ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, February 2, 2011

မြန်မာတို့ ၏ သူရဲကောင်း ကိုးကွယ်သော ၀ါဒ

>

ကျွန်တော် ငယ်စဉ်က “အဘယ်သူအား သင်လေးစားပါသနည်း၊ သင် ဘာဖြစ်ချင်ပါသနည်း ” ဟု မေးလျှင် “အလောင်းမင်းတရား ဖြစ်ချင်ပါ သည်။ စူပါမင်းအား လေးစားပါသည် ” ဟု ပြောကောင်း ပြောပေလိမ့်မည်။ ပြောလည်း ပြောခဲ့ပါလိမ့်မည်။ ထိုခေတ်ထိုအခါက ကျွန်တော်မှ မဟုတ် ကျွန် တော်နှင့် ရွယ်တူ အခြားကလေးငယ် များအား မေးလျှင်လည်း ထိုကဲ့သို့သာ ဖြေမည် ဖြစ်သည်။ အလောင်းမင်းတရား နေရာတွင် ကျန်စစ်သားလည်းဖြစ် ကောင်းဖြစ်နိုင်သည်။ စူပါမင်း နေရာတွင် လင်းနို့ လူသားလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ လူဟူ၍ ဖြစ်လာလျှင် သူ့ထံ၌ တသီးပုဂ္ဂလ စံအ ဖြစ် သတ်မှတ်ထားသော စံပြပုဂ္ဂိုလ်တစ်ဦး ရင်ထဲတွင် ရှိနေခြင်း ကြောင့်ဖြစ် ၏။ ထို စံပြ ပုဂ္ဂိုလ်မှာ ကျွန်တော်တို့ အားကျအတုယူစရာ အဖြစ် တည်ရှိနေ သည်။ ဥပမာ စူပါမင်းအား ဘာကြောင့် လေးစား သနည်း ဟု မေးလျှင် “ လူ တွေကို သူက ကယ်တင်လို့ပါ၊ သူက သူရဲကောင်းမို့လို့ပါ ဟုသာ ဖြေဆိုမှာ မလွဲဧကန်ပင် ဖြစ်သည်။ ထပ်မံတွေးတောစရာမှာ ကျွန်တော်တို့ ရင်ထဲတွင် ငယ်စဉ်ကတည်းက ရှိနေသော စံပြ ပုဂ္ဂိုလ် ဆိုသူမှာ သူရဲကောင်းများ ဖြစ် နေခြင်းပင်။

သူရဲကောင်း ဆိုသော စကားကို ငယ်စဉ်တည်းက ကြားဖူးသည်။ ကြိုက်လည်း ကြိုက်သည်။ သေသေချာချာ အဓိပ္ပါယ် မသိခဲ့သော်လည်း သူရဲကောင်းဆိုသူများသည် ပြည်သူလူထုအား ကူညီသူ၊ အနစ်နာခံသူ၊ မိမိ ကိုယ်ကျိုးစွန့်သူ၊ မေတ္တာတရား ကြီးမားသူ၊ အစွမ်းထက်သူများအဖြစ်တော့ အကြမ်းမျဉ်း သိရှိခဲ့ရသည်။ ထို့ကြောင့် ငယ်စဉ်ကတည်းက ကျွန်တော် သူရဲ ကောင်း ဖြစ်လိုခဲ့သည်။ တဖြည်းဖြည်း အရွယ်ရောက်လာတော့ ငယ်စဉ်တုန်း ကလို ဓါးလှံကိုင်သော သူရဲကောင်းများ ဖြစ်ချင်သည့် စိတ်မရှိတော့ဘဲ၊ ဗိုလ် ချုပ်အောင်ဆန်းလို ကိုယ်ကျိုးစွန့် အနစ်နာခံသော သူရဲကောင်းမျိုး ကဲ့သို့ ဖြစ်ချင်လာသည်။ ဗိုလ်ချုပ်တို့ မည်သို့မည်ပုံ လွတ်လပ်ရေးအတွက်ကြိုးပမ်း ခဲ့ရပုံ၊ မည်မျှ ဆင်းရဲ အနစ်နာခံခဲ့ရပုံ၊ အမှန်တရားကို မြတ်နိုးပုံ၊ သဘောထား ကြီးမြင့်ပုံ စသည့် ပြုမူ ဆောင်ရွက်ချက်များက ကျွန်တော့် နှလုံးသားထဲတွင်
စွဲမြဲစွာ တွယ်နှောင်နေခဲ့သည်။

