ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, February 6, 2011

မကောင်းသောစစ် မဖြစ်တော့ ဘာဖြစ်မလဲ

>
(၁)
ဇာတိမြေသို့ ၂နှစ် တစ်ကြိမ်လောက်တော့ ကျွန်တော် ပြန်ဖြစ်သည်။ ကျွန်တော့် ဇာတိမြေက မော်လမြိုင် တစ်ဖက်ကမ်း ဘီလူးကျွန်း၊ ချောင်းဆုံမြို့။ မော်လမြိုင်ဘက်မှ ကြည့်လျှင် အစိမ်းရောင် ညို့နေသော ရေပတ်လည် ၀ိုင်းလျက်ရှိသော ကျွန်းကြီးဖြစ်သည်။
အရှေ့ဘက်တွင် သံလွင်မြစ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်။ ရေတံတိုင်းကြီး ခြားထား၍ လားတော့မသိ။ ထိုကျွန်းကြီးသည် ဒုတိယ ကမ္ဘာစစ်မှာတောင် စစ်၏ဒဏ်ကို သိပ်မခံစားရ။ မော်လမြိုင်ဘက်က စ၍ထားဝယ်လောက်အထိ စစ်ပြေးသူများလာရောက် ခိုနားရာ နေရာဖြစ်ခဲ့သည်။ ဖဆပလ ခေတ်တွင် ရဲဘော်ဖြူအချို့ ရံဖန်ရံခါ ၀င်ထွက်မှုရှိသော်လည်း လူထုကို ဒုက္ခပေးသည်အထိ မရှိ။ တောသဘာဝ ဓားပြရန် ကြောက်ရသော ကာလအချို့ရှိခဲ့သော်လည်း ဆိုးရွားသော အခြေအနေမျိုးတော့ မဟုတ်ပါ။ ယနေ့အထိ တုတ်နဲ့ရိုက်သည့် ရန်ပွဲမျိုး၊ လူသတ်မှုဖြစ်သည့် သတင်းတို့ကိုကြားရခဲသည်။ ကျွန်းသားတွေကပဲ သိပ်မွေ့ကြလို့လား၊ ဘာလားတော့မသိ။ ငြိမ်းငြိမ်းချမ်း်ချမ်း ဖြတ်သန်းခွင်ရသော ကျွန်းတစ်ကျွန်းဟု ပြော၍ရသည်။
ကျွန်တော်က ထိုသို့သော ကျွန်းပေါ်တွင် လူလားမြောက်လာသဖြင့် စစ်၏အနိဋ္ဌာရုံကို လက်တွေ့ ဖြတ်သန်းခဲ့ဖူးခြင်းမရှိပါ။ မူလတန်း ကျောင်းဆရာဘ၀၊ ၁၉၈၅ ၀န်းကျင်ခန့်က ၀န်ဆောင်တပ်စုဆောင်း ခြင်းကြောင့်သာ အတန်းအသင့် လှုပ်ခဲ့ဖူးသည်။ ပြောရလျှင် စာလေးပေလေး ဖတ်သည့်အချိန်ရောက်မှ စစ်၏ ရက်စက်မှုကို ခံစားတတ်လာခြင်း ဖြစ်သည်။ အထူးသဖြင့် ဘော့စနီးယား စစ်မြေပြင်မှ ပစ်လိုက်သော ကျည်ဆံ ကျွန်တော့်ရင်ဘက်ထဲ ၀င်လာသလို ခံစားလိုက်ရသည့်“ဇလာဒါ၏နေ့စဉ် မှတ်တမ်း”။ ထိုသို့ ခံစားတတ်သည့် အချိန်ရောက်မှ စစ်ကြောင့် မိဝေးဖဝေး ဖြစ်ရရှာသော ကျွန်တော့် မိတ်ဆွေများ ဘ၀ကို နက်နက်ရိုင်းရိုင်း ခံစားတတ်လာသည်။

(၂)
