ကမ္ဘာတစ်ဝန်းတွင် မိမိနေထိုင်ရာ နိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံများသို့ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့ကြသည့် ရွှေ့ပြောင်းလုပ်သားဦးရေသည် ၁၉၂ သန်းသို့ ရောက်ရှိနေပြီး ကမ္ဘာ့လူဦးရေ၏ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိနေကြောင်း သိရှိရသည်။ ရွှေ့ပြောင်းလုပ်သားများသည် မူရင်းနိုင်ငံမှ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းရောက်ရှိရာတွင် အဓိကအချက်မှာ စီးပွားရေးနှင့် ပိုမိုတိုးတက်သော လူနေမှုဘဝကို ဖန်တီးနိုင်ရန်ဖြစ်ပြီး ယခုနောက်ပိုင်းနှစ်များ၌ ရွှေ့ပြောင်းလုပ်သားဦးရေ တိုးတက်လာကြောင်း သိရှိရသည်။“တချို့နိုင်ငံတွေက လုပ်သားစေလွှတ်တဲ့ နိုင်ငံ၊ တချို့နိုင်ငံတွေက လက်ခံတဲ့နိုင်ငံ၊ တချို့နိုင်ငံတွေကတော့ Transit လုပ်တဲ့နိုင်ငံပါ။ မြန်မာနိုင်ငံကတော့ စေလွှတ်နိုင်ငံထဲမှာ ပါဝင်နေပါတယ်” ဟု ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာအား ဂျပန်နိုင်ငံ၌ သွားရောက် လေ့လာခဲ့သူ ဒေါ်မော်မော်ထွန်းက ပြောကြားသည်။ ရွှေ့ပြောင်းကြသူဦးရေသည် ၂၀၀၈ ခုနှစ်၏ စာရင်းများအရ ၁၉၂ သန်းသို့ ရောက်ရှိနေရာတွင် အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်ပြီး စီးပွားရေးဖွံ့ဖြိုးသော နိုင်ငံများက လုပ်သားလက်ခံရာနိုင်ငံ၊ အလုပ်အကိုင် လိုအပ်ချက်ရှိသည့် နိုင်ငံများက စေလွှတ်သည့်နိုင်ငံများအဖြစ် အသီးသီးရှိနေခြင်း ဖြစ်သည်။
စေလွှတ်ရာနိုင်ငံများမှ ရွှေ့ပြောင်းကြသူများသည် လူဦးရေနှင့် အလုပ်အကိုင် အခွင့်အလမ်း မမျှတမှု၊ လုပ်ခလစာကွဲပြားမှု၊ အခြားသော ဖိအားများ၊ မိသားစုအတွက် စီးပွားရှာဖွေလိုမှု စသည်တို့ကြောင့် နိုင်ငံမှ ထွက်ခွာလာကြခြင်း ဖြစ်သည်။ ပြောင်းရွှေ့ရာ၌ ပြည်တွင်းပြောင်းရွှေ့မှု၊ နိုင်ငံတကာ နယ်နိမိတ်များကို ဖြတ်သန်းပြောင်းရွှေ့မှု၊ တရားဝင်နှင့် တရားမဝင် ပြောင်းရွှေ့မှုတို့ ရှိနေသည်။
“ရွှေ့ပြောင်းလုပ်သားတွေကို မသွားနဲ့လို့ ပြောလို့မရဘူး။ မလာနဲ့လို့လည်း ပြောလို့မရဘူး။
