ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 7, 2011

မေ့ မရနိုင်တဲ့  မိသားစု လက်ဆုံထမင်းဝိုင်း

>
( မိသားစုထမင်းဝိုင်းလေး)
******************************************************

စာဖက်နေရင်းကနေထပြီး အပေါ်တက်လိုက်အောက်ဆင်းလိုက်ရေခဲ့ သေတ္တာကိုဖွင့် လိုက်ပိတ်လိုက် ၊ပုံမှန်ထိုင်နေကျ စာဖက်နေကျနေရာလေးကိုသွားပြီးစာအုပ်ကိုအသာလေး ဖွင့် ကြည့် တယ်ပြီးတော့ ပြန်ခေါက်ထားလိုက်တယ်။ ဩော်... .ကျွန်တော်ဘာဖြစ်နေတာလဲ့ လို့ စဉ်းစားမိတယ်။ ကျွန်တော်တစ်ခုခုစာစားချင်နေတယ် ဗိုက်မဆာပေမယ့် ခံတွင်းပျက်နေသလိုခံစားမိတယ်။ပြန်စဥ်းစားမိတယ် ..စောနားကမှ မယ်ဒေါနာ စားပြီးတဲ့ အပြင်မကျေနပ်သေးလို့ အိမ်မှာ လည်း ဟင်းစုံ အသားစုံနဲ့ စားခဲ့ သေးတာပဲ့ ။ ကျွန်တော်ဘာမျှတမ်းတနေတာပါလဲ့ ဟု လင်းလင်းတစ်ယောက်ဆိတ်ငြိမ်စွာခုံပေါ်တွင်ထိုင်လျှက်ခြေတင်ခွကာ ဦးခေါင်းပေါ်လက်တင်ရင်း ငယ်စဉ်ကလေးဘဝကိုပြန်လည်တမ်းတ လွမ်းဆွတ်မိလေသည်။

သူထိုင်နေတဲ့ ထိုင်ခုံရဲ့ ရှေ့ တည့် တည့် တိုင်ကပ်နာရီလေးကိုကြည့် ငေးရင်း အချိန်ဆိုတာ ဘယ်သူမှ တားလို့ မရသလို နောက်ပြန်ဆုတ်ခိုင်းလို့ လည်းမရဘူး။ ရောက်ချင်လွန်းလှတဲ့ အချိန်တွေကိုလည်း မြန်မြန်ဆွဲ့ ယူလို့ မရပါလားဆိုပြီး နာရီကိုကိုင် ကာ လက်တန်လေးတွကို ရှေ့ တိုးနောက်တွန်း လုပ်နေရင်း ..ဩော်.. ငယ်ငယ်တုန်းက အိမ်လေးမှာ ညီအကိုမောင်နှမတွေနဲ စုံညီ မြိန်ရှိုက်လှတဲ့ ထမင်းဝိုင်လေး အခု အချိန်မှာ ပြန် ရနို င်ခွင့် ရှိမယ်ဆိုရင်ဘယ်လောက်ကောင်းမလဲ့ ဆိုပြီး နောက်တွန်းပြန်ထိုင်ကာ အတွေးထဲ့ လုံးဝနစ်မွန်းသွားလေသည်။.......

အဲဒီအချိန်ကသီတင်းကျွတ်ရာသီလေးပေါ့ လေ..ရာသီဥတုသာယာကြည်လင်ပြီး အရှေ့ ဘက်မှာ သတ်တန်းရောင်နဲ့ ညနေဆည်းဆာ ကျောင်းဆင်ချိန်လေးမှာ..အပြုံးမျက်နှာပေါင်းတစ်ရာကိုပိုင်ဆိုင်ထားပြီး လေးယောက်ကလေးအမေဖြစ်ပေမဲ့ လည်း ကာလသားတွေငှေးမောလောက်အောင် ချောမောလှ ပဆဲ့ ဖြစ်သော ကိုယ်လုံးကို ပိုင်ဆိုင်သူမေမ ထမင်းချက်ခန်းထဲ့ မှာ ညစာတွေချက်နေတယ်....

