
ချစ်ခြင်းနဲ့ ချစ်ခြင်းမဟုတ်တာကြား
အလွှာပါးပါးလေးတစ်ချပ်ပဲရှိတယ်…
ဝိုးတ၀ါး အကြည်ရောင်အောက်မှာ
ဘာသာစကားတူမိသူနှစ်ယောက်
နားလည်မှုတွေကို မိန်းမူးခဲ့ကြတယ်…
အချိန်ရဲ့မြှောက်ထိုးပင့်ကော်နဲ့
စကားလုံးတွေရဲ့ဖြားယောင်းမှုမှာ
ရင်ခုန်သံတွေ အနက်ဖွင့်ခဲ့မိတယ်…
ရင့် မှည့် ချိန်တန်လို့
တစ်ယောက်က လက်ကမ်းလာတော့မှ
တစ်ယောက်က မလှမ်းနိုင် .. ခဲ့ပြီကွယ်…
အဲဒီလိုနဲ့
ကူး လူး သွယ် ယှက်
ဗဟိုချက်တူတဲ့ကြိုးလေးတွေကို
မြင်ပြင်းကတ်တဲ့ ကြမ္မာ*က
ပညတ်မာယာ နဲ့ ဖြတ်ချလိုက်ချိန်မှာ
သူတို့နှစ်ဦး ရင်ကွဲနာကျကြသတဲ့…။
**ပန်ဒိုရာ**
*“မြင်ပြင်းကတ်တဲ့ ကြမ္မာ” ဆိုသော အသုံးအနှုန်းကို ချစ်သူငယ်ချင်းတစ်ဦး၏ ကဗျာတစ်ပုဒ်မှ ယူသုံးမိပါသည်။
t

ချစ်ခြင်းနဲ့ ချစ်ခြင်းမဟုတ်တာကြား
အလွှာပါးပါးလေးတစ်ချပ်ပဲရှိတယ်…
ဝိုးတ၀ါး အကြည်ရောင်အောက်မှာ
ဘာသာစကားတူမိသူနှစ်ယောက်
နားလည်မှုတွေကို မိန်းမူးခဲ့ကြတယ်…
အချိန်ရဲ့မြှောက်ထိုးပင့်ကော်နဲ့
စကားလုံးတွေရဲ့ဖြားယောင်းမှုမှာ
ရင်ခုန်သံတွေ အနက်ဖွင့်ခဲ့မိတယ်…
ရင့် မှည့် ချိန်တန်လို့
တစ်ယောက်က လက်ကမ်းလာတော့မှ
တစ်ယောက်က မလှမ်းနိုင် .. ခဲ့ပြီကွယ်…
အဲဒီလိုနဲ့
ကူး လူး သွယ် ယှက်
ဗဟိုချက်တူတဲ့ကြိုးလေးတွေကို
မြင်ပြင်းကတ်တဲ့ ကြမ္မာ*က
ပညတ်မာယာ နဲ့ ဖြတ်ချလိုက်ချိန်မှာ
သူတို့နှစ်ဦး ရင်ကွဲနာကျကြသတဲ့…။
**ပန်ဒိုရာ**
*“မြင်ပြင်းကတ်တဲ့ ကြမ္မာ” ဆိုသော အသုံးအနှုန်းကို ချစ်သူငယ်ချင်းတစ်ဦး၏ ကဗျာတစ်ပုဒ်မှ ယူသုံးမိပါသည်။
t
No comments:
Post a Comment