ထို့ကြောင့် ကျွန်တော် ဗိုလ်ချုပ်လို ဖြစ်ချင်သည်။ ဗိုလ်ချုပ်ကို လေး စားသည်။ ဗိုလ်ချုပ်လို စိတ်ဓါတ်မျိုး အကျင့်စရိုက် ရှိသူဆိုလျှင် ကျွန်တော် လေးစားမည်။ ထိုကဲ့သို့သောသူမျိုး၏ ဦးဆောင်မှုနောက်သို့ ကျွန်တော်လိုက် မည်။ ဗိုလ်ချုပ်ကဲ့သို့သော သူရဲကောင်းမျိုး၏ နောက်သို့ ကျွန်တော် တစ်ယောက် တည်းသာ လိုက်ပါမည်တော့ မဟုတ်၊ တစ်တိုင်း တစ်ပြည်လုံးမှ လူငယ်များ ပါ လိုက်ပါကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ မြန်မာနိုင်ငံ သားများသည် သူရဲကောင်း မြတ်နိုးသော စိတ်၊ ကယ်တင်ရှင်အားမျှော်လင့် သော စိတ် မွေးကတည်းက ပါနေခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ စိတ်ထား မျိုး ရှိနေကြသော ကျွန်တော်တို့ မြန်မာနိုင်ငံသား အတော်တော်များများမှာ ထူးဆန်းစွာပင် ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြခြင်းပင်။

ဗုဒ္ဓ၀ါဒ၌ “အတ္တာဟိ အတ္တနော နာထော” မိမိကိုယ်သာ ကိုးကွယ် ရာ၏ ဟူသော အဆုံးအမ အထင်အရှား ရှိနေသော်လည်း ကျွန်တော် အပါ အ၀င် ကျွန်တော်တို့ နိုင်ငံသား အတော်များများက သူရဲကောင်းအား မြတ် နိုးသော စိတ်၊ အားကိုးသော စိတ် က ငယ်စဉ်ကတည်းက သန္ဓေတည်နေခဲ့ပြီဖြစ်သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသားများ သူရဲကောင်း ကိုးကွယ်သည့် စိတ်က ယခုမှ ရုတ်တရတ် ထပေါ်လာသည်တော့မဟုတ်၊ လွန်ခဲ့သော နှစ် ပေါင်းများစွာကတည်းက အခြေတည်လာခဲ့ခြင်း ဖြစ်သည်။ ရာဇ၀င် ကို ပြန် ကြည့်ရလျှင် ပထမဆုံး အနော်ရထာမင်းမြတ် တည်ထောင်ခဲ့သည့် ပုဂံ မင်း နေပြည်တော်။ ထိုခေတ်ထိုအခါက တိုင်းပြည်ကြွယ်ဝ ခဲ့ပါ၏။ ပြည်သူပြည် သားများ ဆင်းရဲဒုက္ခ ဖိစီးမှု ကင်းဝေးခဲ့ရကာ မှားသော အယူများ ပယ်ပျောက် ၍ ကောင်းသော အယူ စွဲမြဲလာစေခဲ့သည်။ “မင်းနှင့် ပြည်သူ လက်တွဲတူ” ခဲ့ကြသည်။ ပုဂံနှင့် အတူ အနော်ရထာ၊ ရှင်အရဟံ၊ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလဖယ် စသည့် ပုဂ္ဂိုလ်များ၏ သမိုင်းများ နံမည်ဂုဏ်ရှိန်များ ယခုတိုင် မပျောက်မပျက် တည်ရှိနေသေးသည်။ သို့သော် အနော်ရထာ စတင် ထူ ထောင် ခဲ့သော ပုဂံမင်းဆက်တစ်လျှောက်တွင် မင်းကျင့်တရားနှင့် ညီသည့် မင်းကောင်း မင်းမြတ်များ ပေါ်ပေါက်ခဲ့သလို ၊ အရည်အချင်း မရှိသော ပြည် သူကို နှိပ်စက်သော မင်းဆိုး၊ မင်းယုတ်များလည်း၊ ပေါ်ပေါက်ခဲ့ဖူးသည်။ မည် သို့ပင် ဆိုစေကာမူ အနော်ရထာ တည်ထောင်ခဲ့သော ပုဂံသည်လည်း အရည် အချင်း ညံဖျင်းသည့် မင်းလက်ထက်တွင် ပျက်စီးခဲ့ရသည်။

