**ငှက်ပျောသီးရေခဲမုန့်စားရအောင်**
အမှည့်လွန်နေတဲ့ ငှက်ပျောသီးတွေကို လွှင့်မပစ်နဲ့နော်။ အခွံတွေခွာပြီး ရေခဲသေတာထဲ ထည့်ထားလိုက်ပါ။ အေးခဲသွားပြီးဆိုရင် ဖျော်ရည်စက်ထဲ ထည့်ပြီး အနှစ်တွေဖြစ်အောင် မွှေလိုက်ပါ။
အဲ့ဒီငှက်ပျောနှစ်အရသာက အဆီဓါတ်မပါတဲ့ ငှက်ပျောသီး ရေခဲမုန့်ရဲ့ အရသာနဲ့ ထပ်တူပါပဲ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ အချိုပွဲပေါ့။
**ကော်ဖီမှုန့်ကလဲမခေဘူးနော်**
နှပ်ပြီးသားကော်ဖီမှုန့်တွေကို မလွှင့်ပစ်ပါနဲ့။ အခြောက်လှန်းထားလိုက်ပါ။
ပြီးရင်မီးဖိုချောင်သုံးပစည်းေ
တွကိုဆေးကြောတဲ့အခါမှာသုံးပါ။
အရောင်တောက်ပြောင်လာတာကိုတွေ့ရပါမယ်။
**ပောာင်းရာက သစ်လာမယ့်ကော်ဇော**
ကြမ်းခင်းကော်ဇော ညစ်ပတ်ပြီး အစွန်းအကွက်တွေ ထင်လာခဲ့ရင် လွှင့်ပစ်ချင်စိတ်ပေါက်လာပါလိမ့်
မယ်။
လွှင့်မပစ်ခင်တချက်လောက်ကြိုးစား
ကြည့်ပါဦးလား။ အစွန်းအကွက်တွေနေရာကို အာလူးစိမ်းနဲ့လိုက်ပွတ်ပါ။
ပြီးရင် ပူနွေးစိုစွတ်တဲ့ အ၀တ်တခုနဲ့သုတ်ပစ်ပါ။ သင့်ကော်ဇော အသစ်လိုပြန်ဖြစ်သွားပါလိမ့်မယ်။
**ဆီသုတ်နည်းအမှန်ဆိုတာ**
သော့ခလောက်သံချေးတက်ပြီးဖွင့်ရပိတ်ရခက်လာတဲ့အခါ ဆီထည့်ရင်ပြန်ကောင်းလာတယ်လို့ြေ
ပာကြတယ်။
ဒါပေမဲ့ အဲ့ဒီဆီကသော့ခလောက်မှာထည့်ရမှာ
လား၊ သော့တံကိုသုတ်ရမှာလားဈ မမှားစေချင်ပါဘူး။
အမှန်က သော့တံကို ဆီသုတ်ရမှာပါ။ မယုံရင် စမ်းသပ်ကြည့်နိုင်ပါတယ်။
**ဆားမရှိရင်ဂျင်းမစိမ်ပါနဲ့**
ဂျင်းဘောင်းဘီတွေ၊ ဂျင်းအင်္ကျီတွေကိုလျှော်ပြီးလို့ ခြောက်သွေ့တဲ့အခါ ၀တ်ကြည့်ရင် မာခေါက်ခေါက်နဲ့မို့ အသားကိုရှစေပါသလား။
အဲ့လိုမဖြစ်ရအောင် လျှော်တဲ့အခါဆပ်ပြာမှုန့်နဲ့ မစိမ်ခင် ဆားတစ်ပန်းကန်ထည့်ဖျော်ထားတဲ့ ရေထဲမှာ အရင်စိမ်ပေးရပါမယ်။
**ဆံပင်နက်နက်လေးနဲ့**
ဆံပင်အတွက် အကောင်းဆုံး Conditioner ကိုပြောပြပါရစေ။
ကြက်ဥတစ်လုံးကိုခွဲ၊ အနှစ်ကလေးတွေပဲယူပြီး လက်ပေါ်မှာတင်၊ ပြီးတော့ ခေါင်းပေါ်တင်ပြီး ဆံပင်ရင်းထဲရောက်အောင်သေချာပွတ်
ပေးပါ။
ဆယ်မိနစ်လောက်ကြာရင် ခေါင်းလျှော်ချလိုက်ပါ။ ဆံပင်တွေတောက်ပနက်ပြောင်လာပါလိ
မ့်မယ်။
ကြက်ဥအနှစ်ပာာ ဆံပင်အတွက် အလိုအပ်ဆုံး ပရိုတင်းဓာတ်ကို ပေးစွမ်းနိုင်တယ်လေ။
**ဆံပင်လေးနက်မှောင်နေအောင်**
ဆံပင်ကို သဘာဝအတိုင်း နက်မှောင်စေချင်ရင်နို့ချဉ်ကို ခေါင်းဦးရေမှာနှိပ်နယ်ပြီး လိမ်းပေးရပါမယ်။
ဆံပင်ကိုလဲလိမ်းပေးရပါမယ်။တစ်နာရီလောက်ကြာပြီးတဲ့အခါမှာခေါင်းပြန်လျှော်ပစ်ရပါမယ်။
**ချွေးကွက်အတွက်ဆေးတစ်လက်**
Analgesin ဆေးပြားပောာင်းတွေသောက်ရမဲ့ရက်
လွန်ပြီး Expire ဖြစ်နေရင် လွှင့်မပစ်ပါနဲ့။
ချိုင်းချွေး ထွက်လို့ အင်္ကျီမှာ စွန်းထင်းပြီး စွဲနေတဲ့ ချွေးကွက်တွေကို ဒီဆေးပြားတွေနဲ့ ပွတ်တိုက်လျှော်ပစ်ရင်
သန့်ရှင်းပြီးတော့ တောက်ပြောင်မှာ ဧကန်ပါ။
**မင်စွန်းတွေဖျက်ကြရအောင်**
အ၀တ်အထည်တွေကို မင်စွန်းသွားခဲ့ရင် သွားတိုက်ဆေးနဲ့ သုတ်လိမ်းလိုက်ပါ။
သွားတိုက်ဆေးခြောက်သွားတဲ့အခါ နို့အနည်းငယ်၊ ဆပ်ပြာ၊ ရေခဲရေတို့ကိုသုံးပြီးလျှော်လိုက်ပါ မင်စက်တွေပျောက်သွားပါလိမ့်မယ်။
**ကျကွဲသွားတဲ့ ကြက်ဥတွေအတွက်**
ကြက်ဥ၊ ဘဲဥတွေ မတော်တဆကျကွဲတဲ့အခါ ချွဲကျိကျိ၊ စိုဖတ်ဖတ်နဲ့ ရှင်းရ၊ သုတ်ရ မလွယ်ကူတဲ့အတွက် အိမ်ရှင်မတွေတော်တော်စိတ်ညစ်ကြရပါတယ်။ ဒီ့အတွက် စိတ်မညစ်ပါနဲ့တော့။ ပေပွနေသမျှ အရည်၊ အနှစ်တွေအပေါ်ကို ဆားခပ်များများဖြူးပြီး၊ ငါးမိနစ်လောက်ထားလိုက်ပါ။ ဆားပာာ အရည်အနှစ်တွေကိုခြောက်စေတဲ့အတွက် ရှင်းရ၊ သုတ်ရ လွယ်ကူစေပါတယ်။
**ကော်ဇောပေါ်ကဖိရာ**
မိမိတို့အိမ်က ကော်ဇောပေါ်မာ ကြီးမားလေးလံတဲ့ ပရိဘောဂတစ်ခုခု တင်ထားမိလို့ ချိုင့်ဝင်ပြီး အရာထင်နေတာကို နဂိုအတိုင်းပြန်ဖြစ်ချင်ရင် အဲ့ဒီနေရာမှာ ရေခံတုံးလေးသာတင်ထားလိုက်ပါ။ အဲ့ဒီရေခဲတုံးလေးအရည်ပျော်ပြီး ခြောက်သွားတဲ့အခါ ထင်ကျန်နေတဲ့ အချိုင့်ရာလဲ ပျောက်သွားပါလိမ့်မယ်။
**မီးပူတိုက်ရမှာ ပျင်းရင်**
မီးပူတိုက်ရတာ ပျင်းရိသူတွေအတွက် နည်းလမ်းကောင်းတခုပေးချင်ပါတယ်။ လျှော်ပြီးသားအ၀တ်တွေကို ရေထဲမှာ ၁၀ မိနစ်လောက်ကြာအောင် စိမ်ထားပါ။ ပြီးရင်ရေမညှစ်ပဲ အင်္ကျီဂျိတ်မှာ လှမ်းထားလိုက်ပါ။ဒီနည်းနဲ့ခြောက်သွားတဲ့ အင်္ကျီကို မီးပူတိုက်စရာမလိုပဲ ၀တ်နိုင်ပါတယ်။
**အ၀င်ဆိုးတဲ့ဆေးသောက်ဖို့**
တချို့ဆေးတွေကခါးလွန်းလို့ အ၀င်ဆိုးနေပါသလား။ဆေးမသောက်ခင် ရေခဲတုံးလေးတစ်တုံးကို တစ်အောင့်ငုံထားလိုက်ပါ။ လျှာတွေအေးပြီး ထုံကျဉ်နေတုန်းမှာ ဆေးသောက်ချလိုက်ပါ ဘယ်လောက်ခါးခါး ဘာအရသာမှ မခံစားရတော့ပဲ ရှောရှောရှူရှူ ၀င်သွားပါလိမ့်မယ်။
**အလွယ်ဆုံးဖျက်ဆေး**
နံရံတွေပေါ်မှာ၊ ရေခဲသေတာပေါ်မှာ ကျေးဇူးရှင်လေးတွေ လက်ဆော့ပြီး ဆွဲထားတဲ့ ဂန၀င်မြောက် ရုပ်ပုံတွေကို အလွယ်တကူပျောက်စေချင်ပါသလား။ သူတို့ခြစ်ထားတဲ့ ခံတံ၊ ဘောပင် အရာတွေ ပေါ်မှာ သွားတိုက်ဆေးနည်းနည်းကို လူးပြီးအ၀တ်သန့်သန့်လေး တခုနဲ့ သုတ်ပေးလိုက်ရုံပါပဲ။
**ကော်တွေခွာမယ်**
သင့်လက်ချောင်းတွေမှာ ကော်တွေခွာမရအောင် ကပ်နေပြီလား။ စိတ်မညစ်နဲ့နော်။ လက်ချောင်းတွေကို ရှာလကာရည် စိမ်ထားတဲ့ အ၀တ်စတစ်စ နဲ့ ပွတ်ပေးပါ ကပ်နေသမျှကော်တွေကွာသွားပါလိမ့်မယ်။
**စတီးလ်ထည်အပောာင်းတွေကို အသစ်ဖြစ်ချင်ရင်**
မန်ကျည်းရည်ထဲမှ မိနစ်အနည်းငယ်လောက်စိမ်ထားပါ။ ပြီးရင် ပန်းကန်ဆေးဆပ်ပြာနဲ့ ဆေးကြောပစ်လိုက်ပါ။ အသစ်အတိုင်း တောက်ပ သွားပါလိမ့်မယ်။
**ဗိုက်အောင့်ကုထုံး**
အစာအိမ်ရောဂါကြောင့် ရုတ်တရတ် ဗိုက်အောင့်လာရင် ငှက်ပျောသီးတစ်လုံးကို ညက်ညက်ပါအောင် တဖြည်းဖြည်းဝါးစားလိုက်ပါ။ သင်ဆေးခန်းမရောက်ခင် ဗိုက်အောင့် ပျောက်သွားပါလိမ့်မယ်။
**အပြောင်းအလဲ မြန်တဲ့ သကြား**
သကြားတွေက ခွဲခြေလို့မရအောင် မာကျောသွားပြီဆိုရင် အဲ့ဒီသကြားခဲကြီးကို ဇလုံတခုထဲမှာ ထည့်ထားပြီး အ၀တ်ရေစိုနဲ့ တစ်ညလောက် ဖုံးအုပ်ထားလိုက်ပါ။ နောက်တစ်နေ့ မနက်မှာ မယုံနိုင်လောက်အောင် ပြောင်းလဲ သွားတာကို တွေ့ရပါလိမ့်မယ်။
**Nwe Ni**
Wednesday, August 31, 2011
အချိန်ကုန်ငွေကုန်သက်သာစေဖို့
ပျံသန်းကြည့်မယ်
သူငယ်ချင်းတို့ရေ
ဒီတစ်ခါတော့ ကဝေဖတ်ဖူးတဲ့ အင်္ဂလိပ်ပုံပြင်တစ်ပုဒ်ကို ပြန်ပြောပြမယ်လေ။ အနီးစပ်ဆုံးတော့ မြန်မာမှုပြုထား ကြည့်တာပေါ့နော်။
တစ်ခါတုန်း ကုန်သည်ရွာကြီးတစ်ရွာမှာပေါ့။ ကုန်သည်ကြီး တစ်ယောက်ဟာ အသက်အရွယ်လေးရလာတဲ့အခါမှာ သူကိုယ်တိုင် ဦးစီးဦးရွက်ပြုပြီး ကုန်မရောင်းတော့ဘူးတဲ့။ ကုန်လှယ်တဲ့နေရာမှာ ကြုံတွေ့ရတတ်တဲ့ သဘော၊ သဘောဝ၊ ရေမြေဒေသအကြောင်းကို ပြောပြီး သားဖြစ်သူကိုသာ ကုန်ရောင်းကုန်ဝယ်လွှတ်သတဲ့။ သားဖြစ်သူဟာ အသက် ၂၀ အရွယ်မှာပဲ ရှိသေးပေမယ့် ထက်မြက်တဲ့သူ တစ်ယောက်တဲ့။ ယောက်ျားကောင်း ပီသတဲ့အပြင် လိမ္မာပါးနပ်မှုရှိတဲ့သားကြောင့် ကုန်ရောင်းကုန်ဝယ်ဟာ အမြဲတမ်းအဆင်ပြေသတဲ့။ ငယ်ရွယ်တဲ့သားဖြစ်သူဟာ အဲဒီလို အောင်မြင် မှုတွေ အပေါ်မှာ ကျေနပ်ပျော်ရွှင်နေတယ်။ သူဘာလုပ်လုပ် အောင်မြင်မယ်လို့ တွေးထားတာပေါ့။
တနေ့ကျတော့ သားဟာ သူ့ပစ္စည်းတွေကို တခြားရွာတွေကို သဘောင်္နဲ့ လှည့်လည် ရောင်းချရင်း လမ်းမှာ လေမုန်တိုင်းနဲ့တိုးသတဲ့။ သူ့ရောင်းဖို့ ပါသွားတဲ့ ပစ္စည်းတွေဟာ ဆုံးရှုံးသွားသလို တခြားမြို့ရွာကနေ ပြန်သယ်လာတဲ့ အထည်အလိပ်တွေကလည်း ပျက်စီးဆုံးရှုံးသွားတယ်တဲ့။ သူ့ဘ၀မှာ ပထမဆုံး အကြိမ်ကြုံရတဲ့ ဆုံးရှုံးမှုဖြစ်တာကြောင့် သားငယ်ဟာ ဘယ်လိုမှကို ဖြေမဆည်နိုင်ဘူးတဲ့။ အိမ်ကို ပြန်ေ၇ာက်တော့လည်း အဲဒီအကြောင်းတွေကို တွေးပြီး တမှိုင်မှိုင် တတွေတွေလုပ်နေတာပေါ့။ နောက်ထပ် ကုန်ရောင်းထွက်ဖို့ကိုလည်း ကြောက်ရွှံ့ထိတ်လန့်နေတာပေါ့။ ခေါင်းဆောင်က အဲဒီလိုဖြစ်နေတော့ လှေထိုးသားတွေလည်း ငြိမ်နေရတာပေါ့။ ဒါပေမယ့် သူတို့ကလည်း ကုန်သည် လှေမထွက်ရင် ပိုက်ဆံမရတော့ မိသားစု စားဝတ်နေရေးးအတွက် အခက်အခဲတွေရှိလာတယ်။
ဒီတော့ သူတို့ဟာ ကုန်သည်ဦးကြီးကို အဲဒီအကြောင်းပြောပြပြီး သူတို့ကုန်ထပ်ကူးဖို့ ကုန်သည်လေးကို ပြောပေးပါဆိုသတဲ့။ ဒီအချိန်ဟာ ပွဲလမ်း သဘင်တွေ လုပ်ကြတဲ့အချိန်ဆိုတော့ တကယ့်ကို ကုန်ရောင်းလို့ကောင်းမယ့်အချိန်ပဲလေ။ ဒါကိုသိတော့ ကုန်သည်ဦးကြီးက စိတ်မပူဖို့ပြောပြီး သူ့သားကို သူ့ဆီကို အလာခိုင်းသတဲ့။ သူ့သားလည်း ရောက်လာရော သားကိုခေါ်ပြီးတော့ ကုန်သည်ကြီးဟာ အိမ်ရှေ့က ပန်းခြံထဲကို သွားသတဲ့။ အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်အောက်မှာ သူကထိုင်နေပြီး သားဖြစ်သူကိုတော့ ဖန်ခွက်အလွတ်လေးတစ်ခုနဲ့ ပိတုန်းကောင်လေး တစ်ကောင်ကို ရှာခိုင်းသတဲ့။
သားလုပ်တဲ့သူပြန်ရောက်လာတော့ ဖန်ခွက်ထဲကို ခုနက ပိုးကောင်လေးကိုထည့်ပြီးစောင့်ကြည့်ခိုင်းထားသတဲ့။ အဲဒီပိတုန်းလေးဟာ ဖန်ခွက်ရဲ့ အောက်ခြေမှာပဲ တ၀ီဝီနဲ့ ဟိုဟိုဒီဒီလှည့်ပတ်နေတယ်တဲ့။ ဖန်ခွက်လေး အပေါ်မှာ သူထွက်ဖို့ အပေါက်ရှိနေပေမယ့် သူဟာ အပေါ်ကို ပျံဖို့ မကြိုးစားဘူး။ အောက်ခြေက အပိတ်နေရာမှာပဲ အားကြိုးမာန်တက်နဲ့ လှည့်ပတ်သွားလာနေသတဲ့။ ဒါကို မြင်တော့ အဖေလုပ်သူက
“ငါ့သား…ဒီအကောင်လေးဟာ ပျံသန်းနိုင်တဲ့ အကောင်ဟုတ်တယ်မလား။ အခု ဘာလို့ မပျံသလဲ”
“သူအပေါ်ကို မော့မကြည့်လို့ပေါ့ အဖေ”
“အေး…ဟုတ်တယ်သား။ သူဟာ ထွက်ပေါက်ရှိရာကို မမော့ကြည့်ဘူး။ သူရောက်နေတဲ့ နေရာနားလေးမှာပဲ ထွက်ပေါက်ရှာနေတာ။ အဲဒီအချိန်အပေါ်ကိုသာ သူကြည့်မယ်ဆိုရင် သူ ဒီဖန်ခွက်ရဲ့ အပြင်ကို ထွက် သွားနိုင်မှာပါ။ ငါ့သား သိမ်းငှက်ကို မြင်ဖူးလား”
“ဟုတ်ကဲ့အဖေ။ မြင်ဖူးပါတယ်။”
“ဟုတ်ပြီ သား။ သူတို့သဘာဝကိုသိလား”
“ပျံသန်းနိုင်တယ်။ ရဲရင့်တယ်။ သူသုတ်မယ့် သားကောင်ကို ဘယ်တော့မှ လက်လွတ်မခံဘူး၊ ဟုတ်တယ်မလား အဖေ” လို့ သားဖြစ်သူက ချက်ခြင်းပြန်ဖြေသတဲ့။
“အဲဒီသိမ်းငှက်ကို ထိပ်အ၀ဖွင့်ထားတဲ့ ခပ်နိမ့်နိမ့် ခြံထဲမှာ ထည့်ထားရင် ဘာဖြစ်မယ်ထင်လဲသား။” လို့ သူ့သားကို ပြန်မေးတော့ သားက “ပြန်ထွက်သွားမှာပေါ့ အဖေရဲ့” လို့ ပြန်ပြောသတဲ့။ ဒီအခါမှာ အဖေက ခေါင်းခါပြပြီး
“မဟုတ်ဘူးသား။ သူဟာ အဲဒီခြံထဲမှာ အကျဉ်းသားလိုပဲ တစ်သက်လုံး နေသွားတယ်” လို့ပြန်ပြောသတဲ့။ ဒါကို သားလုပ်တဲ့သူက ကြားတော့ အံ့သြသင့်သွားတာပေါ့။ ဘယ်နှယ့်။ အမြင့်ပျံတဲ့ ငှက်က မပိတ်ထားတဲ့ ခြံထဲမှာ ဘယ်လိုလုပ်ပြီး နေနိုင်မလဲ။ မဖြစ်နိုင်တာချည်းလေ။ သားဖြစ်သူရဲ့ မယုံမကြည်ဟန်ကို သတိထားမိတဲ့ အဖေက