ညီမလေးရဲ့ နုနယ်သေးသွယ်တဲ့  လက်သည်းပေါ်က အရောင်ပြေခါစပြုပြီဖြစ်တဲ့  ကြက်သွေးရောင် လေးဟာ အကိုလတ်ဖြစ်သူကျွန်တော်က မနေ့ မနက်ကတည်း က ကျောင်းတက်ခါနီးဆိုးပေးထားတဲ့ လက်သည်းဆိုးဆေးပေါ့ လေ။ ဖြူဖွက်နုစွတ်နေတဲ့ ပါးပြင်လေးပေါ်မှာ အကိုကြီးက မနက်ကျောင်းမသွားခင်လိမ်းပေးထားတဲ့ သနက်ခါးဟာ တစ်နေကုန်ကြာသွားပြီမို့ နည်းနည်းသာ ကျန်တော့ ပေမယ့်  ကြည့် လို့ အရမ်းကောင်းပြီး အရမ်းချစ်စရာ ကောင်းတဲ့ ညီးမလေးတစ်ယောက် မေမေပြောသမျှ ခေါင်းငြိမ်းပြီးထမင်းဟင်းချက်နည်းတွေသင်နေတယ်။ အကိုအကြီး ဆုံးဖြစ်သူ ကတော့ အိမ်နောက်ဖက်ခြံ့ ထဲ့ မှာ ရှစ်နှစ်သားရှိပြီးဖြစ်တဲ့ အုန်းပင်နှစ်ပင်ကို အခက်တွေခြွေပေးနေတယ်။ ......

အဲဒီအုန်းပင်ထဲ့ က တစ်ပင်ကျတော့ ညီလေးဟာတဲ့ ကျန်တဲ့ တစ်ပင်တော့ ကျွန်တော့် ဟာ ဆိုပြီး အပင်ရင်းမှာ နာမည်တွေကိုယ်စီရေးထိုးထားပေးတယ်။ ကျန်တဲ့ ငါးနှစ်သားတစ်ပင်ကျတော့ ညီမလေးဟာဆိုပြီး ညီမလေးနာမည်းတပ်ထားပေးသေးတယ်။ပြီးတော့ မကြာသေးခင်တစ်လလောက်ကမှ အသစ်စိုက်ထားတဲ့ အုန်းပင်လေးကိုတော့  ညီမလေးအငယ်ဆုံးအတွက်ဆိုပြီး မြေဩဇာတွေပိုးနေတယ်။ မောင်နှမတွေထဲ့ မှာ အကြီးဆုံးဖြစ်တဲ့ အကိုကြီးဟာငယ်သားတွေအတွက်အစစအရာရာ ဦးစားပေးသည်သာမက စိုက်ပျိုးရေးကိုပါ ဝါသနာာပါသည်အားလျှော်စွာ ညီမလေးကြိုက်တဲ့ စပါယ်ပန်းပင်တွေကို ခြံဝန်း ပတ်ပတ်လည်အောင်စိုက်ထားပါသေးတယ်။ .......

ဖေဖေကတော့  ကျောင်းကအပြန် အဝတ်လှဲ့ ပြီး ပြီးချင်း ..အားလုံးချစ်ခင်မြတ်နိုးခြင်းကိုခံရတဲ့ သူ ၊ငြိမ်ငြိမ်လေးနဲ့ မညည်းငြူတမ်း လူကြီးဆန်ဆန်နေတက်တဲ့  ပါးချိုင်းလေးနဲ့ အပြုံး ပိုင်ရှင်လေးနှစ် သမီးငယ် ညီမလေးကို စာသင်ပေးနေတယ်။ အဖေဟာ စေတနာ၊ အနစ်နာ ၊ ဂရုဏာ ဆိုတာတွေ ကို ရင်ဝယ်ပိုက်ပြီး သူ့ တပည့် တွေကိုကျောင်းမှာ တစ်နေကုန် လေသံကို ကျယ်နိုင် သမျှကျယ်အောင် သင်ကြားပေးသူသာမက အိမ်ရောက်တော့ လည်း ကျွန်တော်တို့  မောင်နှမတွေရဲ့ အိမ်စာတွေလုပ်ပေးနေတဲ့ မေမေကို ချစ်စိတ်ကြီး စွာဖြင့်  လက်ပိုက်မကြည့် ပဲ့  အငယ်ဆုံး ညီမလေးနဲ့ အကြီးဆုံး အကိုကြီးရဲု့ အိမ်စာတွေကို ငါ့ တာဝန်ထားဆိုပြီး အပြင်အလုပ်မက အိမ်တွင်းအလုပ်တွေပါ တာဝန်ယူဆောင်ရွက်တဲ့ ရိုးသားဖြောင့် မတ်သူ သူရဲ့ ကောင်းကြီးပေါ့ ဗျာ..။ ကျန်တဲ့ တစ်ယောက့် မိသားစုထဲ့ မှာ ရုပ် အရမ်းချောတယ်လို့ အပြော မခံရပေမယ့် စကားပြောရင် ပြုံးပြီးပြောတက်လေ့ ရှိတဲ့ အပြုံးပိုင်ရှင်လေးဖြစ်သူ ကျွန်တော်ကတော့ ရေအိုးကိုပါးခုံးပေါ်တင်ကာ သောက်ရေအိုးကိုဖြည့် ပြီးနောက် သုံးရေအိုးကြီးတွေတစ်လုံးပြီးတစ်လုံးဖြည့် နေတယ်။ ....