အနော်ရထာမင်း ပြီးနောက် ဒုတိယနိုင်ငံတော် တည်ထောင်သည့် ဘုရင့်နောင်၊ တတိယ နိုင်ငံတော် တည်ထောင်သည့် အလောင်းမင်းတရား စသည့် သူရဲကောင်း မင်းမြတ်များလည်း မြန်မာရာဇ၀င်တွင် ထွက်ပေါ်ခဲ့ ဖူး သည်။ ထိုသို့ သူရဲကောင်း မင်းမြတ်များ ပေါ်ထွက်လာချိန်တွင် မြန်မာတို့၏ ရာဇ၀င် ခမ်းနား ကြီးကျယ်နေသည်။ တန်ခိုး သြဇာ ထက်မြတ်နေသည်။ တိုင်း ပြည် သာယာဝပြောနေသည်။ သို့သော် သူရဲကောင်းမင်းများ လွန်ပြီးနောက် တွင်မူ သူတစ်လူ ငါတစ်မင်းဖြင့် အချင်းချင်း စိတ်ဝမ်းကွဲမှု၊ တန်ခိုးအာဏာ ပြိုင်ဆိုင်မှု၊ ညီရင်း အစ်ကိုချင်း သတ်ဖြတ်ပြီး ထီးနန်း သိမ်းပိုက်မှုများဖြင့်သာ အချိန်ကုန်ဆုံးနေခဲ့ရပြီး တိုင်းပြည်လည်း တဖြည်းဖြည်း ဆုတ်ယုတ်ကာ တ ပါးသော တိုင်းပြည်မှ မင်းတို့၏ စစ်မက်ပြုမှုကြောင့် မြန်မာနိုင်ငံတော်ကြီး အ ကြိမ်ကြိမ်ပြိုကွဲခဲ့ရသည်။

တိုင်းပြည်အုပ်ချုပ်သော ဘုရင်က မင်းကျင့်တရားနှင့် မညီ၊ အရည် အချင်း မရှိဘဲ ထင်ရာစိုင်းတိုင်း ကျွန်တော်တို့ တိုင်းပြည် အပျက်ခံရပါမည် လား။ ယနေ့ခေတ်တွင် ထိုကဲ့သို့သော မင်းမျိုးကို ကျွန်တော်တို့က လေးစား ကြည်ညိုကာ သူအမိန့်ပေးသည့် အတိုင်း လုပ်ရပါမည်လော။ သို့မဟုတ် အ နှစ် လေးငါးရာ နေမှ တစ်ခါပေါ်သော ကယ်တင်ရှင် သူရဲကောင်းကို စောင့် မျှော်ရပါမည်လော။