“အဲဒါ ဘာဖြစ်လို့လဲဆိုတော့ သိမ်းငှက်တွေက ပျံသန်းခါနီးရင် အရှိန်ယူတတ်တယ်သား။ သူတို့ဟာ မြေပြင်မှာ ၁၀ ပေ၊ ၁၂ ပေလောက် ပြေးပြီးတော့မှ အမြင့်ကို တရှိန်ထိုး ထိုးတတ်သွားတာလေ။ အခုလိုမျိုး သူတို့ ပြေးဖို့ နေရာကျယ်ကျယ်လည်း မရှိတော့ရော သူတို့စိတ်ထဲ “သွားပြီ” ဆိုတဲ့အတွေးနဲ့ ခြံထဲမှာပဲ နေသွားရော” “သား အဖေပြောတာတွေကို သဘောပေါက်ရဲ့လား”
အခုနက စိတ်ဓါတ်အကြီးအကျယ်ကျပြီး လောကကြီးကို စိတ်ကုန်နေတဲ့သားဖြစ်သူရဲ့ မျက်နှာဟာ ပြန်ပြီးတော့ ရွှင်လန်းလာတယ်။ မျှော်လင့်ချက်တွေ ပြန်စီးဆင်းလာတော့ သူ့မျက်နှာလေးဟာ ပိုပြီးတော့တောင် နီရဲလာတယ်လို့ ထင်လိုက်ရတယ်တဲ့။ ဒါကိုမြင်တော့ အဖေလုပ်သူလည်း ပျော်သွားတာပေါ့။
“နောက်ထပ် သားသိအောင်တော့ အကောင်လေး ၁ ကောင်ကို ပြောပြဦးမယ်။ သားကြားဖူးလား။ လင်းနို့လေ”
“ဟုတ်ကဲ့။ ညဘက်တွေမှာ ထွက်တဲ့ အကောင်မလားဖေဖေ။”
“အင်း ဟုတ်တယ်သား။ သူဟာ ညဘက်တွေမှာ ဆိုရင် လေထဲမှာ ပေါ့ပါးသွက်လက်စွာနဲ့ ပျံသန်းနိုင်တယ်။ ဘယ်အပေါက်က ၀င်ရမယ်၊ ဘယ်လိုနေရာမှာ နားရမယ်ဆိုတာကို သူတို့သိကြတယ်။ ဒါပေမယ့် သားရေ…အဲဒီလင်းနို့လေးကို ကြမ်းပြင်ပေါ်မှာ၊ မြေကြီးပေါ်မှာသာ ချထားကြည့်။ ဘာလုပ်တယ်ထင်လဲ” ဆိုပြီး သားဖြစ်သူကို ပြန်ပြီး မေးခွန်းထုတ်တာပေါ့။ သားလုပ်တဲ့သူကလည်း ရှေ့တုန်းက ငှက်ဥပမာတွေကို သိထားတော့ ပျံမှာပေါ့ အဖေရဲ့ လို့ချက်ခြင်း ပြန်မပြောတော့ဘူး။ စဉ်းစားရတောပါ့။
ဒါကို အဖေက
“သူတို့တွေက မြေကြီးမှာ ယိုင်ယိုင်လဲလဲနဲ့ လမ်းလျှောက်နေတယ်သားရဲ့။ မျှော်လင့်ချက်မဲ့တဲ့ ပုံစံမျိုးနဲ့ လျှပ်တိုက်လျှောက်တော့တာပဲ သားရေ။ နာကျင်ပေမယ့်လည်း သူတို့ဟာ ပျံဖို့ကို လုံးဝ မကြိုးစားတော့ဘူး။ တကယ်တော့ သားရေ သူတို့ဟာ ပျံသန်းဖို့ အမြင့်ကို လိုတယ်။ နည်းနည်းလေးမြင့်တဲ့နေရာကို ရောက်ပြီ ဆိုရင်တော့ သူတို့ဟာ အားမာန်အပြည့်ဖြစ်သွားရောတဲ့။ အဲဒီအမြင့်နေရာကနေ သူတို့ဟာ ကိုယ့်ကိုယ်ကို ပစ်ထိုက်လိုက်သလိုမျိုး အရှိန်ယူပြီးတော့ အပေါ်ကို ပျံတက်သွားတာ အလံလေးတွေ လေမှာ လွင့်နေသလိုပဲ သားရဲ့”
သားဖြစ်သူဟာ ငြိမ်ပြီးတော့စဉ်းစားနေတယ်။ ဒီအခါမှာ အဖေက
“ငါ့သား…ပိတုန်းကောင်ကို ဖန်ခွက်ထဲမှာ ထည့်ထားရင် သူဟာ သေတဲ့အထိ အဲဒီအထဲမှာပဲ အမျိုးမျိုးအသံပြုရင်းနဲ့နေသွားလိမ့်မယ်။ အပေါ်မှာရှိတဲ့ ထွက်ပေါက်ကို ဘယ်တော့မှ မော့မကြည့်ဘူး။ သူ့အတွက် အကျိုးမပြုတဲ့အရပ်မှာပဲ ဆက်နေနေတဲ့အတွက် သူ့ကိုယ်ရဲ့ ပျက်စီးရာကို သူကိုယ်တိုင်ပဲ ဖန်တီးရာ ရောက်သွားတယ်”
“အားကြီးပါတယ် ဆိုတဲ့ သိမ်းငှက်ဟာလည်း ခြံထဲကို ထည့်ထားလိုက်ရင် ဘယ်တော့မှ ပျံဖို့ မကြိုးစားတောဘူး”
“အဲဒီလိုပဲ အမှောင်မှာတောင် ကျွမ်းကျင်တယ်ဆိုတဲ့ လင်းနို့ဟာ မြေပြင်ကို ရောက်သွားရင် သူ့စိတ်ကို သူလျော့ချလိုက်တော့ အပျံမတတ်ဖြစ်သွားတတ်တယ်”
“ငါ့သား…အဖေတို့ပတ်ဝန်းကျင်မှာ သိမ်းငှက်လိုလူတွေ၊ ပိတုန်းလိုလူတွေ၊ လင်းနို့လိုလူတွေရှိတယ်။ သူတို့တွေဟာ တော်ကြတယ်။ ထက်မြက်ကြတယ်။ လုပ်ရည်ကိုင်ရည် ရှိကြတယ်။ အဲ..ဒါပေမယ့် အကြောင်းတခုခုကြောင့် အကျဉ်းအကျပ်ထဲကို ရောက်သွားရင် တော့ သူတို့ကိုယ်သူတို့ အားလျော့ပစ်လိုက်ကြတယ်။ သူတို့ပတ်ဝန်းကျင်မှာ သူတို့လွတ်မြောက်ဖို့ နည်းလမ်းကောင်းတွေ ရှိတယ် ဆိုတာကို မေ့လျော့သွားကြတယ်။ ငါ့သား အခုလုပ်နေတဲ့ အလုပ်ဟာ သဘာဝ အန္တရာယ်ကြောင့် အချိန်မရွေးဆုံးရှုံးမှုဖြစ်နိုင်တာကို ငါ့သားလက်ခံထားရမယ်။ တကယ်တော့ ငါ့သားရယ် အခုအချိန်မှာ ငါ့သားအတွက် ကျဆုံးတဲ့အချိန်ဖြစ်ပေမယ့် အားတင်းပြီး ဆက်လျှောက်လိုက်ပါ။ မကြာခင်မှာ ငါ့သားအရှိန်ယူလို့ရမယ့်၊ ပြန်လည်ထူထောင်နိုင်မယ့်အချိန်ကိုေ၇ာက်လာမှာပါ” လို့ပြောလိုက်သတဲ့။
အဖေလုပ်သူက သာဓကတွေနဲ့ ဆုံးမလိုက်တော့ သားဖြစ်သူဟာ သူအရင်က ပျော့ညံ့နေတဲ့စိတ်ကို ဘယ်လိုပြောင်းလဲရမလဲဆိုတာကို သိသွားတာပေါ့။ ဒီလိုနဲ့ နောက်တစ်ပတ်လောက်အကြာမှာပဲ လုပ်သားအင်အားဖြည့်စွက်ပြီးတော့ ရွှင်လန်းတက်ကြွစွာနဲ့ ကုန်ရောင်းပြန်ထွက်သွား သတဲ့။
ပုံပြင်လေးက ကောင်းလွန်းလို့ ကဝေဖြင့် ဘာမှတောင် ထပ်ဖြည့်မပြောချင်တော့ဘူး။ ကဝေကိုယ်တိုင်လည်း စိတ်အားငယ်တဲ့အခါမျိုးဆိုရင် ကိုယ့်ကိုယ်ကို ဒီလိုလေး ပြန်မေးမိတယ်။
“ငါဟာ လင်းနို့လား”
“သိမ်းငှက်လား”
“ပိတုန်းလား”
Posted by နှင်းနုလွင်
Dream and Reality
This is what every girl dreams.
But
**
*
*
*
*
But this is what happens in reality.
ပျော်ရွှင်ချမ်းမြေ့ပါစေ.....
**mya yaminn**.
ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ
**အမေရိကန်နိုင်ငံ၌ အီရီနေမုန်တိုင်းကြောင့် ၃၈ ဦးသေဆုံး ၊မြောက်ကာရိုလိုင်းနားပြည်နယ်ဆေးရုံ၌ မုန်တိုင်းတိုက်ခတ်နေချိန် ရင်သွေးငယ် ၁၈ ဦးမွေးဖွား**
(၀ယ်လင်တန်၊ သြဂုတ် ၃၀)
အီရီနေဟာရီကိန်းမုန်တိုင်းသည် အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသရှိ မြောက်ကာရိုလိုင်းနားပြည်နယ်သို့ သြဂုတ် ၂၉ ရက်က ၀င်ရောက်တိုက်ခတ်ခဲ့ပြီး နယူးဂျာစီနှင့်ဗာမွန့်ဒေသများသို့လည်း တိုက်ခတ်ခဲ့ရာ လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး ၁၀ စုနှစ်အတွင်း အဆိုးရွားဆုံးရေလွှမ်းမှုများဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်အမျိုးသားဟာရီကိန်းဌာနက သြဂုတ် ၃၀ ရက်၌ သတင်းထုတ်ပြန်သည်။ မိုးသည်းထန်ပြီး ရေလွှမ်းမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ကာ အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းဒေသတွင် မုန်တိုင်းကြောင့် သီတင်းတစ်ပတ်အတွင်း ပြည်နယ် ၁၁ ပြည်နယ်၌ သေဆုံးသူဦးရေ ၃၈ ဦးခန့်ရှိခဲ့သည်။ ကရစ်ဘီယံပင်လယ်တွင် အီရီနေမုန်တိုင်းစတင်ဖြစ်ပေါ် တိုက်ခတ်ခဲ့ရာတွင် ဒိုမီနီကန်နှင့် ပွာတိုရီကိုနိုင်ငံတို့တွင်လည်း သုံးဦးသေဆုံးခဲ့သည်။ နယူးယောက်မြို့တွင်လည်း အီရီနေမုန်တိုင်းဒဏ်ကြောင့် လူတစ်သန်းခန့် ဓာတ်အားပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ ယခုအချိန်အထိ မြောက်ကာရိုလိုင်းနားပြည်နယ်တွင် အိမ် ၅ ဒသမ ၁ သန်းခန့် ဓာတ်အားပြတ်တောက်နေဆဲဖြစ်သည်။ ၄င်းမုန်တိုင်းတိုက်ခတ်နေစဉ်မှာပင် မြောက်ကာရိုလိုင်းနားပြည်နယ် ဆေးရုံတွင် ၁၈ နာရီအတွင်း ရင်သွေးငယ် ၁၈ ဦးကိုမွေးဖွားခဲ့ရာ နေ့စဉ် ပုံမုန် ရင်သွေး ၁၀ ဦးမှ ၁၁ ဦးသာမွေးဖားခဲ့ရာမှ စံချိန်တင်မွေးဖွားခဲ့သည်က ထူးခြားမှုဖြစ်ခဲ့သည်။ (အင်တာနက်)
(Nigeria Floods: At Least 20 Killed in Ibadan)
**နိုင်ဂျီးရီးယားနိုင်ငံ၌ မိုးသည်းထန်ပြီး ရေလွှမ်း၊ သေဆုံးသူ ၂၀ ရှိ**
နိုင်ဂျီးရီးယားအနောက်တောင်ပိုင်းတွင်ရေလွှမ်းမှုကြောင့် သေဆုံးသူဦးရေ ၂၀ ရှိကြောင်း နိုင်ငံ၏အရေးပေါ်ကယ်ဆယ်ရေးအေဂျင်စသီက သြဂုတ် ၂၉ ရက်၌ အတည်ပြုပြောကြားသည်။ သြဂုတ် ၂၆ ရက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းဒေသတွင် နေထိုင်သူ ထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ (အင်တာနက်)
**ပါကစ္စတန်နိုင်ငံ၌ ရထားနှစ်စင်းတိုက်မှုဖြစ်**
(အစ္စလမ္မဘတ်၊ သြဂုတ် ၃၀)
ပါကစ္စတန်နိုင်ငံလာဟိုးမြို့အရှေ့ပိုင်းတွင် သြဂုတ် ၃၀ ရက် နံနက်က ရထားနှစ်စင်းတိုက်မိခဲ့ရာ ခရီးသည် ၅ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အူရဒူရုပ်မြင်သံကြားသတင်းဌာနက သတင်းထုတ်ပြန်သည်။ ဖြစ်ပွားမှု လာဟိုမြို့တွင်း ဖြစ်သန်းဖောက်လုပ်ထားသော ရထားလမ်း၌ ကလေးငယ်တစ်ဦးသေဆုံးစေခဲ့သည့် ရထားတိုက်မှုဖြစ်ပွားပြီး ရပ်တန့်ထားသော ခရီးသည်တင်ရထားကို ကုန်တင်ရထားတစ်စင်းက နောက်မှဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု မီဒီယာများက ဖော်ပြသည်။ ၄င်းကုန်တင်ရထားအား လမ်းကြောင်းပြောင်းပေးရန် တာဝန်ရှိသူများက မေ့လျော့ခဲ့သဖြင့် ရပ်တန့်ထားသော ခရီးသည်ရထားကို ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်၌ ရဟတ်ယာဉ်ပျက်ကျ၊ယာဉ်ပေါ်လိုက်ပါသူ လေးဦးစလုံးသေဆုံး**
(အော့တ၀ါ၊ သြဂုတ် ၃၀)
သြဂုတ် ၂၉ ရက် ညပိုင်းက ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်အတွင်း ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ လေးဦးစလုံး သေဆုံးခဲ့သည်။ ကွီဘက်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ သစ်တောထူထပ်ရာ နယ်မြေအတွင်း ည ၉ နာရီ ၁၅ မိနစ်ခန့်က ယင်းရဟတ်ယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်
ကိုယ့်ချစ်သူရဲ့နောက်ဆုံးချစ်သူ ဟုတ်မဟုတ် တွက်နည်း.
သူငယ်ချင်းတို့ရေ ...ကိုယ့်ချစ်သူရဲ့နောက်ဆုံးချစ်သူ ဟုတ်မဟုတ်မသိချင်ကြဘူးလားဟ င် ????
နည်းကတော့လွယ်လွယ်လေးပါ
...သင်ရယ်သင့်ရဲ့ချစ်သူတို့ရဲ့ေ မွးနေ့သက္ကရာဇ်အားလုံးကိုပေါင်ြး ကည့်
နောက်ဆုံးရလာတဲ့ကိန်းတစ်လုံးက အဖြေပေါ့...
ကဲ အစမ်းလေးလုပ်ကြည့်ရအောင် သင်က 13.1.1991 သင့်ချစ်သူက 4.4.1990 ဆိုပါစို့
13+1+1991+4+4+1990=4181
4+1+8+1=14 > 1+4=5 အဖြေက 5 ပေါ့ ရှင်းပြီနော်... ကဲ တွက်ကြည့်ကြနော်..
သူငယ်ချင်းတို့လဲစမ်းကြည့်လိုက် ကြနော်............
1ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ကိုချစ်ပေမယ့်
သူ့အတွက်ကတော့ ရည်းစားဟောင်းကပစ်သွားလို့ အသဲကွဲပြီး ခဏတာလာနားတဲ့ bus
ကားမှတ်တိုင်လို ဖြစ်နေတာပါ
သင်နဲ့အတူနေတဲ့အချိန်မှာသူဟာပျော်ရွှင်နေရပေမယ့် အဲဒီပျော်ရွှင်ခြင်းက
ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တ ယ် ဘာဖြစ်လို့လဲဆိုတော့
ပွေရှုပ်တတ်တဲ့သူ့အကျင့်က သင့်ထက်သာမယ့်သူကို
အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ် ဒါကြောင့်
သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဟာ
မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့အတူတူလိုဖြစ်နေတာပါ ... နောင် bus
ကားအသစ်ဟာ သူ့ဆီဆိုက်ကပ်လာခဲ့ရင်
သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်ေ လးမှာမဟုတ်သလို
သင့်ကိုဘယ်လိုဖြစ်ပြီးကျန်ခဲ့မှာလဲဆိုပြီး
ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး ...
