ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, March 5, 2011

လူထုကျန်းမာရေး (သင် မထင်မှတ်ထားသော သင့်ကို အန္တရာယ်ပေးနေသည့် အရာများ )

>

**Public Health**
(၁) ဆိုဒီယမ် လော်ရိုင်းဆာလဖိတ်(Sodium Lauryl Sulfate)
ဘာဖြစ်စေသလဲ - ပါးစပ်အနာ
SLS ဟာ သွားတိုက်ဆေးအများစုမှာ သန့်ရှင်းရေးပစ္စည်းအနေနဲ့ ပါဝင်နေပါတယ်။ ဒါပေမယ့် ခံတွင်းထဲက ဘက်တီးရီးယား အလွှာကို ပြောင်းလဲသွားစေပြီး တစ်သျှူး တွေကို မသက်မသာဖြစ်စေကာ ပါးစပ်အနာ ကို ဖြစ်စေနိုင်ပါတယ်။
ပါးစပ်အနာမဖြစ်အောင် - SLS မပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။ ဒါ့အပြင် ခံတွင်းမသက်မသာဖြစ်စေနိုင်တဲ့ နာနတ်သီးလိုမျိုး အက်စစ်ကဲတဲ့အသီးတွေကို လျှော့စားပေးပါ။

(၂) သကြားမပါသော ပီကေ
ဘာဖြစ်စေသလဲ - ဝမ်းပျက်ဝမ်းလျှောခြင်း
သကြားမပါတဲ့ပီကေဟာ Sorbitol နဲ့ Mannitol တို့နဲ့ ချိုအောင် လုပ်ထားတဲ့အတွက် ဒီပါဝင်ပစ္စည်းနှစ်မျိုးစလုံးကို ခန္ဓာကိုယ်ကနေ အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။ ဒီနှစ်မျိုးစလုံးပါတဲ့ ပီကေကို အလွန်အကျွံစားတာက ရေကို အူထဲများများ ဆွဲယူနိုင် တာကြောင့် ဝမ်းပျော့ပျော့ သွားစေနိုင်ပါတယ်။
ဝမ်းမလျှောအောင် - သကြားမပါတဲ့ ပီကေစားတာက သကြားပါတဲ့ ပီကေစားတာထက် ခံတွင်းကျန်းမာရေးအတွက်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံစားရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတာကြောင့် လျှော့စားသင့်ပါတယ်။

(၃) ကော်ဖီအလွန်အကျွံသောက်ခြင်း
ဘာဖြစ်စေသလဲ - ဗိုက်အောင့်ခြင်း
ကဖင်းဓာတ်ဟာ အက်စစ်အထွက်များစေပြီး အစာအိမ်ကို မအီမသာဖြစ်စေကာ ဗိုက်အောင့်စေနိုင်ပါတယ်။
ဗိုက်မအောင့်အောင် - ကဖင်းဓာတ်မပါတဲ့ ကော်ဖီကို ပြောင်းသောက်ပါ။

(၄) ဒိန်ခဲနှင့် ဟော့ဒေါ့မုန့်
ဘာဖြစ်စေသလဲ - ခေါင်းကိုက်ခြင်း
ဒိန်ခဲမှာ တိုင်ယာမင်း (Tyramine) ဆိုတဲ့အမိုင်နိုအက်စစ်ပါဝင်နေပါတယ်။ ဟော့ဒေါ့မှာတော့ နိုက်ထရိုက် (Nitrites) ပါဝင်နေပါတယ်။ ဒီအစာနှစ်မျိုးစလုံးဟာ သွေးစီးဆင်းမှုကို ကမောက်ကမဖြစ်စေကာ ခေါင်းကိုက်စေပါတယ်။

ခေါင်းမကိုက်အောင် - တိုင်ယာမင်းပေါများစွာပါဝင်ပြီး ကျပ်တင်ထားတဲ့ အသား၊ အချဉ်ဖောက်ထားတဲ့ သနပ်၊ အမှည့်လွန်နေတဲ့ သစ်သီး၊ ဝိုင်နဲ့ ဘီယာတွေကို ရှောင်ပါ။ ဒါ့အပြင် ဟော့ဒေါ့မုန့်ကိုလည်း အလွန်အကျွံမစားပါနဲ့။