ရေတွေဖြည့် ၊ရေမိုးချိုးပြီး အခန်းထဲ့ မှာ မေမေအမှတ်တရဝယ်ပေးတဲ့အဂျီ်င်္ ၊ ဘယ်ဖက်ရင်သားမှာ " Love" လို့ စာတန်းလေးထိုးထားတဲ့  အင်္ဂျီအသစ်လေးကို ဝတ်ပြီး ကျယ်သီးတက်နေတုန်း အမေ့ အသံ တစ်ချက်ကြားလိုက်တယ်။ မေမေ """ အားလုံးဆင်းကြတော့ စားလို့ ရပြီ"""တဲ့  ။။ခြောက်ယောက်ထိုင်ဝိုင်း စားပွဲ့ ခုံပေါ်မှာ မေမေချက်ထားတဲ့  ထမင်းဖြူအခို့ တငွေ့ ငွေ့ ၊ခြံထွက်ဗူးသီးဟင်းချို ဆီကျက်တလတ်လတ်၊လက်နှစ်လုံးစာ ငါးတင်ဝါနှင့် မကျည်းချဉ်ဟင်းတမွှေးမွှေး၊ဓညှင်းသီးကြော်နံတကြိုင်ကြိုင်၊ ကန်စွန်းရွက်တိုးစရာလတ်လတ်ဆက်ဆက်နှင့် အတူ လိုက်ဖက်လှတဲ့ ညီမလေးကိုယ်တိုင်ပင်ပန်းခံပြီးထေင်းထားတဲ့ ငပိထောင်း၊ ငပိရေချက်တွေနဲ့ ပြည့် နေတဲ့ စားပွဲ ဝိုင်းလေးဟာ အသားမပါသော်ငြားလည်းဆိတ်ငြိမ်စွာ ရှုးရှဲ သံလေးတွေနဲ့  မြိန်မြိန်ရှိုက်ရှိုက်စားသုံးနေကြတဲ့ မိသားစုဘဝရဲ့ ထမင်းဝိုင်းလေးဟာ ရွှေနဲ့ မဖလှယ်နိုင် ငွေပေးမရ ဂုဏ်နဲ မဆိုင် ဖန်တီးလို့ ရတဲ့ သက်မဲ့ အရာဝတ္ထု မဟုတ်ပါ။

တကွန်ကွန်၊တကွန်ကွန် မြည်နေသောဖုန်းသံကြောင်း လင်းလင်းလေးတစ်ယောက် ဇက်မျှောနေ သောစိတ်ကူးယဉ်မှ ရုတ်တရက်ဖုန်းကိုကိုင်ကာ..hello hello..မကျည်းချဉ်ဟင်း ဟု ပြောခါ ဆဲ့ ဆဲ့ ဖြစ်သွားကာ မျက်ရည်စက်တွေပါးပြင်ပေါ်မှာ ဝဲ လာရင်း မှားဝင်လာတဲ့ ဖုန်းကိုချလိုက်တယ်။ ထိုအချိန်သည် ဒီဇင်ဘာရဲ့ နောက်ဆုံး အပတ် မကြာခင် နှစ်သစ် ကူးရောက်တော့ မည်ဖြစ်သော အေးချမ်းလှတဲ့ ဆောင်းညလေးမှာ တောက်ပနေတဲ့ ကြယ်ပွင့် လေးပါဟု မှတ်ထင်လောက်အောင် နှင်းပွင့် ပမာ စနိုးလေးတွေဝေနေတဲ့ တန်ခေါင်ယံ ညချမ်းလေးပါ။

အဝေးရောက်နေပေမယ့် တစ်နေ့ မှ မေ့ လို့ မရတဲ့ ..
**(လင်းလင်း)**

********ဖက်ရှုသူတိုင်း မိသားစုပျော်ရွင်မှုကို အပြည့် အဝရရှိနိုင်ကြပါစေ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)