** ဘရာဇီးတောင်ပိုင်း၌ ယာဉ်တိုက်မှုဖြစ်ပွား **
(ရီယိုဒီဂျနေရိုး၊ မတ်လ ၆ ရက်)
ဘရာဇီးနိုင်ငံ တောင်ပိုင်းတွင် မတ်လ ၆ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားရာ ၂၅ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘရာဇီးမီဒီယာများက ဖော်ပြသည်။ အခင်းဖြစ်ပွားမှုမှာ ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကာတာရီနာပြည်နယ် ဒက်စ်ကန်ဆိုမြို့အနီး အဝေးပြေးလမ်းပေါ်တွင် ခရီးသည် ၄၀ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးနှင့် သစ်ခွဲသားများတင်ဆောင်လာသော ထရပ်ကားတစ်စီးတို့ တိုက်မိခဲ့ကြခြင်းဖြစ်သည်။ (အင်တာနက်)

(မပျံသန်းမီ)....
** ရုရှားတောင်ပိုင်း၌ လေယာဉ်ပျက်ကျ **
(မော်စကို၊ မတ်လ ၆ ရက်)
ရုရှားနိုင်ငံတောင်ပိုင်းတွင် မတ်လ ၅ ရက်နေ့က လေယာဉ်တစ်စင်းပျက်ခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ခြောက်ဦးသေဆုံးခဲ့ကြောင်း၊ ၄င်းလေယာဉ်မှာ လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြသည်။ (အင်တာနက်)
** အာဖဂန်အရှေ့တောင်ပိုင်း၌ လမ်းဘေးဗုံးပေါက်ကွဲ ၁၂ ဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိ **
(ကဘူးလ်၊ မတ်လ ၆ ရက်)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်း ပက်တီကာပြည်နယ်တွင် မတ်လ ၆ ရက်နေ့က လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ၄င်းဗုံးပေါက်ကွဲမှုမှာ ပက်တီကာပြည်နယ် ၀ါဇာခ၀ါခရိုင်အတွင်းဖြစ်ပြီး နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့ရာ အမျိုးသမီးနှစ်ဦး ကလေး ငါးဦးနှင့် အမျိုးသားငါးဦးတိုဏ္ဍ သေဆုံးခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
** အင်ဂိုလာ အနောက်တောင်ပိုင်း၌ ရေလွှမ်း ဒေသခံ ၂၅ ဦးသေဆုံး **
(လူအန်ဒါ၊ မတ်လ ၆ ရက်)
အင်ဂိုလာနိုင်ငံ အနောက်တောင်ပိုင်း နာမီဘီပြည်နယ်တွင် မတ်လ ၆ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမှုဖြစ်ပွားရာ ဒေသခံ ၂၅ ဦးသေဆုံးခဲ့ကြောင်း အင်ဂိုလာအရာရှိများက ပြောကြားသည်။ နာမီဘီပြည်နယ် နေရာဒေသအများအပြားများတွင် ရေလွှမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရေလွှမ်းမှုမှာ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း အင်ဂိုလာ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးဆီဘာစတီရာရိုက ပြောကြားသည်။ (အင်တာနက်)
** တရုတ်မှ တန်ဂွန်- ၁ အာကာသယာဉ်လွှတ်တင်မည် **
(ပေကျင်း၊ မတ်လ ၆ ရက်)
တရုတ်နိုင်ငံ လူလိုက်ပါခြင်းမရှိသည့် တန်ဂွန်-၁ အာကာသယာဉ်ကို လောင်းမတ်-၂ အက်ဖ်ဒုံးပျံဖြင့် ယခုနှစ်အတွင်း လွှတ်တင်မည်ဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်တစ်ဦးက မတ်လ ၆ ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘောဒီးယား၌ မြေမြှုပ်ဗုံးထိသေဆုံးဒဏ်ရာရသူ ၂၀၁၀ ခုနှစ်တွင် ပိုမိုများပြားလာ **
(ဖနောင်ပင်၊ မတ်လ ၆ ၇က်)
ကမ္ဘောဒီးယားနိုင်ငံ၌ မြေမြှုပ်ဗုံးများနှင့် မပေါက်ကွဲသေးသော စစ်လက်နက် ပစ္စည်းများကြောင်း ၂၀၁၀ ခုနှစ်အတွင်း ထိခိုက်သေဆုံးမှုဦးရေမှာ ယမန်နှစ်ကထက်ပိုများကြောင်း ဆင်ဟွာသတင်းတွင် မတ်လ ၅ ရက်နေ့က ဖော်ပြသည်။ (အင်တာနက်)
** အမေရိကန်၌ လေဆင်နှာမောင်းတိုက်ခတ်၊ အိမ် ၁၀၀ ကျော်ပျက်စီး **
(ရေးနေ၊ မတ်လ ၆ ရက်)
အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်တွင် မတ်လ ၆ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်သဖြင့် အိမ်များ ပျက်စီးပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** ပါကစ္စတန်၌ ရဲလေ့ကျင့်ရေးဌာန တိုက်ခိုက်ခံရ **
(အစ္စလမ္မာဘတ်၊ မတ်လ ၆ ရက်)
ပါကစ္စတန်နိုင်ငံ ကရာချိမြို့တောင်ပိုင်း ရဲတပ်ဖွဲ့လေ့ကျင့်ရေးဌာန၌ မတ်လ ၅ ရက်နေ့ ညပိုင်းက သေနတ်သမားများ ၀င်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **
--

No comments:
Post a Comment