အလုပ်လိုတဲ့ နိုင်ငံရှိသလို လုပ်သားလိုတဲ့ နိုင်ငံလည်း ရှိနေပါတယ်။ အလုပ်လိုနေတဲ့ နိုင်ငံတွေမှာ ကိုယ်တတ်ထားသလောက် အသုံးချလို့ မရတာကြောင့် ရွှေ့ပြောင်း လုပ်သားတွေအဖြစ် နိုင်ငံက ထွက်ခွာလာကြတာ ဖြစ်ပါတယ်” ဟု ဒေါ်မော်မော်ထွန်းက နိုင်ငံတကာမှ ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အခြေအနေကို ပြောပြသည်။ ရွှေ့ပြောင်း လုပ်သားများသည် ကောင်းကျိုးအနေဖြင့် ငွေရရှိခြင်း၊ ပညာရရှိခြင်း၊ ပညာကို အသုံးချနိုင်ခြင်း စသည်တို့ရှိသကဲ့သို့ ဆိုးကျိုးအနေဖြင့် လုပ်အားခေါင်းပုံဖြတ်ခံရမှု၊ အနာဂတ်ရေးရာ သေချာမှုမရှိခြင်း၊ အောင်မြင်ရန် မျှော်မှန်း၍ မရနိုင်ခြင်း၊ ခွဲခြား ဆက်ဆံခံရခြင်းတို့ကိုလည်း ရင်ဆိုင်နေရသည်။
စေလွှတ်ရာ နိုင်ငံများ၌ တရားဝင်လုပ်သား သွားရောက်မှုရှိသကဲ့သို့ တရားမဝင် သွားရောက်မှုလည်းရှိနေကာ တရားမဝင် သွားရောက်သူများသည် လုပ်အား ခေါင်းပုံဖြတ်မှုအပြင် ခွဲခြားဆက်ဆံခံရမှုတို့ကို ကြုံတွေ့ရမှုများပြားသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံသည် နယ်မြို့များမှ မြို့ကြီးများသို့ ပြောင်းရွှေ့သည့် ပြည်တွင်းပြောင်းရွှေ့မှု၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းစသည့် နိုင်ငံများအပါအဝင် အလုပ်အကိုင် အခွင့်အလမ်းများ ရှိရာ နိုင်ငံများသို့ နိုင်ငံတကာ နယ်နိမိတ်များကို ဖြတ်သန်းကာ ပြည်ပသို့ ပြောင်းရွှေ့မှုများ ကိုလည်း ကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
Ref: Bi Weekly Eleven
meepyatite
ကမ္ဘာတစ်ဝန်းတွင် မိမိနေထိုင်ရာ နိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံများသို့ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့ကြသည့် ရွှေ့ပြောင်းလုပ်သားဦးရေသည် ၁၉၂ သန်းသို့ ရောက်ရှိနေပြီး ကမ္ဘာ့လူဦးရေ၏ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိနေကြောင်း သိရှိရသည်။ ရွှေ့ပြောင်းလုပ်သားများသည် မူရင်းနိုင်ငံမှ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းရောက်ရှိရာတွင် အဓိကအချက်မှာ စီးပွားရေးနှင့် ပိုမိုတိုးတက်သော လူနေမှုဘဝကို ဖန်တီးနိုင်ရန်ဖြစ်ပြီး ယခုနောက်ပိုင်းနှစ်များ၌ ရွှေ့ပြောင်းလုပ်သားဦးရေ တိုးတက်လာကြောင်း သိရှိရသည်။
“တချို့နိုင်ငံတွေက လုပ်သားစေလွှတ်တဲ့ နိုင်ငံ၊ တချို့နိုင်ငံတွေက လက်ခံတဲ့နိုင်ငံ၊ တချို့နိုင်ငံတွေကတော့ Transit လုပ်တဲ့နိုင်ငံပါ။ မြန်မာနိုင်ငံကတော့ စေလွှတ်နိုင်ငံထဲမှာ ပါဝင်နေပါတယ်” ဟု ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာအား ဂျပန်နိုင်ငံ၌ သွားရောက် လေ့လာခဲ့သူ ဒေါ်မော်မော်ထွန်းက ပြောကြားသည်။ ရွှေ့ပြောင်းကြသူဦးရေသည် ၂၀၀၈ ခုနှစ်၏ စာရင်းများအရ ၁၉၂ သန်းသို့ ရောက်ရှိနေရာတွင် အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်ပြီး စီးပွားရေးဖွံ့ဖြိုးသော နိုင်ငံများက လုပ်သားလက်ခံရာနိုင်ငံ၊ အလုပ်အကိုင် လိုအပ်ချက်ရှိသည့် နိုင်ငံများက စေလွှတ်သည့်နိုင်ငံများအဖြစ် အသီးသီးရှိနေခြင်း ဖြစ်သည်။
