“မင်္ဂလာပါ” လို့ သင်ကိုယ်တိုင်လိုလိုလားလားချိုချိုမြိန်မြိန် တပါးသူကိုနှုတ်ဆက်ဖူးပါသ
လားမေးပါရစေ....တိုးတိုးလေးပဲဖြေပါ...ဘကြိုင်တို့ ရွှေမြန်မာတွေယဉ်ကျေးတယ်ဆိုတာ အားလုံးကလက်ခံကြ
တယ် (တကယ်လား) ကိုယ့် လူမျိုးယဉ်ကျေးတယ်ဆိုတာပဲ ကြားချင်တယ်လေ......
နိုင်ငံခြားသားတွေလို(မြန်မာမဟုတ်သော) တယောက်နဲ့ တယောက် " hello" "Good morning" "How are
you" ဆိုတာမျိုးနှုတ်တာမျိုး ဘကြိုင်တို့ အခုမြန်မာတွေနှုတ်ဆက်တတ်ပါသလား.....တိုးတိုးလေးပဲဖြေပါ
သူငယ်ချင်းတို့ တော့ မသိဖူးလေ ဘကြိုင်တို့ တော့ မကြားဖူးသလိုလိုပဲ.....ကိုယ့် ပတ်ဝန်းကျင်မှာပဲ နှုတ်ဆက်
လေ့ မရှိတာလားတော့ မသိဖူးပေါ့ ဗျ...အဲရှိတော့ ရှိတယ်ဗျ .....လူကြီးတွေဆိုရင်နှုတ်ဆက်တတ်တာဒီိလို
“ဟေးဈေးလား...ဒီနေ့ ဘာကောင်းလဲ ကျွန်တော်(ကျွန်မ) ကတော့  ဒါလေးကြိုက်တယ် ပတ်လည်အာလိုက်
တယ်” ဆိုတာမျိုး အဲလူငယ်တွေကျပြန်တော့  တယောက်နဲ့ တယောက်တွေ့ ရင် ပေါ့ ဗျာ............
“ဟေ့ ကောင်ဘယ်လဲ” “......ပဲကွာ ဘယ်သွားသွားမင့် အပူလား” ဆိုတာမျိုး နောက်၇ှိပါသေးရဲ့ နှုတ်ဆက်နည်း
တွေပါ...ဒါတောင်ကျောင်းနေဘက်..ကစားဖော်ကစားဖက်တွေနော်(အရင်းတွေ) တခြားသူဆိုဘယ်လိုနှုတ်ဆက်
မှာပါလိမ့်  တွေးကြည့် ကြပါ...တချို့ ကတော့ ရှိတယ် မောနင်းးးး လို့ နှုတ်ဆက်တာမျိုးတွေ နားဝင်ချို ပါ့ ဗျာ
သူငယ်ချင်းတို့ ကော “ မင်္ဂလာပါ”နှုတ်ဆက်တတ်ကြပါသလား......ဘကြိုင်ကိုယ်တိုင်တော့  အသိတွေ့ ရင်
ပေါ့  မနက်ပိုင်း “မောနင်း”တော့ နှုတ်ဆက်ပါတယ်...ဒါပေမယ့် “မင်္ဂလာနံနက်ခင်းပါ”လို့ နှုတ်မဆက်တတ်
ဖူးဖြစ်နေတယ်....ငယ်ငယ်ကတည်းကအကျင့် မဖြစ်ခဲ့ လို့ လား .....ပတ်ဝန်းကျင်မှာ မကြားဖူးလို့ ပဲဒီလိုဖြစ်
လာတာလားသိဖူးလေ....
ဒီစာရေးဖြစ်တာကလည်းလက်ရှိဘကြိုင်နဲ့ တွဲလုပ်နေတဲ့  မလေးရှားလူမျိုး တရုတ်တွေ မလေးရှား
လူမျိုးတွေ မနက်ပိုင်းအလုပ်ဝင်အလုပ်ထွက် တယောက်နဲ့ တယောက်ပြုံးပြုံးရွင်ရွင်နှုတ်ဆက်တတ်လို့ ပါ
ပြီးတော့  မြန်မာလိုနှုတ်ဆက်နည်းပါ သူတို့ ကိုသင်ထားပေးတော့  ဘကြိုင်တို့ မြန်မာတွေကိုတွေ့ ရင်
“မင်္ဂလာပါ” လို့ သူတို့ နှုတ်ဆက်တတ်လို့ ပါ.......သြော်ကောင်းလိုက်တာ ကျက်သရေရှိလိုက်တာလို့ တွေးမိ
တယ်......အဲသူတို့ ကမေးတယ်ဗျ မင်းတို့ အချင်းချင်းကျတော့ ဘာလို့ နှုတ်မဆက်တာလဲတဲ့ ..ကဲ ဘယ်လို
ဖြေမလဲ...မေးလည်းမေးချင်စရာပါ...အလုပ်ထဲကမြန်မာတွေတယောက်နဲ့ တယောက်မှ နှုတ်မဆက်တတ်တာ
ကဲဘယ်လိုဖြေကြမလဲ......ငယ်ငယ်တုန်းကကျောင်းသားဘဝက ကျောင်းမှာဆရာစာသင်ခန်းထဲဝင်လာရင်
မင်္ဂလာပါဆရာ ဆိုတာမျိုးနှုတ်ဆက်တာက ကျောင်းမှာဆရာကိုနှုတ်ဆက်ဖို့ ပဲလားသိဖူး...
အမှန်တိုင်းရိုးရိုးသားသားပြောရမယ်ဆိုရင် ဘယ်သူကမှ တယောက်ကိုတယောက်တွေ့ ရင် “မင်္ဂလာပါ”
နှုတ်ဆက်ဖို့ မသင်ခဲ့ သလိုပါပဲလား .......သူငယ်ချင်းတို့ ထဲမှာ ဆရာဆရာမများရှိခဲ့ ရင် မြန်မာတို့ ရဲ့ 
ယဉ်ကျေးတဲ့ အသုံးနှုန်းချိုလေးတွေနဲ့ တဦးကိုတဦးနှုတ်ဆက်တတ်ဖို့ ကလေးတွေကိုသင်ပေးညွန်ပေးစေချင်
တယ်ဗျာ....ဘကြိုင်တို့ လိုကြီးမိုက်ကြီးတွေမဖြစ်အောင်လို့ ပါ.....
ဘကြိုင်တို့ ရွှေမြန်မာတွေမှာ နှုတ်ဆက်တဲ့ ယဉ်ကျေးမှု မရှိတော့ သလိုခံစားမိလာလို့ 
ဒီစာကိုထရေးမိတာပါ....စိတ်ထဲရှိတာလေးကိုတင်ပြရတာပါ..“.အမှားယွင်းရှိက ခွင့် လွတ်ပါဗျ”လို့ စာထဲက
နေတောင်းပန်ရင်းဖြင့် 
“ မင်္ဂလာပါ ”သူငယ်ချင်းတို့ လို့  နှုတ်ခွန်းဆက်သပါတယ်ဗျာ.....။
** မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)**

No comments:
Post a Comment