2 ရတဲ့သူကတော့ သင်နဲ့သူဟာချစ်တော့ချစ်ကြပါတယ် ဒါပေမယ့်
မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ် တူတူနေခဲ့ရင်လည်း
လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ အကျင့်တွေကလည်း
တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း
အလျှော့ပေးမှာမဟုတ်ဘူး ဒါတောင်မှသင်တို့မှာ
သုံးပွင့်ဆိုင်မရှိသေးဘူးနော်.. .တစ်နေ့ကျရင် သူက
ခဏဝေးဝေးလောက်နေကြည့်ကြရအောင်လို့ပြောလာခဲ့ရင် သင်သူ့ကိုနားလည်ပေးလိုက်ပါ
သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး
တစ်ယောက်ကိုတစ်ယောက်နားလည်နိုင် တဲ့အချိန်တစ်ခုလောက်တော့
ထားပေးလိုက်ကြပေါ့နော့....
3 ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်းသင်က အစစ်အမှန်ကိုတွေ့တာပဲလေ
သင်တို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ် ဘာပဲဖြစ်ဖြစ်
တူညီနေတာပဲ အကျင့် အကြိုက် ညစ်ပတ်ခြင်း ပေါခြင်း အရူးထခြင်း တွေပေါ့
ဒါကြောင့်သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလို ပဲ
သင်တို့အချစ်ဟာဘာအရသာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ
ကြည့်လိုက်တာနဲ့နှလုံးသားထိမြင် ရတယ်ဆိုတာပေါ့ အဲ့ တစ်ခုတော့ရှိတယ်
သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ်
ဒါကြောင့်သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်
နောက်ဆုံးတော့လည်း ဘယ်လူမှ
သင့်ရဲ့အခုအရသာမရှိတဲ့ပေါ့ရွှတ်ရွှတ်လူထက်ပိုပြီး
ကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ် ...မသိနိုင်ဘူးလေ
အဲဒီအချိန်ရောက်ခဲ့ရင် ...နှောင်းချင်လည်းနှောင်းသွားမှာပေါ့ :P
4 ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ် ဘယ်လိုခွာခွာ
ခွာလို့မရတဲ့ပုံစံ ဘ၀ကိုဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ ပုံစံနဲ့တူနေတယ်
သူလည်းသင့်အကျင့်တွေဟာသူနဲ့ပေါင်းစပ်လို့ရမလားဆိုတာကိုမသေချာသေးဘူးဖြစ်နေတယ်
သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့
သူ့ကိုချစ်တယ်လို့ဖွင့်ပြောဖို့ မရဲဘူးဖြစ်နေတယ်
ဒါကြောင့်ဟိုဖက်ကိုလည်းမသွား ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့
အကောင်းဆုံးကတော့သင်တို့နှစ်ယော က် ခေါင်းချင်းဆိုင်ပြီး
ပြသနာကိုတူတူဖြေရှင်းကြတာကအကောင်းဆုံးပဲလေ မဟုတ်ရင်တော့ သင်တို့ထဲက
တစ်ယောက်မဟုတ်တစ်ယောက်ဟာအသစ်တွေ့ ပြီး သင်တို့ရဲ့ဇါတ်လမ်းလေးက
ဇါတ်သိမ်းသွားလိမ့်မယ်နော် ...
5 ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့ ဘာဂိုဏ်း
ညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း အသက်လုပြီး ဖြစ်ပေါ်လာတဲ့အချစ်စစ်
သင်တို့အချစ်လမ်းကြောင်းမှာဘယ်ေ လာက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့ဟာ
တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်အမှန်နဲ့ချစ်တာဖြစ်တယ်
သင်တို့နှစ်ယောက်ဟာ ခုချိန်မှာချစ်သူအဆင့်တွေမဟုတ်ေ တာ့ပါဘူး
နှစ်လွာပေါင်းမှတစ်ရွက်ဆို ပြီး ဖြစ်နေကြပါပြီ
အသက်ပေးပြီးချစ်ကြတဲ့သူတွေအဆင့် ရောက်နေကြပါပြီ
သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ် ဘူးလို့ မယုံမသကာင်္မဖြစ်ပါနဲ့
ဘာလို့လဲဆိုတော့ သူဟာယုံကြည်နေပါပြီ သင်ဟာ ဘုရားကပေးလာတဲ့
ဖူးစာရှင်အစစ်လို့ ...
6 ရတဲ့သူက ခုချိန်တွေမှာ ဘာစားစား သကြားထည့်ဖို့တောင်မလိုတော့ပါဘူး
ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်ြ ခင်းက
သကြားရဲ့အချိုဓါတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ် ဒါပေမယ့်လည်း
ဒီပျော်ရွင်မှုဟာ မပြည့်စုံသေးဘူးလို့သင်ခံစားရမယ် ရေမြောင်းပုပ်မှာ
လရိပ်ကို မြင်ရသလိုပေါ့... သင်ဟာ သင့်ချစ်သူနဲ့
ဒီလိုအမှတ်တရအချိန်လေးတွေကိုဘယ် လောက်ကြာကြာခံစားရဦးမှာလဲဆိုတာမ သေချာသေးဘူး
သို့ပေမယ့်လည်းသင်ဟာခုချိန်မှာအ ရမ်းပျော်နေတယ်လို့တော့ ပြောနိုင်တယ်လေ
အကယ်လို့သူပြသနာတစ်ခုခုရှိ ပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က
ဘာမှမသိသလိုနေမှာအသေအချာပဲ ...
သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ြ ပီလားလို့မေးရရင်တော့
သင့်ရဲ့အစွမ်းအစပေါ်မှာမူတည်ပါတယ် ပြီးတော့
သူရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်ေ လ
သူ့ရဲ့ပြသနာကိုဖြေရှင်းနိုင်ရဲ့ လားဆိုတာ....
7 ရတဲ့သူက ဒီတစ်ယောက်က
သင့်ကိုအမြင်ရှင်းသွားအောင်လုပ် ပေးနိုင်စွမ်းရှိတယ်
အနိမ့်စားလူတစ်ယောက်ကဘယ်လိုလဲဆိုတာပေါ့ ဘာဖြစ်လို့လဲဆိုတော့
အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ် ကိုယ့်ကိုယ်ကိုအထင်ကြီးမှု
အများကြီး အများကြီးပေါ့ သင့်ကိုတစ်ခုခုကူညီလိုက်ရင်
ကျေးဇူးအတင်ခံချင်တာကအရင် ပေါ့ ကျေးဇူးမမေ့နဲ့ ကျေးဇူးမမေ့နဲ့
ဆိုတာသူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့ ပွေလည်းပွေတယ် ကပ်စေးလည်းနှဲတယ်
ဆိုးသောအရသာမျိုးစုံနဲ့ပြည့်နေတဲ့သူပေါ့ သင့်နဲ့ရည်းစားလာဖြစ်တာကလည်း
အထွေအထူးမဟုတ်ပါဘူး Super Casanova ဆိုတဲ့ဂုဏ်ထူးကြီးကြောင့်ပဲဖြစ် တယ်
သင်ဟာ ရုပ်မရှိရင်
အဲဒီတစ်ယောက်ကသင့်ကိုမျက်စောင်း လေးတောင်ထိုးကြည့်မှာမဟုတ် ဘူး ပြီးတော့
သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း
ဂိုဒေါင်ကြီးထဲထည့်ထားရတဲ့ အထိ ဒါကြောင့်
သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်က တော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော် ...
8 ရတဲ့သူက သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ 50% - 50% ပါပဲ
သင်တို့အချစ်ဟာကြာပြီး အားလုံးနေရာကျနေပြီလေ
တစ်ယောက်အကြောင်းကိုတစ်ယောက်သိေ နပြီလေ ဒါကြောင့်တူတူနေတဲ့အချိန်ဆို
စိတ်ချမ်းသာရတယ် အဲဒီစိတ်ချမ်းသာတာက ချိုတာတွေ romantic
တာတွေမရှိတဲ့ခံစားချက် သ၀န်တိုခြင်း
လိုချင်တပ်မက်မှုတွေမရှိတဲ့အချစ် ဖြစ်နေပါတယ် ဒါကြောင့်သင်တို့အချစ်က
သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်ေ လ
သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ
တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက် နားလည်နိုင်စွမ်းရှိတယ်ဆို တာ သူ့အပြင်
သင့်အပေါ်မှာနောက်ထပ်နားလည်နိုင် မယ့်သူလည်းရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...
:)
9 ရတဲ့သူက ... အားရိုးရိုး သင်တို့အချစ်ကို နှိုင်းရရင်တော့
နံနက်နေထွက်ချိန်နဲ့ ညနေ နေ၀င်ချိန် ... ကောင်းကင်နဲ့မြေကြီး ...
သူချမ်းသာနဲ့ သူဆင်းရဲ ...နတ်ပန်းနဲ့ ငရဲပန်း ... စတာတွေပေါ့
ဒါကြောင့်သင်တို့အချစ်ကို
သင်တို့ကိုယ်တိုင်တောင်နားမလည်နိုင်ပဲဖြစ်နေရတယ် နောက်ထပ်
ဘာထူးဆန်းစရာတွေ ထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ် သင်တို့နှစ်ဦးကလည်းသိနေတယ် လေ
ကြာရှည်လက်တွဲလို့မရဘူးဆိုတာပေါ့  ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘ၀မှာ
ရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်တယ်... သင်တို့နှစ်ဦးဟာ
အလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့
သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင် လည်း
သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ...
--
**albee hebe**
--
“ရှောင်တိမ်းနေဆဲ ကောလဟာလ”
မရင့်ရော်သေးတဲ့ ရာသီစက်ဝန်းတစ်ခုမှာ တောင်ကြားများအကြားမှာ အရိပ်ဖြူတွေကို လှည့်လည်ချောင်းမြောင်းနေသူ လူသတ်သမားဟာ အရူးရဲ့ ခြေရာကို သတိထားမိသွားတယ်တဲ့လေ။ အမည်းပုပ်ပုပ်နိဒါန်းဟာ ဇာတာမှိန်တဲ့နေ့မှာ အစပျိုးတာပေါ့။ နီတိတွေ မကျွမ်းဝင်တဲ့ အရူးပေမယ့် “မင်္ဂလာပါ” “ကျန်းမာရဲ့နော်” လို့ ပဋိသန္ဓာရစကားဆိုမိလေရဲ့။ဒီလို ခရီးသွားဟန်လွှဲ အားနာပြုံးတဲ့အခိုက်မှာပဲ လူသတ်သမားက အရူးရဲ့ နှလုံးသားဟာ ဆေးဖက်မဝင်ဘူးဆိုတာ ကံကြီးသီလို့ နားလည်သွားပါသတဲ့။
လူသတ်သမားရဲ့ ပုံတူကောက်ကြောင်းကို ဒေါသစုတ်ချက်နဲ့ ခြယ်ထားတာ မဟုတ်ရပါဘူး။ သူ့မူလ မျက်နှာဖုံးပင်ကိုကပင် အဆိပ်ပြင်းနဲ့ ထုံးမွှမ်းထားတာရယ်။ ကိုယ်ကျိုးကျန်ဖို့အတွက် လူသတ်သမားဟာ အခမ်းအနားနဲ့ ထောင်ချောက်တွေဆင်တယ်။ ဆူးပြွန်းတောင်မို့ သားကောင်ရှားလွန်းသလို အဆင့်မြင့်လူသတ်နည်းတွေကလည်း ကြိုးရှုပ်ထွေးလို့ လွတ်ကုန်ကြပြန်ရော။
ဒါပေမယ့် သဘောထားတင်းမာတဲ့ လူသတ်သမားဟာ အရှုံးမပေးတတ်သူပါ။ “အစီအစဉ်ဆွဲပြီးသား ငါ့အိပ်မက်တွေက ရွှေနဲ့ထုဆစ်ထားတာ” လို့ ဝံ့ကြွားတတ်တယ်။ အရူးက ရယ်တယ်။ ဒါပေမယ့် ကြင်နာစွာပဲ ရပ်ကြည့်မိသတဲ့။ ပူလောင်နေတဲ့ လူသတ်သမားကို ငေးရင်း “သနားပါတယ်” လို့တောင် ထုတ်ဖော် ညည်းတွားမိသေးတာ။ လူသတ်သမားက ဓားကိုင်ထားပေမယ့် စေတနာမပျက်နိုင်ဘူး။ ဒုက္ခသည်တွေဟာ ကိုယ့်ကျိန်စာကို မမြင်သလို အရူးကလည်း လူသတ်သမားဟာ နေမကောင်းလို့နေမှာ လို့ ပြေရာပြေကြောင်း တွေးနေသတဲ့လေ။ ချော်လဲသွားတော့လည်း နာများသွားလားလို့ ကြောင့်ကြစိတ်နဲ့ ထူမိပြန်သေးသတဲ့။ အဆိုးဆုံးက သူ့လမ်းကြောင်းမှာ အန္တာရယ်ကင်းရဲ့လားလို့ ကင်းလှည့်ပေးတတ်ပြန်တာပေါ့။
ဟုတ်ကဲ့။ အရူးရယ်လေ။ တွယ်ငြိမိသူ ဆင်ခြင်ဥာဏ်မဲ့သူရယ်ပါ။ လူသတ်သမားအနား မကြောက်မရွံ့တိုးသွားရင်း ကိုယ်စားပင်ပန်းနေတတ်တယ်။ လူသတ်သမားက သရုပ်ဆောင်ကောင်း လွန်းတာမို့ ကြံဖန်ရင်နာရင်း မျက်ရည်စိုစွတ်နေတတ်တယ်။ မဲပြာပုံပြင်တွေထဲကလို အရူးဟာ လူသတ်သမားကို အမြင်မှန်ရပြီး သူတော်ကောင်းဖြစ်ဖို့ မမျှော်လင့်ပါဘူး။ လိုရာကို အမြန်ခရီးပေါက်ပြီး သားကောင်ကို ပွေ့ပိုက်လို့ ပျော်စေချင်တာ။ အရူးဟာ အိပ်မက်တံတိုင်းအပြင်ဖက်မှာ တိမ်တွေ ယက်တယ်။ လူသတ်သမားအတွက် ယာဉ်လုပ်ပေးဦးမယ် ဆိုပဲ။
ဒီလို ယောက်ယက်ခတ်နေတဲ့ အရူးကို လူသတ်သမားက သတိပြုမိသွားပြီရယ်။ ဘဝက တိုလွန်းတာမို့ တိုက်ခိုက်ခန်းတွေက ခပ်မြန်မြန်ပဲ ရောက်လာတယ်လေ။ လူသတ်သမားဟာ သွေးဆာနေပြီမို့ အရူးရဲ့ ဝိညာဉ်ကို စီးပြီးသွားရင် လွင်ပြင်ကို ရောက်နိုင်မယ်လို့ လိမ်လည်တယ်။ ပထမတော့ အရူးက ငြင်းတယ်။ “ အသက်ကို ချမ်းသာပေးပါ။ ငါအသက်ရှင်ချင်သေးတယ်။ မင်းအတွက် ယာဉ်ပျံကြီး ပြီးတော့မှာ” လို့ ရို့ရို့ကျိုးကျိုးဆိုပါတယ်။
အရူးဟာ သေရမှာကို သိပ်ကြောက်တာရယ်။ “င့ါမျက်လုံးတွေကို သေသေချာချာကြည့်ပါဦး။ ငါဟာ မင်းလို လူပါပဲ။” လို့ စာနာစိတ်ကို မျှားယူတယ်။ ဒါပေမယ့် အရူးမိုက်ရဲ့ ဇာတ်သိမ်းချိန်ရယ်လေ။ သတိနဲ့ ရှောင်တိမ်းလည်း ထက်မြရက်စက်တဲ့ဓားက အရူးနှလုံးသားကို ထွင်းဖောက်လိုက်ပြီလေ။…။မိုးတွေရွာတဲ့အခါ သွေးချောင်းစီးတယ်။အနီရောင်ပန်းတွ ပွင့်ကြတယ်။ ဘယ်သူမှ မငိုကြပါဘူး။
မျက်နှာဖုံးတပ်ထားတဲ့ လူအများ သက်သေရှိခဲ့ပေမယ့် ဒီလူသတ်မှုဟာ လူထုရှေ့မှောက် မပေါက်ကြားခဲ့ပါဘူး။ အင်တာနက်မှာ ပျံ့နှံ့မသွားခဲ့ဘူး။ တရားခံဟာ ဥာဏ်ကြွယ်သူမို့ သတင်းအဖြစ်တောင် အကျုံးမဝင်ခဲ့ဘူး။ ဘုရားကျောင်းက ခေါင်းလောင်းတွေ မြည်ကြပေမယ့် ခုံသမာဓိတွေလည်း မသိမမူခဲ့ဘူး။ မြေကမ္ဘာသက်သေရှိပေမယ့် တောင်တွေကလည်း မှတ်ချက်မပေးကြဘူး။
အသုဘအခမ်းအနားကို လူသတ်သမားက ပြုံးပြုံးလေးဆင်နွှဲတယ်။
ဒီအခိုက်မှာပဲ ယာဉ်က မြေမှ ကြွတယ်။ အရူးထက် ခေါင်းတစ်လုံးသာတဲ့ လူသတ်သမားဟာ ယာဉ်ကို ဘယ်လိုတက်ရမယ်ဆိုတာကိုတော့ နားမလည်ဘူးတဲ့။ ကံလို့ပဲ ပြောရဦးမလား ။ ဘာပဲဖြစ်ဖြစ် သူ့ခြေလှမ်းတွေဟာ အဆင်ချောညီညာ ပါတယ်။
ဖြစ်ရပ်မှန်ကတော့ စုန်းအတတ်သိပြန်တဲ့ လူသတ်သမားဟာ အရူးကို ဖုတ်သွင်းပြီး ယာဉ်ကို ကြိုးဆွဲခိုင်းတာပေါ့။ အရူးဟာ မူလအစမှာ သူပြန်လည်ရှင်သန်ထမြောက်တယ် ထင်ပြီး အပျော်လွန်နေပေမယ့် ခရီးဆုံးတဲ့အခါ ဘဝမှန်ကို သိသွားပြီရယ်။ “မင်းလည်း သားကောင်ရပြီပဲ။ ထပ်မနှိပ်စက်ပါနဲ့တော့။ ငါ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ” လို့ တိုးလျှိုးတယ်။
ဒါပေမယ့် ဘယ်လိုပင်တောင်းပန်လည်း လောဘမသတ်နိုင်တဲ့ လူသတ်သမားဟာ အရူးကို အကျဉ်းချထားဆဲပဲ။ အရိပ်တွေကို နင်းပြီး ကောင်းကင်ဘုံရောက်သွားလည်း လူသတ်သမားဟာ အရူးတစ္ဆေကို ဆက်လက်အသုံးချဖို့ နည်းလမ်းရှိသေးတယ်တဲ့လေ။
ဒီလိုနဲ့ ပုံပြင်တစ်ခုကို ပုဒ်မချလိုက်ရပါပြီ။ ထုံးတမ်းစဉ်လာဖြစ်စဉ်အတိုင်း ကယ်တင်ရှင်တွေ ရောက်တာ နောက်ကျနေပါဦးမယ်။ အရူးဟာ သွေးစုပ်ဖုတ်ကောင်လို သွင်ပြင်မထင်ရှားပေမယ့် မျက်ရည်စတွေကိုမြင်ရင် အဖြေသိပါလိမ့်မယ်။ အတောင်ပံခတ်သံကြားရင် မျက်နှာလွှဲနေလိုက်ပါ။ မကျွတ်လွတ်သော ဖြူရော်ရော် တစ္ဆေတစ်ကောင်ကို တွေ့ရင် မရယ်မိဖို့ မေတ္တာရပ်ခံပါတယ်။
စာနာပေးမယ်လို့ မျှော်လင့်ရင်း သင် မှတ်သားခဲ့တဲ့ “ ပုထုဇဉ်နော ဥမ္နတကော ..” ဆိုတဲ့ ရှေးစကားဟာ သစ္စာလို့ ပြောချင်ပါတယ်။ သတိပြုပြီး ပြုံးရယ်ပါ။ အဖြူရောင်အလံ ကိုင်ဆောင်ထားလည်း သတ်ဖြတ်ခံရတတ်ပါတယ်။ အနေအထိုင်ဆင်ခြင်ပါ။ လူသတ်သမားဟာ သင့်အနားမှာ လှည့်လည်နေပါတယ်။...။
**မယ်ကိုး**
-☻☺☻ ဟာသလေးတွေပါ ☺☻☺
-
**ကိုညစ်ပတ်**
အလွန်မှ ညစ်ပတ်သောကုမ္မဏီမှ အလုပ်ခေါ်စာကို ဂျာနယ်ထဲမှထည့်` ကြော်ငြာလေ၏။
ညစ်ပတ်နိုင်သလောက် ညစ်ပတ်ရမည် ဖြစ်ပြီး အညစ်ပတ်ဆုံးသောဝန်ထမ်းများအားစီစစ်ရွေးချယ်
ကာ ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ လျှောက်လွှာများကိုလည်းကုမ္မဏီမှ ရောင်းချသွားမည်ဖြစ်ကြောင်း
ပါရှိလေသည်။ ထို့ကြောင့် အလုပ်မရှိသော zaw pauk တယောက် (အလုပ်ကိုလည်းကြိုက်သဖြင့်)
ကုမ္မဏီသို့ သွားကာ လျှောက်လွှာတစောင် ၀ယ်ယှူု၍ အိမ်သို့ပြန်လာကာ ဖောင်ဖြည့်လေ၏။
ထို့နောက် အိမ်သာတက်ပြီး ထိုလျှောက်လွှာဖြင့် အီးကုန်းကာ ကုမ္မဏီသို့ ပို့လေတော့သည်။
အင်တာဗျူးသောနေ့ရောက်သော်
HR--“mg zaw pauk ရှိလား ၀င်ခဲ့ပါ”
ZP--“ဟုတ်ရှိပါတယ် လာပါပြီ”
HR--“ညီလေး ရဲ့ရုပ်ရည်ကတော့ ကိုယ်တို့ကုမ္မဏီရဲ့ စည်းကမ်းချက်တွေနဲ့
တော်တော် ကိုက်ညီတာတွေ့ရတယ်။ဒါပေမယ့် ညီလေးကို အကိုတို့
အလုပ်ခန့်လို့ မဖြစ်ဘူးကွ”
ZP--“ဗျာ ဘယ်လိုကြောင့်လဲသိပါ့ရစေ ”
HR--“အင်းးး ညီလေးမှတ်ထားကွ ကိုယ်တို့ကုမ္မဏီက သူဌေးက စလို့
အောက်ခြေ၀န်ထမ်းဆုံးထိ ဘယ်သူမှ အီးမကုံးဘူးကွ”
“ဟိုက်”။။။။။
...........................................................
