** Public Health **
**အချိုရည်သောက်သုံးခြင်းနှင့် သွေးတိုးရောဂါဆက်စပ်နေ **
သွေးတိုးရောဂါကို ယခင်က အငန်စားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်ကြောင်း သိရှိထားခဲ့သော်လည်း ယခုအခါ သကြားများများဖြင့် ပြုလုပ်ထားသည့် အချိုရည်ကို သောက်သုံးခြင်းသည်လည်း သွေးပေါင်ချိန်မြင့်တက်ပြီး သွေးတိုးစေနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်
များက သုတေသနပြုချက်တစ်ရပ်၌ ဖော်ပြလိုက်သည်။ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့တွင်ရှိသည့် အသက် ၄၀ မှ ၅၉ နှစ်အကြားရှိ အမျိုးသား၊ အမျိုးသမီး ၂၇၀၀ အားလေးရက်ကြာပြုလုပ်သည့် သုတေသနပြုချက်များအရ သိရှိရဖြင်းဖြစ်သည်။ အချိုရည်သောက်သုံးခြင်းနှင့် သွေးပေါင်ချိန်မြင့်တက်ခြင်းတို့သည် ကြီးမားသော ဆက်စပ်မှုရှိကြောင်း ယခင်က သုတေသနပညာရှင်များတွေးထင်ထားခဲ့မှုကို ယခုလေ့လာတွေ့ရှိချက်က အခိုင်အမာ အတည်ပြုနိုင်ခဲ့သည်။
အချိုရည်ကို နေ့စဉ်သောက်သုံးပါက နှလုံးသွေးကြောထိခိုက်နိုင်သည့် ဆိုင်တိုလစ်ဓာတ် ၁ ဒသမ ၆ ဆ တိုးမြင့်ပြီး ဒိုရာစတိုလစ်
ဝ ဒသမ ၈ ရာခိုင်နှုန်းဖြင့်တက်စေကာ သွေးတိုးမှုကို ပိုမိုဖြစ်ပွားစေကြောင်း၊ ထို့ကြောင့် အချိုရည်များကို ရေရှည်သောက်သုံးပါက သွေးအတွင်း ကယ်လိုရီ လိုအပ်သည်ထက် ပိုမိုများပြားပြီး ကိုယ်အလေးချိန်လည်း တက်လာမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အချိုရည်များသောက်သုံးမှုကိုလျှော့ကာ အထူးသဖြင့် အသက်အရွယ်ကြီးသူများ အချိုရည်ကို ရှောင်ကြဉ်ပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်းဝေဒနာနှင့် သွေးတိုးရောဂါတို့ မဖြစ်ပွားစေရန် ဂရုစိုက်သင့်ကြောင်း အကြံပြုထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်ချစ်ကြည် **

![]()

No comments:
Post a Comment