ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, February 4, 2011

လူထုကျန်းမာရေး (ကိုယ်အင်္ဂါအသီးသီးရဲ့  အဆိပ်အပုတ်ရှင်းထုတ်မှု)

> **Public Health**

(ကိုယ်တွင်းမှ အဆိပ်အပုပ်များကို ပိုမိုကောင်းစွာရှင်းထုတ်နိုင်ရန်
အဆိပ်အပုပ်ရှင်းထုတ်မှု စနစ်များကိုလည်း အချိန်မှီပံ့ပိုးပေးဖို့ လိုအပ်ပါတယ်. .)
.

**အစာအိမ်**
အစာအိမ် ရဲ့ အဓိက လုပ်ငန်းဟာ အစာထဲမှာပါရှိတဲ့ ရောဂါ ပိုးမွှားတွေကို
သုတ်သင်ပြီး အစာခြေဖျက် ပေးတာဖြစ်ပေမယ့် ရံဖန်ရံခါမှာလည်း
အဆိပ်အပုပ်ရှင်းထုတ်တဲ့ တာဝန်ကို ယူပါတယ်. . ကိုယ်တွင်းက အဆိပ်ကို
ပျို့အန်ထုတ်တဲ့ နည်းဖြင့် စွန့်ထုတ်လေ့ရှိတယ်. .

**ပံ့ပိုးမှုနည်းနာ**-
ချဉ်လွန်း၊ စပ်လွန်းသော အစာများကို ဗိုက်ထဲ အစာမရှိဘဲ မစားပါနှင့်
အတတ်နိုင်ဆုံး စနစ်တကျ စားသောက်တာ ဖြစ်အောင် ဂရုစိုက်ပါ။

**ပြန်ရည်ကြောစနစ် **
ပြန်ရည်ကြောစနစ်ဟာ သွေးလွှတ်ကြော၊ သွေးပြန်ကြောများလို သူ့ခန္ဓာကိုယ်အတွင်း
လှည့်ပတ်နေတယ်. . ခန္ဓာကိုယ်တွင်းက အဆိပ်အပုပ်များ ကို လက်ခံသိမ်းဆည်းတဲ့
အလုပ်ကို လုပ်ပါတယ်.. တစ်ကိုယ်လုံးမှာ လှည့်ပတ်နေတဲ့ ပြန်ရည်ဟာ ကိုယ်တွင်းက
အဆိပ်အပုပ်ကို စုပ်ယူပြီး ပြန်ရည်ကျိတ်ဖုဆီ ပို့ပေးပါတယ်. . ပြန်ရည်ကျိတ်ဖုဟာ
အဆိပ်ကို စစ်ထုတ်ယူပြီး သွေးရည်မှ တစ်ဆင့် အဆုတ်၊ အရေပြား၊ အသည်း၊
ကျောက်ကပ်များ သို့ပို့ကာ ခန္ဓာကိုယ် ပြင်ပသို့ စွန့်ထုတ်ပါတယ်. .

**ပံ့ပိုးမှု နည်းနာ-
နေ့တိုင်းရေနွေးနွေးဖြင့် ၁၀-၁၅ မိနစ်ကြာ ရေစိမ်ချိုးပေးနိုင်လျှင်
ပြန်ရည်လှည့်ပတ်မှုကို အားပေးနိုင်ပါတယ်. ရေနွေးမချိုးနိုင်လျှင်တောင် ခြေကို
ရေနွေးစိမ်ပေးပါ။

**မျက်စိ **
အမျိုးသမီး အထူးသဖြင့် အငိုလွယ်တဲ့ အမျိုးသမီးများတွင် မျက်စိမှ
အဆိပ်အပုတ်ရှင်းထုတ်မှုဟာ အတော်ထိ ရောက်တယ်လို့ ဆိုပါတယ်. . မျက်ရည်ထဲမှာ
လူ့ကျန်းမာရေးကို ဒုက္ခပေးနိုင်သော အဆိပ်အပုပ် အများအပြား ပါဝင်ကြောင်း
ဆေးပညာရှင်များက ဖော်ထုတ်တင်ပြထားပါတယ်. .

**ပံ့ပိုးမှုနည်းနာ-
မျက်ရည်ကျခဲသူများအနေနဲ့ တစ်လတွင် တစ်ကြိမ်ခန့် အလွမ်းအဆွေး ကြေကွဲဖွယ်
ရုပ်ရှင်၊တီဗွီကြည့်ပါ. (သို့) ကြက်သွန်နီ ဥကိုလှီးပါ။

**အဆုတ် **
အဆုတ်သည် အဆိပ်အပုတ် အလွန်စုလွယ်သော နေရာဖြစ်ပါတယ်. အကြောင်းကတော့ လူဟာ
တစ်ရက်တွင် လေ ၁၀၀၀ လီတာခန့် အဆုတ်ထဲကို ရှူသွင်းရလို့ပါ. . . လေထဲတွင်
လွင့်မျောနေသော ရောဂါပိုး၊ ဗိုင်းရပ်စ်၊ ဖုန်မှုန့် စတဲ့ ဒုက္ခပေးနိုင်တဲ့
အရာများသည် လေနှင့်အတူ အဆုထ်ထဲသို့ ၀င်ရောက်လာနိုင်ပါတယ်. . . တစ်ဖက်ကလည်း
အဆုတ်အနေနဲ့ ဒီလိုဝင်ရောက်လာတဲံ အရာအချို့နှင့် ကိုယ်တွင်း ဇီဝကမ္မဖြစ်ပျက်စဉ်က
ပေါ်ပေါက်တဲ့ အညစ်အကြေးများကို အသက်ရှု နည်းဖြင့် စွန့်ထုတ်ပေးနိုင်ပါတယ်. .