(၅) ကျပ်လွန်းသော ဖိနပ်စီးခြင်း

ဘာဖြစ်စေသလဲ - ခြေဖမိုးနဲ့ ခြေဖဝါးနာကျင်ခြင်း
ကြွက်သားတွေဟာ ကျုံ့ဆန့်လိုက်၊ ဖြေလျော့လိုက်လုပ်တဲ့ အစိတ်အပိုင်းပါ။ ခြေထောက်နဲ့ မတော်တဲ့ ဖိနပ်ကျပ်ကျပ်ကို အချိန်ကြာကြာ စီးထားတဲ့အခါ ခြေဖမိုးနဲ့ခြေဖဝါးနာကျင် ရတတ်ပါတယ်။
ခြေထောက်ပြဿနာကင်းဝေးအောင် - ဖိနပ်ကြောင့် ခြေထောက်တွေ နာကျင် နေတယ်လို့ ခံစားရရင် တင်းနစ်ဘောလုံးတစ်လုံးပေါ်မှာ ခြေနင်းပြီးလှိမ့်ပေးရင် သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။ ကြွက်သားတွေလည်း ပြေလျော့စေပါတယ်။ နေ့စဉ်လုပ်ပေးနိုင်ပါတယ်။

(၆) ရေပူချိုးခြင်း
ဘာဖြစ်စေသလဲ - အသားအရေခြောက်သွေ့ခြင်း
ရေပူချိုးတာနဲ့ ဆပ်ပြာတိုက်တာတွေဟာ အစိုဓာတ်ကို ထိန်းပေးထားတဲ့ အရေပြား ဆဲလ်တွေကို ကွာကျစေပါတယ်။ အရေပြားမှာရှိတဲ့ သဘာဝအဆီတွေကိုပါ ဆေးကြော လိုက်သလို ဖြစ်သွားတာကြောင့် အရေပြားတွေ ခြောက်သွေ့သွားတာပါ။
အသားအရေမခြောက်သွေ့အောင် - ရေပူနဲ့ချိုးတဲ့အခါ ခပ်မြန်မြန်ချိုးပါ။ ပြီးရင် အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဆပ်ပြာအမျိုးအစားကိုသုံးပါ။ ရေချိုးပြီးတဲ့အခါမှာလည်း ခြောက်သွေ့အောင်သုတ်ပြီးခါစမှာပဲ အစိုဓာတ်ထိန်းလိမ်းဆေး (Moisturizing Ointment) ကိုလိမ်းပေးပါ။

(၇) ညစာစားပြီး ပူရှိန်းစားခြင်း
ဘာဖြစ်စေသလဲ - ရင်ပူခြင်း
ညစာကို အများကြီးစားပြီးချိန်မှာ ပူရှိန်းသကြားလုံး၊ ပီကေ စတာတွေကို စားလိုက်တာဟာ အစာအိမ်နဲ့ အစေရေမျိုပြွန်ကြားက ကြွက်သားစုကို ပွင့်စေကာ အက်စစ်ဆန်တက်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ရင်ပူရတာပါ။
ရင်ပူခြင်းကင်းဝေးအောင် - ညစာစားတဲ့အခါ အများကြီးမစားပါနဲ့။ ဖြေးဖြေးနဲ့ ကြေညက်အောင် ဝါးစားပါ။ ရင်ပူစေတဲ့ ဆီကြော်စာ၊ ချောကလက်၊ အဆီများအသား၊ အယ်လ်ကိုဟော၊ ကဖင်းပါတဲ့ သောက်စရာနဲ့ အက်စစ်ဓာတ်လွန်ကဲတဲ့ ခရမ်းချဉ်သီး၊ ချဉ်တဲ့သစ်သီး စတာတွေကို လျှော့စားပါ။

Ref : Good Health

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)