** နှစ်လုံးပြူးကြီးနဲ့တော့ မချိန်ပါနဲ့နော်။ ကြောက်တယ်လို့။**
(ရွှေရည်) ပြောလေ အကို။
(ကျွန်တော်) နံနက်ဖြန် ဘာနေ့လဲဟင်။
(ရွှေရည်) ဗုဒ္ဓဟီး။
(ကျွန်တော်) ဗုဒ္ဓဟူးတော့ လုပ်လိုက်ပါ။
(ရွှေရည်) ဗုဒ္ဓဟီးလို့ ပြောမှ ရွှေသွားလေးပေါ်မှာပေါ့။ ဟိဟိ။
(ကျွန်တော်) ရွှေရည် ဝေ့မနေနဲ့ကွာ။ ရွှေရည်ပဲ ကိုယ့်အချစ်ကို စဉ်းစားပေးမယ်။
ချစ်သူများနေ့ကျ အဖြေပေးမယ်ဆို။
(ရွှေရည်) သြော် ဟုတ်သားပဲ။ မေ့တောင်နေတယ်။ ဘာမှတောင် မစဉ်းစားရသေးဘူး။
(ကျွန်တော်) ရွှေရည် အဲဒီလို မညစ်နဲ့ကွာ။ ကိုယ့်ကို နံနက်ဖြန်ကျ အဖြေပေးရမယ်။
(ရွှေရည်) နောက်တာပါအကိုရယ်။
(ကျွန်တော်) ဒါဆို နံနက်ဖြန်ကျ အကိုတို့ ဆုံနေကျ အအေးဆိုင်လေးမှာ ၉း၀၀ နာရီ ဆုံမယ်လေ။ အိုကေ။
(ရွှေရည်) အိုကေ။
ရွှေရည်နဲ့ ကျွန်တော် မနေ့ကပြောခဲ့တဲ့စကားလေးတွေကို
ကျွန်တော့်နားထဲမှာ ပြန်လည်ကြားယောင်ပြီး ပျော်နေခဲ့တယ်။ ကျွန်တော်အခု အိမ်သာထဲမှာပါ။
ရွှေရည့်စီက အဖြေရမယ်ဆိုတာစဉ်းစားရင်း ပီတိတွေဖြာပြီး အီအီးတွေပါနေတယ်။
အရာရာလှပနေတဲ့ ဒီနေ့မှာ ကျွန်တော့်အီးတောင် မွှေးနေသလားလို့ အောက်မေ့မိတယ်။
အိမ်သာကထွက်လာချိန်မှာတော့ - - - - -
(ကျွန်တော်) အမေ ဆိုင်ကယ်ရော။
(အမေ) နင့်အမ အကြီးယူသွားတယ်။ သူငယ်ချင်းတွေနဲ့ လျှောက်လည်မလို့တဲ့။
(ကျွန်တော်) ဒါဆို စက်ဘီးရော။
(အမေ) နင့်အမ အငယ်ယူသွားတယ်။ ရုပ်ရှင်ရုံသွားမလို့တဲ့။
(ကျွန်တော်) ဟာာာာာာာ ကျွန်တော်လည်း သွားစရာ ရှိတယ်ဗျ။
--
(အမေ) သားက အိပ်ယာထ နောက်ကျတာကိုး။ အခုကို ကြည့်အုံး ၉း၀၀ နာရီထိုးပြီ။
(ကျွန်တော်) ဗျာ ၉း၀၀ နာရီထိုးပြီ ဟုတ်လား။
ကျွန်တော် ဘာမှ စဉ်းစားမနေဘဲ ချစ်သူလေးနဲ့ ချိန်းထားတဲ့ အအေးဆိုင်ကို ဆိုက္ကားပဲ
ငှားစီးလာခဲ့တယ်။ တောက် အောက်တန်းကျလိုက်တာကွာ။ စော်စီက အဖြေရမယ့်နေ့မှ
ဆိုက္ကားနဲ့သွားရတယ်လို့။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေကလည်း အိမ်က မသာမတွေက
ဦးအောင်ယူသွားကြတယ်။ ကျွန်တော် စောက်ရမ်းပေါက်နေတယ်။
(ဆိုက္ကားဆရာ) ကမ္ဘာကို.... ဆိုက္ကားနဲ့ပတ်မယ်....ဘရာကျော်ဝယ်စားကြပါစို့...
အပြာရောင်မိုးသားများရဲ့အောက...် ချိုသောအရက်တွေကို... အတူသောက်လို့....
ဆိုက္ကားဆရာရဲ့သီချင်းဆိုသံက ကျွန်တော့်ကို ရိနေသလိုပဲ။ သူ့သီချင်းသံကြောင့်
ကျွန်တော် ဒေါသတွေ ပိုထွက်လာတယ်။ ကျွန်တော့်ဒေါသတွေ ပေါက်ကွဲထွက် မလာအောင်
မနည်းကို ထိန်းချုပ်ထားရတယ်။ ဒီလိုနဲ့ အအေးဆိုင်ရှေ့ကို ရောက်လာတယ်။
အအေးဆိုင်ရှေ့လည်းအရောက်
ဆိုက္ကားပေါ်ကနေလည်းအဆင်း
လိုင်းကားတစ်စီးကလည်းအဖြတ်
လေပြင်းတစ်ချက်ကလည်းအဝှေ့
ပုဆိုးတစ်ကွင်းကလည်း ကျွန်တော့်မျက်နှာပေါ်လာအကပ်
ကျွန်တော့်ဒေါသတွေ ပေါက်ထွက်ကုန်တော့တာပေါ့ဗျာ။
ကျွန်တော်လည်း စိတ်မထိန်းနိုင်တော့ဘဲ ပုဆိုးကို အပေါ်မလှန်ဖယ်ပြီး လွင့်ပစ်လိုက်တယ်။
(ကျွန်တော်) တောက် - - - တွေ။ ဒါ ဘယ်မိမဆုံး၊ ဖမဆုံးမရဲ့ ပုဆိုးလဲကွ။ စည်းမရှိ၊ ကမ်းမရှိ
လှမ်းထားမှတော့ လွင့်ပြီပေါ့ကွ။ လွင့်တာအသာထား ငါ့မျက်နှာမှ လာကပ်ရသလားကွ။
ကျွန်တော်ပေါက်ကွဲတာကို ပတ်ဝန်းကျင်က လူတွေက ပြုံးစိစိနဲ့ ကြည့်နေကြတယ်။
သြော် ကျွန်တော်ဒေါသထွက်တာ သူတို့ကို ဟာသလုပ်နေတယ်များ ထင်နေကြလား
မသိပါဘူးဗျာ။ ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ အအေးဆိုင်ထဲကို ၀င်လာလိုက်တာ။
အအေးဆိုင်ကလူတွေကလည်း ကျွန်တော့်ပဲ ပြုံးစိစိနဲ့ ၀ိုင်းကြည့်နေကြတယ်။
ကျွန်တော်လည်း ရွှေရည်ရှိတဲ့ဝိုင်းကို အမြန်ဝင်ထိုင်လိုက်တယ်။ ရွှေရည်ကလည်း ကျွန်တော့်ကို
ပြုံးစိစိနဲ့ ကြည့်နေတယ်။ ဘာလဲဟ။
(ကျွန်တော်) ဘာတွေပြုံးနေတာလဲ ရွှေရည်။
(ရွှေရည်) ဘာမှမဟုတ်ပါဘူး အကိုရဲ့။ ခစ်ခစ်ခစ်။
(ကျွန်တော်) ရွှေရည် အကို့ကို အဖြေပေးတော့လေ။
(ရွှေရည်) အကိုလိုချင်တဲ့အဖြေကို ရွှေရည်ပေးပါ့မယ်အကိုရဲ့။
ဒါပေမယ့် ရွှေရည့်ကို နှစ်လုံးပြူးကြီးနဲ့တော့ မချိန်ပါနဲ့နော်။ ကြောက်တယ်လို့။ ခစ်ခစ်ခစ်။
(ကျွန်တော်) ရွှေရည် ဘာတွေပြောနေတာလည်း အကိုနားမလည်တော့ဘူး။
(ရွှေရည်) ခုနက အကို့မျက်နှာမှာ ကပ်နေတဲ့ပုဆိုးကို အကို ယူပြီး လွင့်ပစ်လိုက်တယ်
မဟုတ်လား။
(ကျွန်တော်) ဟုတ်တယ်လေ။ အဲဒါ ဘာဖြစ်လို့လဲ။
(ရွှေရည်) အဲဒီ့ပုဆိုးက ဘယ်သူ့ဟာလဲဟင်။
(ကျွန်တော်) ဘယ်သိမလဲ။ အောက်တန်းစား တစ်ယောက်ယောက်ဟာ ဖြစ်မှာပေါ့။
(ရွှေရည်) အဲဒါ အကို့ပုဆိုးပဲလေ။ လေတိုက်ပြီး အပေါ်ကို လန်တက်လာတာ။ အကိုက
မဖယ်လိုက်တော့ ကျွတ်ထွက်ပြီး အကို့လက်ထဲ ပါလာတာပေါ့။ မယုံရင် အောက်ငုံ့ကြည့်လိုက်။
ကျွန်တော် အောက်ငုံ့ကြည့်လိုက်တော့ အမငှီး အောက်မှာ ဗလာနတ္တိ ဘာမှမရှိ။
အောက်ကဘောင်းဘီတို လေးသာ ရှိ၏။ အမငှီး ရှက်လိုက်တာ။ ဒါကြောင့်တလမ်းကရော၊
အအေးဆိုင်ထဲက လူတွေကရော နာ့ကို ပြုံးစိစိနဲ့ ကြည့်နေကြတာပေါ့။
(ရွှေရည်) အဲဒါကြောင့် ပြောတာပေါ့အကိုရဲ့။ အကိုလိုချင်တဲ့အဖြေကို ရွှေရည်ပေးပါ့မယ်။
ခစ်ခစ်ခစ်။ ဒါပေမယ့်
"ရွှေရည့်ကိုလေ နှစ်လုံးပြူးကြီးနဲ့တော့ မချိန်ပါနဲ့နော်။ ကြောက်တယ်လို့။"
.................................................................
