**Public Health**
(တိုင်ပေ၊ သြဂုတ်လ ၁၇ ရက်)
တစ်နေ့ ၁၅ မိနစ်မျှ လေ့ကျင့်ခန်းပြုလုပ်ပေးလျှင် အသက်သုံးနှစ်ပိုရှည်နိုင်ကြောင်း တရုတ်(တိုင်ပေ)သုတေသီများက လေ့လာတွေ့ရှိချက်များကို ကိုးကားလျက် ထုတ်ဖော်ပြောကြားလိုက်သည်။ အရွယ်ရောက်သူတိုင်း ကျား-မ မရွေး မိမိတို့ နှစ်သက်ရာလေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ် ၁၅ မိနစ်ကြာ ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း ၄င်းတို့က သည်လင်းဆက်ဆေးဂျာနယ်သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းလေ့လာ တွေ့ရှိချက်ကို ဗြိတိန် ဆေးပညာရှင်များကလည်း ထောက်ခံထားသည်။ အရွယ်ရောက်သူတိုင်း သီတင်းတစ်ပတ်တွင် မိနစ် ၁၅၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ရန်လည်း ဗြိတိန်အစိုးရက ပြည်သူများအား တိုက်တွန်းထားသည်။

တရုတ်(တိုင်ပေ)တွင် လူပေါင်း ၄၀၀၀၀၀ ကျော်တို့အား တစ်နေ့ ၁၅ မိနစ် သို့မဟုတ် သီတင်းတစ်ပတ် မိနစ် ၉၀ လမ်းလျှောက်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် အသက်သုံးနှစ်ပိုရှည်သည်ကို တွေ့ရကြောင်း သည်လင်းဆက်ဆေးဂျာနယ်တွင် ဖော်ပြထားသည်။ လေ့ကျင့်ခန်းမလုပ်ဘဲ ရုပ်မြင်သံကြား အချိန်ကြာကြာကြည့်ရှုကြသူများသည် လူ့သက်တမ်းကို ပိုတိုစေနိုင်ကြောင်း သြစတြေးလျသုတေသီများကလည်း လေ့လာတင်ပြထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ကောင်းမြတ်သူ **

No comments:
Post a Comment