** စစ်ဆင်ရေးအတွင်း အာဖဂန်ကလေးကိုးဦးသေဆုံးမှု နေတိုးတပ်ဖွဲ့ တောင်းပန်စကားပြောကြား **
(ကဘူး၊ မတ်လ ၃ ရက်)
စစ်ဆင်ရေးတစ်ခုအတွင်း အာဖဂန်ကလေး ကိုးဦးမတော်တဆသေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ မြောက်အတ္တလန္တိတ်စာချုပ်(နေတိုး)တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒေးဗစ်ပက်ထရေးယပ်စ်က မတ်လ ၂ ရက်နေ့တွင် တောင်းပန်စကားပြောကြားခဲ့သည်။ (အင်တာနက်)
** ခွေးလေခွေးလွင့်များ ဖယ်ရှားရေးအစီအစဉ် မော်စကိုမြို့တော်ပယ်ဖျက် **(မော်စကို၊ မတ်လ ၃ ရက်)
ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင်းရှိ ခွေးလေခွေးလွင့် ထောင်ပေါင်းများစွာတို့ကို စုဆောင်းဖမ်းယူ၍ မြို့ပြင်ရှိ စခန်းတစ်ခုသို့ ပို့ဆောင်မည့် စီမံချက်ကို မော်စကိုမြို့တော်အာဏာပိုင်များက ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မတ်လ ၂ ရက်နေ့က သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ပိုင်ဆိုင်မှု အငြင်းပွားကျွန်းများအနီး တရုတ်ရေတပ်လေယာဉ်များ ပျံသန်းမှု ဂျပန်ကန့်ကွက်မည်မဟုတ် **
(တိုကျို၊ မတ်လ ၃ ရက်)
အရှေ့တရုတ်ပင်လယ်ရေပြင်အတွင်းရှိ နှစ်နိုင်ငံပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော ကျွန်းများအနီး မတ်လ ၂ ရက်နေ့က တရုတ်ရေတပ်မှ လေယာဉ်နှစ်စင်း ချဉ်းကပ်ပျံဝဲခဲ့ခြင်းကြောင်း ဂျပန်နိုင်ငံကလည်း ၄င်း၏ တိုက်လေယာဉ်များကို အသင့်အနေအထား ထားရှိခဲ့ရကြောင်း ကြာသပတေးနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ပါလက်စတိုင်းတို့၏ တင့်ဖျက်ဒုံးပျံ ထရိုဖီစနစ်သုံး၍ အစ္စရေး ကြားဖြတ်ဟန့်တား **
(ဂျေရုဆလင်၊ မတ်လ ၃ ရက်)
ပါလက်စတိုင်းစစ်သွေးကြွများပစ်ခတ်ခဲ့သော တင့်ကားဖျက်ဒုံးကျည်တစ်စင်းကို အစ္စရေးနိုင်ငံက တည်ဆောက်ထားသည့် ထရိုဖီခေါ် အဆင့်မြင့် နည်းပညာသုံး လက်နက်စနစ်ဖြင့် မတ်လ ၂ ရက်နေ့က ပထမဆုံးအကြိမ် ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဂျာမနီနိုင်ငံ ဖရန့်ဖတ်လေဆိပ် သေနတ်ပစ်ခတ်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး **
(ဖရန့်ဖတ်၊ မတ်လ ၃ ရက်)
ဂျာမနီနိုင်ငံ ဖရန့်ဖတ်လေဆိပ်၌ လူတစ်ဦးက လက်နက် ငယ်ဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မတ်လ ၂ ရက်နေ့က အမေရိကန်လေတပ်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အီရန်စစ်သင်္ဘောများ စူးအက်တူးမြောင်းကို ဖြတ်သန်း၍ အပြန်ခရီးနှင် **
(ကိုင်ရို၊ မတ်လ ၃ ရက်)
မြေထဲပင်လယ်ဒေသ ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေသော အီရန်စစ်သင်္ဘောနှစ်စင်းသည် မတ်လ ၃ ရက်နေ့တွင် စူးအက်တူးမြောင်းကိုဖြတ်ကာ အီရန်နိုင်ငံသို့ ပြန်လည်သွားရောက်တော့မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