ကျွန်တော်တို့မြို့၏ ဘုန်းကြီးကျောင်းများတွင် ဘုန်းကြီးကျောင်းသား လုပ်ကြသူများမှာ နယ်စပ်မြို့တစ်မြို့မှ ကလေးများ ဖြစ်သည်။ ကျွန်တော် ကလေးဘ၀ကတည်းက ဘယ်လိုဆက်စပ်မှုဖြင့် ရောက်လာမှန်း မသိ၊ ရွာကဘုန်းကြီးထံ ဖုန်းဆက်မေးကြည့်တော့ “သူတို့ ရောက်လာတာ အနှစ် ၅၀ တော့ကျော်ပြီ ထင်တယ်၊ ဦးဇင်း သင်္ကန်းမစည်းခင်ကတည်းက ဆိုတော့မသိ”ဟုမိန့်၏။
ရောက်ရှိလာသော ကလေးများမှာ အငယ်ဆုံး ၄နှစ်မှ အကြီးဆုံး ၃တန်း၊ ၄တန်း အရွယ်ဖြစ်သည်။ သူ့တို့ မိဘတွေက မစားနိုင်မသောက်နိုင်၍မဟုတ်ပါ။ လယ်ပိုင်ခြံပိုင်ကြသည်။ တချို့ဆို ဒူးရင်းခြံ ခပ်ကြီးကြီးပိုင် ကြသည်။ သို့သော် သူတို့ဒေသက ယမ်းငွေ့ကို လှုံနေရသော နေရာ။ မူလတန်း ကျောင်းရှိသော်လည်း ပညာရေးက ငတ်တစ်လှည့် ပြတ်တစ်လှည့် အလယ်တန်းတို့ အထက်တန်းကျောင်းတို့ဆိုလျှင် တစ်မျှော်တစ်ခေါ် ကြီးသွားရသည်။ သူတို့ သားသမီးများ၏ အနာဂတ်သည် ထိုမြေတွင် အဆိုးဘက်ပို များနေသည်။ ထို့ကြောင့် ပညာတတ်(သို့) ဘုန်းကြီး ဖြစ်စေလိုသော ဆန္ဒဖြင့် ချစ်၍မ၀သေးသော သားများအား ဘုန်းကြီးကျောင်းသားအဖြစ် လာရောက် အပ်နှံခြင်းဖြစ်သည်။
ဘုန်းကြီးကျောင်းများက ပညာသင်စရိတ်ကအစ၊ အစစအရာရာ တာဝန်ယူသည်။ တစ်နှစ်မှာ တစ်ခါ၊ သူတို့ မိဘတွေလာ ၊တတ်နိုင်ရင်လှူ၊ မတတ်နိုင်ရင်လည်း ပြဿနာ မရှိ။ ဘုန်းကြီးကျောင်းတို့၏ သဘာဝ၊ စည်းကမ်း ကြီးသည်မှလွဲ၍ ကျန်အားလုံးသည် အေးဆေး။
သို့သော် ကိုယ့်အိမ်မှ မဟုတ်ဘဲ။ ပြီးတော့ သူတို့ အရွယ်က လေးငါးနှစ်အရွယ်။ တချို့ဆို ရောက်ခါစတွင် ဗမာစကားပင် မတတ်ကြသေး။ စစ်ကြောင့် ဘုန်းကြီးကျောင်းသား ဖြစ်ရရှာသော သူတို့တစ်တွေ ကလေးဆိုပေမယ့် ချွဲခွင့်နွဲခွင့် အနားတွင် မိဘမရှိ၊ ဘုန်းကြီးစွန့်သော မုန့်ဖိုးနည်းနည်းကို မစားရက် မသောက်ရက် စုပြီးမှ ကစားစရာ ဂေါ်လီဝယ်ရသည့် ဘ၀။ နံနက် ၄နာရီဆိုလျှင် မိုးသည်းလို့ ဆောင်းအေးလို့် ဆိုပြီး မထ၍ မရ။ အုန်းမောင်းခေါက်သံ ကြားပြီး ဆိုတာနဲ့ ငေါက်ကနဲထ၊ အိမ်ချင်မူးထူး ဆွမ်းခံထွက်ရသည်။ ဘုန်းကြီးတင်မက ကျောင်းဒကာများခိုင်းလျှင်လည်း ဖင်ပေါ့တယ်လို့ အပြောခံရအောင် ပြေးလွှားရသည်။ ရွယ်တူဆိုလည်း အောက်စည်းက၊ မည်သူမဆို အောက်စည်းက။ ကလေးသဘာဝ ဟိုဟာ ဒီဟာ စားချင်တယ်ဆို တံတွေးကိုသာ မျိုချပေါ့။