**ပံ့ပိုးမှုနည်းနာ**
လေထုသန့်ရှင်းလတ်ဆတ်တဲ့နေရာ ဒါမှမဟုတ် မိုးရွာပြီးနောက် လေထုသန့်စင်နေသော
အချိန်များတွင် အသက်ပြင်းပြင်းရှူသော လေ့ကျင့်ခန်း (သို့) ချောင်းတမင်ဆိုးပြီး
အဆုတ်ရဲ့ အဆိပ်အပုပ် ရှင်းထုတ်မှုကို ပံ့ပိုးပေးပါ. . .

*အသည်း **
လူ့ခန္ဓာကိုယ်တွင် အဆိပ်ကို ခြေဖျက်ပေးနိုင်အား အကြီးဆုံးအင်္ဂါကတော့ အသည်းပါပဲ. .
. အသည်းဟာ အဆိပ်ဖြေ အင်ဇိုင်းကို မှီပြီး အစားအစာကို အချောကိုင် ပြုပြင်ကာ
ခန္ဓာကိုယ်အတွက် အသုံးဝင်မယ့်အရာအဖြစ် ပြောင်းလဲပေးပါတယ်. . ထို့နောက်
စုပ်ယူပါတယ်. . . သို့ပေမယ့် အစာထဲ က အဆိပ်အချို့ကတော့ အသည်းမှာ
ကျန်ခဲ့ပါသေးတယ်

**ပံ့ပိုးမှု နည်းနာ **
"ယောဂ "ကျင့်စဉ်ကို လိုက်စားပါ. . ယောဂ ကျင့်စဉ်သည် အဆိပ်ဖယ်ထုတ်ရန်
အထိရောက်ဆုံး လှုပ်ရှားနည်းတစ်ရပ် ဖြစ်ပါတယ်. . . အသည်း စတဲ့ အင်္ဂါများအပေါ်
ဖိအားသက်ရောက်စေရာမှ ၄င်းတို့၏ သွေးလှည့်ပတ်မှု ကို မြန်စေပြီး
အဆိပ်ရှင်းထုတ်မှုကို အားပေးပါတယ်. .

**ကျောက်ကပ်**
ခန္ဓာကိုယ်အတွင်း အဆိပ်အပုပ် ရှင်းထုတ်သည့် အင်္ဂါများအနက် ကျောက်ကပ် ဟာ
အရေးကြီးဆုံးဖြစ်ပါတယ်. . သွေးရည်ထဲမှ အဆိပ်ကို စစ်ထုတ်ပြီး ဆီးမှ တစ်ဆင့်
ခန္ဓာကိုယ် ပြင်ပသို့ စွန့်ထုတ်ပေးပါတယ်. . ထို့အပြင် ကိုယ်တွင်း မှ ရေဓာတ်နှင့်
ပိုတက်စီယမ် ၊ ဆိုဒီယမ် ဓာတ်ဆားများကို ညီညွတ်မျှတအောင် ထိန်းပေးပါတယ်.
အဆိပ်အပုပ် ရှင်းထုတ်မှု ဖြစ်စဉ်နှင့် ဆက်စပ်နေသော ကိုယ်တွင်း အရည် လှည့်ပတ်မှု
တော်တော်များကို ကျောက်ကပ်မှ ထိန်းချုပ်ပေးပါတယ်. . . ဆီးထဲတွင် အဆိပ်အတောက်
အလွန်များနေပြီး အချိန်မီ မစွန့်ထုတ် နိုင်လျှင် နောက် တစ်ဖန် စုပ်ယူခြင်း
ခံရနိုင်ပြီး. . . သွေးရည်ထဲ ပြန်လည်ရောက်ရှိသွားပါက ကျန်းမာရေးကို
ပိုဒုက္ခပေးနိုင်ပါတယ်. . .

**ပံ့ပိုးမှု နည်းနာ **
ရေကို လုံလောက်စွာ သောက်ပေးပါ. . အကျိုးအားဖြင့် ကိုယ်တွင်းအရည် မှ
အဆိပ်အတောက်ကို ကျဲပျော့စေရုံသာမက ကျောက်ကပ်၏ ဇီဝကမ္မလုပ်ငန်းများကိုလည်း
အားပေးနိုင်ပြီး အဆိပ်များကို ခန္ဓာကိုယ် ပြင်ပသို့ စွန့်ထုတ်ပေးနိုင်ပါတယ်.
ထို့ကြောင့် နေ့စဉ် နံနက်စောစော ဘာမှ မစားမီ ရေတစ်ခွက်သောက်ပါ. .

