**Public Health**ဂရင်းဖော့စ် လူ့အာဟာရ ဓာတ် သုတေသန ဗဟို ဌာနရှိ သုတေသီ တို့က ဇင့်သတ္တု (Zinc) က မှတ်ဥာဏ်ကို တိုးတက် ကောင်းမွန် စေကြောင်း သက်သေ အထောက် အထားကို မကြာ သေးမီက ထပ်မံ တွေ့ရှိခဲ့ ကြပါတယ်။ ယင်း သုတေသီ တွေက အသက် ၇ နှစ် အရွယ် ကလေး ၂၀၉ ဦးကို အလုပ်များ လုပ်ခိုင်းတယ်။ ယင်း အလုပ် တွေထဲမှာ ကလေးတွေ စောစော ပိုင်းက တွေ့ခဲ့တဲ့ ပုံရိပ် များကို ပြန်ရွတ် ပြောဆို ပြရတဲ့ မှတ်ဥာဏ် စစ် ဆေးချက် တစ်ရပ်လည်း ပါဝင်တယ်။ ထိုကလေး တွေထဲက အချို့ကို ရက်သတ္တ ၁၀ ပတ် ကြာသည် အထိ ဇင့်ပါဝင်တဲ့ ဖျော်ရည်ကို နေ့စဉ်တိုက် ကျွေးတယ်။

ထို့နောက် ကလေးများရဲ့ရလဒ် တွေကို စစ်ဆေး တဲ့အခါ ဇင့်တိုက်ကျွေး ထားတဲ့ ကလေးများက ဇင့်သောက်သုံးခြင်း မရှိတဲ့ ကလေး များထက် တုံ့ပြန်ချက် ပိုမို တိုးတက် ကောင်းမွန်တာ တွေ့ရတယ်။ ခန္ဓာကိုယ်က ဇင့်ကို စုပ်ယူ ပြီးနောက် များသော အားဖြင့် ဦးနှောက်ရဲ့ မှတ်ဥာဏ် နေရာမှာ သွားရောက် စုစေ ပါတယ်လို့ လေ့လာမှု စာတမ်း ရေးသူ ဂျိမ်းစ်ပင်လန်က ပြောပါတယ်။ အဲဒါက ပြန်လည် မှတ်မိခြင်းကို တိုးတက် စေပုံ ရတယ်လို့ ဆိုတယ်။ လမ်းညွှန်ချက်များ အရ အသက် ၉ နှစ်နှင့်အထက် အရွယ် ရောက်သူများ နေ့စဉ်ဇင့် 8 မှ 11 mg ခန့် ဖြည့်စွက် စားသုံးသင့် ပါတယ်။ အားဖြည့် ထားတဲ့ ဆီရီယယ်များ၊ ပဲသီးတောင့် များနှင့် ငါးမှာ ဇင့်ပါဝင်တယ်။ ဒါပေမယ့် အလွန်အကျွံတော့ မဖြစ်ပါ စေနှင့်။ တစ်နေ့လျှင် ဇင့်ဓာတ် 40 mg အထိ စားသုံး နိုင်ပါ တယ်တဲ့။
**meepyatite**
**Public Health**
ဂရင်းဖော့စ် လူ့အာဟာရ ဓာတ် သုတေသန ဗဟို ဌာနရှိ သုတေသီ တို့က ဇင့်သတ္တု (Zinc) က မှတ်ဥာဏ်ကို တိုးတက် ကောင်းမွန် စေကြောင်း သက်သေ အထောက် အထားကို မကြာ သေးမီက ထပ်မံ တွေ့ရှိခဲ့ ကြပါတယ်။ ယင်း သုတေသီ တွေက အသက် ၇ နှစ် အရွယ် ကလေး ၂၀၉ ဦးကို အလုပ်များ လုပ်ခိုင်းတယ်။ ယင်း အလုပ် တွေထဲမှာ ကလေးတွေ စောစော ပိုင်းက တွေ့ခဲ့တဲ့ ပုံရိပ် များကို ပြန်ရွတ် ပြောဆို ပြရတဲ့ မှတ်ဥာဏ် စစ် ဆေးချက် တစ်ရပ်လည်း ပါဝင်တယ်။ ထိုကလေး တွေထဲက အချို့ကို ရက်သတ္တ ၁၀ ပတ် ကြာသည် အထိ ဇင့်ပါဝင်တဲ့ ဖျော်ရည်ကို နေ့စဉ်တိုက် ကျွေးတယ်။
ထို့နောက် ကလေးများရဲ့ရလဒ် တွေကို စစ်ဆေး တဲ့အခါ ဇင့်တိုက်ကျွေး ထားတဲ့ ကလေးများက ဇင့်သောက်သုံးခြင်း မရှိတဲ့ ကလေး များထက် တုံ့ပြန်ချက် ပိုမို တိုးတက် ကောင်းမွန်တာ တွေ့ရတယ်။ ခန္ဓာကိုယ်က ဇင့်ကို စုပ်ယူ ပြီးနောက် များသော အားဖြင့် ဦးနှောက်ရဲ့ မှတ်ဥာဏ် နေရာမှာ သွားရောက် စုစေ ပါတယ်လို့ လေ့လာမှု စာတမ်း ရေးသူ ဂျိမ်းစ်ပင်လန်က ပြောပါတယ်။ အဲဒါက ပြန်လည် မှတ်မိခြင်းကို တိုးတက် စေပုံ ရတယ်လို့ ဆိုတယ်။ လမ်းညွှန်ချက်များ အရ အသက် ၉ နှစ်နှင့်အထက် အရွယ် ရောက်သူများ နေ့စဉ်ဇင့် 8 မှ 11 mg ခန့် ဖြည့်စွက် စားသုံးသင့် ပါတယ်။ အားဖြည့် ထားတဲ့ ဆီရီယယ်များ၊ ပဲသီးတောင့် များနှင့် ငါးမှာ ဇင့်ပါဝင်တယ်။ ဒါပေမယ့် အလွန်အကျွံတော့ မဖြစ်ပါ စေနှင့်။ တစ်နေ့လျှင် ဇင့်ဓာတ် 40 mg အထိ စားသုံး နိုင်ပါ တယ်တဲ့။
**meepyatite**
No comments:
Post a Comment