** မကြောက်ပါနဲ့***
အလင်းမဖောက်နိုင်သော သစ်တောကြီးတစ်ခုအတွင်းသို့ အသက် ၄၀ ကျော် အရွယ်လူတစ်ဦးနှင့် ၁၁ နှစ်သား လူငယ်လေးတစ်ဦး အတူ လမ်းလျှောက်ဝင်လာသည်။ တောနက်လာသည်နှင့်အမျှ လူငယ်လေး ကြောက်ရွှံ့လာ၏ တစ်နေရာအရောက်တွင် လူငယ်က ပြောသည်။
လူငယ်။ ။ကျွန်တော် ကြောက်လာပြီဗျာ။ လှည့်ပြန်လို့ရမလား။
လူကြီး။ ။မကြောက်နဲ့ကွ။ ကြောက်စိတ်ကို ဖယ်ထုတ်ပစ်။ လူတွေကို ဒုက္ခပေးနေတာ အကြောက်တရားပဲ။ ဒါပေမယ့် တချို့လူတွေက ကြောက်လွန်းရင် ရဲရင့်သွားတတ်ကြတယ်။ အရေးကြီးဆုံးကတော့ လှည့်မပြန်နဲ့။
လူငယ်။ ။ဘာဖြစ်လို့လဲဟင်။
လူကြီး။ ။မင်းလှည့်ပြန်သွားရင် ငါတစ်ယောက်တည်း မနေရဲလို့ကွ။ မကြောက်နဲ့။
မြန်မာဟာသ မှ ပြန်လည်မျှဝေလိုက်ပါတယ်
ပုဂံချစ်တဲ့ ဆရာကြီးလု(စ်)
(Ananda-Pagan)
`ငါသေခဲ့ရင် ငါ့အလောင်းကိုပြာချပြီး ငါ့အရိုးပြာကို အုတ်ဂူကလေးတခု လုပ်ပေးပါ။ ငါချစ်တဲ့ ပုဂံမြေမှာ အုတ်ဂူကလေး တည်ပြီးတော့ ပုဂံကို အရူးအမူးချစ်တဲ့ လူတယောက် လို့ ကမ္ဗည်းထိုးပေးပါ ချစ်တပည့်´လို့ စာရေးပြီး မှာသွားရှာတဲ့ လွမ်းစရာ ပုဂ္ဂိုလ်တဦးကတော့ အင်္ဂလိပ်လူမျိုး ကဗျာဆရာကြီး၊ သမိုင်းပါမောက္ခကြီး ဂျီအိပ်ခ်ျလု(စ်) ဆိုတဲ့ ပုဂ္ဂိုလ်ကျော်ကြီးပါ။
၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းက လူထုရွေးကောက်တင်မြှောက်တဲ့ ဦးနုအစိုးရကို စစ်တပ်နဲ့အာဏာသိမ်းခဲ့တယ်။ နိုင်ငံခြားသား တွေကို နှင်ထုတ်ခဲ့တယ်။ အဲဒီ အနှင်ခံနိုင်ငံခြားသားတွေထဲမှာ သတိုးသီရိသုဓမ္မာ ဂျီအက်စ် ဖာနီဗယ် ဆိုတဲ့ ဘောဂဗေဒ ပညာရှင်၊ စာပေပညာရှင်၊ အိုင်စီအက်စ်ဘွဲ့ရ ကြေးတိုင်မင်းကြီးဟောင်းနဲ့ ဂျီအိပ်ခ်ျလု(စ်) တို့လဲ ပါသွားပါတယ်။
ဖာနီဗယ်နဲ့ လု(စ်) တို့နှစ်ယောက်ဟာ အင်္ဂလိပ်လူမျိုးဖြစ်ပေမယ့် မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ဂီတနဲ့ မြန်မာ့ယဉ်ကျေး မှုကို ချစ်ပြီး မြန်မာ့အကျိုးကို ရာသက်ပန်ထမ်းရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
အင်္ဂလိပ်ဆိုတိုင်း ကိုလိုနီနယ်ချဲ့သမားမဟုတ်သလို ထိုပုဂ္ဂိုလ်တွေကလဲ နယ်ချဲ့သမားတွေနဲ့မပေါင်း၊ သူတို့ မျက်နှာဖြူတွေ ချည်းသာ ၀င်ခွင့်ရတဲ့ ပဲခူးကလပ်ကိုမသွား၊ မြန်မာတွေနဲ့ပဲ ချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံပြီး မြန်မာနိုင်ငံရဲ့ အရေးကိုသာ နှစ်ပေါင်းများစွာ အကျိုးဆောင်ခဲ့ကြသူများ ဖြစ်ပါတယ်။
ဆရာကြီး လု(စ်) ကတော့ မြန်မာနိုင်ငံ ပုဂံမြေမှာပဲ ခေါင်းချ၊ ပုဂံရဲ့ ထာဝရချစ်သူအဖြစ်နေတော့မယ်လို့ ဆုံးဖြတ်ထားသူပါ။ အခုလို ဆရာကြီးနှစ်ဆူဟာ သူတို့ချစ်တဲ့မြေနဲ့ မျက်ရည် တ၀ဲဝဲ ခွဲခွာသွားရတဲ့အတွက် အသဲနှလုံး ကြိမ်မီးအုံး ခံစားခဲ့ရရှာ ပါတယ်။
ဆရာလု(စ်)ဟာ တကယ့် သမိုင်းပါရဂူကြီးပါ။ နှစ်ပေါင်း ၄၀ ကျော် ပုဂံဘုရားကြို ဘုရားကြား ကျောက်စာချပ်တွေအကြားမှာ တိုးဝင်ပြီး ပျူစာ၊ မွန်စာ၊ ပါဠိစာတွေဖတ်ပြီး သမိုင်းသုတေသန လုပ်ခဲ့တဲ့ပညာရှင်ပါ။ တရုတ်ရှေးဟောင်းစာတွေဖတ်ပြီး မြန်မာတို့လာရာလမ်းကို စူးစမ်းရှာဖွေခဲ့သူလဲဖြစ်ပါတယ်။ ကိုယ်တိုင်လဲ နိုင်ငံအနှံ့ ခြေဆန့်ပြီး ကွင်းဆင်း သုတေသနပြုခဲ့တဲ့ အံဖွယ်သူရဲပညာရှင်သုတေသီကြီးပါ။
(Professor G.H. Luce)
သူရေးခဲ့တဲ့ Old Burma Early Bagan ဆိုတဲ့ စာမျက်နှာထောင်ကျော်ရှိ သုတေသနစာအုပ်ကြီးအပြင် မှန်နန်းရာဇ၀င် အင်္ဂလိပ်လိုပြန် (ဖေမောင်တင်နဲ့တွဲဖက်)၊ မြန်ဘာသာလေ့လာချက် (ရွှေဇံအောင်သို့ပေးစာ)၊ ပုဂံစေတီပုထိုးများအကြောင်း၊ မြန်မာနိုင်ငံအရည်းနှင့် မြောက်ပိုင်းဗုဒ္ဓဘာသာဆိုတဲ့ ပါမောက္ခဒူရွိုင်ဆယ်ရဲ့ ဆောင်းပါးဝေဖန်ချက်၊ ပုဂံဂူငယ်များအကြောင်း၊ ပုဂံရွှေဂူကြီးကျောက်စာ (အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်)၊ ကဗျာစရိယ၀ိဝံသစာတမ်းခေါ် မြန်မာစာဆိုတို့အကြောင်း (အင်္ဂလိပ်ဘာသာပြန်)၊ တကောင်းရာဇ၀င်ဘာသာပြန် (ဖေမောင်တင်နှင့် တွဲလျက်)၊ ဒူရွိုင်ဆယ်၏ ဖိုးဝန်းကျောက်ဂူများ အကြောင်း စာတမ်းဝေဖန်ချက်၊ တော်စိန်ခို၏ အမရပူရစကားကျောင်းများအကြောင်း စာတမ်းဝေဖန်ချက်၊ ၁၆ ရာစုမှ ၁၉ ရာစုအထိ မြန်မာနှင့် ယိုးဒယား စစ်ပွဲများ (မှန်နန်းမှ ကောက်နှုတ်၍ အင်္ဂလိပ်ဘာသာပြန်)၊
မြန်မာတလိုင်းရာဇ၀င်တို့ နှိုင်းယှဉ်လေ့လာချက်၊ (ဟာလီဒေး၏ အချက်အလက်တို့ကို စိစစ်ချက်)၊ မြန်မာ့အိမ်နီးနားချင်းနိုင်ငံများ (တရုတ်မှတ်တမ်း ဘာသာပြန်များ)၊ ၁၈ ရာစုက မြန်မာနိုင်ငံသို့ တရုတ်များ ကျူးကျော်လာပုံ၊ ရှမ်းပြည်တောင်ပိုင်းလက်အောက်ရှိ ဘုရားတဆူ၊ ပျူတို့အမည်၊ ပုဂံကျေးဇူး၊
မြန်မာတို့ဆုတောင်းခန်း၊ ခေတ်ဟောင်း ပျူတို့အကြောင်း၊ ခေတ်ဦးမြန်မာ့စီးပွားရေး၊ ပုဂံခေတ် မွန်များအကြောင်း စတဲ့ အဖိုးတန် သုတေသနစာတမ်းတွေကို မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (JBRS) များမှာ အဆက်မပြတ်ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံသမိုင်းကို ကျောက်တိုင်လို ခိုင်ခံ့တည်တံ့အောင် နှစ်ပါင်းများစွာ ကိုယ်မအားစိတ်မအား ကြိုးစားခဲ့တဲ့ အားထုတ်မှု များစွာဟာ အံ့ဘနန်းပါ။
သူချစ်တဲ့ ပုဂံမြေကို ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်တွေက ဗုံးကြဲမီးလောင်တိုက်သွင်းဖို့ ကြံစည်နေခိုက် ဆရာလု(စ်)က ဒေလီမဟာမိတ်စစ်ဌာနချုပ်သို့ စာရေးမေတ္တာရပ်ခံခဲ့တဲ့အတွက် ပုဂံစေတီ ယဉ်ကျေးမှုအမွေအနှစ်တွေ ကမ္ဘာစစ်မီးလျှံမှ လွတ်မြောက်ခွင့်ရခဲ့ပါတယ်။
ဒီအကြောင်းကို ဆရာမင်းသုဝဏ်က `ပုဂံနှင့်ဝေဠု´ဆိုတဲ့ ကဗျာဖွဲ့ပြီး ဂုဏ်ပြုခဲ့ဖူးပါတယ်။
ပုဂံနှင့် ဝေဠု
ငါတို့ခေတ်တွင် စစ်ကြီးကမ္ဘာ
လောင်ကျွမ်းလာ၍ ရေမှာကုန်းမှာ
ကောင်းကင်မှာ၌ လွတ်ရာမရှိ
မီးလျှံညိက အမိကိုတ
အဖကိုတမ်း ကိုယ်စိတ်နွမ်း၍
မချမ်းကြည်နိုင် လက်ချမှိုင်စဉ်
မဏ္ဍိုင်မေရု ခံမြို့ပြုသို့
ဝေဠုဆရာ တားမြစ်ပါသော်
ပေါက္ကာရာမ ဘေးမခဘဲ
မြန်မာ့ဂုဏ်ရောင် ထွင်းလင်းပြောင်သည်
ငါးထောင်တည်မည့် နိမိတ်တည်း … တဲ့။
ဒီရွေ့ဒီမျှ မြန်မာ့ကျေးဇူးကို အားနဲ့မာန်နဲ့ ဆောင်ရွက်ခဲ့တဲ့ သုခမိန်ကြီးကို ကျွန်တော်တို့က ကျေးဇူးသိသိနဲ့ အလေးပြုရုံ မျှမက သူချစ်တဲ့ ပုဂံမြေမှာ ကျောက်ရုပ်စိုက်ထူပြီး ဂုဏ်မပြုအပ်ပါလားလို့ မေးလိုက်ချင်လှပါတော့တယ်။ ။
**တင်မိုး**
လူထုကျန်းမာရေး (" ကျန်းမာရေးအတွက် ဆောင်ရန်နဲ့ရှောင်ရန်အချက်များ...")
**Public Health**
၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင်ဆက်စပ်နေကြသည် ။
ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်းတစ်ခုခုဖြစ်နိုင်သည် ။
ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်းထိခိုက်နိုင်သည် ။
၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။
မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။
ကင်ဆာအတော်များများ မဖြစ်ခင်တွင်
အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။
ထို့ကြောင့် အသည်းကို သေသေချာချာ
ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။
၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို ဖယ်ရှားပေးရသည် ။
ထို့ပြင် ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ်)ပိုးများကိုလည်း တိုက်ခိုက်ရသည် ။
၎. တရုတ် လူမျိုး ၉၀ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ ။
အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီစားသုံးမှုများခြင်းကြောင့် ဖြစ်သည် ။
၅. အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း
၎င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။
ထိုအချိန်သည် ၊ ည (၁၁) နာရီ
မှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။
ထို့ကြောင့် ည (၁၁) နာရီ နောက်ပိုင်းမှ
အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို အားနည်းစေသည် ။
ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ
စားခြင်းသည် အသည်းကို အားနည်းစေသည် ။
အဘယ်ကြောင့်ဆိုသော် စားသုံးထားသော
အဆီများကို ချေဖျက်နေရသောကြောင့်
အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်။
ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊
နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊
အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။
၆. အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊
အသီးအနှံ စားသုံးနိုင်ပါသည် ။
ထိုအစာများသည် အစာကျေလွယ်သည် ။
အသားသည် စားသုံးပြီး (၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။
ထိုအသားကိုပင် အဆီများများနှင့်
ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။
ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။
အကယ်၍ စားသုံးမိပါက အသည်းသည်
ထို အဆိပ်အတောက်များ ကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။
မနက်စောစော အိပ်ယာထစာတွင် ပင်ပန်းသည်ဟု
ခံစားရခြင်းမှာ အထက်ပါ အကြောင်းများ၏ရလာဒ်ဖြစ်သည် ။
ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် အသီးအနှံစားပါက
မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။
၇. အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။
အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီးစေပြီး
အသည်းကိုလည်း အားနည်းစေသည် ။
ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။
ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။
၈. သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော
ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။
နှမ်းဆီသည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။
၉. အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်
ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။
ပိုးသတ်ဆေးနှင့်အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။
ဆေးစားမှားခြင်းကြောင့်အသည်းကို ပျက်စီးစေသည် ။
ကျူံ့သွားစေသည် ။
မိုက်ခရိုဝေ့ မီးဖိုကရောင်ခြည်သည် ၊
အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။
၁၀. အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့်
အသည်းအတွက် မကောင်းပါ ။
တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။
မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။
၁၁. ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့်
စဉ်းစားဥာဏ် ကို အားနည်းစေသည် ။
၁၂. အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁) နာရီကြားတွင် ဖြစ်သည် ။
များများအိပ်ခြင်းဖြင့် အသည်းကို ကောင်းမွန်စေသည် ။
နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။
၁၃. သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။
စည်သွပ်ဗူးစားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည်
အာဟာရ မဖြစ်ပါ ။
၁၄. စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။
စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာ
အောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘဝ
၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊
ခန္ဓာကိုယ်ကို အားနည်းစေသည် ။
လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊
ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကို
ဖြစ်ပေါ်ခံစားရသည် ။
၁၅. လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည်
ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးများကို စွန့်ပစ်ခြင်းပင် ဖြစ်သည် ။
လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး
မကောင်းနိုင်ပါ ။
သဘာဝအရ လေလည်ခြင်း ၊
ချွေးထွက်ခြင်းနှင့်
ဆီးသွားခြင်းများသည်
အသည်းအတွက်ကောင်းစေသည် ။
ပြူတင်းပေါက်များကို ဖွင့်၍
သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။
၁၆. ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင်
ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါးသွားစေပါသည် ။
ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။
သို့သော်
နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင်
ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။
အဘယ်ကြောင့်ဆိုသော်
အပူဓါတ်သည် နှလုံးပို၍ အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။
၁၇. ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥ
နှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက်
ကောင်းပါသည် ။
၁၈. သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ
ဖြစ်ရန် အလားအလာများသည် ။
ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူများသည်
အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။
၁၉. မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။
အဘယ်ကြောင့် ဆိုသော်
မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့်
ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည် ။
၂၀. ၀သော သူများသည် ပုံမှန်အားဖြင့် အစားအစာတရားလွန်စားကြသည့်အတွက်
အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာဖြစ်တတ်သည် ။
နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း
ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။
၂၁. အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့်
အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။
၂၂. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။
၂၃။တစ်နေ့လျှင် ရေ (၂)ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။
၂၄။မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း၊
(C.T. Scan ) လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။
ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။
၂၅။ နှစ်စဉ် ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ။
ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်ရောဂါရင့်နေကြပေ
ပြီ ။
၂၆။မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊
ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီးအကြံဥာဏ်တောင်းပါ ။
အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာ အနားယူပါ ။
အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ
အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။
၂၇။ နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည်
မစင် စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။
သို့မဟုတ်လျှင် အူသိမ်သည် မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။
ထိုအကြောင်းများကြောင့် ၀မ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။
သည်းခြေတွင် ကျောက်တည်ခြင်း ၊
၂၈။အသည်းနှင့် ဦးနှောက်တွင်ကျောက်တည်ခြင်းများသည်
အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည် ။
၂၉။ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊
(ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊
သည်းခြေနှင့် ကျောက်ကပ်ကို သန်မာစေသည် ။
၃၀။မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။
အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်နှလုံးအတွက်ကောင်း၏ ။
၃၁။အ၀ါရောင် ရှိသော အသီးအရွက်များသည်
အစာချေခြင်းအတွက်ကောင်း၏ ။
သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။
၃၂။မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည်
သွေးထဲမှအဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။
၃၃။နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည်အကောင်းဆုံးဖြစ်သည် ။
အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှအောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။
၃၄။ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက်
လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။
၃၅။ ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင်
အောက်ဆီဂျင် ပမာဏ နည်းပါးနေခြင်းကို
ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။
၃၆။မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ်အားနည်းနေခြင်းကို ပြသည် ။
ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင်
အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။
၃၇။ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများငန်သောအစားအစာနှင့်
ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည် ။
ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍ ချမ်းသာကြပါစေ ။
**ဒေါက်တာတင့်ဆွေ**
**From-Nwe Ni**
ထိုင်း - မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်ဆီက မြန်မာအလုပ်သမားရင်သွေးငယ်အချို့ အရေပြားရောဂါဖြစ်နေကြ
(ဖုတ်ဖရမြို့နယ်ထဲက ကျောင်းသားကလေးအချို့)
..........................................
သိတယ်မဟုတ်လား။ ။ “ကလေးအခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်တယ်” တဲ့။ ကျနော်တို့ ထိုင်း - မြန်မာနယ်စပ် တာ့(ခ်)ခရိုင် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမြို့နယ်ထဲက ကျောင်းသားကလေးအချို့ရော၊ ကလေးအလုပ်သမာားအချို့မှာပါ ရေမသန့်ခြင်း၊ မြေမသန့်ခြင်း၊ လုပ်ငန်းခွင်သုံး ဓာတု၊ ဇီဝဆေးရည်တွေနဲ့ယဉ်ပါးနေခြင်း စတာတွေကြောင့် အရည်ပြားရောဂါအချို့ဖြစ်ပွားနေကြတာကို တွေ့မြင်ရပါတယ်။ အဲ့ဒီလိုအရည်ပြားရောဂါအချို့ဖြစ်ပွားနေကြတာဟာ တစ်နှစ်ပတ်လည် လောက်ရှိလာပြီး ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ဖုတ်ဖရမြို့နယ် ဘန့်ခရွှန်ဆာဟာမစ်တိုက်နယ်(မြန်မာတို့အခေါ် - ၄၈ကီလိုမီတာ)၊
၄၂ ကီလိုမီတာက ဒို့မိတ်ဆွေမူလတန်းကျောင်းက ကျောင်းသား (၁၂၆) ဦးအထိအရေပြားရောဂါ ဖြစ်ပွားခဲ့ကြပါသတဲ့။ ဒီနေ့မှာတော့ သက်သာရာရလာကြပေမယ့် သူတို့လေးတွေဟာ စိုက်ပျိုးရေးဒေသမှာ နေထိုင်ကြသူတွေပီပီသုံးရေမသန့်ရှင်းမှု (မြောင်းရေ၊ ချောင်းငယ်ရေစတာတွေကို သုံးစွဲရမှု)၊ သောက်ရေမသန့်ရှင်းမှု၊ လုပ်ငန်းခွင်သုံး ပိုးသတ်ဆေးရည် (ဓာတု၊ ဇီဝ) များအကြား ယဉ်ပါးစွာပြေးလွှားဆော့ကစားနေမှု စတာစတာတွေဟာ ရှိနေဆဲပါပဲ။
**ခြေသလုံးမှာ အလိပ်လိုက်ဖြစ်နေတဲ့အရေပြားရောဂါနဲ့ ကျောင်းသူတစ်ဦး**
**ဒီကျောင်းသားလေးလည်း အရေပြားပေါ်မှာ အစက်အပျောက်တွေထင်နေတယ်**
**ဖုတ်ဖရမြို့နယ် ဘန့်ခရွှန်ဆာဟာမစ်တိုက်နယ်၊၄၂ ကီလိုမီတာ၊ ဒို့မိတ်ဆွေမူလတန်းကျောင်း**
**ဖုတ်ဖရမြို့နယ်၊ စအိုတိုက်နယ် နှင်းဆီခြံမှ မြင်ကွင်း**
**ဖုတ်ဖရမြို့နယ် စအိုတိုက်နယ်။၃၅ ကီလိုမိတာမှ မြန်မာစိုက်ပျိုးရေးလုပ်သားတဲအိမ်တွေ**
**ဖုတ်ဖရမြို့နယ် စအိုတိုက်နယ်၊၃၆ ကီလိုမိတာမှ မြန်မာစိုက်ပျိုးရေးလုပ်သားတဲအိမ်တွေ**
သတင်း-သောင်ရင်းနဂါး (မြန်မာပြည်သား)
Photo-JACBA
နောက်ဆုးံပေါ်လိမ်နည်း
.မနေ.က ကြားလိုက်ရတဲ.သတင်းတစ်ပုဒ်က
ဒုက္ခတွေကိုဒီဇိုင်းအသစ်နဲ. ထုတ်လုပ်လိုက်ကြောင်း
ယုတ္တိရှိရှိ လူသိရှင်ကြားကျော်ညာ...
မုဆိုးမာယာတွေက အဆင်. ပိုမြင်.မြင်.လာတယ်.....။
...အချိုသာဆုံးပြုံးပြထားတဲ. နှုတ်ခမ်းပါးတွေပေါ်မှာ
ယုံကြည်မှုတွေကို ပါးပါးလှီးမယ်.
အသွားထက်ထက်ဒါးတွေ .....။
...မိတ်ဆွေတို. ....
သေရွာပါဒဏ်ရာအမာရွတ်တွေကို
ကိုယ်.ရင်ဘတ်ထဲကကိုယ်
ပြန်ထုတ်ကြည်.လိုက်ကြပါဦး...။
...ချုပ်နှောင်ထားတဲ.ကြယ်စစ်စစ်တွေကိုတော.
