာဆုံးသော ဈေး နှုန်းနှင့် ရိုက်တာ ကြေး နန်းသတင်း များ ရရှိအောင် ဆောင်ရွက်ပေးရန် (ဗြိတိသျှ)အစိုးရထံ အကူအညီ တောင်းရန်နှင့် (၂) သတင်းစာ တိုက်အသီးသီးတွင် ပုံနှိပ်စက်လှည့် လည်နိုင်ရန် လျှပ်စစ်ဓာတ်အား ဆက်သွယ်ပေးရန်တို့ဖြစ်လေသည်။ထို့နောက် သတင်းစာတိုက် ၁၃ တိုက်မှ ကိုယ်စားလှယ်များပါဝင် သော အစည်းအဝေးကို ၁၉၄၅ ခု အောက်တိုဘာလ ၃၁ ရက်၊ ဗုဒ္ဓ ဟူးနေ့တွင် ဒုတိယအကြိမ် ကျင်းပ ပြန်သည်။ တက်ရောက်ကြသော သတင်းစာတိုက်များမှာ သူရိယ၊ မြန်မာ့အလင်း၊ သံတော်ဆင့်၊ နယူးရန်ကုန် ညနေသတင်းစာ၊ နယူးချိုင်းနားပို့၊ လွတ်လပ်ရေး၊ လမ်းညွှန်၊ ဘစ်စနက်(စ)မင်း၊ ရာစိ ကာ ရန်ဂျာနီ၊ ဘာလာဘားမား၊ ပရာချီ ပရာကာတ်၊ ဗမာ့ခေတ်၊ ဇိုရမ်းနားတို့ ဖြစ်လေသည်။ယင်းအစည်းအဝေးတွင် အရေးအကြီးဆုံး ဆုံးဖြတ်ချက် နှစ် ရပ်ကို ချမှတ်လိုက်ပြန်သည်။ ထို ဆုံးဖြတ်ချက်များမှာ (၁) ဦးဘ ကလေး (သူရိယ)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ဦးသန်းတင့် (မြန်မာ့အလင်း)၊ နယူးရန်ကုန် ညနေ သတင်းစာမှ ကိုယ်စားလှယ်၊ မစ္စတာအက်(စ်)ပီလေး(ရာစီကာရန် ဂျာနီ)၊ မစ္စတာ အိက်ဘာလ်(ရိုက် တာ)တို့ပါဝင်ပြီး ဦးဘသန်း (သူရိယ – ယခုယူပီအိုင်) အတွင်းရေးမှူး အဖြစ်ဆောင်ရွက်သော ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး ရိုက်တာ သတင်း ကိစ္စ၊ သတင်းစာစက္ကူကိစ္စနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးကိစ္စများ အတွက် သက်ဆိုင်ရာအာဏာပိုင် များနှင့် တွေ့ဆုံရန်နှင့် (၂) ဦးဘ ကလေး (သူရိယ)က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက် ဦးသိမ်းမောင် (သံတော်ဆင့်)၊ ဦးဘိုးချိန်(သူရိယ)၊ ဦးသန်းတင့်(မြန်မာ့အလင်း)၊ ဦး ထွန်းဖေ(ဗမာ့ခေတ်)၊ ဦးခင်မောင် (လွတ်လပ် ရေး)၊ မစ္စတာမန်နီ(ရာစီ ကာရန်ဂျာနီ)၊ မစ္စတာစီရွမ်ချိုင် (ဘစ်စနက်စ်မင်း)၊ မစ္စတာ တိတ် အမ်း (နယူး ရန်ကုန် ညနေသတင်း စာ)တို့ပါဝင်ပြီး ဦးဘ သန်း (သူရိယ)က အတွင်းရေးမှူးအဖြစ် ဆောင် ရွက်သော ကော်မတီတစ်ရပ် ဖွဲ့ စည်းကာ သတင်းစာ သို့မဟုတ် သတင်းစာဆရာ အသင်းတစ်သင်း ဖွဲ့စည်း တည်ထောင်ရန် နည်းလမ်း ရှာဖွေပြီးလျှင် အသင်းစည်းမျဉ်းများ ကို အကြမ်းရေးဆွဲရန် ဖြစ်လေ သည်။ထိုအချိန်မှစ၍ အထက်ဖော် ပြပါ ကော်မတီနှစ်ရပ်သည် မိမိတို့ အား ပေးအပ်သော တာဝန် များကို မရမနေ ကြိုးစားဆောင်ရွက်ခဲ့ သည်။ ကြိုးစားသည့်အလျောက် လည်း ထိုအချိန်က သတင်းစာစက္ကူ ဈေး