ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 7, 2011

နှလုံးသားတံခါးပေါက်

>
(သမ္မတ သောမတ် ဂျက်ဖာဆန် )

လွန်ခဲ့တဲ့နှစ်များစွာက သိပ်ကိုအေးစက်နေတဲ့ မြောက်ဗာဂျီးနီးယားပြည်နယ်ရဲ့ ဆောင်းမနက်ခင်း တစ်ခုမှာပေါ့.. အဖိုးအိုတစ်ယောက်ဟာ မြစ်ကြီးတစ်ခုကို ဖြတ်ကူးဖို့ ရောက်နေခဲ့ပါတယ်.. အဲဒီအချိန်ဟာ ဘယ်လောက်တောင် အေးသလဲဆိုရင် အဖိုးအိုရဲ့ ရှည်လျားတဲ့ မုတ်ဆိတ်မွေး တွေဟာလည်း နှင်းပွင့်မှုန်တွေရဲ့ ဖြန်းပက်မှုနဲ့အတူ ဖွေးဖွေးလှုပ်လို့နေခဲ့ပြီး သူ့တစ်ကိုယ်လုံးဟာလည်း အေးစက်တုန်ရီနေခဲ့ပါတယ်..

သူ့လက်ချောင်းတွေများဆို အေးခဲလွန်းလို့ ကွေးလို့တောင် မရနိုင်လောက်အောင် ဖြစ်နေရပါတယ်.. အဲဒီချိန်မှာတော့ မြင်းစီးတပ်သားတစ်စုဟာ မြစ်ကြီးကိုမြင်းတွေနဲ့ ဖြတ်ကူးနေတာကို သူဟာ စောင့်ကြည့်နေခဲ့ပါတယ်.. တပ်သားဦးရေဟာ များလွန်းတဲ့အတွက် တစ်စီးပြီးတစ်စီး ဖြတ်နေတာဟာ စောင့်ကြည့်လို့ မဆုံးနိုင်အောင် ဖြစ်နေခဲ့ပါတယ်..

နှင်းတွေဖုံးလွှမ်းနေတဲ့ လမ်းကလေးထက်မှာ စည်းချက်ကျကျမြည်အောင် ပြေးလွှားနေတဲ့ မြင်းတွေရဲ့ခွာသံဟာ နားထောင်လို့တောင် ကောင်းနေခဲ့ပါတယ်.. သူ့အနားကနေ မြစ်ဆိပ်ကမ်းကို ကျော်ဖြတ်ဖို့ တစ်ယောက်ပြီးတစ်ယောက် တစ်ယောက်ပြီးတစ်ယောက် မြစ်ပြင်ကို ဖြတ်ကူးသွားနေတဲ့ စစ်သားတွေကို စောင့်ကြည့်နေခဲ့ပေမဲ့ ဖြတ်သွားတဲ့သူတွေထဲက တစ်ဦးတစ်ယောက်ကမှ သူ့အာရုံကို ဖမ်းစားနိုင်တဲ့သူ မရှိခဲ့ပါဘူး… စစ်သားတွေကလည်း သူ့ကို ဘယ်သူကမှ အရေးလုပ်ပြီး ကြည့်မသွားကြပါဘူး.. မြင်းစီး စစ်သည်တော်တွေ ကုန်ခါနီး နောက်ဆုံးတစ်ယောက်ဟာ သူ့ဘေးနား ရောက်လာချိန်မှာတော့ အဖိုးအိုရဲ့တစ်ကိုယ်လုံးဟာ နှင်းတွေဖုံးလွှမ်းခံနေရပြီး နှင်းတွေနဲ့ ထုထားတဲ့ ရုပ်ထုတစ်ခုလို ဖြူဖွေးလို့ နေခဲ့ပါပြီ။

သူ့အနားကိုရောက်လာတဲ့ နောက်ဆုံး မြင်းစီးစစ်သည်တော်နဲ့ မျက်လုံးချင်း ဆုံလိုက်မိချိန်မှာတော့ သူ့အာရုံ အားလုံးဟာ အဲဒီမြင်းစီးစစ်သားအပေါ် ရောက်ရှိလို့သွားပါတယ်.. သူ့ရင်ထဲမှာလည်း တစ်စုံတစ်ခုကို ခံစား နားလည်လိုက်မိပါတယ်.. သူဟာ မြင်းစီးသူကို လက်ပြတားလိုက်ပြီး “ကျုပ်လို အသက်ကြီးကြီး လူအိုတစ်ယောက်ကို မြစ်တစ်ဖက်ကမ်းကို မြင်းနဲ့တင်ခေါ်သွားပေးနိုင်မလား.. ဒီလောက်အေးလှတဲ့ မြစ်ရေပြင်ကြီးကို ခြေထောက်တွေနဲ့ ဒီတိုင်းဖြတ်ကူးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ ” လို့ တောင်းဆိုလိုက်ပါတယ်..