ယနေ့ခေတ်တွင် တစ်ဦးတစ်ယောက်တည်း တော်နေ တက်နေရုံ ဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာမည် မဟုတ်ပေ။ ပြည်သူပြည်သား များ တစ်ဦးချင်းအလိုက် စွမ်းရည် တိုးတက်လာပါမှ တိုင်းပြည် တိုးတက်ကြီးပွားမည် ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ/သားများသည် သူရဲကောင်း ကိုးကွယ်သော ၀ါဒကို ကျင့်သုံးခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ကြ ပြီ ဖြစ်သည်။ သူရဲကောင်းအား မြတ်နိုးသောစိတ် သူရဲကောင်းအား ချစ်ခင် ကာ အတုယူလေးစားပြီး စံပြ ပုဂ္ဂိုလ်အဖြစ်ထားရှိကာ ကောင်းသော အကျင့် များကို ကျင့်သုံးလိုက်နာခြင်းများ ရှိသင့်သော်လည်း သူရှိမှ ဖြစ်မည်၊ သူမရှိ လျှင် ဦးဆောင်မည့်သူ မရှိလျှင် မလုပ်တက်သော အကျင့်ဆိုးများကိုတော့ ပြင်ဆင်ရန် လိုအပ်သည်ဟု တွေးထင်မိသည်။ ထို့အပြင် “အတ္တာဟိ အတ္တ နော နာထော” မိမိကိုယ်သာ ကိုးကွယ်ရာ၏ဟူသော မြတ်ဗုဒ္ဓ အဆုံးအမ ကို သတိချပ်စေလိုသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား မျိုးချစ် ခေါင်းဆောင်ကြီးများက မြန်မာနိုင်ငံအား အင်္ဂလိပ်ကျွန်အဖြစ်မှ လွတ်မြောက် အောင် ကြိုးပမ်းပေးခဲ့ကြသည်။ ကမ္ဘာ့မြေပုံပေါ်တွင် ကိုယ်ပိုင် အချုပ်အခြာအာဏာနှင့် ရပ် တည်သော နိုင်ငံတစ်ခုကို ဖြစ်စေခဲ့သည်။ သို့သော် စိတ်ဓါတ်ညံဖျင်းသောနိုင်ငံရေးသမား တစ်စု၊ အာဏာရှင်တစ်စု တို့ကြောင့် တိုင်းပြည် ဆင်းရဲမွဲတေ ခဲ့ရပြီး နိုင်ငံသားများ အရည်အသွေး ကျဆင်းခဲ့ရသည်။

အာဏာရှင် နေ၀င်း အစိုးရ၏ ညံ့ဖျင်း ယုတ်မာမှုများ၊ မတော်မတ ရား ဖိနှိပ်ချုပ်ချယ်မှုများကို မခံမရပ်နိုင်ဖြစ်ပြီး ထကြွတော်လှန်ခဲ့သည့် 8888 လူထု အရေးတော်ပုံနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် လူထု ခေါင်း ဆောင်တစ်ဦး ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ တိုင်းပြည်အတွက် အားကိုးအား ထား ပြုရမည့် လူထုခေါင်းဆောင်တစ်ဦးအဖြစ် ပြည်သူအများက သတ်မှတ် ခဲ့ကြသည်။ မှောင်မိုက်နေသော မြန်မာပြည်ကြီးအတွက် အလင်းတန်း တစ်ခု ကို တွေ့ရှိလိုက်ရသလို ပြည်သူအများ အားကိုး မျှော်လင့်ခဲ့ကြသည်။ ဗိုလ်ချုပ် ရဲ့ သမီးလေး ဆိုသော အသိကလည်း ပြည်သူတို့ မျှော်လင့်ချက်ကို ပိုမို လင်း လက်စေခဲ့သည်။

သူမ ကျွန်တော်တို့ တိုင်းသူ ပြည်သားများ အပေါ်တွင် ထားရှိသော စေတနာ မေတ္တာတရားကို ကျွန်တော်တို့ အသိအမှတ်မပြုဘဲ မနေနိုင်ပေ။ ယုံကြည်ချက်တစ်ခု အတွက် နှစ်ပေါင်းများစွာ အကျဉ်းကျခံခဲ့ရသည်။ လက် ရှိ စစ်အာဏာရှင်၏ ကောက်ကျစ်ယုတ်မာမှုများကို ကြံကြံခံရင်း အရာရာတွင် ပြည်သူရှေ့မှ မားမား မတ်မတ် ရပ်ခဲ့သည်။ ပြည်သူ/သားများကလည်း ဒေါ် အောင်ဆန်းစုကြည်အား ချစ်ခင် မြတ်နိုးကြသည်။