တစ်ထုပ်လျှင် ၂၅ ကျပ် မှ ၁၅ ကျပ်သို့လည်းကောင်း၊ ရိုက် တာကြေးနန်းသတင်းကို ကျပ် ၁၅ဝ မှ ကျပ် ၁ဝဝ သို့လည်းကောင်း ကျဆင်းအောင် ဆောင်ရွက်ပေးနိုင် ခဲ့လေသည်။ ထို့ပြင် ပြည်သူ့ဆက်ဆံ ရေးဌာနမှတစ်ဆင့် သတင်းစာတိုက် အသီးသီးသို့ လျှပ်စစ်ဓာတ်အားပေး ရေးနှင့် တယ်လီဖုန်းတပ်ဆင်ရေး များကိုလည်း အစိုးရထံတွင်တောင်း ဆိုသည့်အတိုင်း ထမြောက်အောင် မြင်အောင် ဆောင်ရွက်နိုင်ခဲ့လေ သည်။သတင်းစာဆရာအသင်း ဖြစ် မြောက်ရေး ဒုတိယကော်မတီက နိုင်ငံခြားတိုင်းပြည်များတွင် တည် ထောင်ဖွဲ့စည်းပြီးဖြစ်သော သတင်း စာဆရာအသင်းများ၏ အခြေခံ စည်းမျဉ်းများကို နီးစပ်ရာပုဂ္ဂိုလ်များ ၏ အကူအညီဖြင့် တောင်းယူရရှိ ပြီး မြန်မာနိုင်ငံရှိ သတင်းစာဆရာ များနှင့် သင့် လျော် သည့် စည်းမျဉ်း များ ကောက်နုတ်ထည့်သွင်း၍ အသင်း အခြေခံစည်းမျဉ်းများကို ရေးဆွဲခဲ့လေသည်။အသင်းဝင်အဖြစ် အမည်တင် သွင်းထားသော သတင်းစာဆရာ ၆၁ ဦး တက်ရောက်သည့် အစည်း အဝေးကို ၁၉၄၆ ခု ဖေဖော်ဝါရီ လ ၂၅ ရက် တနင်္လာနေ့ မွန်းတည့် အချိန် ရန်ကုန်မြို့၊ ဖရေဇာလမ်း (ယခု အနော်ရထာလမ်း)၊ သူရိယ သတင်းစာတိုက်တွင် ကျင်းပခဲ့ရာ ကွယ်လွန်သူ ဦးဘကလေး(သူရိယ) က သဘာပတိအဖြစ်ဖြင့် လည်း ကောင်း၊ ယူပီအိုင် ဦးဘသန်း (သူရိယ)က အတွင်းရေးမှူးအဖြစ် ဖြင့်လည်းကောင်း ဆောင်ရွက်ပြီး လျှင် ‘မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း’အမည်ဖြင့် မြန်မာပြည် တွင် ပထမဆုံး သတင်းစာဆရာ အသင်း အဖြစ် အများသဘောတူ ဆုံးဖြတ်၍ စတင်တည်ထောင်ခဲ့ သည်။ အသင်းတည်ရာဌာနကို သူရိယသတင်းစာ တိုက်တွင် ယာ ယီဖွင့်လှစ်ထားခဲ့သည်။ထိုသို့ သတင်းစာ ဆရာ အသင်း စတင်တည်ထောင်သည့် အချိန်က အသင်းသားအဖြစ် ပါဝင် ခဲ့သောပုဂ္ဂိုလ်များတွင် ကွယ်လွန် သူ နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ် (နယူးတိုင်း)၊ ကွယ်လွန်သူသံအမတ် ကြီး ဦးတင့်ဆွေ(ဘားမင်း)၊ တော တွင်းရောက် ကွန်မြူနစ် ဦးကွန်း (ပြည်သူ့အာဏာနေ့စဉ်)၊ တောခို ကွန်မြူနစ် ဦးမောင်ကြီး (ပြည်သူ့ အာဏာနေ့စဉ်)၊ နိုင်ငံခြားရေးဌာန အကြီးအကဲ ဦးတင်မောင် (နယူး ဘားမား)၊ သံအမတ်ကြီး ဦးတင် မောင်ကြီး (ဖဆပလ သတင်းစဉ်) တို့ ပါဝင်ခဲ့လေသည်။ ပထမ ဆုံး အသင်းဝင်အမျိုးသမီး သတင်းစာ ဆရာများမှာ ဒေါ်ခင်စီ (ဘားမား ဒိုင်ဂျက်)နှင့် မစ္စဘေလာမူကာဂျီ (ရန်ကုန်ရီဗျူး)တို့ ဖြစ်ကြသည်။

**ဦးဘသန်း(ယူပီအိုင်)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)