မြင်းပေါ်က စစ်သားဟာ မြင်းဇက်ကြိုးကို အသာသတ်လိုက်ပြီး “ရပါတယ်ဗျာ… အဖိုးကို ကျွန်တော့်မြင်းပေါ် တင်ခေါ်သွားပါ့မယ်.. ” လို့ ပြန်ပြောပါတယ်.. ပြီးတော့ အဖိုးအိုကိုကြည့်လိုက်တော့ တစ်ကိုယ်လုံးဟာ အေးခဲမတတ်ဖြစ်နေတာမို့ သူ့ခြေထောက်တွေ လက်တွေဟာ ထုံကျင်အေးခဲနေပုံရပြီး မြင်းပေါ်ကိုတက်ဖို့ အတော်ကို ခက်ခဲနေတာမို့ မြင်းပေါ်ကနေ ဆင်းလိုက်ပြီး အဖိုးအို မြင်းပေါ်တက်နိုင်ဖို့ ကူညီပေးပါတယ်. အဖိုးအိုမြင်းပေါ်ရောက်တာနဲ့ သူလည်း မြင်းပေါ်ပြန်တက်လိုက်ပြီး မြစ်တစ်ဖက်ကမ်းကို မြင်းနဲ့ ကူးဖြတ်ခဲ့ကြပါတော့တယ်… မြင်းစီးနေရင်း အဖိုးအိုရဲ့ အိမ်နေရာကိုမေးတော့ နောက် တစ်မိုင်နီးပါး လိုသေးတာ သိရတာမို့ မြင်းနဲ့ဆက်လက်တင်ခေါ်လာပြီး လမ်းတစ်လျှောက် စကားပြောလာခဲ့ပါတယ်..

မကြာခင်မှာ သေးငယ်ပေမဲ့ နွေးထွေးပုံရတဲ့ သစ်လုံးအိမ်လေးတစ်ခုကို ရောက်တော့ လူကြီးက သူ့အိမ်လို့ ညွှန်ပြပါတယ်.. မြင်းစီးစစ်သားက မြင်းကိုရပ်ပေးလိုက်ပြီး အဖိုးအိုဆင်းနိုင်အောင် ကူညီပါတယ်.. ပြီးတော့ မေးခွန်းလေးတစ်ခုကို မေးလိုက်ပါတယ်..

“အဖိုး.. ကျွန်တော် အဖိုးကိုကြည့်ရတာ နည်းနည်းထူးဆန်းလို့ မေးခွန်းတစ်ခုလောက်မေးပါရစေ.. ဒီလောက် မြင်းစီးစစ်သားတွေ အများကြီးဖြတ်သွားတဲ့တာ ကုန်လုနီးပါးဖြစ်နေပြီ.. အစောကြီးကတည်းက တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး လိုက်သွားခဲ့ရင် ခင်ဗျား စောစောစီးစီး အိမ်ကိုရောက်ပြီး စောစောစီးစီး နွေးနွေးထွေးထွေး နေလို့ရပါပြီပေါ့.. ဘာလို့များ စောစောကတည်းက တစ်ယောက်ယောက်ကို အကူအညီ မတောင်းတာလဲ… တကယ်လို့ နောက်ဆုံးဖြစ်တဲ့ ကျွန်တော်ကသာ အဖိုးကို မကူညီဘူးလို့ ငြင်းပယ်လိုက်ခဲ့ရင် အဖိုး ခုလို အိမ်ကို ရောက်နိုင်ပါဦးမလား ”လို့ မေးလိုက်ပါတယ်..