ကောင်းကင်ဆီ ပြန်မပို.ဘဲနဲ.
အဝေးလွင်.ကြယ်တွေကို
ပြန်ပင်.နေလိုက်တာများ
ဟာသဆန်လို. .....။
.
..ကံကြမ္မာကို ကုလားဖန်ထိုးပြီး
အကြံအဖန်လုပ်လို. ရကောင်းရိုးလား?
...ထစ်ချုန်းသံနဲ.ရွာချင်တိုင်းရွာခဲ.တဲ.မိုးတွေရေ....
ဘယ်လောက်ထိများ
ဆက်ပြီး....မိုးကောင်းနိုင်ဦးမှာတဲ.လဲ?
**၀မ်းဈာန်**
------------------------------------------------------------------------------------------
နိုင်ငံရေးပကျဉ်းသားတွေကိုလွှတ်ပေးမယ်အရင်မပြောဘဲနဲ့ ပြည်ပရောက်တွေပြန်ခေါ်ဖို့အရင်
လေသံပစ်တာကို ကဗျာဆရာဝမ်းဈာန်က ရေးဖွဲ့လိုက်တယ်လို့ခံစားမိတယ်။
.ချုပ်နှောင်ထားတဲ.ကြယ်စစ်စစ်တွေကိုတော.
ကောင်းကင်ဆီ ပြန်မပို.ဘဲနဲ.
အဝေးလွင်.ကြယ်တွေကို
ပြန်ပင်.နေလိုက်တာများ
ဟာသဆန်လို. .....။
ခံစားမှုအားကောင်းနေတဲ့စကားလုးံတွေဟာဖန်တီးတင်စားထားပုံ အသက်ဝင်နေတော့
ဒီစကားလုးံတွေကို ခံစားနေရင်းကဗျာဆရာဝမ်းဈာန်ကို ကျေးဇူးအများကြီးတင်နေမိတယ်။
လေးစားခင်မင်လျှက်
ဟိန်းနိုင်
Tuesday, August 30, 2011
အိမ်ထောင်ပြုမယ် စဉ်းစားမယ်ဆိုရင်
အိမ်ထောင်ပြုမယ် စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့်အချက်က ကွာသုံးကွာ၊ ပါသုံးပါ နှင့် ချာသုံးချာပဲ ဖြစ်ပါတယ်။ ဒီသုံးပါးကို မိန်းကလေးက ပဲဖြစ်ဖြစ် ၊ ယောက်ျားလေးကပဲဖြစ်ဖြစ် မိမိနှင့်လက်တွဲမယ့်သူမှာ ပါလာရင်တော့ ဝေးဝေးမှရှောင်ကြဉ်ရန် ပြဆိုထားပါတယ်။
**ကွာသုံးကွာ**
(၁) တိုင်းပြည်နှင့်လူမျိုးကွာလျှင် (၂) အယူဘာသာကွာလျှင် (၃) စိတ်ဓာတ်ချင်း ကွာလျှင်တို့ပဲဖြစ်ပါတယ်။
တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာမတူသူ ဘာသာခြားကိုယူမိရင်တော့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှုကို စွန့်ရပါလိမ့်မယ်။ ထို့အတူ ဘာသာတူ လူမျိုးတူ ဖြစ်လင့်ကစား စိတ်ဓာတ်မတူ ကွာခြားလျှင်လည်း တစ်မိုးအောက်မှာ ၂ယောက်အတူနေဖို့ မစဉ်းစားသင့်ပါ။
**ပါသုံးပါ**
(၁)အနာရောဂါပါလာလျှင်(၂)အကြွေးပါလာလျှင်(၃)အပိုစားမည့်(လူပိုတွေ)ပါလာလျှင် တို့ပဲဖြစ်ပါတယ်။
အနာရောဂါဆိုသည်မှာ ခေတ္တနာဖျားတာမျိုး မဟုတ်ပဲနာတာရှည်မျိုးကိုဆိုလိုပါတယ်။ အကြွေးပါလာလျှင် ဆိုတာကတော့ လက်မထပ်ခင်ကတည်းက အကြွေးတင်နေရင်ဖြင့် အိမ်ထောင်သည်ဘ၀ အညွှန့်လူဖို့ အတော်ခဲယဉ်းသွားပါပြီ။အပိုစားမည့်သူပါလာလျှင် ကျွေးနိုင်သည်ပဲထားဦး စကားပိုလာသည့်အတွက် ရှင်းရတဲ့ပြဿနာနဲ့ ကြုံတွေ့ နိုင် ပါတယ်။
**ချာသုံးချာ**
(၁)ပညာရေးချာလျှင် (၂)စီးပွားရေးချာလျှင် (၃)လူမှုရေးချာလျှင် တို့ပဲဖြစ်ပါတယ်။
ပညာဆိုရာမှာ..အတန်းပညာက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုမြင့်မားစေတာမို့ ပညာတတ် တယောက်ဖြစ်ဖို့လိုပါတယ်။ပညာဆိုရာတွင် အဆင့်ဆင့်မခွဲပဲ အသက်မွေးဝမ်းကြောင်း ပညာသည်လည်း အကျုံးဝင်ပါတယ်။ အဓိကမှာ အသိဥာဏ် ဆင်ခြင်တုံတရား မြင့်မားမှုမျိုးကို ဆိုလိုပါတယ်။ စီးပွားရေးဟာလည်းပညာရေးနှင့် ဆက်စပ်နေပါတယ်။ တစ်ခုမြင့်မားလာလျှင် ကျန်တစ်ခုက အချိုးတူ မြင့်လာပါတယ်။ ပညာမတတ်ပဲချမ်းသာနေသူတွေကိုတွေ့ရပေမဲ့ ပညာမတတ်ခဲ့လျှင် ငွေပင်ရှိစေဦးတော့ ပွဲလယ်မတင့်ပါဘူး။ လူမှုရေးချာလျှင်.....ပညာနှင့် အသက်မွေးဝမ်းကျောင်းမပြုပဲ ချမ်းသာလာတဲ့သူ အများစုဟာ အနေအထိုင် စရိုက် ဟန်ပန်တွေမှာ ပညာတတ်သူကို မမှီနိုင်ဘဲ ငွေပါတာက လွဲပြီး အသိဥာဏ် နည်းတတ်ပါတယ်။ ဆင်ခြင်တုံတရား ခေါင်းပါးတတ်ပါတယ်။
အဲဒီ သုံးမျိုး သုံးပါး ပါနေတာကို သိပါလျှက်နှင့် မိမိစိတ်အလိုလိုက်လို့ဖြစ်စေ၊ မလွဲမရှောင်သာလို့ဖြစ်စေ၊ တဇွတ်ထိုးလုပ်လိုစိတ်ကြောင့်ပဲဖြစ်ဖြစ် ဘေးဖယ်ပြီး စဉ်းစားလို့လက်တွဲလိုက်ပြီးရင်တော့ ဘ၀မှာ အမှားနှင့်တစ်သက်လုံးရင်ဆိုင်ရပါလိမ့်မယ်။ အိမ်ထောင်သည်ဘ၀ရောက်ပြီးမှ အမှားကို ပြန်ပြင်ချင်ပါရစေလို့ ဆိုရင် နောက်ကျသွားမှာဖြစ်ပါတယ်။ အိမ်ထောင်သည်ဘ၀ဟာ တစ်ခါရေးပြီးတိုင်း တစ်ခါ ပြန်ဖျက်ပြီး အသစ်ပြန်ရေးနိုင်တဲ့ ကျောက်သင်ပုန်း မဟုတ်ပါဘူးလို့ ရေးသားထားတာကိုပြန် အမှတ်ရရင်း မှတ်မိသလောက်ပြောပြခြင်းပါ။
ငယ်စဉ်က အသိလေးကတော့ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်တာတွေ၊ မေတ္တာတွေ၊ ခံစားတာတွေလို့ အဓိကထင်တာပါ၊ အခု အသက်လေးရလာတော့ လူမှုဘ၀ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ဘ၀ တက္ကသိုလ်ကြီးက ပညာတွေ ပို့ချလာတော့ မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ပြုတယ်ဆိုတာ မပူချင်လို့ ယောက်မရှာတာမျိုးပါ၊ ဒီအပြင် မိန်းကလေးတွေ လက်ထပ်ခြင်းကို စဉ်းစားရာမှာ အောင်ဘာလေထီထိုးတဲ့ သူတွေလိုပါပဲ။
ကျပ်သိန်း ၁၀၀၀ဆုကြီးကို မျှော်ပြီး၊ စိတ်ကူးပြီး ဂဏာန်းတွေရွေးတာပဲ၊ ပေါက်မယ်ထင်ရတဲ့ ဂဏန်းတွေပေါ့နော်။ အဲ...ထိုးပြီးရင်လည်း စိတ်ကူးယဉ်ရတာပဲ။ ဘယ်လိုသုံးစွဲမယ်၊ လှူမယ်စသည်ဖြင့်ပေါ့။ ထီဖွင့်တဲ့အခါ မှာလည်း သိန်း ၁၀၀၀ ဆုမှန်းပြီး ပထမကြည့်တယ်။ နောက်သိန်း ၁၀၀ နောက် ၅၀ စသည်ဖြင့် အစဉ်လိုက် တိုက်လာလိုက်တာ နောက်ဆုံး တွတ်ရရင် တောင်မဆိုးပါ ဘူးပေါ့။ တွက်ကိန်းတွေနဲ့ ... တိုက်လာလိုက်တာ...ထီစာရင်း လည်းကုန်သွားရော...ဘာမှ မပါတော့ သွားပြန်တော့ ဒီတစ်ခါဆိုသလို...ဘယ်ဆုနဲ့တွေ့မယ် ဗလာမဲ နဲ့တိုးမယ်...မပြောနိုင်ပါဘူး။ ဒီလိုပဲ မိန်းကလေးတွေ အိမ်ထောင်ပြုတဲ့အခါလည်း ထီဆုကြီးမှန်းသလို အားလုံးတော့ အကောင်းမြင်ဝါဒနဲ့ ဒါလေးကတော့ ဒီလိုဆို အဆင်ပြေသွားမှာပါ။ စိတ်ကူးကြီင်္းတွေ နဲ့ပေါ့။ ဗလာမဲနဲ့ လည်းတိုးနိုင်ပါတယ်။
ဒါအပြင် အိမ်ထောင်ရေးကံ ကောင်းမကောင်းဆိုတာကလည်း ကုသိုလ် နှင့်လည်း ဆိုင်မယ်ထင်ပါတယ်။ ရှေးရှေးက ပြုခဲ့တဲ့ကံ ကံ၏အကျိုးတွေပါ။ မိမိတို့ အတိတ်ဘ၀များက ပြုခဲ့သည်ကံများလည်းရှိရာ ထိုကံများသည် မိမိပြုခဲ့သော အမှုအတိုင်း အကျိုးပေးတတ်သည်။ အတိတ်ဘ၀ကံ မမြင်ရ၍ မသိစေဦးတော့ ယခု မျက်မှောက်ဘ၀၌ ကံကံ၏အကျိုးကို ယုံကြည်ကာ လက်ငင်းကောင်းအောင်လုပ်ပါက ကောင်းကျိုး ပြန်ရနိုင်ပါတယ်။ အိမ်ထောင်ရေး သည် ထီထိုးခြင်းလို့ယူဆပါက...အိမ်ထောင်ရေးထီတွင် သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ပေးခြင်းစသော အမှုတို့ဖြင့် ပြုကျင့်ကြလျှင် သိန်း ၁၀၀၀ ဆုကြီးမပေါက်စေဦးတော့ ထီပေါက်စဉ်ဖိုး ဆုံးမည်မဟုတ်ပါ။
ကဲ...သိသလောက်လေးတော့ ဆွေးနွေးပြီးပါပြီ... တူနှစ်ကိုယ်တဲ့အိုပျက်မှာ နေရ..နေရ...ဟူသောအတွေး၊ ရေရှားတဲ့ သဲကန္တာရ မရှောင်တယ် ဟူသော စိန်ခေါ်မှု၊ တုံးခုလို့ မှ လှမ်းမရ ရင် တံချုနှင့် ခူးပစ်မယ် ဆိုတဲ့ ရဲရဲတောက် အချစ်မျိုး ငယ်စဉ်က မတွေ့ခဲ့၍.......... ဒီခေါင်းစဉ်လေးနှင့်တော့ ဦးနှောက်ခြောက် ရပါတော့တယ်။
**စာရေးသူ- ကိုကြက်တော**
--
ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း
**တောင်ကိုရီးယားရုပ်ရှင်မင်းသမီး လီယောင်အက်.တေးအယ်လ်ဘမ် ဖြန့်ချိမည်**
(ဆိုးလ်၊ သြဂုတ် ၂၉)
အသက် ၂၆ နှစ်အရွယ်သာရှိသေးသည့် တောင်ကိုရီးယားရုပ်ရှင်မင်းသမီး လီယောင်အက်သည် Love is အမည်ရှိတေးစီးရီးကို အာရှနိုင်ငံအချို့၌ မကြာခင်မှာ ဖြန့်ချိတော့မည်ဖြစ်သည်။ ၄င်း တေးအယ်လ်ဘမ်ကို ၂၀၁၁ ခုနှစ်က ဖိလင်ပိုင်နှင့် အင်ဒိုနီးရှားတို့အပါအ၀င် အခြားနိုင်ငံအချို့ကို ဖြန့်ဖြူးခဲ့ရာ ပရိသတ်များနှစ်ခြိုက်အားပေးခဲ့ကြသည်။ ထို့ကြောင့် စင်ကာပူ၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့အပါအ၀င် အာရှနိုင်ငံအချို့သို့ သူမ၏ တေးအယ်လ်ဘမ်ကို ဖြန့်ချိရန် စီစဉ်နေခြင်းဖြစ်သည်။ (အင်တာနက်)
**ပေါ့ပ်အဆိုတော်ဘီယွန်ဆေး MTV တေးဂီတဆုဆွတ်ခူး**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၉)
ပေါ့ပ်အဆိုတော် ဘီယွန်ဆေးနှင့် လေဒီဂါဂါတို့သည် ယခုနှစ်အတွက် MTV Video တေးဂီတဆုများဆွတ်ခူးရရှိခဲ့ကြောင်း အင်တာန်သတင်းမီဒီယာများက ပြောပြသည်။ အဆိုတော်လေဒီဂါဂါသည် Born this Way တေးအယ်လ်ဘမ်ဖြင့် အမျိုးသမီးအကောင်းဆုံး ဗီဒီယိုဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုတော် ဘီယွန်ဆေးသည် Run the World (Girds) တေးအယ်လ်ဘမ်ဖြင့်အကောင်းဆုံး ပေါ့ပ်အဆိုတော်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ သူမသည် ယင်းဆုပေးပွဲတွင် Love on Top သီချင်းဖြင့်လည်း သီဆိုဖျော်ဖြေခဲ့သည်။ အဆိုတော်ဘီယွန်ဆေးက သူမတွင် ရင်သွေးငယ်လေးလွယ်ထားပြီဖြစ်ကြောင်းလည်း ပရိသတ်ကိုကြေညာခဲ့သည်။ ဗြိတိလျှအဆိုတော် အဒေလီက Some one like you သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။ အဆိုတော် အဒေလီသည်လည်း Till the World’s End တေးအယ်လ်ဘမ်ဖြင့် အကောင်းဆုံးပေါ့ပ်ဂီတဗီဒီယိုဆုဆွတ်ခူးရရှိခဲ့သည်။ (အင်တာနက်)
**ပေါ့ပ်အဆိုတော် ဆီလိုနာဂိုမက်ဇ် MTV တေးဂီတဆုပေးပွဲအကြိုဖျော်ဖြေမည်**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၉)
အမေရိကန် အမ်မီဆု ပေါ့ပ်အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ဆီလီနာဂိုမက်ဇ်သည် MTV Video Music Award ဆုပေးပွဲအကြိုအဖြစ် သြဂုတ် ၂၈ ရက်တွင် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း မီဒီယာများက သတင်းဖော်ပြသည်။ အဆိုပါ ဂီတဆုပေးပွဲကို အမေရိကန် လော့စ်ဂျလိစ်မြို့ အပြင်ဘက် နိုကီယာကဇာတ်ရုံကြီး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေမှုအတွက် အလွန်ဝမ်းသာဂုဏ်ယူမိကြောင်း ဆီလီနာ ဂိုမက်ဇ်က ပြောကြားသည်။ သူမသည် ယင်းဆုကို ဆွတ်ခူးရန်ရေပန်းစားနေသည့် အဆိုလည်းဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် ဆီလီနာဂိုမက်ဇ်နှင့်အတူ အခြားနာမည်ကြိးအဆိုတော်များဖြစ်ကြသည့် လေဒီဂါဂါ၊ အဒေလီလီဝိန်း၊ ဘရူနိုမားစ်နှင့် ခရစ်ဘရောင်းတို့သည်လည်း ပါဝင်သီဆိုကြမည်ဖြစ်သည်။ (အင်တာနက်)
**ဟက်သလွန် အားကစားပြိုင်ပွဲ လက်ရှိချန်ပီယံ ဆုရရန်မျှော်မှန်း**
(ဒေဂူ၊ သြဂုတ် ၂၉)
တောင်ကိုရီးယားနိုင်ငံ ဒေဂူမြို့၌ သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ကမ္ဘာ့ပြေးခုန်ပစ် အားကစားပြိုင်ပွဲကြီး ကျင်းပလျက်ရှိရာ ဗြိတိန်ပြေးခုန်ပစ်အားကစားမယ် ဂျက်ဆီကာအန်းနစ်သည် ဟက်သလွန် (ခုနစ်မျိုး အားကစားပြိုင်ပွဲ) တွင် ၄င်းချန်ပီယံဆုကို ကာကွယ်ရန် ကြိုးစားလျက်ရှိသည်။ ဂျက်ဆီကာအန်းနစ်သည် ဟက်သလွန်ချန်ပီယံဆုကို ကာကွယ်မည့် ပထမဆုံးဗြိတိန်လျှ ပြေးခုန်ပစ်အား ကစားမယ်ဖြစ်လာရန်လည်း မျှော်မှန်းထားသည်။ သူမသည် သြဂုတ် ၂၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် မီတာ ၁၁၀ တန်းကျော်ပြေးပွဲတွင် ဒုတိယရရှိထားသည်။ သို့သော် အမြင့်ခုန်ပြိုင်ပွဲတွင် ၁ ဒသမ ၈၆ မီတာ ခုန်ကာ အကောင်းဆုံးစံချိန် ရရှိထားသည်။ ပြိုင်ပွဲနှစ်မျိုးအပြီး အမေရိကန်နိုင်ငံမှ အိုလံပစ်ငွေတံဆိပ်ဆုရှင် ဟိုင်လီယက်ဖောင်တိန်က ၄၁ မှတ်အသာဖြင့် ဦးဆောင်နေသည်။ (အင်တာနက်)