**အရေပြား **
အတွင်းအဆိပ်သင့်လျှင် အပေါ်လွင်ဆုံးနေရာသည် အရေပြားဖြစ်သလို့
အဆိပ်အပုပ်ရှင်းထုတ်ရာတွင် အသိသာဆုံး နေရာသည် အရေပြားပဲ ဖြစ်ပါတယ်. . .
လူ့ခန္ဓာကိုယ်မှ အဆိပ်အပုပ်ရှင်းထုတ်မှုအတွက် အကြီးဆုံး အင်္ဂါလည်း ဖြစ်ပါသည်. . .
အခြားအင်္ဂါများမှ စွန့်ထုတ်ရန် ခက်ခဲသည့် အဆိပ်များကို အရေပြားမှ ချွေးထက် သည့်
နည်းလမ်းဖြင့် ဖြေရှင်းပေးနိုင်ပါတယ်.

**ပံ့ပိုးမှုနည်းနာ **
တစ်ပတ်တွင် တစ်ကြိမ် အေရိုးဗစ်(သို့) သွေးရည်ထဲ အောက်စီဂျင် ပိုမိုရောက်စေသော
လှုပ်ရှားမှု တစ်မျိုးမျိုးဖြင့် ချွေးထွက်အောင် ဆောင်ရွက်ပါ. .

**အူလမ်းကြောင်း **
အစားအစာထဲမှ မခြေဖျက်နိုင်သည့် အကြွင်းအကျန်အဖတ်များ သည် အူလမ်းကြောင်းထဲ
ရောက်ရှိသည့်အခါတွင် ရေဓာတ်အချို့ကို အူအမြှေးပါးက စုပ်ယူလိုက်ပါတယ်.. .
ကျန်အစာများကို ပိုးမွှား၏ အချဉ်ဖောက်မှုနှင့် ပုပ်ဆွေးစေမှုကြောင့် မစင်အဖြစ်
ပြောင်းလဲလာပါတယ်. . . .

**ပံ့ပိုးမှု နည်းနာ**
နံနက်စောစောတွင် ပုံမှန်ဝမ်းသွားတတ်တဲ့ အကျင့်ကို ရအောင် လုပ်ပါ မစင်များ
အူထဲမှာ ကြာကြာရှိစေမှာ မဟုတ်သည့် အတွက် အဆိပ်အပုပ် ပြန်လည်စုပ်ယူမှုကို
လျော့နည်းစေပါတယ်. . . အမျှင်များများပါသည့် အစာများကို စားခြင်းဖြင့် အူ၏
လှိုင်းထ လှုပ်ရှားမှုကို တိုးများစေကာ ၀မ်းချုပ်ခြင်းကို ကာကွယ် နိုင်ပါတယ်. .

**ဦးနှောက်**
ဦးနှောက်ဟာ အဆိပ်အပုပ်ကို တိုက်ရိုက်ရှင်းထုတ်သော အင်္ဂါမဟုတ်ပါ. . သို့သော်
စိတ်အနေအထားဟာ အဆိပ်အပုပ်ရှင်းထုတ်သော အင်္ဂါအသီးသီး၏ လုပ်ငန်းစွမ်းရည်အပေါ်
သိသာစွာ လွှမ်းမိုးမှု ရှိနေပါတယ်. . . အထူးသဖြင့် စိတ်ဖိစီးမှု နှင့်
မွန်းကျပ်မှုများသည် ခန္ဓာကိုယ်ရဲ့ အဆိပ်အပုပ်ရှင်းထုတ် စနစ်ကို
ချုပ်ငင်ထားနိုင်ပါသည်. . .

**ပံ့ပိုးမှုနည်းနာ**
အိပ်ရေးဝအောင် အိပ်ပါ. . စိတ်ကို လွပ်လပ်ပေါ့ပါးအောင် ထားပါ. . ဦးနှောက်အပေါ်
ဖိအားမများပါစေနှင့်.

ကိုယ်တွင်းမှ အညစ်အမှိုက် အဆိပ်အပုပ်များကို ရှင်းထုတ်နိုင်ရန်အတွက်
အစုအဖွဲ့ကြီး ၄ ခု၏ လုပ်ငန်း ပုံမှန် လည်ပတ်မှု အပေါ် အဓိက တည်မှီနေပါတယ်. .
အစာခြေအစုအဖွဲ့၊ အသက်ရှူ အစုအဖွဲ့၊ အညစ်အကြေးစွန့် အစုအဖွဲ့နှင့် အရေပြားတို့က
အဓိကျပါတယ်. .

အချုပ်အားဖြင့် ဆိုရပါလျှင် မိမိ၏ အဆိပ်အပုပ် ရှင်းထုတ်မှုများကို သဘာဝအကျဆုံး
နည်းလမ်းကောင်းများဖြင့် စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြင့် မိမိကိုယ်တွင်းမှ
အဆိပ်အပုပ်များကို ရှင်းထုတ်နိုင်ပါစေလို့..

**meepyatite**

**Public Health**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)