အဖိုးအိုက မြင်းပေါ်ကဆင်းလိုက်ပြီး မြင်းပေါ်က စစ်သားကြီးရဲ့ မျက်လုံးထဲကို စူးလိုက်ကြည့်လိုက်ကာ ပြုံးပြလိုက်ပါတယ်.. ပြီးတော့ သူပြောလိုက်တာ“ကျုပ် ဒီနေရာကို မကြာခဏရောက်လေ့ရှိပါတယ်.. ဖြတ်သွားတဲ့လူတွေကို သေချာစူးစိုက်ပြီး ကြည့်နေတာ .. ဖြတ်သွားသမျှ စစ်သားတွေရဲ့ မျက်နှာတွေကို မြင်လိုက်တာနဲ့ ကျုပ်ချက်ခြင်း သိလိုက်တယ်.. သူတို့တွေဟာ လမ်းဘေးမှာ အေးခဲနေတဲ့ ကျုပ်ကို အရေးလုပ်မနေခဲ့ကြဘူး.. ဘယ်သူကမှ ကျုပ်ကို မျက်လုံးချင်းဆိုင်ပြီး ကြည့်မသွားကြဘူး.. သူတို့တွေဟာ ကိုယ့်လမ်းကို သွားနေကြသူတွေ သက်သက်ပါဘဲ.. ဒီတော့ ကျုပ်သူတို့ကို အကူအညီတောင်းလဲ သူတို့ အရေးလုပ်ကြလိမ့်မယ် မဟုတ်ဘူးလို့ စိတ်ထဲက နားလည်ခံစားမိတယ်.. ဟော မောင်ရင့်ကိုတွေ့လိုက်တော့ မောင်ရင်ရဲ့ မျက်နှာကိုမြင်လိုက်တာနဲ့ ခင်ဗျားရဲ့ မျက်လုံးထဲမှာ သနားကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာနာတတ်ခြင်းတွေ တွေ့လိုက်ရတယ်.. ဒါကြောင့်လည်း မောင်ရင်ကိုမှ ကျုပ်ကရွေးပြီး အကူအညီတောင်းတာပါ..”
အဖိုးအိုရဲ့ စကားက မြင်းစီးစစ်သားကြီးရဲ့ နှလုံးသားကို နက်ရှိုင်းစွာ ထိုးဖောက်စိမ့်ဝင်ပြီး နွေးထွေးသွားစေခဲ့ပါတယ်.. ပြီးတော့ သူက အဖိုးအိုကို “အဖိုးပြောလိုက်တဲ့ စကားက ကျွန်တော့် နှလုံးသားကို စိမ့်ဝင်သွားစေခဲ့ပါတယ်. အဖိုးခုလို ကျွန်တော့်ကို ပြောတာ ကျွန်တော် ၀မ်းမြောက်ဝမ်းသာနဲ့ ပီတိဖြစ်ရပါတယ်.. နောင်ကိုလည်း ကျွန်တော့်အရေးကိစ္စ ဘယ်လောက်ဘဲ ရှိနေပါစေ အကူအညီ လိုအပ်နေတဲ့သူတွေကို ဥပက္ခာပြုမထားဖို့၊ အားနည်းသူကို စေတနာ မေတ္တာအပြည့်နဲ့ ကူညီနိုင်ဖို့ ကျွန်တော် ကြိုးစားပါ့မယ် အဖိုး” လို့ ပြောလိုက်ပါတယ်. ထို့နောက်တော့ စစ်သားကြီးဟာ မြင်းဇက်ကိုဖွင့်လိုက်ပြီး သူ့ရဲ့ ဦးတည်ရာအရပ်ဖြစ်တဲ့ အိမ်ဖြူတော်ရှိရာသို့ စီးခဲ့ပါတော့တယ်..

အဖိုးအို မသိလိုက်တဲ့အချက်က ထိုမြင်းစီး စစ်သားဟာ နောင်တစ်ချိန်မှာ အမေရိကန်ရဲ့ တတိယမြောက်သမ္မတ သောမတ် ဂျက်ဖာဆန် ဖြစ်လာပါတယ်..
လူတွေရဲ့ အတွင်းစိတ်ကို သိနိုင်ဖို့ဆိုတာဟာ စကားလုံးများစွာ ပြောနေစရာမလိုဘဲ စိတ်ရဲ့ တံခါးပေါက်ဖြစ်တဲ့ မျက်လုံးများကနေတစ်ဆင့် ကြည့်ရှုတွေ့မြင်နိုင်ကြပါတယ်.. တစ်ချို့သော သူတွေဟာ လူသားများ၊ မိမိထက် အားနည်းသူများအပေါ် သနားကြင်နာတတ်ခြင်း၊ ကူညီဝေမျှတတ်ခြင်း စတဲ့ စိတ်နှလုံး ကောင်းမွန်မှုတွေဟာ အရည်အချင်း တစ်ရပ်အနေနဲ့ ပြည့်စုံနေတတ်ကြပါတယ်.. ထိုသူတို့ကိုလည်း တွေ့မြင်လိုက်ရရုံနဲ့ လူတွေက ယုံကြည်အားကိုး လေးစား ချစ်ခင် ကြပါတယ်..

လူတစ်ယောက် စိတ်နှလုံး ကောင်းမကောင်း၊ အရည်အချင်း ရှိမရှိဆိုတာ စကားလုံးတွေ၊ စာတွေအများကြီးနဲ့ ဖော်ပြစရာမလိုဘဲ နက်ရှိုင်းတဲ့ နှလုံးသားထဲကနေ သူတို့အပေါ်ကို နှစ်နှစ်ကာကာ ယုံကြည်ချစ်ခင်မှု ရှိမရှိကိုကြည့်ရင် သိသာနိုင်ပါတယ်… ကျွန်မတို့ရဲ့ ဘေးပတ်ဝန်းကျင်မှာလည်း ဒီလိုလူမျိုးတွေ ရှိနေတာကို တွေ့ရတတ်ပါတယ်.. လူတွေရဲ့ လေးစားယုံကြည် ကိုးစားခြင်းနဲ့ ထိုက်တန်သူများပေါ့နော်… ထိုသို့ စိတ်နှလုံးကောင်းမွန်ပြီး အရည်အချင်းရှိသူများဟာ ကြီးမြတ်သူတွေ လူတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို အကြွင်းမဲ့ ရရှိသူတွေ ဖြစ်လာတတ်ကြပါတယ်..

It Was In Your Eyes ( Annymous) ကို ဘာသာပြန်ပါသည်။
**မချော**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)