“သားရယ် ပညာတတ်ဖြစ်အောင် လိမ်လိမ်မာမာ နေ၊ စာကြိုးစား၊ နောက်နှစ်အမေ လာခဲ့မယ်”တဲ့။ အမေနဲ့သား ပြန်မယ့် မနက်မှာ ဖက်ငိုရင်း ပြောသောစကား၊ ကျွန်တော်ကြားခဲ့ဖူးသည်။ တချို့ကလေးတွေက အထုပ်ဆွဲကျောခိုင်းသွားသော အမေနောက် ငိုရင်း ပြေးလိုက်ကြသည်။ အမေတွေရဲ့ ရင်ထဲ ဒီကလေးတွေရဲ့ စိတ်ထဲ ဘယ်လောက်များ ခံစားရရှာမလဲ။ သူတို့အမေတွေ ပြန်သွားပြီး တစ်လလောက်အထိ အရာရာ ကြောက်ရ၊ ပြာရ၊ တစ်ရေးနိုး ထ-ထ ငိုကြတာလည်း ခဏ ခဏ ပေါ့။
ထိုသို့သော ဘုန်းကြီးကျောင်းသားထဲမှ တစ်ယောက်မှာ ကျွန်တော်နှင့်သူငယ်ချင်း ဖြစ်ခဲ့သည်။ ကျောင်းအတူတက်ပြီး မျောက်ရုံးအောင် ဆော့ခဲ့ကြသည်။ ဘာဆော့ဆော့ ရှေ့က ပါလေ့ရှိသော ကျွန်တော့ သူငယ်ချင်းသည် စစ်တိုက်တမ်းကစားမည်ဆိုလျှင်တော့ လုံးဝမပါ။ ရုပ်ရှင်ထဲကလို မင်းက စစ်ဗိုလ်၊ ငါက သူပုန်၊ မင်းက ပစ်ရမယ့်ကောင်၊ အဲသလို စည်းရုံးလည်း မပါရေးချမပါ။ စစ်တိုက်တာ အကောင်းဘူးဟုသာ တွင်တွင် ပြောလေ့ရှိသည်။ သူမှ မဟုတ် ၊တခြားဘုန်းကြီးကျောင်းသားများလည်း စစ်တိုက်တမ်း ကစားကြသည်ကို မတွေ့ရ။ စစ်၏ ကြောက်မက်ဖွယ်ကို မပြောပြတတ်သော်လည်း သူတို့ ရင်ထဲမှာတော့ သံပူနဲ့ ခပ်နှိပ်ထားသလို နာကျင်ခဲ့ပါလားဟု အရွယ်ရောက်မှ ကျွန်တော်နားလည် မိတော့သည်။
(၃)
သို့သော် ၊ကမ္ဘာပေါ်တွင် စစ်ပွဲများ ရပ်စဲသွားခြင်းမရှိ။ တစ်ခါမှ မမြင်ဖူးကြသူချင်း မဦးလျှင် သေနိုင်သောကြောင့် ဦးအောင်သတ်ရသည်။ ကျွန်ပြုခြင်းကြောင့် ပြန်လည်တွန်းလှန်သော စစ်သည် အဓိပ္ပါယ်ရှိသော်လည်း အမျိုးသားချင်း သွေးချောင်းစီးကြခြင်းမှာ အဓိပ္ပါယ်မရှိ။
သို့သော် လွတ်လပ်သော မြန်မာအဖြစ်စတင် ကြေညာပြီး မကြာမီ ပြည်တွင်းစစ်ဖြစ်သည်။ သူမှားသည်၊ ငါသည်မှန် အပြန်အလှန် စွဲချက်တင်ရင်း ပြည်သူများစွာ အတိဒုက္ခရောက်ကြရသည်။ ကျည်ဆံတွေသာ ပြေးလွှားနေတော့ တိုင်းပြည် စီးပွားပြိုကျလာခြင်းမှာ မဆန်း။
ပြည်တွင်းစစ် ဖြစ်သည့်အချိန်မှ ၁၉၅၇ ခုနှစ်အထိ အစိုးရ စာရင်းအင်းများအရ ရွာကြီးပေါင်း ၃၀၀၀ ကျော် ပြောင်းရွှေ့ပျက်စီး၊ လူ ၄၀,၀၀၀ ကျော်သေကြေပျက်စီး၊ ပြည်သူ့အိုးအိမ် ကုဋေ ၅၀၀ ကျော်ပျက်စီး၊ ပြည်တွင်းစစ် ၁၃ နှစ်အတွင်း စစ်ဘတ်ဂျက်စရိတ် ကုဋေ ၄၀၀ ပြည်သူတို့ ပေးရသည်။ စစ်စရိတ်ကာမိဖို့ ကုန်ပစ္စည်းများအပေါ် အခွန်မြင့်ကောက်ရသဖြင့် ကုန်ဈေးနှုန်း တက်သည်။ ပြည်တွင်းစစ်အစတွင် ပြည်သူတို့အပေါ် တိုက်ရိုက်ကောက်ခံသည့် အခွန် ၅၃ ကုဋေကျော် ရှိရာမှာ ၁၉၆၁-၆၂ ခုနှစ်တွင် ၁၂၂ ကုဋေ ဖြစ်သွားခဲ့သည်။
