**Public Health**
ခါးနာဝေဒနာဟာ လုပ်ငန်းခွင်ကလူတွေသာမကဘဲ အိမ်မှုကိစ္စတွေနှင့်လုံးပမ်းနေရသူတွေလည်း ခံစားရတဲ့ဝေဒနာတစ်ခုပါ။
ဘယ်လိုအခါမျိုးမှာ ဒီဝေဒနာခံစားရလဲ၊ ဘာတွေကိုရှောင်ရမလဲဆိုတာ ဖတ်ကြည့်ပါဦး....
၁။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုပြီးတိုးလာတဲ့အခါမှာ ခါးနာတတ်ပါတယ်။ဒါကြောင့် သင့်ရဲ့ကိုယ်အလေးချိန်ကိုပုံမှန်
ထက်မတက်ပါစေနဲ့။
၂။ အစာစားတာ၊ ကွန်ပျူတာနဲ့တီဗီကြည့်တာ၊ ကားမောင်းတဲ့အခါတွေမှာ မတ်မတ်ထိုင်ပါ။ ကိုယ်ကိုလိမ်ပြီးထိုင်တာ၊ တစ်ဖက်ကို
စောင်းထိုင်တာနဲ့ ခါးကို ညွတ်ပြီးထိုင်တာတွေကို မပြုမိပါစေနဲ့။
၃။ ကားစောင့်တာမျိုး၊ ကြာကြာမတ်တတ်ရပ်ရတဲ့အခါမျိုးမှာ ရပ်နေတဲ့ပုံစံကို မကြာခဏပြောင်းပေးပါ။ ခြေတစ်ဖက်ကနေ
တစ်ဖက်ပြောင်းပြီးရပ်ပါ။
၎။ ခါးနာတာက ဒဏ်ဖြစ်တာ၊ ပင်ပင်ပန်းပန်း အလုပ်လုပ်တာတွေတင်မကဘဲ စိတ်ဖိစီးမှု၊ စိတ်ခံစားမှု၊ စိတ်တင်းကျပ်မှုတွေကြောင့်လည်း
ဖြစ်စေနိုင်တယ်ဆိုတာကို သတိပြုပါ။
၅။ အလေးအပင်တွေ မတဲ့အခါအထူးပဲ သတိထားဖို့လိုပါတယ်။ မနိုင်မနင်းတာမျိုး၊ ခါးကိုကုန်းပြီး မ တာမျိုးတွေမလုပ်ပါနဲ့။
တစ်ခုခု သယ်တော့မယ်ဆိုရင် ကိုယ်နဲ့အနီးဆုံးကပ်ထားပြီး ခါးကိုမတ်မတ်ထားလို့သယ်ပါ။
တစ်စုံတစ်ခုကို ကောက်ယူတဲ့ အခါ (အသေးအမွှား ပစ္စည်းလေးများ ပင်ဖြစ်စေ) သင်၏ခါးကို မကုန်း လိုက်ပါနဲ့တဲ့။ ခါးကို ၉၀ ဒီဂရီ ကွေးချ လိုက်ခြင်းသည် အောက်ပိုင်း ကျောရိုး ဆစ်များအပေါ် ဖိအား ပေးသလို ဖြစ်စေပြီး ကျောရိုး ဆစ်ကြားရှိ ချပ်ပြားဝိုင်းအပေါ် ကိုလည်း ဒဏ်ဖြစ်စေပါတယ်။ ခါးနာဝေဒနာ ခံစားရတတ်ပါ တယ်။ ဒါကြောင့် အကောင်းဆုံး နည်းလမ်းကတော့ ပစ္စည်း တစ်ခုခု ကောက်ယူမယ်ဆိုရင် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီးမှ ကောက်ယူပါတဲ့။
Ref: Men's Health
**ah pyae**

No comments:
Post a Comment