** စစ်ဆင်ရေးအတွင်း အာဖဂန်ကလေးကိုးဦးသေဆုံးမှု နေတိုးတပ်ဖွဲ့ တောင်းပန်စကားပြောကြား **
(ကဘူး၊ မတ်လ ၃ ရက်)
စစ်ဆင်ရေးတစ်ခုအတွင်း အာဖဂန်ကလေး ကိုးဦးမတော်တဆသေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ မြောက်အတ္တလန္တိတ်စာချုပ်(နေတိုး)တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒေးဗစ်ပက်ထရေးယပ်စ်က မတ်လ ၂ ရက်နေ့တွင် တောင်းပန်စကားပြောကြားခဲ့သည်။ (အင်တာနက်)
** ခွေးလေခွေးလွင့်များ ဖယ်ရှားရေးအစီအစဉ် မော်စကိုမြို့တော်ပယ်ဖျက် **
(မော်စကို၊ မတ်လ ၃ ရက်)
ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင်းရှိ ခွေးလေခွေးလွင့် ထောင်ပေါင်းများစွာတို့ကို စုဆောင်းဖမ်းယူ၍ မြို့ပြင်ရှိ စခန်းတစ်ခုသို့ ပို့ဆောင်မည့် စီမံချက်ကို မော်စကိုမြို့တော်အာဏာပိုင်များက ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မတ်လ ၂ ရက်နေ့က သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ပိုင်ဆိုင်မှု အငြင်းပွားကျွန်းများအနီး တရုတ်ရေတပ်လေယာဉ်များ ပျံသန်းမှု ဂျပန်ကန့်ကွက်မည်မဟုတ် **
(တိုကျို၊ မတ်လ ၃ ရက်)
အရှေ့တရုတ်ပင်လယ်ရေပြင်အတွင်းရှိ နှစ်နိုင်ငံပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော ကျွန်းများအနီး မတ်လ ၂ ရက်နေ့က တရုတ်ရေတပ်မှ လေယာဉ်နှစ်စင်း ချဉ်းကပ်ပျံဝဲခဲ့ခြင်းကြောင်း ဂျပန်နိုင်ငံကလည်း ၄င်း၏ တိုက်လေယာဉ်များကို အသင့်အနေအထား ထားရှိခဲ့ရကြောင်း ကြာသပတေးနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ပါလက်စတိုင်းတို့၏ တင့်ဖျက်ဒုံးပျံ ထရိုဖီစနစ်သုံး၍ အစ္စရေး ကြားဖြတ်ဟန့်တား **
(ဂျေရုဆလင်၊ မတ်လ ၃ ရက်)
ပါလက်စတိုင်းစစ်သွေးကြွများပစ်ခတ်ခဲ့သော တင့်ကားဖျက်ဒုံးကျည်တစ်စင်းကို အစ္စရေးနိုင်ငံက တည်ဆောက်ထားသည့် ထရိုဖီခေါ် အဆင့်မြင့် နည်းပညာသုံး လက်နက်စနစ်ဖြင့် မတ်လ ၂ ရက်နေ့က ပထမဆုံးအကြိမ် ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဂျာမနီနိုင်ငံ ဖရန့်ဖတ်လေဆိပ် သေနတ်ပစ်ခတ်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး **
(ဖရန့်ဖတ်၊ မတ်လ ၃ ရက်)
ဂျာမနီနိုင်ငံ ဖရန့်ဖတ်လေဆိပ်၌ လူတစ်ဦးက လက်နက် ငယ်ဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မတ်လ ၂ ရက်နေ့က အမေရိကန်လေတပ်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အီရန်စစ်သင်္ဘောများ စူးအက်တူးမြောင်းကို ဖြတ်သန်း၍ အပြန်ခရီးနှင် **
(ကိုင်ရို၊ မတ်လ ၃ ရက်)
မြေထဲပင်လယ်ဒေသ ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေသော အီရန်စစ်သင်္ဘောနှစ်စင်းသည် မတ်လ ၃ ရက်နေ့တွင် စူးအက်တူးမြောင်းကိုဖြတ်ကာ အီရန်နိုင်ငံသို့ ပြန်လည်သွားရောက်တော့မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **
No comments:
Post a Comment