**အင်တာတိုက်စစ်မှူး အီတူးအား မန်ယူ၊ အာဆင်နယ်တို့ကမ်းလှမ်းနေ**
(လန်ဒန်၊ ဇွန် ၁၇)
ကင်မရွန်းနှင့် အင်တာမီလန်အသင်း တိုက်စစ်မှူး အီတူးအား ပရီမီယာလိဂ်ထိပ်တန်းအသင်းများဖြစ်သော မန်ယူ၊ အာဆင်နယ်နှင့် လီဗူပူးအသင်းများက ခေါ်ယူရန် ကမ်းလှမ်းလျက်ရှိကြောင်း အင်တာမီလန်ကလပ်က ဇွန် ၁၇ ရက်၌ သတင်းထုတ်ပြန်သည်။ အသက် ၃၀ အရွယ်ရှိ အီတူးသည် အင်တာမီလန် အသင်းအတွက် ၆၇ပွဲ ကစားပေးထားပြီး ၃၃ ဂိုးသွင်းပေးထားသူဖြစ်သည်။ အီတူးသည် အင်တာမီလန်နှင့် ၂၀၁၄ ခုနစ်အထိ စာချုပ်ထားသည့် ကစားသမားဖြစ်သည်။ (အင်တာနက်)
**ဒရော့ဘာစာချုပ်သစ်ချုပ်ဆို**
(လန်ဒန်၊ ဇွန် ၁၇ )
အသက် ၃၃ နှစ်အရွယ်ရှိ တိုက်စစ်မှူးဒီဒီယာဒရော့ဘာသည် နောက်ထပ်နှစ်နှစ် စာချုပ်ဆိုရန် ချယ်လ်ဆီးကလပ်၏ ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်ပြီး တစ်နှစ်စာချုပ်သာ ချုပ်ဆိုမည်ဖြစ်ကြောင်း၊ ယင်းမှာ တိုက်စစ်မှူး တောရက်စ် ရောက်ရှိလာပြီး နောက် ပုံမှန်ပွဲထွက်ကစားခွင့်နည်းခဲ့၍ ဖြစ်ကြောင်း ဒရော့ဘာ၏ အေးဂျင့်ဖြစ်သူက ပြောကြားသည်။ (အင်တာနက်)
**ရီးရဲမက်ဒရစ်ကွင်းလယ်ကစားသမား ဂါဂို လီဗာပူးက ခေါ်ယူရန်ဆွေးနွေး**
(လန်ဒန်၊ ဇွန် ၁၇)
ရီးရဲမက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဖာနန်ဒိုဂါဂိုအား လီဗားပူးအသင်းက ပြောင်းရွှေ့ကြေးပေါင်း ၁၅ သန်းဖြင့် ခေါ်ယူရန် ဆွေးနွေးနေကြောင်း လီဗာပူးကလပ်က ဇွန် ၁၇ ရက်၌ သတင်းထုတ်ပြန်သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဂါဂိုသည် လာမည့်ဘောလုံးရာသီ၌လည်း နည်းပြမော်ရင်ဟိုက ရီးရဲမက်ဒရစ်အသင်း၌ အရန်ကစားသမားအဖြစ်သာထားရှိရန် ရည်ရွယ်ထားသဖြင့် လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေခဲ့ခြင်းဖြစ်သည်။ လီဗာပူးကလပ်က ဂါဂိုအား ခေါ်ယူရန် ရီးရဲမက်ဒရစ်နှင့် နောက်ဆုံးအဆင့် ဆွေးနွေးမှုအထိ ရောက်ရှိနေပြီဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်ချစ်ကြည်

No comments:
Post a Comment