စေလွှတ်ရာနိုင်ငံများမှ ရွှေ့ပြောင်းကြသူများသည် လူဦးရေနှင့် အလုပ်အကိုင် အခွင့်အလမ်း မမျှတမှု၊ လုပ်ခလစာကွဲပြားမှု၊ အခြားသော ဖိအားများ၊ မိသားစုအတွက် စီးပွားရှာဖွေလိုမှု စသည်တို့ကြောင့် နိုင်ငံမှ ထွက်ခွာလာကြခြင်း ဖြစ်သည်။ ပြောင်းရွှေ့ရာ၌ ပြည်တွင်းပြောင်းရွှေ့မှု၊ နိုင်ငံတကာ နယ်နိမိတ်များကို ဖြတ်သန်းပြောင်းရွှေ့မှု၊ တရားဝင်နှင့် တရားမဝင် ပြောင်းရွှေ့မှုတို့ ရှိနေသည်။
“ရွှေ့ပြောင်းလုပ်သားတွေကို မသွားနဲ့လို့ ပြောလို့မရဘူး။ မလာနဲ့လို့လည်း ပြောလို့မရဘူး။
အလုပ်လိုတဲ့ နိုင်ငံရှိသလို လုပ်သားလိုတဲ့ နိုင်ငံလည်း ရှိနေပါတယ်။ အလုပ်လိုနေတဲ့ နိုင်ငံတွေမှာ ကိုယ်တတ်ထားသလောက် အသုံးချလို့ မရတာကြောင့် ရွှေ့ပြောင်း လုပ်သားတွေအဖြစ် နိုင်ငံက ထွက်ခွာလာကြတာ ဖြစ်ပါတယ်” ဟု ဒေါ်မော်မော်ထွန်းက နိုင်ငံတကာမှ ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အခြေအနေကို ပြောပြသည်။ ရွှေ့ပြောင်း လုပ်သားများသည် ကောင်းကျိုးအနေဖြင့် ငွေရရှိခြင်း၊ ပညာရရှိခြင်း၊ ပညာကို အသုံးချနိုင်ခြင်း စသည်တို့ရှိသကဲ့သို့ ဆိုးကျိုးအနေဖြင့် လုပ်အားခေါင်းပုံဖြတ်ခံရမှု၊ အနာဂတ်ရေးရာ သေချာမှုမရှိခြင်း၊ အောင်မြင်ရန် မျှော်မှန်း၍ မရနိုင်ခြင်း၊ ခွဲခြား ဆက်ဆံခံရခြင်းတို့ကိုလည်း ရင်ဆိုင်နေရသည်။
စေလွှတ်ရာ နိုင်ငံများ၌ တရားဝင်လုပ်သား သွားရောက်မှုရှိသကဲ့သို့ တရားမဝင် သွားရောက်မှုလည်းရှိနေကာ တရားမဝင် သွားရောက်သူများသည် လုပ်အား ခေါင်းပုံဖြတ်မှုအပြင် ခွဲခြားဆက်ဆံခံရမှုတို့ကို ကြုံတွေ့ရမှုများပြားသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံသည် နယ်မြို့များမှ မြို့ကြီးများသို့ ပြောင်းရွှေ့သည့် ပြည်တွင်းပြောင်းရွှေ့မှု၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းစသည့် နိုင်ငံများအပါအဝင် အလုပ်အကိုင် အခွင့်အလမ်းများ ရှိရာ နိုင်ငံများသို့ နိုင်ငံတကာ နယ်နိမိတ်များကို ဖြတ်သန်းကာ ပြည်ပသို့ ပြောင်းရွှေ့မှုများ ကိုလည်း ကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
Ref: Bi Weekly Eleven
meepyatite
No comments:
Post a Comment