(အင်တာနက်)
စုစည်းဘာသာပြန် - ကောင်းမြတ်သူ
အဝေးကပြတင်း
ဒီပြတင်းပေါက်ကနေ ခုန်ချဖို့ ကျွန်မ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။ မပျော်ရွှင်နိုင်ပေမယ့် ရှောင်လွှဲခြင်းဆိုတဲ့ ကစားနည်းကိုတော့ ကောင်းစွာနားလည်ခဲ့သူပါ။ လှပတယ်ဆိုတဲ့ ကမ္ဘာကို၊ သာယာတယ်လို့ လူပြောများတဲ့ ရှုခင်းကို ဘောင်ခတ်ကြည့်အောင်လည်း မစွမ်းနိုင်သူပဲမို့ ပြတင်းခန်းဆီးစကို အမြဲတစေ စေ့ပိတ်ထားခဲ့တာ။ ဒါပေမယ့် ကျွန်မက အမြင့်ကြောက်သူလည်း မဟုတ်ပါဘူး။
အမှန်စင်စစ် ကျွန်မက လူကြောက်သူသာ ဖြစ်ပါတယ်။ လူတွေရဲ့ အကြည့်ခံရခြင်းမှာ ကြောက်ရွံ့သူသာ၊ လူတွေကို ကြည့်ရခြင်းမှာ တုန်လှုပ်နေသူသာရယ်။ သေချာတာက ကြောက်ရွံခြင်းဆိုတာ ထွေးပွေ့ထားဖို့ မကောင်းပေမယ့် ခွဲခွာမရနိုင်သေးတဲ့ တိုးတိုးဖော်ရယ်လေ။ ဒါကြောင့် ဒီခန်းဆီးကို ကျယ်ကျယ်ဖွင့်ဖို့ ထာဝစဉ် မရည်စူးခဲ့ပါဘူး။ ဒါပေမယ့် စိတ်မကျမ်းမာတဲ့တစ်နေ့မှာပြတင်းပေါက်မှတဆင့် ကျွန်မရဲ့ မြင်ကွင်းကို သူမ ရောက်ရှိလာခဲ့တာ။
ပြတင်းကိုဖွင့်ပြီး လက်ထောက်ပြီး ဟိုဒီငေးခြင်းကို တရံတခါမျှ မပြုမူဖူးတာလည်း အမှန်ပါ။ကောင်းကင်ပြာကိုပြတင်းရဲ့ ထောင့်ချိုး၊လစ်ဟာနေတဲ့ ခန်းဆီးကြားကတဆင့် ပုန်းလျှိုးကွယ်လျှိုးနဲ့သာ တိတ်တဆိတ်ငေးတတ်သူဖြစ်ပါတယ်။ အခုတော့ ကံအားလျော်စွာပဲ ညဉ့်နက်နက်မှာ အအိပ်ပျက်ကာ အသက်ရှုကျပ်လို့ ခန်းဆီးကို ဖွင့်ရင်း ခဏရပ်မိခိုက် မရည်ရွယ်ဘဲ သူမပုံရိပ်ကို မျက်စိကျမိတာ။ မျက်နှာချင်းဆိုင်တိုက်ခေါင်မိုးပေါ်က သူမ။မြင်စမှာတော့ လူသဏ္ဌာန်မျှသာ။ အဝေးမြင်ကွင်းမှာ ယောက်ျား၊မိန်းမ မကွဲပြားသေးဘဲ တရွေ့ရွေ့နဲ့ ကျွန်မတို့တိုက်ရဲ့ အနီးဆုံးကို လျှောက်လာမှ အမျိုးသမီးမှန်း သိလာခဲ့တာ။ ဆံပင်ဖားလျားနဲ့ ဂျင်းဘောင်းဘီဝတ်ထားတဲ့သူမ။
တိတ်ဆိတ်တဲ့ညမှာ ကျွန်မ အသံကုန်ဖွင့်ပြီး လှမ်းခေါ်ရင် သူမကြားနိုင်တယ်လို့ တွက်ချက်လိုက်မိပေမယ့် ဘာပြောရမှန်း မစဉ်းစားနိုင်ခဲ့။ ဘာပဲဖြစ်ဖြစ်ဆိုကာ အခန်းမီးထဖွင့်ကာ သူမကို တခုခုလှမ်းအော်မပြောသင့်ဘူးလား။ ဒါပေမယ့် ဘာပြောရမှာလဲ။ လူခြေတိတ်ဆိတ်မှ ဒီလိုကြံစည်တာ သေကြောင်းကြံတယ်ဆိုရင်လည်း ကျွန်မအပြောနဲ့ မဖျက်ဆီးနိုင်ဘူးထင်ရဲ့။နေပါဦး။ သူမက သေကြောင်းကြံစည်ဖို့ ကြိုးစားတာမှ ဟုတ်ရဲ့လား။သေကြောင်းကြံဖို့ ကြိုးစားရင်ရော ကျွန်မအော်သံကို အရေးလုပ်ပါ့မလား။
ဘယ်သူ့ကို အကူအညီတောင်း တိုင်ပင်ရမလဲ။
တခြားအခန်းမှာ အိပ်ပျော်နေသူတွေ ရှိပေမယ့် ခေါ်နှိုးမိရင် သူတို့ငြူစူမှာလား။ ရဲစခန်းကို အကြောင်းကြားရတော့မလား။ ဘယ်တုန်းကမှ အနီးမှာမရှိတဲ့ဖုန်းကို အသည်းအသန်ရှာဖွေကာ အသင့်အနေထားနဲ့ အရေးပေါ်နံပါတ်ကို နှိပ်နေမိ။ ဒါပေမယ့် ကယ်ဆယ်မယ့်သူတွေ ရောက်လာချိန်မှာ သူမ ခုန်ချပြီးဖြစ်မလား။ တခြားအရာတစ်ခုခုကို လျှို့ဝှက်ကြံစည်နေတာရော မဖြစ်နိုင်ဘူးလား။ ဘာပဲဖြစ်ဖြစ် မသင်္ကာစရာဆိုပြီး ဖုန်းဆက်လိုက်ရတော့မလား။ ပြတင်းအကွယ်ကနေပဲ စောင့်ကြည့်ရင် ကောင်းမလား။
ဒါပေမယ့်ပေါင်းများစွာ၊ ဒွိဟတွေ အနန္တနဲ့ မောပန်းနေဆဲ သူမ ကျွန်မကို တွေ့ရှိသွားခဲ့တာ။ ဟုတ်ကဲ့။ အမှောင်ထဲမှာ သူမနဲ့ ကျွန်မ အကြည့်ချင်းဆုံမိကြ။ တုန်လှုပ်ကာ နှလုံးခုန်သံပင် ငြိမ်သက်သွား။ သူမ ပြုံးပြလိုက်တာလား။ ဝေဝါးတဲ့အလင်းရောက်လွှမ်းခြုံထားတာမို့ သဲကွဲစွာ မမြင်နိုင်ခဲ့။ ဒါပေမယ့် မယုံနိုင်စရာ။ သူမ မျက်ဝန်းတွေကို ပြက်ပြက်ထင်ထင်တွေ့ခဲ့တယ်လေ။ တောက်ပြောင်ကြည်လင်သော အကြည့်။ စူးစူးရှရှ။ သူမဟာ ကျွန်မရဲ့ မျက်ဝန်းတည့်တည့်မှာ။ သူမမျက်ဝန်းဆီက စကားလုံးများစွာဖွဲ့စည်းထားသော အရောင်များ တလက်လက်။
ရုတ်တရက် ရင်ထဲက အောင့်လာ။ ဟုတ်တယ်။ ကျွန်မ သူမကို သိတာပေါ့ ။ဆိုးရွားတာက ဘယ်သူမှန်း စဉ်းစားမရ။ အသေအချာပါ။ ရင်းရင်းနှီးနှီးကို ကျွမ်းဝင်ဖူးတာ။ သူမက နောက်တစ်ကြိမ်ထပ်ပြုံးပြတယ်။ တကယ်က ပြုံးပြတာပဲလို့ ခန့်မှန်းမိရုံသာ။ မျက်လုံးကြောင်တောင်နဲ့ ကျွန်မ သူမကို တစ်ခုခုပြောဖို့ ကြိုးစားဆဲမှာပင် တိုက်အမိုးစွန်းက ခုန်ချလိုက်တာ။ရုပ်ရှင်ထဲက အနှေးပြကွက်လိုမျိုး ရွက်ဝါလေးကြွေသလို ပန်းတစ်ပွင့် လွင့်သွားသလို ငြင်ငြင်သာသာ။
“အား” လို့ အကျယ်လောင်ဆုံး အော်လိုက်မိသလား။ ကျွန်မ မမှတ်မိတော့ဘူး။ သတိရချိန်မှာ ကျွန်မဟာ ဆေးရုံခန်းကုတင်ထက်မှာ ရောက်နေခဲ့ပြီ။ ဖြစ်ကြောင်းကုန်စင် သိရတာက ပြတင်ပေါက်ကနေ ကျွန်မ ခုန်ချခဲ့သတဲ့။ “မဟုတ်ဘူး။ လုံးဝမဖြစ်နိုင်ဘူး” လို့ ကျွန်မရှင်းပြတာကို သူတို့လက်မခံကြဘူး။ ကျွန်မ ဘယ်လိုနားလည်ရတော့မှာလဲ။ မျက်နှာချင်းဆိုင်တိုက်ခန်းရဲ့ ခေါင်မိုးက ခုန်ချတဲ့ အမျိုးသမီးအကြောင်းကို မေးမိတိုင်းလည်း ခေါင်းတွေ တွင်တွင်ခါကာ စကားစကိုပင် ငြင်းပယ်ကြလေရဲ့။
မှန်သောသစ္စာပါ။ ဒီပြတင်းပေါက်ကနေ ခုန်ချဖို့ ဘယ်တုန်းကမှ ကျွန်မ မစဉ်းစားခဲ့ဖူးပါဘူး။…။
Artist: Vincent van Gogh;Barred Windows;sketch
**မယ်ကိုး**
ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ
**ဗီယက်နမ်နိုင်ငံရှိ အမြင့်ဆုံးအဆောက်အအုံ မီးလောင်မှုဖြစ်ပွား**
(ဟနွိုင်း၊ သြဂုတ် ၂၉)
မီယက်နမ်နိုင်ငံ၏ ဟနွိုင်း၌ တည်ရှိသည့် နိုင်ငံ၏အမြင့်ဆုံးဖြစ်သော ကန်နမ်းအဆောက်အအုံတွင် သြဂုတ် ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မီနစ် ၃၀ ခန့်က မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။ မီးလောင်မှုမဖြစ်မီ မိနစ်ပိုင်းအနည်းငယ်က ကန်နမ်းအဆောက်အအုံ ခနစ်တပ်၌ လူတစ်စု လေအေးပေးစက်ပြုပြင်တပ်ဆင်နေသည်ကို မျက်မြင်တွေ့သူ အချို့ရှိကြောင်း ဒေသတွင်း ဗီနက်စ်သတင်းစာ၌ ဖော်ပြသည်။
မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များပါရောက်ရှိလာကာ အဆောက်အအုံ၏ ၀န်းကျင်ကို ချက်ချင်းဝန်းရံပိတ်ထားလိုက်ပြီး ၀ိုင်းဝန်မီးငြှိမ်းသတ်မှုကြောင့် ညနေ ၃ နာရီတါက် မီးကိုငြှိမ်းသတ်နိုင်ခဲ့သည်။အဆိုပါ ကန်နမ်းအဆောက်အအုံမီးလောင်မှုတွင် ထိခိုက်သေဆုံးသူမရှိကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။ (အင်တာနက်)
** တရုတ်နိုင်ငံကျောက်မီးသွေးတွင်းတစ်တွင်း ပေါက်ကွဲ**
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် သြဂုတ် ၂၇ ရက်က ကျောက်မီးသွေး မိုင်းတွင်းတစ်တွင်း ပေါက်ကွဲမှုကြောင့် မိုင်းလုပ်သားလေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက သြဂုတ် ၂၉ ရက်၌ ပြောကြားသည်။ ယင်းပေါက်ကွဲမှုသည် ဒါကျို့မြို့ စူအင်ဟန်စီရင်စုတွင် သြဂုတ် ၂၇ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀က မတော်တဆမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါပေါက်ကွဲချိန်တွင် မိုင်းတွင်းထဲ၌ လူခုနစ်ဦးရှိခဲ့ကြောင်း၊ သုံးဦးမှာ ဒဏ်ရာရရှိပြီး အခြားလေးဦးမှာ မြေအောက်၌ ပိတ်မိကာသေဆုံးနေသည်ကို တွေ့ရကြောင်း အဆိုပါ အာဏာပိုင်များက ဆက်လက်ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**ဖိလစ်ပိုင်နိုင်ငံ၌ ရှားပါးငါးများစားသုံးသူ ငါးဖမ်းသမား ၁၃ ဦးဆေးရုံတင်ရ**
(ကာလီဘို၊ သြဂုတ် ၂၉)
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း မာဘီလိုကျေးရွာတွင် ရှားပါးသော ငါးအမျိုးအစားများကို စားမိသော ငါးဖမ်းသမား ၁၃ ဦးသည် အစာအဆိပ်သင့်မှုများဖြစ်ပွားပြီးဆေးရုံသို့ အမြန်တင်ပို့ခဲ့ရကြောင်း ဖိလစ်ပိုင်အရာရှိများက သြဂုတ် ၂၉ ရက်၌ ပြောကြားသည်။ အဆိုပါ ငါးဖမ်းသမားများမှာ ဖိလစ်ပိုငနိုင်ငံ ငါးဖမ်းလုပ်ငန်းနျင့် ရေသယံဇာတအရင်းအမြစ်များဆိုင်ရာဗျူရိုမှဖြစ်ပြီး အစာအဆိပ်ဖြစ်စေခဲ့သည့် ငါးများနှင့် ပတ်သတ်ပြီး စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ (အင်တာနက်)
**တရုတ်နိုင်ငံဖူကျန်ပြည်နယ်သို့ မုန်တိုင်းရွေ့လျားနေ**
(ဖူကျို့၊ သြဂုတ် ၂၉)
နန်မာဒိုအမည်ရှိ တိုင်ဖွန်းမုန်တိုင်းသည် တရုတ်နိုင်ငံအရှေ့ပိုင်းဖူကျန်ပြည်နယ် အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေလျက်ရှိကြောင်း ၄င်းမုန်တိုင်းသည် သြဂုတ် ၂၉ ရက် နံနက်က တရုတ်(တိုင်ပေ)သို့ ၀င်ရောက်တိုက်ခတ်ပြီးနောက်ဖူကျန်ပြည်နယ်သို့ ရွှေလျားနေခြင်းဖြစ်ကြောင်း တရုတ်မိုးလေ၀သ အရာရျိများက ပြောကြားသည်။ နန်မာဒိုမုန်တိုင်းသည် တရုတ်(တိုင်ပေ)ရှိ တိုင်တွန်စီရင်စုသို့ သြဂုတ် ၂၉ ရက် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်က ၀င်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ရာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ၄င်းမုန်တိုင်းသည် ဖူကျန်ပြည်နယ်အတွင်းသို့ သြဂုတ် ၂၉ ရက် ညဥ့်သန်းခေါင်၌ ၀င်ရောက်တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သ ဌာနက ခန့်မှန်းထားသည်။ (အင်တာနက်)
**အိန္ဒိယနိုင်ငံ၌ ရာသီဥတုဆိုးရွားမှုကြောင့် ခရီးသည်တင်ယာဉ် အရေးပေါ်ဆင်းသက် **
(မွမ်ဘိုင်း၊ သြဂုတ် ၂၉)
အိန္ဒိယနိုင်ငံတွင် သြဂုတ် ၂၉ ရက်က ခရီးသည် ၁၁၇ ဦးလိုက်ပါလာသော လေယာဉ်တစ်စင်း ရာသီဥတုဆိုးရွာမှုကြောင့် လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရာ ခရီးသည် ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယအရာရှိများက ပြောကြားသည်။ အရေးပေါ်ဆင်းသက် ဘာရိန်းနိုင်ငံမှ အိန္ဒိယနိုင်ငံတောင်ပိုင်း ကိုချီမြို့သို့ပျံသန်းလာသော ပင်လယ်ကွေ့လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်မှာ ရာဦဥတု ဆိုးရွာမှုကြောင့် ကီရာလာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ အရေးပေါ်ဆင်းသက်ရာတွင် လေဆိပ်ပြေးလမ်းကို ပေ ၃၀ ခန့်အထိ အရှိန်လွန်ကာ မြက်ခင်းပေါ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ရာ ခရီးသည်အချို့ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ (အင်တာနက်)
**စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်**
နားလည်မှု
နားလည်မှု့ ဆိုတဲ့ စကားလုံးလေး က ကျွန်တော်တို့ ဘ၀တွင် နေ့စဉ်သုံးစွဲနေကြဖြစ်၍ သိပ်မထူုးဆန်းသလို ခံစားရသော်လည်း တကယ့်လက်တွေ့ဘ၀ထဲတွင် ထိုစကားလုံးလေးသည် အရေးအပါဆုံးဖြစ်နေသည်ကိုသေချာစွာ သတိထားကြည့်က ပိုမို ထင်ရှားလာပေလိမ့်မည် ။
သားသမီးနှင့် မိဘ ၊ ချစ်သူစုံတွဲများ….ဆရာနှင့် တပည့်…အလုပ်ရှင်နှင့် အလုပ်သမား ၊ အစိုးရနှင့် ပြည်သူလူထု ထိုသို့သော ဆက်ဆံရေးများတွင်သာ မကာ လူမှု့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း နေရာမှန်သမျှ နားလည်မှု့ ဆိုသည့် စကားလုံးလေးက ရေပန်းအစားဆုံး ဖြစ်ပေလိမ့်မည်…….။ ထိုစကားလုံးလေးကို သေချာစွာ နားလည်ခံစားနိုင်ဖို့ ပထမဦးစွာ သင့်မှာ ကိုယ်ချင်းစာ တရားတော့ ရှိရပေမည်…။