အထက်ပါ စာရင်း ဇယားများမှာ စစ်ဖြစ်သော ကာလ တစ်ကွက်တွင်သာ ဖြစ်သည်။ ဆက်တွေးကြည့်လျှင် ကိန်းဂဏန်းများက တွေးရဲစရာမရှိ၊ စစ်သည်ပြည်သူတို့အတွက် အကျိုးမရှိ။ ထို့ကြောင့် စစ်ကို ပြည်သူတို့ မုန်းကြသည်။ စစ်ကိုဆန့်ကျင်၊ ငြိမ်းချမ်းရေးကို လိုချင်သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးစီးသည့် ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ ပေါ်ပေါက်ခဲ့သည်။ ဆရာကြီး၏ သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေး အယူအဆ ထွက်ပေါ်လာသည်။ ပဋိပက္ခ ဖြစ်ပေါ်နေသော အင်အားစုများ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း၊ တစ်ဖက်က ဒူးထောက်၍တစ်ဖက်က ခါးထောက်ပုံစံဖြင့် ဆွေးနွေးအဖြေရှာလို့ မရမှန်း သမိုင်းက ပြောခဲ့ပြီးဖြစ်သည်။
(၄)
စစ်ဆိုသည်မှာ နိုင်ငံရေး၏ အဆက်။ စစ်ဆိုတာ နိုင်ငံရေးတိုက်ပွဲ၏ အမြင့်ဆုံးအသွင်။ ဖြေရှင်း၍ မရသော နိုင်ငံရေး ပဋိပက္ခများအား စစ်ပွဲဖြင့်ထွက်ပေါက်ရှာခြင်းကို ခေတ်သစ်ကမ္ဘာက လက်မခံတော့ပါ။ အပြုတ်တိုက် လမ်းစဉ်ဖြင့် ငြိမ်းချမ်းရေး ရမည်မဟုတ်ကြောင်း ဖဆပလ ခေတ်သမိုင်းက သက်သေပြပြီး ဖြစ်သည်။ စူပါပါဝါ အမေရိကန်က ဆက်ဒမ်ဟူစိန်၏ အီရတ်ကို သိမ်းနိုင်ခဲ့သော်လည်း ယနေ့တိုင် ငြိမ်းချမ်းရေးမမြင်။ သေနတ်သံ၊ ဗုံးသံများက အီရတ်တွင် ကျန်နေဆဲပင် ဖြစ်သည်။
မသေခင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရတာ မြင်ချင်သည် ဆိုသော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့သည်မှာ ကြာခဲ့လေပြီ။ ကမ္ဘာပေါ်တွင် သေနတ်သံ တွေက မစဲသေး။ မနှစ်က ရွာပြန်စဉ် ကျွန်တော့်သူငယ်ချင်း၏သား ဆွမ်းချိုင့်ကို မနိုင့်တနိုင်ဆွဲပြီး ဘုန်းကြီးကျောင်းပေါ် တက်သွားသည် ကို မြင်လိုက်ရသည်။

**မျိုးညွန့်**
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ ၊ အမှတ် ၃၀
၃၊ဖေဖော်ဝါရီ၊၂၀၁၁

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)