ဒေါ်အောင်ဆန်းစုကြည် ယခုအချိန်တွင် ထောင်က လွတ်လာပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီ ရတော့မည်ဟု မျှော်လင့်ခဲ့ကြ သည့် ပြည်သူ/သားများကလည်း ဒုနှင့် ဒေး ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ထိုကိစ္စအတွက် အစွမ်းရှိသရွှေ့ ကြိုးပမ်းမည်ဟု ကျွန်တော်လည်း ယုံကြည်မိသည်။ သို့သော် ကျွန်တော်တို့ ပြည်သူများသည် သူမအား အား ကိုးကြသည်၊ ချစ်ခင်ကြသည်၊ လေးစားကြသည် ထို့အတူ ကျွန်တော်တို့ သူမ အပေါ်တွင် တာဝန်လည်း မဲ့နေသည်။ ဒီမိုကရေစီ ရရှိအောင် ဒေါ်အောင် ဆန်းစုကြည် ကြိုးပမ်းလိမ့်မည်။ မြန်မာနိုင်ငံအရေးသည် သူမနှင့် သက်ဆိုင်သည်။ သူမ ကောင်းကြောင်း၊ တိုင်းပြည်အတွက် မည်သို့မည်ပုံ လုပ်မည်ဖြစ် ကြောင်းသာ ပြောနေကြသည်။ မြန်မာနိုင်ငံ စစ်မှန်သော ဒီမိုကရေစီရရှိရေး အတွက် (သို့) တိုင်းပြည် တိုးတက်ကြီးပွားစေရေးအတွက် သူမနှင့်အတူ ပူး ပေါင်းလုပ်ဆောင်မှုများ အတော်ကို နည်းပါးနေသေးသည်။ ဒီမိုကရေစီ စနစ် ကို ထူထောင်ရာတွင် သူမတစ်ဦးတစ်ယောက်တည်း နှင့် မည်သို့မျှ မဖြစ်နိုင် ပါ၊ ပြည်သူအများကလည်း ၀န်းရံပါမှ မိမိတို့ အလိုရှိရာ နိုင်ငံတော်သစ်ဆီသို့ အလျှင်အမြန် လှမ်းချီ နိုင်မည်ဖြစ်သည်။ နိုင်ငံအရေးသည် နိုင်ငံသားတိုင်း တွင် တာဝန်ရှိသည်။ မိမိ နှင့် မဆိုင်ဟု သဘောထားကာ နေ၍မရပေ။

အကယ်၍ မပြောကောင်း မဆိုကောင်း ဒေါ်အောင်ဆန်းစုကြည်ရုတ်တရတ် တိမ်းပါးသွားခဲ့လျှင် ကျွန်တော်တို့ မည်သို့ မည်ပုံ ရှေ့ဆက်၍ ဒီမိုကရေစီရေးကို တိုက်ပွဲဝင်မည်နည်း ?? သူမ မရှိလျှင် ကျွန်တော်တို့ နောက် ထပ် နှစ်တစ်ရာလောက် ထပ်ပြီး အခြား သူရဲကောင်း ခေါင်းဆောင်တစ်ဦး ကို စောင့်ရပါအုန်းမည်လား ?? အခြား ခေါင်းဆောင်တစ်ဦးက ထပ်မံမပေါ်ပေါက်တော့ဘူး ဆိုလျှင်ကော မည်သို့ မည်ပုံ ရှေ့ဆက်ကြမည်နည်း ??
ထပ်မံ၍ ကွဲကြပြဲကြ နှင့် မြန်မာနိုင်ငံကြီး အစိပ်စိပ်အမွှာမွှာ ထပ်မံဖြစ်ပျက်ဦး ပါမည်လား ?? လူတစ်ယောက်သည် သူရဲကောင်းတစ်ဦးကို အားကျအတုယူ သင့်သည်။ လေးစားချစ်ခင်သင့်သည်။ သို့သော် လွန်ကဲစွာ အားကိုးအားထိုက် မပြုရာ၏။ မိမိ၏ ကိုယ်ရည်ကိုယ်သွေးများ ပါးလျှော့လာပေလိမ့်မည်။ မိမိ ကိုယ် မိမိအားကိုးခြင်း၊ စည်းလုံးညီညွတ်စွာနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတို့ဖြင့် မိမိတို့ အလိုရှိရာကို ဆုပ်ကိုင်နိုင်အောင် ပြုလုပ်ရပေမည်။ မိမိကိုယ်ကို မိမိ အားကိုးချင်စိတ် မွေးနိုင်ကြပါစေဟု မျှော်လင့်ရင်း .........

**မိုးသဲခါး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)