မိဘများ၏ သူတို့၏ ရင်သွေးငယ်များ အပေါ်ကို ကောင်းစေချင်သော စေတနာဖြင့် ဆုံးမသည့်စကားကို
သားသမီးများက နားလည်မှု လွဲချော်ခဲ့လျှင် ထိုမိသားစု အတွင်းဝယ် ရင်းနှီးကျွမ်းဝင်မှု့များ တဖြည်းဖြည်း လျော့နည်းလာပေလိမ့်မည် ။ ထိုသို့ရင်သွေးများ၏ နားမလည်ဘဲ တုန့်ပြန်ပြောဆိုမှုကို မိဘများကပါ နားလည်မှု လွဲချော်၍ ကြမ်းတမ်းစွာ ပြန်လည်တုန့်ပြန်မိလျှင် ထိုမိသားစု ဘ၀ လေး စိတ်မချမ်းသာစရာအဖြစ်အပျက်များနှင့် နေ့စဉ်နေ့တိုင်း ခရီးဆက်ရပေလိမ့်မည် ။
အိမ်တွင်းရေး မသာယာမှုကြောင့် အိမ်ပြန်မချင်သည့် လူတစ်ယောက် လမ်းမှားကို ရောက်ဖို့ အတော်လေးကို နီးစပ်သွားသည် ။ ထို့အပြင် မိဘများ၏ စေတနာစကားကိုပင် နားလည်မှု့လွဲမှားသည့် လူတစ်ယောက်သည် ပတ်ဝန်းကျင်နှင့် သဟဇာဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းလာပေလိမ့်မည် ။ ထိုအခါ ပတ်ဝန်းကျင်ကိုပါ အရွဲ့တိုက်ချင်စိတ်ဖြင့် တယူသန် စိတ်ထားကို မွေးမြူရင်းက လမ်းမှားပေါ်တွင် အခြေချကာ ဘ၀ပျက်သွားကြသည့် လူငယ်တွေ အတော်များပြား လာနေပါပြီ … ။
နှလုံးသား ခံစားချက်နှင့် မကင်းနိုင်သည့်လူသားတိုင်း အချစ်ဆိုသည့် အရာကို တမ်းတကာ တပ်မက်လေ့ ရှိကြ၍ အချိန်တန် အရွယ်ရောက်လျှင် ကိုယ်နှင့်လိုက်ဖက်ညီမျှသော ချစ်သူမျိုးကို အလိုရှိကြသည်မှာ လောကဓမ္မတာ ပင်ဖြစ်လေသည် ။ ထိုအချစ်ဆိုသည့် အရာကို နားလည်မှု ဆိုသည့် စိတ်ထားဖြင့်မခံစားနိုင်ကြလျှင် ပျော်ရွှင်မှုတွေ ဝေးကွာကုန်ကာ စိတ်ဆင်းရဲခြင်း သောက ဝေဒနာကို ဖက်တွယ်ရလေ့ ရှိသည် ။ တကယ်တမ်း အချစ်ဆိုသည့် ခံစားချက် တခုတည်းဖြင့် သာယာလှပသည့် ဘ၀တခု တည်ထောင်ဖို့ ဘယ်လို နည်းနှင့်မျှ မဖြစ်နိုင်ပါ ။
သို့သော် ထို အချစ်ဆိုသည့် အရာသည် ပုထုဇဉ် လူသားတို့၏ ပျော်ရွှင်မှု ကမ္ဘာကို စတင်ဖွင့်ဖို့ သော့တစ်ချောင်း ဖြစ်သည့် အတွက် မရှိမဖြစ်လိုအပ်သော အရာတခု ဖြစ်ပေလိမ့်မည် ။
ချစ်ခြင်းနှင့် စတင်ကာ ပျော်ရွှင်ကြသည့် တချို့သောချစ်သူစုံတွဲများ နောက်ဆုံးတွင် အမုန်းတရားကို ရင်ခွင်မှာ ပိုက်ကာ
ရန်သူသဖွယ် ဖြစ်သွားရသည့် အဓိက အကြောင်းတရားသည် နားလည်မှု လွဲချော်ရာမှ အစပြုလေ့ရှိပါသည် ။
ရည်းစားဘ၀တွင် အချစ်သည်သာ ပဓါနလို့ ကြွေးကြော်၍ ရကောင်းရပေလိမ့်မည် ။ သို့သော် ချစ်သူဘ၀တွင် အချစ် ဆိုသည့်စကားကို နှုတ်ဖျားက ရေရွတ်ပြရုံမျှနှင့် နှင့် မပြည့်စုံတော့ ။
ရှေ့ဆက်ရမည့် အနာဂတ် ဘ၀ခရီး လမ်း အတွက် ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ဖို့ ပြင်ဆင်မှုများ အဖြစ် တခါမှ မသိကျွမ်းဘူးသော မိသားစုနှစ်ခုကြားမှာ ကူးလူးဆက်သွယ်ဖို့ လိုအပ်လာသည် ။သာယာလှပသော မိသားစု ကမ္ဘာလေး တည်ဆောက်နိုင်ရေး အတွက် သူ့စိတ်ကူး နှင့် ကိုယ့်စိတ်ကူးလေးများ ဖလှယ်ကာ အကောင်းဆုံးကို ရွေးချယ်ကြရမည့် အချိန်တွင် အချစ်ဆိုသည့် စကားကို ပေါ့ပေါ့ပါးပါးလေးသုံးပြီး သမီးရည်းစား စုံတွဲများလို နေကြပါက ထိုချစ်သူစုံတွဲ ခိုင်မြဲဖို့ မလွယ်လှချေ ။
အိမ်ထောင်သည် ဘ၀ ရောက် ပြီးသည့် အခါ မိသားစု ဘ၀ကို ပိုင်ဆိုင်နေကြချိန်တွင် ထို အချစ်၏ အဓိပ္ပာယ်သည် ပင်လျှင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို သစ္စာရှိဖို့ နှင့် မျိုးဆက်သစ်များ အတွက် တွေးတောကြံစည်မှုများဖြစ်လာသည် ။ ထိုကဲ့သို့ ပြောင်းလဲလာသည့် အချစ်၏ အဓိပ္ပာယ်ကို နားလည်မှုလွဲကာ အတွေးချော်ပြီး ပေါ့ပျက်စွာတွေးပါက စိတ်ဆင်းရဲခြင်းဆိုသည့် အကျိုးရလဒ်ကိုသာ ပိုင်ဆိုင်ရပေလိမ့်မည် ။
အချစ်ဆိုတဲ့ သော့တချောင်းမပါဘဲ
လှပတဲ့မေတ္တာအိမ်ကို လူတွေက
အတ္တတွေ ကိုင်စွဲကာ
ဂုဏ်ဓနတွေ နဲ့ ရိုက်ချိုးပြီး
မာနများနဲ့ တွန်းဖွင့်ဖို့ ကြိုးစား
သူတို့ ရသွားကြတာက
နောင်တ တရားနဲ့ ပူဆွေးမှုသောက
နောက်ဆုံးမှာ အရှုံး သမား ဘ၀နဲ့
လောကကြီးကို ပြစ်တင်ဝေဖန် သွားကြတယ်…။
အေးမြတဲ့ မေတ္တာကို နားလည်မှု မခြုံလွှမ်းဘဲ
ငါရဲ့ဆန္ဒ အဓိကပါလို့
ကြွေးကြော်ထားတဲ့ လူသားများအတွက်
ပျော်ရွှင်စရာ ဆိုတာ ဒီကမ္ဘာမှာ မရှိပါဘူးလို့
လောကကြီးက ပြုံးပြုံးလေးဘဲ အဖြေပေးသွားတယ်…..။
အချစ်ဆိုသည့်အရာသည် အလိုက်သင့်အချိုးညီမျှစွာ ပြောင်းလဲခံစားတတ်လျှင် လွန်စွာမှ ရသမြောက်သည့်ကဗျာတပုဒ်ကို ကိုယ်တိုင်ရေးဖွဲ့သလို ခံစားရ၍ တွေးမိတိုင်းကြည်နူးရပေလိမ့်မည် ။
ဆရာတဦးက တပည့်အပေါ်တွင် ပညာတတ်ကြီး ဖြစ်စေလိုသည့် စေတနာဖြင့် တခါတရံ ကြမ်းတမ်းစွာ
ဆက်ဆံမိသည့် အခါ တပည့်မှ ဤဆရာသည်ငါ့အား မတရားသက်သက် နှိပ်စက်လေသည် ဟု သဘောထားက ထိုတပည့်သည် ပညာတတ်ဖြစ်ရန် မလွယ်လှပါ ။ ထို့အတူ ဆရာလုပ်သူမှာလည်း ငါက တာဝန်အရ စာသင်ရတာ တပည့်တွေ တတ်သည် ဖြစ်စေ မတတ်သည်ဖြစ်စေ ငါ့အပိုင်းမဟုတ်ဟု ခံယူထားကာ နည်းလည်မှု လွဲမှားလျှင် အမှားကြီးမှားကြပေအုံးမည် ။
အထူးသဖြင့် စိတ်ဓါတ် မရင့်မကျက်သေးသော ကျောင်းသားများသည် ဆရာများ၏ မေတ္တာတရားကို နားလည်မှု လွဲမှားလေ့ ရှိသလို အတ္တလွန်ကဲသော ဆရာများသည်လည်း တပည့်များ အပေါ်တွင် စေတနာ ချို့တဲ့လွန်းလှပသေည်။ တိုင်းပြည်တပြည်၏ အနာဂတ်များ ရှင်သန်ကြီးပြင်းရာ စာသင်ကျောင်းလို နေရာမျိုး၌ နားလည်မှု ကို လွဲမှားစွာ သင်ယူတတ်မြောက်ခဲ့ကြလျှင် ပြင်ပကမ္ဘာသို့ ရောက်လာသော အခါ ထိုကျောင်းသားလူငယ်များသည် ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်ဘဲ ထင်ရာစိုင်း၍ ရမ်းကားသည့် အကျင့်များ ရိုက်သွင်းပေးလိုက်သလို ဖြစ်သွားပေလိမ့်မည် ။
ထိုသို့သောစိတ်ဓါတ် အခံရှိသည့် မျိုးဆက်သစ်လူငယ်များသည် ပါတ်ဝန်းကျင် ကောင်းကျိုးထက် သူတို့၏ အတ္တကိုသာ အမြဲတစေ ဖော်ထုတ်လိုသည့် ဆန္ဒများကြောင့် အဓမ္မကို ဓမ္မ အဖြစ် ထင်မှတ်ကာ လုပ်ဆောင်ကြရင်းဖြင့် တိုင်းပြည်ကြီး ဆုတ်ယုတ်ပျက်စီးလာပေလိမ့်မည် ။
အိုးထိန်းသည်သည် ခိုင်မာတောင့်တင်း၍ လှပသော အိုးတို့ကို ရရှိရန် ရိုက်နှက်၍ ပုံသွင်းရပေသည်။ ပန်းချီဆရာတို့သည် လှပသော ပန်းချီကား တချပ်ရရှိရန် အတွက် စုတ်ချက် လှလှလေးများဖြင့် ညင်သာစွာ ပုံသွင်းလေ့ ရှိသည် ။ ထို့အတူ ဆရာတို့မည်သည် တပည့်တို့အား ပညာတတ် ဖြစ်စေချင်သည့် ဆန္ဒဖြင့် တခါတရံ ပြင်းထန်သော စည်းကမ်းများဖြင့်ပုံသွင်းလှေ့ရှိသလို တခါတရံ နူးညံ့ပျော့ပျောင်းစွာ သင်ကြားပေးလေ့ ရှိသည် ကို တပည့်လုပ်သူမှ နားလည် သဘောပေါက်ရန် လိုအပ်လှသလို ဆရာလုပ်သူမှလည်း တာဝန်ကိုမေ့ထားကာ မေတ္တာတရားဖြင့် သင်ကြားပေးနိုင်မှ ဆရာတပည့်ကြား ပေါင်းသင်းဆက်ဆံရေး၌ အဆင်ပြပေလိမ့်မည် ။
အကြောင်းတရားကြောင့် အကျိုးတရားတို့ ဖြစ်ထွန်းနေသော ဤကမ္ဘာကြီးတွင် အကျိုးတရားတို့ကားထင်ရှားသော်လည်း အကြောင်းတရားတို့ကို သိရှိရန် ပညာမျက်စိဖြင့်ကြည့်မှ မြင်တတ်ကြလေသည် ။ ထို့ကြောင် အကြောင်းတရားတို့ကို သိအောင်ဆောင်ရွက်ကြခြင်း ကိုပင်လျှင့်  ပညာသင်ကြားခြင်း ဟု အဓိပ္ပာယ်ဖွင့်ဆို၍ ရပြန်သည်။ အကျိုးစီးပွားတို့ ဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်သော အကြောင်းတရားတို့ကို မသိသောသူကို ပညာမဲ့ (၀ါ ) လူမိုက်ဟု ခေါ်သည် ။
ပညာမဲ့သော ပုဂ္ဂိုလ်တို့သည် အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်သော ပညာရပ်များ၌ မကျွမ်းကျင်ဘဲ အကျိုးစီးပွား ပျက်စီးသည့် အတတ်ပညာ၌သာ တဖက်ကမ်းခတ် ကျွမ်းကျင်သောကြာင့် ကောင်းကျိုးချမ်းသာ မင်္ဂလာကို ရရှိအောင် မည်သို့ပင် ဆောင်ရွက်ကြသော်ငြား သူတို့သည် မိုက်မဲသော ဥာဏ်နည်းမှုများကြောင့် အကျိုးစီးပွား ဖြစ်ထွန်းအောင် လုပ်နိုင်ခြင်း မရှိဘဲ ချမ်းသာသုခ မှန်သမျှကို ဆုတ်ယုတ် ပျက်စီးအောင်သာ လုပ်လေ့ရှိကြသည်ဟု မြတ်ဗုဒ္ဓက မိန့်ကြားခဲ့လေသည် ။
ထို့ကြောင့် လူသားအားလုံးအတွက် အရေးကြီးသော ပညာရေး အခန်းဂဏ္ဍတွင် အတ္တများကို လျှော့ချကာ ပညာသင်ကြားတတ်မြောက်ရေး အတွက် နားလည်မှုများဖြင့် ပြင်ဆင်ဖြည့်စွက်ကာ အဘက်ဘက်က စဉ်းစားသင့်ပါသည် ။
အစိုးရနှင့် ပြည်သူလူထု ကြား နားလည်မှုလွဲမှားလျှင် ထိုတိုင်းပြည်တပြည် တိုးတက်ဖို့ရန် ဘယ်လိုမှ မလွယ်ကူနိုင်ချေ ။ တကယ်တော့ အစိုးရ ဆိုသည်မှာ ပြည်သူ့လူထု ဘဏ္ဍာများမှ လစာယူ၍ ပြည်သူလူထုကို အလုပ်ကျွေးပြုရန် တာဝန်ပေးအပ်ထားခြင်းခံရသူများသာ ဖြစ်လေသည် ဟု ရာထူးကို လက်ခံယူသူများဘက်က အစဉ်တွေးမှ တိုင်းပြည်က အေးချမ်းသာယာပေလိမ့်မည် ။ ထိုသို့မတွေးဘဲ ငါတို့က တာဝန် ရှိပုဂ္ဂိုလ်ဟု အမည်ခံကာ ပြည်သူလူထု အပေါ်တွင် အထက်စီးက ဆက်ဆံချင်ကြ၍ အခွင့်အရေး မှန်သမျှ အကုန်ယူကာ တိုင်းပြည်ဘဏ္ဍာ ကိုယ်ဥစ္စာဟု သဘောထားလျှင် ထိုတိုင်းပြည်ကြီး ပျက်စီးသွားပေလိမ့်မည် ။
ပြည်သူလူထုသည် အုပ်ချုပ်သူ အစိုးရထံကို သူတို့ခံစားရသည့် ဒုက္ခများ ဖြေရှင်းပေးရန် တင်ပြတောင်းဆိုသည့် အခါ အုပ်ချုပ်သူ အစိုးရမှ ပြေလည်အောင် မဖြေရှင်းပေးဘဲ ငါတို့ကောင်းတာ လုပ်နေပါလျှက် သူတို့က မကျေနပ်လို့ ဆန္ဒပြကြတာ ။ အဲဒီတော့ ဒီလူတွေကို အကျဉ်းထောင်ထဲ ဖမ်းထည့်ထားလိုက်ရင် တော့ နောက်လူတွေ မလုပ်ရဲလောက်ပါဘူးလို့ ဆိုကာ အကြမ်းဖက်တဲ့ အသွင်သဏ္ဍန်ဖြင့် အစိုးရက ပြည်သူလူထုကို ဆက်ဆံကာ မိုက်မဲသော စဉ်းစားတွေးခေါ်မှုများကို လုပ်ကိုင် ဆောင်ရွှက်ကြသည့် ထိုတိုင်းပြည်သည် ရွှက်သစ်တွေကို ဖူးပွင့်ခွင့်မပေးဘဲ ရွက်ဟောင်းများ သာ နေရာယူထားသည့် အပင်အိုကြီး ပမာ သာယာလှပမှု ကင်းဝေးကွာ တစတစ နှင့် ချမ်းသာသုခ မှန်သမျှတို့ ဆုတ်ယုတ် ပျက်သုဉ်းစေကာ တတိုင်းပြည်လုံး အမှောင် ဖုံးလွှမ်း၍ သောက မျက်ရည်များဖြင့်ခရီးဆက်ကြရပေလိမ့်မည် ။
မတူကွဲပြားခြားနားသည့် ခန္ဓာကိုယ် နှင့် စိတ်ဓါတ်ပိုင်ရှင်များ တဦးချင်းစီ စုပေါင်းနေထိုင်ရာက စတင်လာသည့် ပြည်ထောင်စုကြီးတွင် သူ့အယူဝါဒ နှင့် ငါ့မူဝါဒ အငြင်းမပွားကြဘဲ နားလည်မှုကို အခြေခံကာ ပြဿနာမှန်သမျှ ဖြေရှင်းနိုင်ကြလျှင် သာယာလှပသည့် ပြည်ထောင်စု၏ အနှစ်သာရသည်ပိုမို ထင်ရှားကာ ချမ်းသာသုခ အလုံးစုံကို ခံစားနိုင်မည် ဖြစ်မှာ အသေအချာပင် ဖြစ်လေသည် ။
ထိုကြောင့် သားသမီးနှင့် မိဘ ၊ ချစ်သူစုံတွဲများ….ဆရာနှင့် တပည့်…အလုပ်ရှင်နှင့် အလုပ်သမား ၊ အစိုးရနှင့် ပြည်သူလူထု ကြားတွင် တွေ့ကြုံရသည့် ပြဿနာ မှန်သမျှကို အတ္တများဖြင့် မဖြေရှင်းကြဘဲ ကိုယ်ချင်းစာ တရားဖြင့် နားလည်မှု့ယူကာ ဖြေရှင်းနိုင်ဖို့ ကြိုးစားပေးခြင်းဖြင့် သာယာအေးချမ်းတဲ့ လူ့ဘောင်လောကကို ကိုယ်တိုင် ထုဆစ်ပုံသွင်းနိုင်ပါကြောင်း အသိပေးပြောကြားရင်း……..။
http://www.facebook.com/note.php?note_id=266269343390720
ဒီစာစုလေးကို ဖတ်ပြီး ပြောစရာ ရှိခဲ့ရင်တောင် ဒီနေရာလေးမှာ လာရောက် ပြောကြားနိုင်ပါတယ် ခင်ဗျာ ။
ခင်မင်လေးစားလျှက်
**ဗမာ့သွေး**